Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဘာလိုလိုနဲ့ရောက်သွားပြန်တဲ့ ဘန်ကောက် (၆ကြိမ်မြောက်)

Mon LayJuly 23, 201811min4730

ဘာလိုလိုနဲ့ရောက်သွားတာဆိုတော့ ဟိုလိုလိုတော့မဟုတ်တာအမှန်ပါပဲ..ဟီး 😂

#မြဘုရားနဲ့ဘုရင့်နန်းတော် 🙏

#ဖယောင်းရုပ်ထု 🗽

#Baiyoke Sky 76th ညစာ 🥩🍝🍴

#Safari World 🙉🐴🦁🐧🐳

#Cruise Dinner ⛴

#MBK 🛍🛒

#Dream World ကစားကွင်း  🤾‍♂️🤾

————————————————————————————————————

ဒီခရီးစဉ်က အလုပ်ကနေ..တိုးလီဒါအနေနဲ့လိုက်သွားဖြစ်ခဲ့တဲ့ခရီးစဉ်ပါ..လိုက်ရမယ်လို့လည်းမထင်ထားပါဘူး။ မမျှော်လင့်ဘဲ ဘန်ကောက်ကိုတစ်ကြော့ပြန်ရောက်သွားခဲ့တာပေါ့နော်။ ၂ညအိပ် ၃ရက်ခရီးစဉ်လေးပါ။

ကိုယ်ကခရီးသွားရင်..သယ်ရင်းမိတ်ဆွေကို ခရီးစဉ်တွေအရင်ဆွဲ၊ပြီးရင် ဘွတ်ကင်တင်ပေး၊ ကိုယ်ပဲဦးဆောင်ခေါ်သွား (ကိုယ်တွေမှာကိုယ်ကအရင်ဦးဆုံးနိုင်ငံခြားရောက်ဖူးတာဆိုတော့လေ)တော့ခုလိုအဖွဲ့၁၆ ယောက်ကိုလည်းအဆင်ပြေပြေနဲ့ခေါ်ဆောင်သွားနိုင်ခဲ့ပါတယ်။

တစ်ခါတစ်လေတိုးအဖွဲ့တွေနဲ့သွားတာ တော်တော်ပျော်ဖို့ကောင်းမှန်းကိုယ်တိုးလီဒါလုပ်တော့မှသိတော့တယ်။

#ဘယ်လိုသွားခဲ့လဲ🛫🛫

Nok Air နဲ့ မနက်ပိုင်းအချိန်ကိုယူပြီး ဘန်ကောက်ကိုလာခဲ့ကြပါတယ်။ Nok Air ကမနက်ပိုင်းအချိန်ရန်ကုန်ကနေစထွက်

တာဆိုတော့ တော်တော်အချိန်ကောင်းတယ်။ ဘန်ကောက်ရောက်တာနဲ့ စပြီးလည်လို့ရတယ်လေ။

#ဘယ်တွေသွားခဲ့ကြလဲ။

#မြဘုရားနဲ့ဘုရင့်နန်းတော် 🙏

ရောက်ရောက်ချင်း လေဆိပ်နဲ့နီးတဲ့တရုတ်စားသောက်ဆိုင်တစ်ဆိုင်မှာ နေ့လည်စာစားကြတယ်။ အရသာကတော့မဆိုးလှပါဘူး။ ပြီးတော့ မြဘုရားကိုဆက်ကြတယ်။ မြဘုရားကိုသွားရင်တော့လုံလုံခြုံခြုံဝတ်သွားစေချင်ပါတယ်။ ဒါကတော့ကိုယ်တွေတိုင်းပြည်မှာလည်းဘုရားသွားရင်လုံလုံခြုံ ခြုံ သွားရတာပဲလေနော်။ မဝတ်ရင် ဟိုမှာ ပုဝါဝယ်ဝတ်ရပါတယ်။ပထမအကြိမ်မြဘုရား

ကိုလည်တုန်းက ကားကအနီးအနားမှာပဲရပ်ပြီး သွားရုံပါ။ခုတစ်ခေါက်လာတော့ ထိုင်းဘုရင်ဘူမိဘော ဆုံးတာ၁နှစ်ပြည့်ဆိုတော့ ကားတွေကို အနီးအနားမှာရပ်လို့မရဘဲ..ခပ်လှမ်းလှမ်းနားမှာပဲရပ်ပြီး မြဘုရားရောက်ဖို့ ၁၅မိနစ်လမ်းလျှောက်ရပါတယ်။

နေကလည်းပူဆိုတော့ ဦးထုပ်လေးတွေ၊မျက်မှန်လေးတွေဆောင်သွားကြနော်။ 🕶👒သိတဲ့အတိုင်း မြဘုရားကလူတွေပြည့်

တတ်တော့ တန်းစီဝင်ပေါ့။ ဒါတောင်ဘန်ကောက်ဂိုက်ကလက်မှတ်တွေဝယ်ပေးလို့တန်းမစီရတာ။

မြဘုရားအကြောင်းဖတ်ချင်ရင်တော့ မွန်လေးရေးခဲ့ဖူးတဲ့ ဘန်ကောက်ခရီးသွားမှတ်တမ်း (ပထမအကြိမ်) ကိုဖတ်ကြည့်ပါ။

မြဘုရားအသွားလမ်းမှာတွေ့ခဲ့ရတဲ့ အအေးဆိုင်လေး..သဘောကျလို့
မြဘုရား
ထိုင်းဘုရင်ဘူမိဘောသားပုံပါ

#ဖယောင်းရုပ်ထု 🗽

MadameTussaudsလို့လည်းခေါ်ပါတယ်။..ခုဆိုနာမည်ကြီးသူတွေတောင်..ဖယောင်းပြတိုက်ထဲမှာတော်တော်များများရောက်လို့နေပါပြီ..ဒေါ်စုတောင်ပါသေး။ ပထမအကြိမ်ရောက်ဖူးတုန်းက ပုံစံနဲ့လုံးဝမတူတော့ဘဲ..အပြင်အဆင်ကအစပြောင်းလဲလို့နေပါပြီ။

     

ဒေါ်စုကို တစိမ့်စိမ့်ကြည့်
သွားတိုက်ဆေး ကြော်ငြုာနေတာပါ
ချစ်တယ်နော် ခိုခို အာဘွား
အဲ့မှန်လေးအရမ်းသဘောကျတာပဲကွယ်
မွန်လေးမမ ကိတ်ဝင်းစလက်
မွန်လေးရဲ့အသဲတစ်ခြမ်း
#Baiyoke Sky 76th ညစာ 🥩🍝🍴
သူလေးကတော့ နာမည်ကျော် Baiyoke Sky hotel မှာ ညစာသွားစားကြတာပါ။ အစားအသောက်တွေလည်း အမျိုးပေါင်း ၃ဝ ကျော်မလားပဲ။ အအေးဆိုလည်း free flow၊ ပြီးတော့ အထက်၈၄က တစ်မြို့လုံးကိုမြင်ရတဲ့View point ကိုလည်း free တက်ခွင့်ရတယ်။ သိပ်ကောင်းတဲ့ဖီလင်ပဲ။
76ထပ်ရှိ baiyoke sky hotel’s restaurant

 

အရမ်းလှတဲ့ရှုခင်းနဲ့ အရောင်မျိုးစုံပြောင်းသွားတာပဲကြည့်လိုက်ပါ

 

Baiyoke Sky ကိုရောက်နေပါပြီ
Baiyoke Sky မှာ ညစာစား
Baiyoke sky အပေါ်ထပ်ကနေ ဘန်ကောက်မြို့ကို ရှိုးနေတာ
ကြည်နူးစရာ Baiyoke Sky ညစာ
#Safari World 🙉🐴🦁🐧🐳
သူကတော့ နိုင်ငံတကာအဆင့်မီတိရစာ္ဆန်လေးတွေကို ဘေးမဲ့လွှတ်ထားတာလည်းရှိသလို Gardenကျယ်ကြီးထဲမှာ မျောက်ရှိုး
ပွဲတွေ၊လင်းပိုင်ရှိုးပွဲတွေ၊ Cowboyရှိုးပွဲတွေနဲ့Entertainment စုံစုံလင်လင်ကို ဧည့်သည်တွေကိုနောက်ထပ်လာချင်အောင်
ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ ကိုယ်တွေရဲ ့တိရစ္ဆာန်ရုံကိုလည်း အဲလိုတိုးတက်စေချင်တယ်။ ရယ်မောခြင်းဖြင့် အသက်ရှည်ချင်ရင်
မျောက်ရှိုးပွဲကိုကြည့်ဖြစ်အောင်ကြည့်ခဲ့နော်။

 

Safari ထဲအရောက် မွန်လေး
တိရစာ္ဆန်လေးတွေကို အဲလိုဘေးမဲ့လွှတ်ထားတာ

 

လင်းပိုင်လေးတွေကပြတာ အရမ်းချစ်ဖို့ကောင်းပဲ

  

Safari ထဲကိုကားနဲ့လည်ကြသည်ပေါ့
Safari ထဲကမျောက်ပွဲ…တအားရယ်ရတယ်..သွားဖြစ်အောင်သွားကြည့်နော်
Safari ထဲမှာ ပျော်သည်ပေါ့
ချစ်ဖို့ကောင်းတဲ့ ဖျံလေး
#Cruise Dinner ⛴
သူကတော့ ထိုင်းနိုင်ငံရဲ ့ကျောက်ဖယားမြစ်ထဲမှာ ညဘက်သင်္ဘောလေးစီးရင်း၊ ရှုခင်းလေးကြည့်ရင်း၊လေညင်းခံရင်း၊ ညစာစားကြတာပါ။ သင်္ဘောပေါ်မတက်ခင်သူက surprise လေးရှိသေးတယ်။ အဲဒါတော့မပြောတော့ဘူးနော်..သွားစားရင်
သိလိမ့်မယ်။
အဲမှာထူးခြားတာက သီချင်းနဲ့ဖျော်ဖြေတဲ့မိန်းမက နိုင်ငံပေါင်းစုံရဲ ့နာမည်ကြီးသီချင်းတွေကိုဆိုပြနေတာ။မွန်လေးတို့ရဲ့
သင်္ကြန်သီချင်း မြနန္ဒာတောင်ပါသေး.ကိုယ်ကလည်းပျော်တတ်တော့ လိုက်ဆို..လိုက်ကပေါ့။ကိုယ့်ဧည်သည်တွေကလည်းပျော်
ကြကကြပေါ့။
Cruise ပေါ်မှာ
#MBK 🛍🛒
သူကခေါင်းအစကနေခြေအဆုံး ပစ္စည်းအမျိုးပေါင်းမြောက်မြားစွာနဲ့ ဆိုင်ပေါင်း ၂၀၀ဝကျော်ရှိတဲ့ shopping mall ပါ။ ဒါပေမဲ့ outlet factory တွေကိုတော့ ရောင်းချဖို့တားမြစ်ထားပါတယ်။ ခိုးဝယ်လို့တော့ရတာပေါ့လေ။ အဲတော့ ကိုယ်ကတော့ ဝယ်ချင်ရင် ဗီယက်နမ်ကိုပြေးလိုက်တာပဲ။😜😛😝
#Dream World ကစားကွင်း 🤾‍♂️🤾
သူကလည်း နိုင်ငံတကာ အဆင့်မီရိုလာကိုစတာတို့၊ နှင်းအိမ်တို့၊ ပန်းဥယာဉ်တို့၊ နိုင်ငံတကာအထင်ကရနေရာပုံစံငယ်လေးတွေနဲ့ သိပ်ချစ်ဖို့ကောင်းတဲ့နေရာဆိုလည်းမမှားပါဘူး. အဲထဲမှာ အကုန်စီးရတာကြိုက်ပါတယ်။ Roller Coaster တစ်ခုတော့ မွန်လေး
တို့ပြည်သူရင်ပြင်ကပိုသာတယ်…. သူတို့ထက်။ ကိုယ်ကအကြမ်းတမ်းစီးရတာကြိုက်တယ်..သူတို့coasterကမကြမ်း..အိပ်ပါပျော်
တယ်…. လွှဲနေသလားအောက်မေ့ရတယ်။ တစ်ခုကောင်းတာကသူတို့မှာ ကစားကွင်းနဲ့တခါတည်းနေ့လည်စာပါပါပြီးသား။ သန့်ပါတယ်။ စားလို့လည်းကောင်းတယ်။ ကြားရက်သွားကြတာဆိုတော့ လူကအတော့်ကိုရှင်းတာ။ weekend ပိတ်ရက်ဆိုလူများတတ်တော့ရှောင်သွားကြပါလို့။ နောက်မှ Dream world ထဲက ကစားကွင်းကို အကျယ်ချဲ့ပြီးထပ်
ရေးပေးမယ်နော။

 

Giant Broom
Giant House ထဲမှာ

 

Giant Chair
သွားဆော့လိုက်ဦးမယ်နော်
Giant boot

 

Giant cage
နှင်းမြို့ထဲမှာ လျှောက်လို့လည်ပါမယ်
နှင်းလျှောစီးနေတာ
နောက်သွားမယ့်ခရီးစဉ်တွေလည်း တာဆူနေပါတယ်.. ….ဆက်လက်အားပေးပါဦး။