Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြံ့ဖွတ်ကရေစီ…..

smytu1996September 29, 20101min2321

ကြံ့ဖွံ့သန်းရွှေအုပ်စုဟာ နေရာတကာ လွှမ်းမိုးချင်ပါတယ်။ ပါးစပ်က ဘုရားဘုရား လက်ကကားယားကားယားဆိုတာ သူတို့ပဲ။ ဒီမိုကရေစီဆိုတာ ဘာမှန်းမသိပေမယ့် သူတို့မတရားလုပ်တာကို ဒီမိုကရေစီအစစ်အမှန်လို့ ပြောနေပြန်ပြီ။ အနှစ် (၂၀) ကျော် ထင်သလိုအနိုင်ကျင့်ပြီး အုပ်ချုပ်ခဲ့တဲ့ တိုင်းပြည်မှာ ရွေးကောက်တင်မြှောက်တဲ့အစိုးရ ပေါ်ထွက်လာမယ်ဆိုတော့ တော်သေးတာပေါ့လို့ မြင်သူတွေလည်း ရှိတယ်။ ဒါပေမယ့် အခြေခံဥပဒေ အခန်း (၁) မှာ ဖော်ပြတဲ့ နိုင်ငံတော် အခြေခံမူတွေဟာ တခုနဲ့တခု ဆန့်ကျင်ဘက်ဖြစ်နေတာကို နိုင်ငံခြားအစိုးရတွေ သတိမထားမိကြဘူးထင်တယ်။

တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ညီမျှမှုဆိုတဲ့ လောကပါလတရားများ ထွန်းကားရေးနဲ့ အမျိုးသားနိုင်ငံရေးမှာ စစ်တပ်ဦးဆောင်ရေးကို အစဉ်တစိုက်ဦးတည်ပြီး စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးတယ်လို့ အခြေခံမူမှာ ဖော်ပြထားတယ်။ စစ်တပ်ကြီးစိုးရေးနဲ့ လောကပါလတရား ထွန်းကားရေးဟာ ဆန့်ကျင်ဘက်အယူအဆ ဖြစ်နေတာကို လောဘဇောတိုက်နေတဲ့ စစ်အုပ်စုက သတိထားမိပုံမရဘူး။ ကောင်းမွန်တဲ့ ကိုယ်ကျင့်တရားနဲ့ စစ်ဗိုလ်ကြီးစိုးရေးကို ရောမွှေလိုက်ရင် စစ်ဗိုလ်ကြီးစိုးရေးကို လက်ခံလာလိမ့်မယ်လို့ လွယ်လွယ်နဲ့ တွက်ထားပုံရတယ်။ ဒါကြောင့် နအဖအခြေခံဥပဒေ အခန်း (၁) ကို ကြည့်တာနဲ့ မလိမ့်တပတ်လုပ်ထားတာ ထင်ရှားနေတယ်။

ကိုယ်သုံးတဲ့ နိုင်ငံရေးစနစ်ကို စစ်မှန်ပြီး စည်းကမ်းပြည့်တဲ့ ဒီမိုကရေစီဆိုပြီး ဝိသေသနတွေ တတ်ထားတာဟာ ဝါဒဖြန့်တာပဲ။ ဒီမိုကရေစီ စစ်တယ်မစစ်ဘူးဆိုတာ အခြေခံဥပဒေက ပြမှာပါ။ အခုလို ကြော်ငြာနေစရာ မလိုပါဘူး။ စစ်ဗိုလ်ကြီးစိုးတဲ့ နိုင်ငံရေးစနစ်ကို ဒီမိုကရေစီလို့ ပြောရဲတာဟာ ဘာမဆို လုပ်ရဲတယ်ဆိုတာကို ပြတာပဲ။ ဆိုရှယ်လစ်ဆိုတဲ့ ဝေါဟာရကို ဗိုလ်နေဝင်းက နာမည်ဖျက်ခဲ့သလို ဒီမိုကရေစီကို ဗိုလ်သန်းရွှေက နာမည်ဖျက်တာပါပဲ။ ကြံ့ဖွံ့သန်းရွှေတီထွင်တဲ့ ဒီမိုကရေစီဖြစ်လို့ ကြံ့ဖွတ်ကရေစီလို့ခေါ်မှ သဘာဝကျမယ်။ အင်္ဂလိပ်လိုတော့ Kleptocracy ပေါ့။ သူခိုးလက်ထဲ အာဏာအပ်တဲ့ နိုင်ငံရေးစနစ်ဖြစ်တယ်။

မြန်မာ့လွတ်လပ်ရေးကို ရယူနိုင်ခဲ့တဲ့ ၁၉၄ရ အခြေခံဥပဒေဟာ ဒီမိုကရေစီစနစ်ကို ပီပြင်စွာကျင့်သုံးနိုင်ခြင်း မရှိတဲ့အတွက် ၁၉၇၄ မှာ တပါတီဆိုရှယ်လစ်ဒီမိုကရေစီကို တည်ဆောက်ခဲ့ကြောင်း၊ ဒါပေမယ့် ၁၉၈၈ မှာ ဖြစ်ပေါ်လာတဲ့ အခြေအနေကြောင့် ဆိုရှယ်လစ်အခြေခံဥပဒေလည်း ရပ်ဆိုင်းသွားရတယ်လို့ နိဒါန်းမှာ ရေးထားတယ်။ ၁၉၄ရ အခြေခံဥပဒေဟာ ခြောက်ပြစ်ကင်း မဟုတ်ပေမယ့် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ရေးဆွဲပြီး လွတ်လပ်ရေးကို ရယူထားတဲ့ မူလဥပဒေဖြစ်တာမို့ ဒီဥပဒေကို ပြင်ဆင်သုံးစွဲတာဟာ ဒီမိုကရေစီနည်းဖြစ်ပြီး ဗုဒ္ဓဘာသာတရားနဲ့လည်း ကိုက်ညီတယ်။ အရင်က ပြဋ္ဌာန်းခဲ့တဲ့ တရားဥပဒေ ဓလေ့ထုံးစံနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ပြီး ထင်သလိုဥပဒေမပြုဖို့ ဗုဒ္ဓဘာသာကျမ်းတွေမှာပါတဲ့ ‘အပရဟာနိယ’ တရားက ညွှန်ကြားထားတယ်။ ဒီတရားကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့လို့ အနောက်တိုင်းသားတွေ တိုးတက်တာလို့လည်း ဆိုတယ်။

နအဖအခြေခံဥပဒေပါ လွှတ်တော် (၄) မျိုးစလုံးမှာ စစ်တပ်ကိုယ်စားလှယ်က (၂၅) ရာခိုင်နှုန်းပါရှိနေတာဟာ နိုင်ငံရေးအာဏာရဲ့ အခြေခံဟာ ပြည်သူ့ဆန္ဒသာ ဖြစ်ရမယ်ဆိုတဲ့ ကမာ္ဘ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် (၂၁) ကို ဆန့်ကျင်တယ်။ တစ္ဆေမှင်စာ၊ ဘီလူးသရဲနဲ့ နာနာဘဝကို ယုံကြည်သူတွေကသာ နအဖအစိုးရ ပြဋ္ဌာန်းတဲ့ ဒီမိုကရေစီကို ယုံကြည်လိမ့်မယ်လို့ မြန်မာပြည်ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် ပင်ညဲရိုးက ၂၀၀၈ မတ်လ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ပြောသွားတယ်။ သိပ်မှန်တာပေါ့။ ကြပ်ပြေးသန်းရွှေဟာ ဘုရားတည်၊ ယတြာချေ၊ နတ်တင်တဲ့နေရာမှာ နံပါတ် (၁) ပဲ။ တန်းခိုးရှိတယ်လို့ ယုံကြည်ကြတဲ့ မြနန်းနွယ် (ခေါ်) သိုက်နန်းရှင် (ခေါ်) အမတော်ဆိုတဲ့ နတ်ရုပ်ကို ကြပ်ပြေးသန်းရွှေအမိန့်နဲ့ ညတိုင်း လက်ထိတ်ခတ်နေတာ ကြာပြီဆိုပဲ။

နိုင်ငံတော်အကြီးအကဲမှာ ရှိရမယ့် အရည်အချင်းကို ဖော်ပြရာမှာ ခင်ပွန်း (သို့မဟုတ်) ဇနီးက နိုင်ငံခြားသားဖြစ်ရင် လုပ်ပိုင်ခွင့် မရှိဘူး။ သားသမီး (သို့မဟုတ်) သားသမီးရဲ့ ဇနီး (သို့မဟုတ်) ခင်ပွန်းက နိုင်ငံခြားသားဖြစ်ရင်လည်း လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖော်ပြတယ်။ ၁၉၈၉ ရွေးကောက်ပွဲဥပဒေမှာလည်း ဒီပုံစံအတိုင်း ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ရွယ်တာလို့ မြင်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်းပါဝင်ရေးဆွဲတဲ့ ၁၉၄ရ အခြေခံဥပဒေမှာလည်း ဒီလိုပဲ ပြဋ္ဌာန်းတယ်လို့ နအဖဗိုလ်ချုပ်တွေ ပြောလေ့ရှိတယ်။ ဒါပေမယ့် ၁၉၄ရ အခြေခံဥပဒေပုဒ်မ (၇၄) အပိုဒ် (၁) မှာ နိုင်ငံခြားသားအဖြစ် ခံယူသူဟာ ရွေးကောက်ပွဲဝင်ခွင့် မရှိဘူးလို့သာ ရေးထားတာပါ။ ခင်ပွန်း (သို့မဟုတ်) ဇနီး၊ သား (သို့မဟုတ်) ချွေးမက နိုင်ငံခြားသားဖြစ်နေရင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ နအဖစစ်အစိုးရ ရေးထားတာဟာ ဒေါ်အောင်ဆန်းစုကြည်ကို မပါနိုင်အောင် တမင်ရည်ရွယ်ပြီး ရေးထားသလို ဖြစ်နေတယ်။ ဒေါ်စုဟာ အင်္ဂလန်မှာ အမြဲတမ်း နေထိုင်ခွင့်ရဖူးတဲ့ မြန်မာနိုင်ငံသူသာဖြစ်ခဲ့တယ်။ ဒါပေမယ့် (၂) နှစ်အတွင်း အင်္ဂလန်ကို ပြန်မလာရင် အမြဲတမ်းနေထိုင်ခွင့် ပျက်ပြယ်တာမို့ ဒေါ်အောင်ဆန်းစုကြည်မှာ ဒီအခွင့်အရေး ဆုံးရှုံးနေတာ ကြာပြီ။ အီတလီနိုင်ငံသူနဲ့ လက်ထပ်ထိမ်းမြားထားတဲ့ ရာဂျစ်ဂန္ဒီ အိန္ဒိယဝန်ကြီးချုပ် ဖြစ်လာတာကသာ စစ်မှန်တဲ့ ဒီမိုကရေစီသဘောတရားကို ပြသတာလို့ မြင်ကြတယ်။

အခြေခံဥပဒေ ရေးဆွဲပုံရေးဆွဲနည်းဟာ အခြေခံဖွဲ့စည်းပုံဥပဒေလိုပဲ အရေးကြီးတယ်လို့ ဆိုရိုးရှိတယ်။ အခြေခံဥပဒေရေးဆွဲရာမှာ လူတန်းစားအသီးသီးနဲ့ တိုင်ပင်နှီးနှောတာမျိုးမလုပ်ဘဲ ဟန်ပြညီလာခံကျင်းပပြီး စစ်တပ်က တဖက်သတ်ရေးဆွဲတာကြောင့် ထွက်ပေါ်လာတဲ့ အခြေခံဥပဒေဟာလည်း စစ်တပ်ကို မတရားလုပ်ပိုင်ခွင့် ပေးထားတယ်။ ပြည်သူ့ဆန္ဒမဲနဲ့ အတည်ပြုရမယ့် အခြေခံဥပဒေမူကြမ်းကို ဆန္ဒမဲပေးပွဲမတိုင်မီ ရက်သတ္တ (၅) ပတ်ရောက်မှ ထုတ်ပြန်တယ်။ မြန်မာစာနဲ့သာ ရေးထားတာကြောင့် မြန်မာစာမတတ်တဲ့ တိုင်းရင်းသားတွေ မသိကြဘူး။ ရန်ကုန်ကဆိုင်တွေမှာ တစောင် (၁,၀၀၀) နဲ့ ရောင်းတာမို့ နိုင်ငံသားအများစုဟာ ဘာမှန်းမသိလိုက်ဘူး။ လေ့လာမိတဲ့ လူနည်းစုဟာ ဝေဖန်ဆွေးနွေးနိုင်ခွင့် မရှိဘူး။ နာဂစ်မုန်တိုင်းဒဏ်ခံရတဲ့ မြို့နယ် (၄၇)၊ နိုင်ငံခြားရောက် မြန်မာ၊ သံဃာစတာတွေ မဲဆန္ဒပေးခွင့်မရဘူး။ ဒါပေမယ့် နအဖအစိုးရကတော့ မဲပေးခွင့်ရှိသူ (၉၆) ရာခိုင်နှုန်း မဲဆန္ဒရတယ်လို့ ဆိုတယ်။

“အခန်း (၁၄) ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ” ဆိုတာဟာ နအဖအုပ်စု မတရားလုပ်ထားတာတွေကို အရေးယူခွင့်နဲ့ တရားစွဲခွင့်မရှိဘူးလို့ ပြဋ္ဌာန်းထားတာပဲ။ နအဖအဖွဲ့ဝင်တဦးဦး (သို့မဟုတ်) အစိုးရအဖွဲ့ဝင်တဦးဦးရဲ့ တာဝန်အရ ဆောင်ရွက်ချက်ကို တရားစွဲခွင့်နဲ့ အရေးယူခွင့်မရှိဘူးလို့ ပုဒ်မ (၄၄၅) က ဆိုတယ်။ ဒါပေမယ့် ICTJ – Internationa Center for Transitional Justice က ၂၀၀၉ စက်တင်ဘာမှာ ထုတ်ဝေတဲ့ (၄၅) မျက်နှာစာတမ်းမှာတော့ နအဖလုပ်သမျှကို အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာမျိုးဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ အပြစ်ရှိတဲ့အတွက် အခြေခံဥပဒေက မကာကွယ်နိုင်ဘူးလို့ဆိုတယ်။ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာမျိုးကို အရေးယူဖို့နဲ့ ကာကွယ်ဖို့အတွက် ပြဋ္ဌာန်းထားတဲ့ ၁၉၅၆ နဲ့ ၁၉၉၂ ဂျနီဗာသဘောတူချက်ကို ဗမာအစိုးရ အတည်ပြုပြီးဖြစ်လို့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ နအဖအခြေခံဥပဒေ ပဋိပက္ခဖြစ်နေတယ်။

တချို့ကလည်း နအဖရဲ့အစီအစဉ်မှာ ဝင်ရောပြီး တဖြည်းဖြည်းချင်း အခြေခံဥပဒေကို ပြင်ယူမယ်လို့ စိတ်ကူးတယ်။ နအဖအခြေခံဥပဒေကို ပြင်ဆင်ချင်ရင် ပထမဦးစွာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် (၇၅) ရာခု်ိင်နှုန်းကျော်က ထောက်ခံရမယ်လို့ ဖော်ပြထားတယ်။ နောက်တော့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပရမယ်လို့ဆိုတယ်။ ကြံ့ဖွံ့၊ စစ်ဗိုလ်ဟောင်းနဲ့ အရပ်သားကိုယ်စားလှယ်စုစုပေါင်းက (၇၅) ရာခိုင်နှုန်းသာ ရှိတာမို့ ဒါကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ။ (၂၅) ရာခိုင်နှုန်းဟာ စစ်တပ်ကိုယ်စားလှယ်ဖြစ်နေတာကြောင့် အထဲဝင်ပြီး အခြေခံဥပဒေကို ပြင်ယူမယ်ဆိုတာဟာ စိတ်ကူးယဉ်အိပ်မက်သဘောပဲဖြစ်နေတယ်။ တွေးကြည့်ရင် သိနိုင်ပါတယ် ပြေးကြည့်စရာ မလိုပါဘူး။ အစိုးရပုံစံပြောင်းသွားပေမယ့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကတော့ မစနိုင်သေးပါဘူး။

One comment

  • timothy

    October 3, 2010 at 1:00 pm

    The truth nothing but the truth it is. well done smytu. 10 out of ten stars. BOYCOTT the election is the only option for oppressed.

Leave a Reply