နယူးဒေး ကို တာ့တာပြခြင်း(သို့) မန်နေဂျာတစ်ဦး

ospreySeptember 24, 20101min1110

ဈေးကွက်စီးပွားရေးခေတ်မှာ ပိုက်ဆံပေးပြီး ကုန်စည်ကိူ ဝယ်ယူရတဲ့နေရာမှာ မန်နေဂျာတစ်ယောက်အနေနဲ့ ရင့်ရင့်သီးသီးဆက်ဆံခံရတဲ့ အဖြစ်မျိုး သင် ကြုံဖူးပါသလား။ထိုကဲ့သို့သော မန်နေဂျာ ကို ပုဂလိက စက်သုံးဆီရောင်း တဲ့ ဆိုင် မှာ သင် တို့ ကြုံတွေနိုင်ပါတယ်။ အဲ့ဒီ အရောင်းဆိုင်ကတော့ တောင်ဥကလာ ၁၆ကွေ့ ဆီဆိုင် ဖြစ်ပါတယ်။ ပိုက်ဆံပေး ပြီး ဆီလာထုတ်တဲ့ကား ကို နောက်လာမထှတ်နဲ့ လို့ ပြောဆိုခံရတဲ့ အဖြစ်တစ်ခုပါ။ ကျန်တော်က ရတနာပုံ ပရိတ်သက်တစ်ဦးပါ။ ဆီ ထည့်ရင်လဲ အဲဒီဆိုင်မှာထည့်ပါတယ်။ ပန့် ကိုင်တွေရဲ့ ဝန်ဆောင်မူ့ကတော့ တော်တော်လေးကောင်းပါတယ်။ ဘာဖြစ်လို့လဲ လို့မေးတော့ ကားပေါ်မှာ ပုံးတွေ တင်လာလို့ တဲ့။ ကျန်တော်က စားအုံးဆီ ရောင်းဝယ်ရေး လုပ်ပါတယ်။ ကျန်တော်ရဲ့ စားဆီ ပုံး တွေကို ဘယ်နေရာသွားထားရမလဲ။ ဆိုးတာက သူ့ရဲ့ ဆက်ဆံရေး ပါ။ ဘယ် ဆိုင်ကမှ သု့ လိုမဆက်ဆံပါဘူး။ သူ့ကို ဂျာလေး လို့ ခေါ် ကြပါတယ်။ ဆီလာထည့်တဲ့ကားတိုင်းကို ဝန်ဆောင်မူ့ပေးနိုင်ဖို့ထက် အပြစ်ရှာ နေတဲ့ ပုံစံ ပေါက်ပါတယ်။ အများကြီးပြုုပြင်သင့်ပါတယ်။ ကျန်တော်ကတော့ အဲဒီဆိုင် မှာလုံးဝ ဆီမထည့်တော့ပါဘူး။ အခုခေတ်ကာလမှာ မရှိသင့်တော့တဲ့ အဖြစ်တစ်ခုပါ။