ဘယ်သူပြိုင်လို့လွဲပါနိုင်
တစ်နိုင်ငံလုံး စာတတ်မြောက်ရေးအစီအစဉ်ဖြင့် ကျွန်တော်တို့မြန်မာစာအထူးပြု တက္ကသိုလ်ကျောင်းသားများ ကျီးမနိုးရွာကလေးသို့
အသုံးလုံးသင်တန်းများ
သွားရောက်သင်ကြားခဲ့စဉ်ကဖြစ်သည်။မြန်မာစာဒုတိယနှစ်ကျောင်းသူတစ်ယောက်ဖြစ်သော
မစုစုလှိုင်က ကျေးရွာထဲမှ အဘိုးကြီး ၊ အဘွားကြီးဆယ်ယောက်ခန့်ကို
စာသင်ပေးနေသည်။
“ဦးကြီးတို့၊ ဒေါ်ကြီးတို့ မနေ့ကသင်လိုက်တာတွေမှတ်မိသေးရဲ့လား”
“မှတ်မိပါတယ် ဆရာမလေး”
စုစုလှိုင်ကျေနပ်သွားသည်။ ထို့နောက် အဖြစ်လုပ်ထားသော ကျောက်သင်ပုန်းပေါ်တွင် ဝ အက္ခရာကို ရေးလိုက်သည်။
“ဒါဖြင့် ဒါဘာလဲ”
ရွာသူရွာသားများ တော်ကြပါသည်။ အားလုံးတစ်ညီတစ်ညွတ်တည်းတလွဲဖြေသည်။
“လ ပါ ဆရာမလေး”
သူတို့မေ့မှာစိုးသဖြင့်မိုးပေါ်က လကို ပြပြပြီး သင်ထားသဖြင့် တလွဲဖြေကြခြင်းဖြစ်သည်။ တစ်လုံးမမှတ်မိလည်း
နောက်တစ်လုံးမှတ်မိပေလိမ့်မည်။ ထို့ကြောင့် နောက်ထပ် ထ
အက္ခရာကိုရေးပြလိုက်သည်။
“ဦးကြီးတို့ဒေါ်ကြီးတို့ ဒါကရော”
“လပူးပါ ဆရာမလေး ”
သူတို့စိတ်ထဲတွင် လနှစ်လုံးပူးနေသည်ဟုထင်နေမှန်း စုစုလှိုင် သိလိုက်သည်။ စာသင်သားကြီးများကို
နောက်ချင်စိတ်လည်း ပေါ်သွားသည်။ ထို့ကြောင့် ဝ
လုံးများကိုတစ်လုံးနှင့်တစ်လုံးဆက်ပြီး သုံးလေးလုံး ရေးပြလိုက်သည်။
“ဒါကရော”
အသံများအတန်ကြာတိတ်ဆိတ်သွားသည်။ ပြီးတော့မှ ဉာဏ်ထက်သေးပုံရသော အဖွားကြီး တစ်ယောက်က ထအော်လိုက်သည်။
“လတွေပြွတ်နေလို့ လပြွတ်ပါ ဆရာမလေး”
” ဟောတော့”