မိကျောင်းလေး
ဂါရီရယ်လ်မိချောင်းမျိုးဟာ လက်ရှိ ကမာ္ဘပေါ်မှာ အကြီးဆုံးမိချောင်းမျိုးဖြစ်ပါတယ်။ သေးသွယ်ရှည်လျားပြီး သန်မာသော နှုတ်သီးရှိပြီး ငါးသေး လေးများကို ဖမ်းစီးစားသောက်တတ်ပါတယ်။ အကောင်ကြီးတဲ့ သားကောင်မျုားကိုတော့ ဖမ်းစီးစားသောက်မှု့မပြုနိုင်ပါဘူး။ ရေထဲမှာတော့ အလွန်လျင်မြန်တဲ့သတ္တဝါဖြစ်သလို ကုန်ပေါ်မှာတော့ သိပ်ပြီးရွေ့ရှားမှု့မပြုပါဘူး။ နေပူစာလုံဖို့နှင့် သဲသောင်တွေမှာရှိတဲ့ အသိုက်များသို့သွားဖို့အတွက်သာ ကုန်ပေါ်မှာ နေခြင်ဖြစ်ပါတယ်။ အရွယ်အစားအနေဖြင့် ပေ ၂ဝ အထိကြီးတတ်ပြီး အလေးချိန် ပေါင် ၂ဝဝဝ ခန့်ထိ ကြီးထွားတတ်ပါတယ်။
အဓိကအားဖြင့် ငါးကိုသာစားတတ်ကြပြီး ဖားများနှင့် သေးငယ်တဲ့ရေသတ္တဝါအချို့ကိုလဲ စားတတ်ကြပါသေးတယ်။ မိတ်လိုက်တဲ့ ရာသီကတော့ နိုင်ဘာလမှ ဇန်နဝါရီလအထိဖြစ်တတ်ကြပြီး မတ်လနှင့် မေလတို့မှာအသိုက်ဆောက်ကြပါတယ်။ ဥပေါင်း အလုံးရေ ၃ဝ မှ ၅ဝ အထိဥတတ်ကြပြီး ရက်ပေါင်း ၉ဝ ကြာတဲ့အခါမှာတော့ ဥများမှ အကောင်ပေါက်ဖွားလာပါတယ်။
သက်တန့်ချိုမှ ကူးယူဖော်ပြပါသည်။
2 comments
Gong Zhu
September 24, 2010 at 7:20 pm
ဟို မိကျောင်း က ဘာလို့ ခေါင်းမှာပဲ ကွက်ပြီး စိမ်းနေရတာလဲ . . .
ဆူး
September 25, 2010 at 3:01 am
မိကျောင်းသဘာဝက ရေပေါ်မှာ ခေါင်းကလေး ဖော်ပြီး နေတတ်တယ်။ အစာချောင်းတာတွေ ကို ရုပ်မြင်သံကြားမှာတော့ မြင်ဘူးမှာပေါ့။ အဲဒီလို ရေကန်တွေမှာ ရေမှော်တွေ ရှိနေရင် ခေါင်းထောင်တဲ့ နေရာ တဝိုက်မှာ ရေမှော်ပင် သေးသေးလေးတွေ ကပ်သွားပြီး အပင်လေးတွေ ချဲသွားတော့ နေရာ အကျယ်လောက်မှာ သူ ရေပေါ်တက်လာတော့ ကိုယ်မှာ ရေမှော်ပင်မရှိဘဲ ခေါင်းဘဲ စိမ်းနေတာပါ။ သိပ်ပြီး ရှင်းလင်းအောင်တော့ မရှင်းတတ်ဘူး