လွမ်းတယ်
မြေသင်းရနံ့လေး
သင်းပျံ့လွန်းလို့
ကိုယ့်ရင်ထဲလှုပ်ခတ်
သေတ္တာငယ်လေးထဲ
ထည့်လို့ သိမ်းထားမယ်
ရနံ့တွေ မပျယ်ခင်
ချစ်ရသူရယ်
ပြန်လည်ဆုံတွေ့နိုင်ဖို့
အခွင့်ရချင်သေးတယ်။
My First Green
မြေသင်းရနံ့လေး
သင်းပျံ့လွန်းလို့
ကိုယ့်ရင်ထဲလှုပ်ခတ်
သေတ္တာငယ်လေးထဲ
ထည့်လို့ သိမ်းထားမယ်
ရနံ့တွေ မပျယ်ခင်
ချစ်ရသူရယ်
ပြန်လည်ဆုံတွေ့နိုင်ဖို့
အခွင့်ရချင်သေးတယ်။
My First Green
4 comments
kopauk mandalay
September 26, 2010 at 3:41 pm
လွမ်းတယ် =တယ်လွမ်း
မိုးတစ်နေ့
မြေကြီးနဲ့မိုးစက်တို့အထိ
အိကနဲ့ထွက်လာတဲ့ ရနံ့လေး
ပြန်တွေးတာနဲ့ရင်ကို လာညိ
ခံစားမူ့များကသိနေတယ်လေ။
ကိုယ်လဲမင်းကိုယ်လွမ်းတယ်ဆို
ရေရွတ်မိတော့
တယ်လွမ်းသလားလို့
အများကပေးရင်ဘယ်လိုအဖြေပေး ရပါ့။
MyFirstGreen
September 28, 2010 at 12:17 pm
နောက်ရေးထားတဲ့ ကဗျာတွေလည်း အားပေးပါအုံး။ 🙂
မိုးစက်ကျသံ ..
တတောက်တောက်နဲ့
ရင်ခုန်သံ စည်းချက်လား… …
ငါ့ရင်ကို ထိမှန် နေသလို __
ချစ်သူတို့ဘဝ
မင်းရဲ့ ဆည်းလည်းလို အသံလေး
ငါမင်းကို….. အရမ်း……………….လွမ်းတယ်။
မိုးစက်ကျသံ..
တတောက်တောက်နဲ့
ကျည်စံသံ စည်းချက်လား… …
ငါ့ရင်ကို ထိမှန်နေသလို__
အိမ်ထောင်သည်ဘဝ
မင်းရဲ့ ဗျစ်တောက်ဗျစ်တောက်အသံ
ငါမင်းကို ..အ ရမ်း……………….. မုန်း တယ်။
ဟီး ဘယ်လိုလဲ.. 😛
bigcat
September 26, 2010 at 4:50 pm
လေပြေလေညှင်းလေး ဝေ့ကနဲ
မိုးအငွေ့အသက်နဲ့ အတူ
ချစ်သောသူ အီးပေါက်တဲ့အခါ
အသံနဲ့အတူ ထွက်လာမဲ့
ကိုယ်သင်းရနံ့
မွှေးမှာလား နံမှာလား
သိမ်းထားမှာလား ပြေးမှာလား
သိပါရစေ မှန်တဲ့အတိုင်း။
ကဗျာမုဒ်ဝင်လာလို့ ချစ်တဲ့စိတ်နဲ့ ရေးလိုက်တာပါနော်၊ စိတ်မဆိုးပါနဲ့။
MyFirstGreen
September 29, 2010 at 5:06 am
ကို လား! မ လား! bigcat က အနော်ကဗျာတွေ အပြောင်ပြန်စပ်ထားတာ အီးမပါရင် မပီးသလိုဘဲနော်။ 😛 😛 ဟီးဟီး စတာ စိတ်ရှိုူးနဲ့နော်။
မိုးစက်သံ တပေါက်ပေါက်မှာ
စည်းချက်မှန် အီးသံဘွတ်တယ်
မိုးလည်းအေးအေး စောင်လေးနဲ့ကွေးမလားလို့
အိမ်သာချည်း ပြေးနေရတယ်
မနေ့က လက်သုပ်။
ဟွီးဟွီး 😛 😛