သတိပြုစေချင်ပါသည်။
ဘလော့ဂ်တွေ၊ဖိုရမ်တွေမှာ စာမျိုးစုံ အကြောင်းအရာ မျိုးစုံရေးကြတယ်။ဗဟုသုတ ရစရာစာတွေ၊ရသစာပေတွေ၊ဆောင်းပါးတွေ အပြိုင်အဆိုင် တင်ကြတယ်။ဒါပေမယ့် တစ်ချို့သော စာရေးသူများက သတိမပြုပဲတင်ကြတဲ့ စာလုံးလေးတွေ ရှိတယ်။ဥပမာ – အဲဒီလို စာလုံးမျိုးကို ရေးထားတဲ့ အကြောင်းအရာ ပေါ့သွားအောင် အဲ့လို စာလုံးမျိုးနဲ ့သုံးတက်ကြတယ်။စာအရေးအသား ကောင်းသော်ငြား အဲ့လို စာလုံးကြီး သုံးလိုက်တော့ ရေးထားတဲ့စာက အနှစ်သာရ ပျောက်သွားသလိုပဲ။
စာရေးသူတွေ သတိပြုလိုက်မယ် ဆိုရင် ကိုယ်ရေးတဲ့ အကြောင်းအရာက ပိုပြီး အနှစ်သာရ ရှိသွားမှာပါ။ဒါကတော့ အသုံးအများဆုံး စာလုံးကို တင်ပြလိုက်ခြင်းပါ။
One comment
kopauk mandalay
September 22, 2010 at 12:24 pm
အခုလိုထောက်ပြပေးတာ ကျေးဇူးပါ။
တစ်ခါတစ်လေတော့လဲ ကျနော်တို့လို အင်တာနက်ဆိုင်မှာသွားရေးရတဲ့လူတွေမှာ ကော်နက်ရှင်ကကျ
ဘေးက ကလေးတွေကဆူ အခန်းကပူ ဆိုတဲ့အထဲမှာရေးရတော့ မြန်မြန်ပြီးချင်ဇောကပ်သွားတဲ့အခါ ကိုယ်ရေးတာကို
ပြန်မဖတ်ဘဲတင်မိတဲ့အခါမျိုးလဲရှိပါတယ်။
နောက်ဘာသာစကား မကျွမ်းကျင်လို့မှားတာလဲ ရှိပါတယ်။
အခုလိုပြောပြတော့ ကျနော်တို့လိုရေးသူတွေက သတိထားလို့ပြင်လိုက်ရင် ဖတ်ရတာလဲကောင်း ရေးရတာလဲစင်းလုံးချောလို့
ကောင်းမှကောင်းပါဘဲခင်ဗျာ။