Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဖေဖေ့ပေးစာ

ဖီးက်ဴSeptember 17, 20101min2122

ပြင်သစ်စာရေးဆရာကြီးတယောက် ငယ်ရွယ်စဉ် တက္ကသိုလ်တက်ခဲ့ချိန်မှာ ဖခင်ဖြစ်သူက သွန်သင်ဆုံးမစာတွေကို ရေးသားပေးပို ့ခဲ့ပါတယ် ။ သူ ့ဖခင် ပေးပို ့တဲ ့စာတွေကို စုဆောင်းသိမ်း ဆည်းထားခဲ့ပြီးနောက် နှစ်ပေါင်းများစွာကြာတဲ့အခါမှာ စာအုပ်အဖြစ်ထုတ်ဝေ ဖြန် ့ချီခဲ့ပါတယ်။အဲဒီ စာအုပ်ဟာ အလွန်နာမည်ကြီးပြီး နိုင်ငံတကာမှာ ဘာသာပြန်ထုတ်ဝေ ရေးသား ခဲ့ကြပါတယ်။ အဲဒီစာအုပ်ကို စာရေးဆရာကြီး မြသန်းတင့်က ဘာသာပြန်အဖြစ်ရေးသားခဲ့ဘူးပါတယ် ။ ပေးစာများ ကို စာအုပ်အဖြစ်ထုတ်ဝေခဲ့ခြင်းကြောင့် စာရေးဆရာများလောကမှာ ရေးနည်းရေးဟန် တမျိုးအဖြစ် ခေတ်စားလာခဲ့ပါတယ်။ စာရေးဆရာ အာဘော်ကိုသုံးပြီး ပေးစာရေးနည်းနဲ ့ ရေးသားလာခဲ့ကြတာ … သားသားလေးဖတ်ဖို ့ ၊သမီးလေးဖတ်ဖို ့ ၊တူမောင် ဖတ်ဖို ့ …စသဖြင့်ပေါ်ပေါက်လာခဲ့ပါတယ်။   ]

ယခု      ဖေဖေ့ပေးစာတစ်စောင်ကို တင်ဆက်လိုက်ပါတယ်။ ကျွန်တော်အာဘော်ကိုသုံးပြီး ပေးစာအဖြစ်ဖန်တီးရေးသားထားခြင်းတော့ မဟုတ်ပါဘူး။ ကျွန်တော် ဖေဖေထံမှ ရေးသားပေးပို ့လိုက်တဲ ့စာတစောင်ကို လက်ခံရရှိခဲ့ခြင်းဖြစ်ပါတယ်။ စာထဲမှာပါတဲ ့ အကြောင်းတွေကတော့ ကျွန်တော်အပေါ်မှာထားရှိတဲ့ ဖေဖေရဲ ့ သဘောထားနဲ ့ ဖခင်တယောက်ရဲ ့ သွန်သင်ဆုံးမမှုတွေဖြစ်ပါတယ်။ဒီစာကို ဖတ်ပြီးတော့ ကျွန်တော် တစ်ယောက်ထဲအတွက်သာမက ဖီးကျူရဲ ့ စာဖတ်ပရိသတ်များအတွက်ပါ အကျိးကျေးဇူး တစုံတရာ ရစိမ့်သောငှာ မူရင်းအတိုင်း မျှဝေဖေါ်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ .

……………………………………………….

သို ့

သားရေ .. ဖေဖေ စာရေးလိုက်တယ် ။ ဖေဖေ ၊မေမေတို ့ တအိမ်သားလုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာလျက် ရှိကြပါတယ် ။ ဖေဖေတို ့အတွက် ပူုပင်ကြောင့်ကြစရာမလိုပါ ။ သားအနေနဲ ့ စိတ်ချလက်ချ စာကြိုးစားပါလို ့ပြောချင်ပါတယ် ။ကျန်းမာချမ်းသာစွာ ပညာရှာမှီးနေတယ်ဆိုတာကို သိရလို ့ ဖေဖေတို ့ ဝမ်းမြောက်ဝမ်းသာဖြစ်ကြရပါတယ်။စားသတိ ၊သွားသတိ ၊အိပ်သတိ၊ နေရာတိုင်း မှာ “သတိ” ရှိရှိနေထိုင်ပါ …သားရေ ..။အစားမတော် တလုပ် ၊ အသွားမတော် တလှမ်းဆိုတဲ့ စကားပုံ ကို သားလည်း ကြားဘူးပြီးသား ဖြစ်ပါတယ် ။ နောက်ပြီးတော့ သားရဲ ့ဆရာ … (နိုင်ငံကျော်လက်ဝှေ ့ ချံပီယံ ၊အမျိုးသားစာပေဆု(၃)ထပ်ကွမ်းရ စာရေးဆရာ ) ဘာမအထီခင်အောင်(ရွေဘို)ကပြောတယ် ။ မြန်မာလူမျိုးအားလုံးအတွက် အကျိုးရှိမည့် ဝထ္ထု ၊ဆောင်းပါးများကို အချိန်ရရင် ရေးသားစေချင်တယ် လို ့ ပြောပါတယ်။

နောက်တခု ပြောချင်တာကတော့ … ဘာသာ ၊သာသနာအတွက် ဒါနပါရမီမြောက်အောင် လှူဒါန်းပေးပါလို ့ပြောခဲ့တယ်မလား ..။ အဲတာကြောင့် ဖေဖေတို ့လဲ (ကာလဒါန) အဖြစ် လှူဒါန်းမှုတွေလုပ်နေပါတယ်။ ကာလဒါနဆိုတာက တော့ အလှူခံပုဂိ္ဂုလ်မှာ အမှန်တကယ်လိုအပ်နေတာကို လှူဒါန်းလိုက်ခြင်းပါပဲ ။ဒါကြောင့် ဘယ်လို ပုဂ္ဂိုလ်မျိုးကို လှူသင့်တယ်ဆိုတာ ဖေဖေ ၊မေမေတို ့အမြဲတမ်း ရွေးချယ်နေကြတယ်။ အဲဒီ ကာလဒါန ဆိုတဲ့ လှူဒါန်းမှုကို ပြုလိုက်ရတဲ ့အကျိုးကြောင့် သားရော ၊ ဖေဖေ မေမေ ၊ မမ ၊ဘဒွေးလေးတို ့ အားလုံး ဆုတောင်းစရာမလိုပဲ နိဗ္ဗာန်ရောက်နိုင်တဲ့ ဉာဏ်ပညာပါရမီတွေ ရကြပါလိမ့်မယ်။အဓိကပြော ရရင် စေတနာပေါ့..သားရေ ။ အခုချိန်မှာတောင် အရင်ဘဝက စေတနာစစ်စစ်နဲ ့ ပညာရေးပါရမီ တွေ လုပ်ခဲ့လို ့ ဒီဘဝမှာ ပညာရှာမှီးနိုင်တယ်လို ့ ပြောရမှာပေါ့ ။သားရဲ ့ ကြိုးစား အားထုတ်မှုတွေကို လည်း ဖေေဖေတို ့ ဂုဏ်ယူဝမ်းမြောက်ပါတယ် ။ရွေဘိုဒီဂရီင်္ကောလိပ်မှာ ကတည်းက မအိပ်မနေ ကြိုးစားခဲ့တယ်ဆိုတာ …ဖေဖေတို ့ အသိဆုံးပေါ့ ။နောက်တခု ဒါနအလှူအတွက် ကုသိုလ်ပွါးဖို ့ ပြော ပြအုံးမယ် ။ပြီး့ ခဲ့တဲ ့တရက်က ရွေဘိုမြို ့ရဲ ့ အနောက်ဘက် (သပြေသာရွာ)အောင်ဆုပန် ကျောင်း တိုက်ဆိုတာ သိတယ်မလား။ အဲဒီကျောင်းတိုက်မှာ ဆရာတော် သံဃာတော်တွေ တရားထိုင် ၊စာအံ တာတွေ စသဖြင့် သာသနာဝန်ဆောင် ပုဂ္ဂိုလ်များအတွက် အလှူဝထ္ထုငွေ လှူဒါန်းခဲ့တယ်ဆိုတာကို ပြောချင်တာပါ။ သားအနေနဲ ့ ကုသိုလ်ပွါးနိုင်အောင်ပြောပြပေးတာပါ ။အလှူဒါန တခုခုကို ပြုလုပ်တိုင်း မည်သည့် ပုဂ္ဂိုလ်ကိုဖြစ်ဖြစ် သန် ့သန် ့ရှင်းရှင်း၊ ရိုရိုသေသေ ။လေးလေးစားစား ၊ယဉ်ကျေးစွာ လှူဒါန်း ပါလို ့ ပြောချင်ပါတယ် ။

မိမိနဲ ့ပေါင်းသင်းဆက်ဆံသူ အားလုံးကို စိတ်ချမ်းသာပါစေ ၊ မိမိကြောင့် သူတပါး စိတ်မချမ်းမသာ မဖြစ်ပါစေနဲ ့၊ ဘဝရပ်တည်မှုအတွက် ပိုက်ဆံရှာတဲ့အခါမှာလည်း သမာအာဇီဝနဲ ့ ဖြူစင်သန် ့ရှင်းစွာ ရှာဖွေစုဆောင်းဖို ့ပါပဲ ။ မိမိ အသက်ရှင်သန်ဖို ့အတွက် သူတပါး အသက်ကို စတေးပြီး သတ်ဖြတ်ခြင်း၊မွေးမြူခြင်းကို ဘယ်တော့မှ မလုပ်ပါနဲ ့လိုု ့ဖေဖေ…ခဏခဏပြောဘူးပါတယ် ။နောက် ပြီးတော့ လိမ်လည်လှည့်ဖျားပြီးတော့ ငွေရှာတာတွေ၊သူတပါး မျက်ရည်ထွက်မှ မိမိဘဝ စိုပြည်အောင် ဝင်ငွေရှာတာတွေက မသန် ့ရှင်းတဲ့ ငွေတွေလို ့ပြောရမှာပါ။ မိမိရှာထားတဲ ့ငွေက မသန် ့ရှင်းရင် ရန်သူမျိုးငါးပါးနဲ ့ သေချာပေါက်ရင်ဆိုင်ရမှာပဲလေ ။ ရန်သူမျိုး ငါးပါးဆိုတာ (၁) ရေ (၂) မီး (၃)မင်း (၄)သူခိုး (၅)မချစ်မနှစ်သက်သောသူ (သား၊ သမီးဆိုး ) တွေပါပဲ ။အခုလိုပြောပြရတာကတော့ သားက မစင်ကြယ်တဲ့ငွေတွေ ရှာနေလို ့ ပြောနေခြင်းမဟုတ်ပါဘူး။ မိမိ ကိုယ်ကျင့်တရား အမြဲတမ်း ဖြောင့်မတ်နေဖို ့ ပြောပြတာပါ။ စိတ်နေမပြောင်း ၊စိတ်ကောင်းမပျက်ဆိုတဲ့အတိုင်း ဖြောင့်မတ်စွာ လျှောက်လှမ်းနိုင်ဖို ့ သတိပေးတာပါ။ သားရဲ ့ဘဝမှာ ဖြူစင်သန် ့ရှင်းစွာ အသက်မွေးစေချင်လို ့ပဲ … တခြားဝန်ထမ်းအလုပ်တွေကို ခွင့်မပြုခဲ့တာပါ။ ရာထူးကြီးကြီတွေရပြီး ၊ဝိသမလောဘနဲ ့ စီးပွါးရှာ ကြီးပွါးချမ်းသာတာမျိုးကို အားပေးအားမြှောက်လုပ်မည့် မိဘထဲမှာတော့ ဖေဖေ မပါပါဘူး သားရေ ဘာကြောင့်လဲဆိုတော့ လူဖြစ်ရတဲ့ ခဏတာ ဘဝလေးမှာ အကုသိုလ်အလုပ်တွေနဲ ့ သံသရာမှာ ပါမသွားစေချင်လို ့ပါပဲ။ သားရဲ ့ ပညာဒါနပါရမီလုပ်ခဲ့တာတွေကို ဖေဖေတို ့က အမြဲတမ်း ဂုဏ်ယူ ဝမ်းမြောက်လျက်ရှိနေကြတာပါ ။

ကျန်းမာရေးအတွက်လည်း ပြောရအုံးမယ် ။ဖေဖေ ပေးချင်တဲ ့ ဆေးတခွက်ကတော့ ရေသောက်ဖို ့ပါပဲ ။ ရေကို တရက်မှာ ဖန်ခွက်ကြီးနဲ ့ (၇) ခွက်လောက် သောက်ပေးပါ။ ဘာကြောင့် လည်းဆိုတော့ ဆီးနဲ ့ဝမ်းကို မှန်အောင်လို ့ပါပဲ ။ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို ရေးများများ သောက်ပြီးတော့ ဆေးကြောခြင်းပါပဲ ။ဆီးဝမ်းစွန် ့ထုတ်တာတွေ မမှန်ဘဲ ချုပ်နေရင် အတွင်းထဲက နည်းအမျိုးမျိုးနဲ ့ ကန်ထွက်လာတတ်တယ် ။အာခံတွင်းနဲ ့ နံတာတွေ ၊ခေါင်းမူး ၊ခေါင်းကိုက်၊ ခေါင်းအုံ ၊ မျက်စိမှုန်တာတွေက ခန္ဓာကိုယ်ထဲက ကန်ထွက်လာတာတွေပဲပေါ့ ။ ဝမ်းတလုံးကောင်းရင် ခေါင်းမခဲ ဘူးဆိုတဲ့ စကားပုံကိုလည်း ကြားဘူးပြီးသာဖြစ်မှာပါ ။ဖေဖေတော့ စာအုပ်ထဲမှာ ဖတ်ဖူးတယ် ။စာရေး ဆရာကြီးတယောက်က ဒီလို ရေးဘူးတယ်လေ။ မျိုသမျှ ယိုရမယ် ၊ သောက်သမျှပေါက်ရမယ်တဲ့ ။အဲ တာကြောင့်လည်း ရေများများသောက်ဖို ့ ပြောပြနေတာပါ ။ရေများများသောက်တော့ ဝမ်းကို ပျော့စေ တယ် စွန် ့ပစ်အရည်အဖြစ် ဆီးကို ရွင်စေတယ် ။ပြီးတော့ ချွေးအဖြစ်လဲ စွန် ့ထုတ်နို်င်တယ်။သွေးအား ကိုလည်း တိုးစေတယ်။ ချွေးထွက်များဖို ့အတွက်လည်း ကျန်းမာရေးလေ့ကျင်းခန်းကိုလည်း ပုံမှန်လှုပ် ရှားပေးပါ ။

နောက်ပြီးတော့ လည်ပင်းဇက်တိုင်ကိုလည်း ခဏခဏ ချိုးလိမ်တာတွေ မလုပ်ပါနဲ ့ ။အဲဒီအကျင့် ကို တတ်နိုင်သလောက် ဖျောက်ပါ ။ဇက်တိုင် အနေခက်လာရင် လက်ညိုးလက်မနဲ ့ ညင်သာစွာလေး နှိပ်နယ်လိုက်ပါ။သက်သာပျောက်ကင်းသွားပါလိမ့်မယ် ။ပြီးတော့ ရင်ဘတ်နဲ ့ ဦးခေါင်းပိုင်းကို အအေး မိ မခံပါနဲ ့ ခန္ဓာကိုယ်ရဲ ့ အဓိက အင်ဂျင်အစိတ်ပိုင်းတွေကို အထူးသတိထားရမှာဖြစ်ပါတယ် ။အစား အသောက်ကိုလည်း အလွန်အကျွံမစားပါနဲ ့၊ အစာမစားဘဲလည်း မနေပါနဲ ့ ။ပုံမှန်လေး နေထိုင်စား သောက်ပါ ။အပြင်ထွက်လည်တာတွေ ၊ ညမအိပ်ပဲ နေတာတွေကိုု အထူးသတိထားပြီး ရှောင်ကြဉ်ပါ။ သားတို ့ဆီမှာ အင်တာနက်ကို အချိန်ပြည့်သုံးနိုင်တယ်ဆိုတာ သိရတယ် ။ အင်တာနက်မှာ ဗဟုသုတ ၊ပညာရှာမှီးရာမှာ လွယ်ကူတယ်ဆိုတာ ဖေဖေ သိပါတယ် ။ဖေဖေ ကြားဘူးထားတာတွေ နဲ ့ သားကို ပြောချင်တာကတော့ အင်တာနက်ကို အသုံးပြုပြီး ကြည့်တဲ ့အခါ ဗုဒ္ဓဘာသာဝင်နဲ ့ ဆန် ့ကျင်တဲ့ အတွေးအမြင်တွေကို လုံးဝမကြည့်ပါနဲ ့။ကမာ္ဘအရပ်ရပ်က ယဉ်ကျေးမှု လူနေမှု စရိုက် တွေက ဖေဖေတို ့ မြန်မာတွေရဲ ့ ဘာသာ ၊ယဉ်ကျေးမှုနဲ ့ ဆန် ့ကျင်ဘက်တွေ ဖြစ်နေတယ်ဆိုတာ သားလည်း သိပြီးသားဖြစ်မှာပါ ။မိမိအတွက် အကျိုးရှိနိုင်တာတွေကိုပဲ အင်တာနက်ကို အသုံးပြုပါ လို ့ ပြောချင်တာပါ။ အဲဒါမှလည်း တန်းဖိုးရှိတဲ့ အချိန်တွေကို ဖြုန်းမပစ်ပဲ အသုံးချရာရောက်မှာပါ ။

အချိန်တွေဘယ်လောက်ပဲကုန်ကုန် ဘာပဲလုပ်လုပ် ဘာသာတရားကိုတော့သီးသန် ့အချိန်ပေးပြီး အဓိဌာန်နဲ ့လုပ်ပါ ။ မြတ်စွာဘုရားရဲ ့ ဂုဏ်ကျေးဇူးတော်ကို မျက်စိထဲမှာ မြင်ယောင်ပြီး ရှိခိုးဦးချပါ ။ မြတ်စွာဘုရား ဟောကြားတော်မူထားခဲ့တဲ့ တရားတော်များ ၊ဗုဒ္ဓကျမ်းစာပေများကို ရှိခိုးဦးချပါ။မြတ်စွာ ဘုရားရှင်၏ တရားတော်များကို ထိန်းသိမ်းစောင့်ရှောက်နေကြသော သံဃာတော်များကို ရှိခိုးဦးချပါ။ ဖေဖေတို ့မိသားစုအားလုံး ဗုဒ္ဓတရားကျင့်စဉ်များကို နည်းမှန်လမ်းမှန်ရောက်အောင် ပြုပြင်ဆုံးမပေး သော ဆရာတော်ဘုရာကြီးရဲ ့ ဂုဏ်ကျေးဇူးတော်ကိုလည်း ရှိခိုးဦးချပါ။ ကိုးလလွယ်၊ ဆယ်လမွေး၊ဖဝါး လက်နှစ်လုံး ၊ပုခုံးလက်နှစ်သစ်ကတည်းက သားရဲ ့ကျန်းမာရေး ၊ ဘာသာရေး ၊ကိုယ်ကျင့်တရား၊ပညာ ရေး စတာတွေကို ပြုစုပျိုးထောင်ပေးခဲ့တဲ့ ဖေေဖေ မေမေတို ့၏ ဂုဏ်ကျေးဇူးတို ့ကို ရှိခိုးဦးချပါ ။

အထက်ပါအတိုင်း ရှိခိုးဦးချပြီးမှ ငါးပါးသီလခံယူဆောက်တည်ပါ။ ကောင်းမှုတခု နေ ့စဉ်ပြုဆိုတဲ့ အတိုင်း မပျက်မကွက်ဆောင်ရွက်ပါ။ ငါးပါးသီလခံယူဆောက်တည်ပြီးရင် တရားတထိုင်ခန် ့ကို ရှုမှတ် ပါ။ တရားထိုင်ရာတွင် ခန္ဓာကိုယ်အနှံ ့ဘယ်နေရာက ယားယံခြင်း ဖြစ်ဖြစ် မလှုပ်ရှားပါနဲ ့။တည်ကြည် ဖြောင့်မတ်စွာ ငြိမ်ငြိမ်သက်သက် ထိုင်ပါ။ တရားမထိုင်မှီ ဘယ်လိုရွတ်ဆိုရမည်ဆိုတာကိုလည်း ပြောပြ အုံးမယ်။

…………………… ဘုရားတပည့်တော်သည် ဘုရား၊ တရား ၊သံဃာ၊ ဆရာတော်ဘုရားကြီး ၊အမိ ၊အဖ ၊ဆရာသမားများ အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ဝစီကံမှု၊မနောကံမှု ၊တခုခုတို ့ဖြင့်ပြစ်မှား ကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင်လွတ်တော်မူပါ အရှင်ဘုရား ….။ ကျွန်ုပ်ထက်ကြီးမြတ်သော ပုဂိ္ဂုလ်အပေါင်းတို ့ အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ ဝစီကံမှု၊ မနောကံမှု တခုခုတို ့ဖြင့်ပြစ်မှားကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင့်လွတ်ပေးကြကုန်လော့။ ကျွန်ုပ်အောက်ငယ်သော ပုဂ္ဂိုလ်တို ့သည် ကျွန်ုပ်အပေါ်၌ ဓမ္မအန္တရာယ်ဖြစ်စေတတ်သော ကာယကံမှု ၊ဝစီကံမှု၊ မနောကံမှု ၊ တခုခုတို ့ဖြင့်ပြစ်မှား ကျူုးလွန်မိခဲ့သည်ရှိသော် အပြစ်မှခွင့်လွတ်ပါ၏။ ဘုရားတပည့်တော်၏ ရုပ်နာမ်နှစ်ပါး ခန္ဓာငါးပါးကို-

(၁) မြတ်စွာဘုရားအား လှူဒါန်းပါ၏

(၂) တရားတော်မြတ်အားလှူဒါန်းပါ၏

(၃) သံဃာတော်မြတ် ၊ ဆရာတော်ဘုရားကြီးများအား လှူဒါန်းပါ၏

(၄) မိဘ ၊ဆရာသမားများအား လှူဒါန်းပါ၏

(၅) ဘုရားတပည့်တော်အား သတိပဌာန်ကမ္မဌာန်းကို တထိုင်ခန် ့မျှ ပေးသနားတော်မူပါ အရှင်ဘုရား

ဤတထိုင်ခန် ့မျှ အဓိဌာန်မြောက်ခဲ့သည်ရှိသော်…(လိုရာဆုကို ..စိတ်ထဲမှ တောင်းပါ )ဥပမာ- နိဗ္ဗာန်သို ့ လျှောက်လှမ်းနိုင်သော ဉာဏ်ပညာပါရမီများ ရရပါလို၏ဘုရား…စသဖြင့် ဆုတောင်းပါ ။ ထို ့နောက် မိမိလုပ်နိုင်သလောက် အချိန်အတိုင်းတာထိ တရားထိုင်ပါ ။တရားထိုင်တဲ့အခါ နည်းလမ်း အမျိုးမျိူးရှိကြပေမဲ့ ဖေဖေကတော့ ဝိပသနာ ကမ္မဌာန်းကို အမြဲရှုမှတ်ပါတယ် ။ ဝိ = အထူး ၊ ပသနာ= ရှုမှတ်ခြင်းနည်းလမ်း လို ့ အဓိပ္ပါယ်ရတာကြောင့် ရုပ်နာမ်နှစ်ခု ့ဖြစ်ပျက်မှုကို ရှုမှတ်ခြင်းလို ့ ဆိုလိုတယ်။

တရားထိုင်ပြီးတဲ့အခါ ရဟန်းရှင်လူ ၊သံဃာတော်၊ ဆရာတော်ဘုရားကြီးများ ။သူတော်စင်အပေါင်း တို ့ကို တပည့်တော်၏ကောင်းမှုကုသိုလ်ကို ထပ်တူထပ်မျှရစေကြောင်း မေတ္တာပို ့ပေးပါ။နောက်ပြီး အန္တစကြာဝဠာအတွင်းရှိ ထွက်သက်ဝင်သက်ရှိသော သတ္တဝါအပေါင်းတို ့အား ကျျွန်ုပ်၏ကုသိုလ် ကောင်းမှုကို ထပ်တူထပ်မျှရပါစေကြောင်း မေတ္တာပို ့ပါ။တရားထိုင်လို ့ရတဲ ့ ကောင်းမှုကုသိုလ်ကို မေတ္တာပို ့သခြင်းဖြစ်တယ် ။

အထက်ပါအတိုင်း ဖေဖေပြောပြတာတွေက စနစ်တကျ တရားထိုင်ခြင်းဖြစ်တာကြောင့် သေချာစွာ မှတ်သားပြီး လိုက်နာဆောင်ရွက်ပါ ။အထက်ပါနည်းအတိုင်း နေ ့စဉ် လုပ်ဆောင်သွားမယ်ဆိုရင် ကုသိုလ်ထူးတွေ နေ ့တိုင်းရရှိမှာပါ ။ပန်းဝတ်ရည်မှုန်လေးတွေကို စုဆောင်းတဲ့ ပျားကောင်လေးတွေ လိုပဲ နေ ့စဉ်နဲ ့အမျှ စုဆောင်းသွားရင် နောင်တချိန်မှာ ပျားလဘို ့ကြီးလို များပြားတဲ့ကုသိုလ်ထူး တွေ စုဆောင်းမိမှာ သေချာပါတယ်။

ပထမအရွယ်မှာ ပညာရှာ ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ ၊ တတိယအရွယ်မှာ တရားရှာ ….လို ့ တချို ့တွေ ပြောကြပေမဲ့ တရားကိုတော့ ဘယ်အရွယ်မှာပဲဖြစ်ဖြစ် ရှာရမှာပါ ။တတိယအရွယ်မှ ..တရားရှာမယ်လို ့ စိတ်ကူးထားတဲ့လူတယောက်ဟာ တတိယအရွယ် မရောက်ခင် သေသွားခဲ့ရင် ဘယ်မှာ တရားရှာနိုင်တော့မလဲ ။အဲဒီတော့ ဘယ်မှာ လူဖြစ်ကျိုးနပ်နိုင်ပါ့မလဲ ။တတိယအရွယ်မှာ…. ခန္ဓာကို်ယ်ကျန်းမာရေးကလည်း ချွတ်ယွင်းတတ်တာဆိုတော့ တရားကို ဖြောင့်ဖြောင့် ရှာဖို ့လဲခက်ခဲ နိုင်တယ် …သားရေ..။အဲတာကြောင့် ကျန်းမာရေးကောင်းတုံး ငယ်ရွယ်တုံးမှာ တရားကိုတော့ ရှာရလိမ့်မယ် ။ အများကြီး မလုပ်နိုင်တောင်မှ တရက် ၂၄ နာရီမှာ ၁ နာရီလောက်တော့ တရား ကျင့်ကြံနိုင်ရင် အကောင်းဆုံးပါပဲ ။

လူတချို ့တွေ ရဲ ့ ဖြစ်တတ်တဲ ့ သဘာဝကိုလည်း ပြောပြပါအုံးမယ်။ အချို ့တွေက ရာထူး ၊အလုပ် အကိုင် ၊စီးပွါးရေးလုပ်ငန်းတွေမှာ အဆင်ပြေချောမွေ ့နေကြပီဆိုရင် ..လူတကာရဲ ့အပေါ်မှာ အသာ စီးရနေပြီးဆိုရင် မျက်နှာထားတင်းတင်းနဲ ့ တစ်ကမာ္ဘလုံး သူ ့လုပ်စာစားနေကြသလို မာန်တက်ကြ တတ်တာကို တွေ ့ကြုံဘူးပါလိမ့်မယ် ။သူတို ့တွေဟာ အိုခြင်းဆင်းရဲ ၊နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ ၊ ဆိုတာတွေကို မသိကြတဲ့သူတွေပါပဲ ။ဒါပေမဲ့ သတ္တဝါ ၊ လူမှန်သမျှ အို ၊နာ၊ သေဆိုတဲ့ ဆင်းရဲဒုက္ခ တွေကို မလွဲမသွေ ကြုံတွေ ့ကြရမှာဖြစ်ပါတယ် ။အဲဒီ ဆင်းရဲဒုက္ခတွေကို ခံနိုင်ရည်ရှိအောင် ပြင်ဆင် ထားဖို ့ ဗုဒ္ဓတရားတော်တွေကို ကျင့်ကြြံ့ကရမယ်။

ဖေဖေ အတွေ ့အကြုံအရ ပြောရမယ်ဆိုရင် တရားထိုင်ရခြင်းအကျိုးကြောင့် စိတ်လက်ပေါ့ပါး တယ် ။ဖေဖေဟာ ၁၆နှစ်သားကတဲက တရားအလုပ်ကို လိုက်စားခဲ့တာမို ့ အခုချိန် ၅၆နှစ်ရောက်နေ တာတောင် လူငယ်လူရွယ်တယောက်လို စိတ်လက်ပျော်ရွင် လန်းဆန်းနေတုံးပါပဲ ။ကျန်းမာရေးအထူး ကောင်းမွန်လာတယ် ။ထိုးထွင်းဥဏ် ၊မှတ်ဉာဏ်တွေလည်း ပိုကောင်းလာတယ် ။ ဘယ်နေရာမှာပဲဖြစ် ဖြစ် သာမာန်လူတွေလို ခပ်ပေါ့ပေါ့နေရင်တော့ သာမာန်အဆင့်လောက်ပဲ ဖြစ်မှာပါ ။လူတကာထက် သာချင်တယ်ဆိုရင် သူများထက်ပိုပြီး ကြိုးစားရမယ်။ ပိုပြီး ပင်ပန်းမယ် ။ဘာသာရေး ၊ပညာရေး၊လူမှု စီးပွါးရေးနယ်ပယ်တွေမှာလည်း လုူတကာထက် တော်ချင်ရင် လူတကာထက်တော့ ပိုပြီးကြိုးစားဖို ့ လိုပါလိမ့်မယ် ….သားရေ ။လောကမှာ အသိပညာ အတတ်ပညာတွေက ရှာဖွေကြိုးစားလေ အကျိုးရှိ လေဖြစ်တယ် ။

သားအတွက် စာအရှည်ကြီးကိုတော့ ရေးပြီးပါဘီ။ ဒီစာထဲမှာ ဖေဖေ ပြောခဲ့တာတွေက သား မသိသေးတာလဲ ပါနိုင်တယ် ။သိပြီးသားကို ပြန်လည်သတိဝင်ပြီး ပိုမို သိစေချင်တာလည်းပါတယ် ။သိပြီးသားတွေကို လက်တွေ ့လုပ်နိုင်အောင် နိုးဆော်ပေးချင်တာလဲပါ တယ် ။ ဖေဖေ့သားလေး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒများ ပြည့်စုံလို ့ နိဗ္ဗာန်မဂ္ဂ်ဖိုလ်သို ့ လျှောက်လှမ်းနိုင်ပါစေလို ့ ဆုတောင်းပေးလိုက်ပါတယ်……………သားရဲ ့ဖေဖေ ……… ။

စာကြွင်း။       ။ယခုတင်ပြသော  ဖေဖေ့ပေးစာသည်   ကျွန်ုပ်၏ကိုယ်ပိုင်ဘလော့တခုဖြစ်သော  http://myanmarphysicist.blogspot.com   တွင်တင်ပြခဲ့ဘူးပါသည်။ကျွန်ုပ်သည်

ဤမန္တလေးဂေဇက်  ဝက်ဆိုက်တွင်   စတင်ဖတ်မိရာမှ   ( 17.9.2010)  နေ ့တွင်  မန်ဘာအဖြစ်ရောက်ရှိလာခြင်းဖြစ်၏ ။

တခြားဖိုရမ် ၊ ဝက်ဆိုက်များတွင် ရေးသားခဲ့ခြင်းမရှိခဲ့ ။ကျွန်ုပ်၏ဘလော့တွင်   ရှုပဗေဒနှင့်သက်ဆိုင်သော  စာများကို  ရေးသားလျက်ရှိရာ   …  နောင်လာလတ္တံ ့ရေးသားမည့်စာများကို      ဤနေရာတွင်   ဦးဦးဖျားဖျားတင်ပြပေးသွားမည်ဖြစ်သည် ။
ယခင်ရေးသားခဲ့ပြီးသော  စာများကို  ဖတ်ရှုလိုပါက    ကျွန်ုပ်ထံတွင်   လာရောက်ဖတ်ရှုနိုင်ပါကြောင်း…..
…..လေးစားစွာဖြင့်
ဖီးကျူ ( ရွှေဘို)

2 comments

  • zawana

    September 20, 2010 at 2:09 am

    ကျေးဇူးပါခင်ဗျာ …. ကိုဖီးကျူရဲ့ ဖခင်ကြီး ရေးထားတဲ့စာက တကယ့်ကို အမြော်အမြင်ရှိတဲ့ ဖခင်တစ်ယောက်ရဲ့ ဆုံးမ စကားတွေပါ။ ကိုဖီးကျူရဲ့ ဖခင်ကြီးကိုလည်း လေးစားမိပါတယ်။ မြန်မာ မိသားစုတိုင်းမှာ အဲလို လေးစားလောက်တဲ့ ဖခင်မျိုးတွေ ရှိရင် သိပ်ကောင်းမှာပဲလို့ ယူဆမိပါတယ်။

Leave a Reply