အပျိုကြီး

Yin Nyine NwaySeptember 29, 20101min1721

ပေါ်တီကိုအောက်မှာကားရပ်ပြီး အိမ်ထဲဝင်ဝင်ချင်း သူ ့ခြေသံကြားတာနဲ ့ အချစ်တော်လေး ကီကီက ထုံးစံအတိုင်း အပြေးလာကြိုသည်… မွေးစုတ်ဖွားလေးတွေကို သပ်ပေးရင်း ထုံးစံမပျက် လက်ထဲကဝယ်လာတဲ့ ငါးဖယ်ကြော်တွေ ချကျွေးနေစဉ် အခန်းထဲမှ တူမချော မီးလုံး၏ အသံစာစာကို ကြားလိုက်ရသည်။ “တီသု ပြန်လာပြီလား… နေ ့လည်က အန်တီနန္ဒာ လာသွားတယ်… တီသု မရှိလို ့ ဖိတ်စာပေးသွားတာနဲ ့ ဧည့်ခန်းထဲက စားပွဲပေါ်မှာ သမီးတင်ထားတယ်နော်…” အမယ်… ဖိတ်စာ ဆိုပါလား… ဒင်းက ဖိတ်စာတောင် ဝေနေပြီကိုး။ အင်းလေ… ဒင်းပြောတဲ့ရက်ဆို နောက်နှစ်ပတ်လောက်ပဲ လိုတော့တာပဲ… လူကိုယ်တိုင်တောင် လာမဖိတ်နိုင်လောက်အောင် ဒင်းက မျက်နှာပူတယ်ပေါ့လေ။ ငါဘယ်အချိန် အိမ်ပြန်ရောက်တတ်လဲသိရဲ ့သားနဲ ့ နေ ့လည်ဘက်လာပေးတယ်ဆိုတော့ ဒါ ငါ့ကိုတမင်သက်သက်ရှောင်တယ်ဆိုတာ အသိသာကြီးပါ မိနန္ဒာရယ်…။ နှုတ်ခမ်းကိုမဲ့ရင်း စားပွဲပေါ်က ဖိတ်စာဝါဝါလေးကို လက်လှမ်းလိုက်ကာ ပါးစပ်မှလဲ ‘အလကားမိန်းမ… သစ္စာဖောက်မ…’ ဟု ဘယ်နှကြိမ်မြောက်မှန်းမသိ ပွစိပွစိရွတ်လိုက်သည်… ဖိတ်စာက သုံးစောင်တောင်ပါလား… ဒါက ဖေဖေနဲ ့မေမေ… ဒါက မမတို ့စုံတွဲ… ပြီးတော့ ဒါက… ဘာ… ကြည့်စမ်း ကြည့်စမ်း… စော်ကားလိုက်တာ… လူကိုများ… စာအိတ်ပေါ်မှာ မှင်အနက်ရောင်နဲ ့ရေးထားတာ ‘ဒေါ်သုသုသွေး’ ဆိုပါလား… ဒေါသတကြီးနဲ ့ စာအိတ်ထဲက ဖိတ်စာကို အလောတကြီးဖွင့်ကြည့်လိုက်တော့ ‘မောင်ပိုင်ထွန်း နှင့် မနန္ဒာမေ တို ့၏ မင်္ဂလာဦးဆွမ်းကျွေး ဖိတ်ကြားလွှာ’ တဲ့… အမလေး… အမြင်ကတ်ဖို့ ကောင်းလိုက်တာ… မုန်းဖို ့ကောင်းလိုက်တာ။ အမေတွေဝမ်းကကျွတ်ကတည်းက ကကြီးရေက စဆိုတဲ့အရွယ်ကနေ တက္ကသိုလ်က အမြီးလှလှ ဘွဲ ့လေးတွေယူတဲ့အရွယ်အထိ လည်ပင်းဖက်ကြီးလာတဲ့သူအချင်းချင်း ငါ့ကျတော့ ‘ဒေါ်သုသုသွေး’ လို ့တပ်ပြီး သူ ့ကျတော့ ‘မနန္ဒာမေ’ ဆိုပါလား… ပြီးတော့ သူယူမဲ့ အသက်လေးဆယ်နားကပ်နေတဲ့ လူကြီးကျ ‘မောင်ပိုင်ထွန်း’ တဲ့။ မျက်စိဆံပင်မွေးစူးလိုက်တာ။ ဒီလိုမျိုး ငါ့ကို ‘ဒေါ်’ တတ်ခေါ်ရမယ့် အရွယ်ရောက်နေပြီမှန်းသိရင်လဲ ငါနဲ ့ရွယ်တူ အဲဒီအသက်ရောက်နေတဲ့ နင်လည်း လင်မယူဘဲနေပါတော့လားဟဲ့။ မျက်နှာချင်းဆိုင်ပြီး စိတ်ရှိလက်ရှိရန်တွေ ့ချင်လိုက်တာနော်။ ပြောသာပြောရ… စကြားကြားချင်းတုန်းကဆို ရန်တွေ ့နိုင်ဖို ့နေနေသာသာ ကိုယ့်နားကိုယ်မယုံနိုင်လောက်အောင် ပါးစပ်အဟောင်းသားနဲ ့ တော်တော်ကြီးကို shock ရသွားခဲ့တာ။ ကိုယ့်ကိုများ နောက်သလား ထင်လိုက်မိသေးပေမယ့် ကိုယ့်ရှေ ့တည့်တည့်မှာ သူငယ်ချင်းအရင်း ခေါက်ခေါက်ကြီးတစ်ယောက်လုံးရဲ ့ တစ်သက်နဲ ့တစ်ကိုယ် တစ်ခါမှ မမြင်ခဲ့ဖူးတဲ့ ရှက်သလိုကြောက်သလို မျက်နှာနီမြန်းမြန်းကြီးက အခြေအနေတွေအားလုံးကို ဖော်ပြနေတာပဲလေ။ ဒီအသက်အရွယ်ထိ မိဘတွေကိုရော ချဉ်းကပ်လာသူတွေကိုပါ ခေါင်းချည်းတွင်တွင် ခါလာတဲ့သူက ဒီတစ်ခါတော့ မိဘတွေကိုများမငြင်းဆန်နိုင်တော့လို့ ့များလားဆိုပြီး မေးကြည့်တော့ ဒင်းက လူကိုတောင် ရဲရဲမကြည့်နိုင်ဘဲ “ငါ့ဆန္ဒအရပဲ လက်ခံလိုက်တာပါ မိသုရယ်” တဲ့။ ခါတိုင်းများ စကားပြောစရာရှိ ကိုယ့်လိုပဲ ဟောဟောဒိုင်းဒိုင်း ပွင့်ပွင့်လင်းလင်း (တူမတွေအခေါ်အရ ‘အာဗြဲလျှာဗြဲ’) ပြောတတ်တဲ့သူက ခုများတော့ မပွင့်တပွင့် အောက်ကလိအာသံနဲ ့ ဖြစ်နေလိုက်တာ။ ယောကျာ်းတွေကိုအထင်မကြီးလို ့ ယောကျာ်းလုံးဝမယူဘူး၊ တသက်လုံး အပျိုကြီးအဖြစ်နဲ ့ပဲ နေသွားကြမယ်လို ့ ကြွေးကြော်ခဲ့သူက ခုတော့လဲ ဝတ္ထုတွေထဲကလို အချစ်ကြောင့် အရာအားလုံးပြောင်းလဲသွားပြီပေါ့။ နေနှင့်ဦး… ဒင်းကတောင် ဖိတ်နိုင်သေးတာ… ငါကရော ဘာလို့ ့မသွားနိုင်ရမှာလဲ။ အလှဆုံးဝတ်ပြီးကို မင်္ဂလာပွဲကို ကြော့ကြော့လေး တက်လိုက်ဦးမယ်။ “တီသု… အန်တီနန္ဒာက သမီးကိုလဲ လိုက်ခဲ့လို ့သေချာမှာသွားတယ်… အဲဒါ အကျင်္ီလိုက်ဝယ်ပေးဦး…” အဲ… ဟုတ်သားပဲ… မီးလုံးပြောမှ သတိရတယ်… မင်္ဂလာဆောင်ကို ဘယ်သူနဲ ့သွားရမှာတုန်း… ဖေဖေနဲ ့မေမေကလဲ မေမြို ့မှာ… မမတို့ ့ကလည်း သူတို ့မအားတိုင်း မီးလုံးကိုပဲ သူတို ့ကိုယ်စားဆိုပြီး ထည့်ပေးလိုက်မှာ… မီးလုံးကို ခေါ်သွားလို ့တော့ မဖြစ်ပါဘူး… အရင်တစ်ခါ အလှူတုန်းကလို အပျိုကြီးတို ့ ပွဲတက်ဖော်မရှိလို ့ တူမကို အားကိုးနေရတယ်လို ့ အပြောခံနေရဦးမယ်။ ခါတိုင်း ပွဲတွေလမ်းတွေဆို ကိုယ်ရယ်၊ နန္ဒာရယ်၊ ဆုမွန်ရယ် အပျိုကြီးသုံးယောက်တူတူသွားနေကျဟာ… ခု အင်္ဂလန်မှာ မာစတာတက်နေတဲ့ ဆုမွန် ကျောင်းပိတ်ရက်ပြန်အလာကိုတောင် မစောင့်နိုင်တော့လောက်အောင် ဟိုမိန်းမက သစ္စာဖောက်တော့ ကိုယ့်မှာတစ်ယောက်ထဲငိုင်တိုင်တိုင်နဲ ့… တခြားသူငယ်ချင်းတွေနဲ ့ချိန်းသွားရင်ရပေမယ့် သူတို ့က စုံတွဲတက်ကြမှာနဲ ့ ကိုယ်ကဘေးမှာ တယောက်ထဲ ကြောင်တောင်တောင်ဖြစ်နေရမှာ…။ အို… ဘာဖြစ်လဲအေ… ဘယ်သူ ့ဂရုစိုက်နေရမှာမှတ်လို ့… သတ္တိရှိလို ့ အပျိုကြီးလုပ်နေတာ… တကိုယ်တည်းပဲကြဲတာပေါ့။ လောလောဆယ်တော့ တူမချောကို မလိုက်ခဲ့ဖို ့ ချော့ပြောရဦးမယ်။ “သမီးကလဲ… လူကြီးပွဲကြီးကို… သမီးပျင်းနေမှာပေါ့… တီသုတောင် မတတ်သာလို ့သွားရမှာ… နေခဲ့လိုက်နော်… လိမ္မာတယ်… နောက်နေ့ ့ကျ တီသုနဲ ့ ခြေသည်းသွားပြင်မယ်နော်… အပြန်ကျရင် ကြေးအိုးလည်း ဝင်စားမယ်နော်… ဟုတ်ပြီလား…” တူမချောက ဒီလောက်နဲ ့ ကျေနပ်သွားလို ့ တော်ပါသေးရဲ ့။ အင်း… မင်္ဂလာဆောင်အတွက်ဆို အဝတ်အစား၊ အိတ်၊ ဖိနပ်၊ မိတ်ကပ်အတွက် ပိုက်ဆံကတော့ တော်တော်လေး ထွက်ဦးတော့မယ်။ အာ… ဘာဖြစ်လဲ… ကြိုက်သလောက်ကုန်စမ်း… မိနန္ဒာ မင်္ဂလာဆောင်မှာ အလှကြီးလှနေစေဖို ့က အရေးကြီးတယ်။ စိတ်ချ… ကျောင်းတုန်းက လူတိုင်း လည်ပြန်ငေးရတဲ့ ‘သုသုသွေး’ ဒီမင်္ဂလာဆောင်မှာလဲ အပျိုကြီးမမအနေနဲ ့အလှဆုံးဖြစ်စေ ရမယ်။ …………………………………………………………. shopping mall တစ်ထပ်ပြီး တစ်ထပ်သာ ကုန်သွားတယ်… ခုချိန်ထိ စိတ်ထဲသဘောကျတဲ့ ဖိနပ်ရော အိတ်ရောတစ်ခုမှ မမြင်မသေးပါလား။ ဒါတောင် မနက် ၉နာရီကတည်းက ထွက်လာလိုက်တာ ခု shopping mall ပါနဲ ့ဆို လေးခုမြောက်ရှိပြီ။ ညနေ ၃နာရီထိုးခါနီးမို ့လို ့ တကိုယ်လုံးလဲ နုံးချိနေပြီ။ မင်္ဂလာဆောင် မင်္ဂလာဆောင်… တော်တော်လေးကို ကရိကထများပါလားနော်။ မဟုတ်သေးပါဘူးလေ… ခါတိုင်း မင်္ဂလာဆောင်တွေအတွက်ဆို ဒီလောက်မဟုတ်ပါဘူး… ခုဟာက လုံးဝနောက်ကောက်ကျလို ့မဖြစ်တဲ့ ဒင်းရဲ ့မင်္ဂလာဆောင်မို ့လို ့ပေါ့။ ဟွန် ့… မင်္ဂလာဆောင်မယ့် ဒင်းကိုယ်တိုင်တော့ ဘယ်လိုနေမလဲမသိ… ကိုယ်ကတော့ ခေါင်းနောက်အောင် ပြင်ရ ဆင်ရ ဈေးဝယ်ထွက်ရနဲ ့…။ မိတ်ကပ်ပြင်ဖို ့ကိစ္စ စုံစမ်းနေတာနဲ ့တင် အရင်တပတ်လုံးလဲ အချိန်ကိုကုန်ရော… ခါတိုင်းပွဲလမ်းတွေဆို ကိုယ်တိုင်ပြင်မိတ်ကပ်လောက်နဲ ့ပြီးပေမယ့် နန္ဒာ့ပွဲမှာတော့ တော်ရိလျော်ရိ မိတ်ကပ်လောက်နဲ ့ ဘယ်ဖြစ်ပါ့မလဲနော်။ အသိတွေဆီလိုက်စုံစမ်းကြည့်၊ မိတ်ကပ်ဆရာတွေ ပင်တိုင်ပြင်ပေးတဲ့ မော်ဒယ်တွေရဲ ့ဓာတ်ပုံတွေကိုယှဉ်ကြည့်နဲ ့… မရွေးတတ်တော့တဲ့အဆုံး ရုံးက ညီမတယောက် အကြံပေးလို ့ အစမ်းသွားပြင်ကြည့်ခါမှ ငါးပါးကိုမှောက်ရော… နာမည်ကြီး မိတ်ကပ်ဆရာနဲ ့ပြင်တာကိုပဲ ကိုယ့်အလှည့်ကျမှပဲ ကံဆိုးပြီး ပြင်တဲ့ပစ္စည်းတွေမသန် ့လို ့လား၊ မပြင်ခင်နေ ့က မျက်နှာပေါင်းတင်ထားလို ့ပဲ အသားအရည်က over-sensitive ဖြစ်နေလို ့လားတော့ မသိ… အစမ်းပြင်ကြည့်တဲ့ညမှာပဲ တစ်ခါမှ ဝက်ခြံမပေါက်တတ်တဲ့မျက်နှာက အဖုသေးသေးလေးတွေ ထွက်လာလိုက်တာ… beauty saloon ဆီ နောက်တစ်ခေါက်ထပ်သွားပြီး မျက်နှာရော တကိုယ်လုံးပါ ထပ်ပြီးပေါင်းတင်လိုက်ရသေးတယ်။ မိတ်ကပ်ကိစ္စ အဆင်ပြေတော့လည်း ဝတ်မယ့်အဝတ်အစားအတွက် weekend တစ်ခုလုံး ခေါင်းရှုပ်ရပြန်သေး…။ ဝတ်မဲ့ဝတ်စုံပုံစံကို ဒီဇိုင်နာ လုပ်နေတဲ့ဝမ်းကွဲအစ်မနဲ ့ ခေါင်းချင်းရိုက်စဉ်းစားရတာ သူ ့အိမ်မှာ ညသန်းခေါင်သာရောက်ရော… အကြိုက်ကမတွေ ့နဲ ့… ကိုယ်ကလည်း ဂျီး (ချေး) နည်းနည်းများတတ်တော့ (သူများတွေ အမနာပပြောကြတာတော့ ‘ဇီဇာကြောင်တယ်’ ဆိုလား) နောက်ဆုံးမှပဲ စိတ်ရှည်လွန်းတဲ့ အစ်မဝမ်းကွဲကျေးဇူးနဲ ့ ခဲရာခဲဆစ် စိတ်ကြိုက်ပုံတစ်ပုံထွက်တော့တယ်။ ဒါတောင် ခုချိန်ထိ ဘာအရောင်ချုပ်ရမယ်ဆိုတာ ဆုံးဖြတ်လို ့မရသေးဘူး။ ကိုယ့်အကြိုက်ဆုံး အပြာရောင်ဝတ်ချင်ပေမယ့် ‘ငါ မင်္ဂလာဆောင်ရင် အပြာရောင်ထိုင်မသိမ်း ဝတ်မှာ’ လို ့ သူငယ်ချင်းတွေကြားထဲ ကြွေးကြော်ခဲ့ဖူးတော့ အပြာရောင်ဝတ်သွားရင် အကြောင်းသိတွေက အပျိုကြီးတယောက် ကိုယ်တိုင်မဆောင်နိုင်လို ့ သူများပွဲမှာ ကိုယ်ဝတ်ချင်တာလေးတွေ ဝတ်ရရှာတယ်လို ့ ပြောကြဦးမယ်။ ပန်းရောင်တို ့ အနီရောင်တို ့ကျလဲ ကိုယ်က ဘယ်လိုမှမကြိုက်ပြန်နဲ ့… တော်ပါပြီ… ဘာဖြစ်လဲ… ကိုယ်ကြိုက်တဲ့အရောင် ကိုယ်ဝတ်တာပဲ… လာပြောလို့ကတော့ ကိုယ့်မလဲ စကားမတတ်တဲ့ ငအူငအမ’မှ မဟုတ်တာ။ ဒီကအပြန် အပြာရောင်ပိုးချိတ်လေး သွားဝယ်တော့မယ်။ ဪ…အရေးထဲမှ လမ်းမလျှောက်ချင်လောက်အောင် ညောင်းပါတယ်ဆို ဖုန်းက လာပြန်ပြီ။ “မမ လား… သမီး ဝတ်ရည်ပါ… မမ ဆိုင်ခွဲအသစ်အတွက် နေရာကြည့်ဖို ့ ပွဲစား ကိုသူရနဲ ့ ဒီနေ ့၃နာရီခွဲတွေ ့ဖို ့ ချိန်းထားတာ remind လှမ်းလုပ်တာပါ…” အား… ဒုက္ခပါပဲ… လုပ်စရာတွေကလဲ များလိုက်တာနော်။ ဖိနပ်နဲ ့ အိတ်ကလည်း မရသေးဘူး။ ပိတ်စလဲ သွားဝယ်ရဦးမယ်။ ဒါတွေအကုန် တနင်္ဂနွေနေ ့မီဖို ့က အရေးကြီးတယ်။ ကျန်တဲ့ကိစ္စတွေတော့ နောက်မှပဲ… “ဝတ်ရည်ရေ… ကိုသူရကို ပြောလိုက်ပါနော်… မမ လုပ်စရာလေးတွေများနေလို ့… ဒီနေ ့ မတွေ ့နိုင်ဘူးလို ့… မမလည်း သူ ့ဆီဖုန်းဆက်ပြီး ကိုယ်တိုင် တောင်းပန်ပါဦးမယ်… ပြီးတော့ ဒီသောကြာနေ ့အထိ မမ ရုံးကို အချိန်ပိုင်းပဲလာနိုင်မယ်… အဲဒါ ဝတ်ရည်ပဲ အားလုံးကြည့်လုပ်ပေးထားပါနော်… ဒါပဲနော်…” ပြောပြီးပြီးချင်း ဖုန်းချမှ… မဟုတ်ရင် မေးခွန်းတွေနဲ ့စကားရှည်နေဦးမယ်။ ခါတိုင်းများ ရုံးနဲ ့ဆိုင်ကို အချိန်ပြည့် ပျက်ရက်မရှိသွားပြီး စီးပွားရေး သောင်းကျန်းလွန်းတဲ့ကိုယ့်ကို ဒီ၂ပါတ်လောက်အတွင်း ခြေလှမ်းတွေ ပျက်နေတာနဲ ့ အားလုံးသတိထားမိနေကြပြီ။ ခါတိုင်း အလုပ်လောဘကြီး လွန်းတဲ့ သူတို ့မမ ခုတလောမှ မင်္ဂလာဆောင်လေးတစ်ခုအတွက်နဲ ့ ရှိသမျှအလုပ်တွေကို လှည့်မကြည့်နိုင်သလောက်ဖြစ်နေတာကိုလည်း နားမလည်နိုင်လောက်အောင် ဖြစ်နေကြပုံပဲ။ တတ်နိုင်ဘူးကွယ်… ကိုယ့်ရဲ ့ စာအုပ်တိုက်တွေက ကိုယ်၂ပါတ်လောက်ပျက်ကွက်လဲ ကိုယ့်ရဲ ့ဂုဏ်သိက္ခာကို မထိခိုက်ပါဘူး။ သူငယ်ချင်းအသိုင်းအဝိုင်းတွေအားလုံး စောင့်ကြည့်အကဲခတ်နေကြတဲ့ တက္ကသိုလ်ကတည်းကနေ မနေ ့တစ်နေ ့အထိ ယောကျာ်းတွေနဲ ့မပတ်သက်ဘဲ မာနတွေတလူလူလွင့်ခဲ့တဲ့ အပျိုကြီးသုံးယောက်ထဲကမှ ဗွေစော်ဦးတယောက်ရဲ ့မင်္ဂလာပွဲကို ကိုယ်က ဖြစ်ကတတ်စမ်း ကဗျစ်ကညစ်ပုံစံနဲ ့သွားမှ ‘သုသုသွေး’ ရဲ ့ ဂုဏ်သိက္ခာတွေ မြောင်းထဲရောက်ကုန်မှာလေကွယ်။ ဆုမွန်ရေ… နင်ကတော့ အဝေးမှာဆိုတော့ နေသာပေမယ့် ငါကတော့ အပျိုကြီးဂုဏ်သိက္ခာကိုထိန်းဖို ့ ကြိုးပမ်းနေရပြီ။ တော်ပြီ တော်ပြီ… အချိန်မဆွဲဘဲ မြန်မြန်ဝယ်မှ… ဒီနေ ့တောင် အင်္ဂါနေ ့ရောက်နေပြီ… အကျင်္ီချုပ်ရ၊ fitting ပြန်ချရမှာတွေအတွက် အချိန်ပေးရဦးမှာ။ နေပါဦး… ဒီနေ ့မှ အင်္ဂါနေ ့နော်… ဟား… သွားပါပြီ… မနေ ့ညက တနင်္လာနေ ့ကို အင်္ဂါဂြိုဟ်သက်နဲ ့ ပုတီးတွေစိပ်မိပြီ… မိသု မိသု… နင့်စိတ်တွေ ဘယ်ရောက်နေလဲနော်။ ……………………………………………………. အပြာရင့်ရောင်ပြောင်ပြောင် လေးလက်မ pencil heel လေး ကြမ်းပြင်ပေါ် သုံးလေးလှမ်းလောက် လှမ်းလိုက်ရင်ပဲ အဝင်ဝ ဧည့်ကြိုနေရာနားမှာ ရုံးစုရုံးစုဖြစ်နေတဲ့သူတွေအားလုံး ကိုယ့်ဘက်ကို မသိမသာရော သိသိသာသာပါ လှည့်ကြည့်လာကြပြီ။ ကြည့်ကြစမ်း… အဲဒါ ‘အပျိုကြီး’ လို ့ ရှင်တို ့ ရှုံ ့ချနေကျ အသက် ၃၅နှစ်တင်းတင်းရှိပြီဖြစ်တဲ့ မိန်းမ။ အဲဒါ ‘မာနခဲ’ လို ့ ရှင်တို ့ မေးငေါ့နေကျ ဘယ်ယောက်ျားကိုမှ အထင်မကြီးတဲ့ မိန်းမ။ အဲဒါ ‘သူများတကာ မင်္ဂလာဆောင်တာကို အားကျနေမလားလို ့’ ရှင်တို ့ စောင့်ကြည့်ဝေဖန်နေကျ တစ်ကိုယ်တည်း နေနေတဲ့ မိန်းမလေ။ မိုးပြာရောင်စီးကွင့်လေးတွေကျဲကျဲထိုးထားတဲ့ ငွေရောင်ပိုး အကျင်္ီပုံ ဆန်းဆန်းလေးနဲ ့ မိုးပြာရောင်နဲ ့ငွေရောင်စပ်ထားတဲ့ ပိုးချိတ်လုံချည်လေးက gym မှန်မှန်သွား၊ အစားအသောက်ထိန်းထားလို ့ ကျောင်းတုန်းကထက် မဆိုသလောက်လေးပဲပြည့်လာတဲ့ ခန္ဓာကိုယ်အချိုးအစားမှာ ချပ်ချပ်ရပ်ရပ်လေး…။ အောက်ပိုင်းနားလေးတွေကောက်ထားတဲ့ ဆံပင်ကတော့ ဒီနေ ့မှ setting ထပ်လိပ်ထားလို ့ ခြုံထားတဲ့ မိုးပြာရောင်ပိုးပဝါလေးပေါ်မှာ ခွေနွယ်နွယ်လေးကျလို ့။ မိတ်ကပ်ပြေပြေလေးလိမ်းထားတဲ့မျက်နှာကလည်း age defence cream တွေ anti-wrinkle gel တွေ မှန်မှန်လိမ်းတဲ့ကျေးဇူးနဲ ့ လွန်ခဲ့တဲ့ ၁၅နှစ်လောက်တုန်းက တက္ကသိုလ်မှာ နာမည်ကြီးခဲ့တဲ့အလှထက် တစ်ပြားသားမှ မလျော့သေး။ အတင်းပြောချင်ကြတဲ့ မျက်လုံးတွေရှေ ့မှာဆို ချီနေတတ်တဲ့မျက်နှာပေးကတော့ ဘယ်တော့မှ မပြောင်းလဲတဲ့ ‘သုသုသွေး’ ရဲ ့ trademark ပေါ့ကွယ်။ ကဲ… ပြောကြစမ်းပါဦး… သူများတကာတွေ မင်္ဂလာဆောင်လို ့ အားကျပြီး ကိုယ့်ဘဝကိုယ် ဝမ်းနည်းကျိတ်ဆွေးနေမယ့် ခပ်ညံ့ညံ့အပျိုကြီးတွေထဲမှာ ‘သုသုသွေး’ တယောက်ပါရဲ ့လားလို့။ မျက်လုံးပေါင်းများစွာရှေ ့ကနေ ကြော့ကြော့လေးဖြတ်လျှောက်ပြီး သတို ့သမီးအလှပြင်ခန်းထဲဝင်သွားတော့ အကျင်္ီလဲရင်းတန်းလန်း နန္ဒာက ကိုယ့်ကိုတွေ ့တွေ ့ချင်း ဝမ်းသာအားရနှင့် ထအော်သည်။ “လှလိုက်တာ မိသုရယ်… နင်တကယ်လာတယ်နော်… ငါ့မှာ နင်မလာလောက်ဘူးထင်လို ့ ဝမ်းနည်းနေတာ… ငါ့ကို စိတ်မဆိုးဘူးပေါ့နော်…” ပြောလဲပြော မျက်ရည်တွေလဲတကယ်ဝဲလာတဲ့ နန္ဒာ့ကိုကြည့်ရင်း ကိုယ်ပါဝမ်းနည်းလာပေမယ့် ပါးစပ်ကတော့ ‘သစ္စာဖောက်မ’ လို ့ရွတ်ရင်း မျက်စောင်းရွယ်လိုက်မိသည်။ ဘယ်လောက်ကြီးပဲ စိတ်ဆိုးဆိုး… ကိုယ်နဲ ့ဒီလောက်တောင် ညီအမတွေလိုချစ်ကြတဲ့ သူငယ်ချင်းရဲ ့မင်္ဂလာဆောင်ကို မလာနိုင်လောက်အောင်တော့ ဘယ်လိုမှ အသည်းမမာနိုင်တာ ကိုယ့်ကိုယ်ကို အသိဆုံးပါ။ ကိုယ့်မှာ ဒီအသက်အရွယ်ရောက်တဲ့အထိ သံယောဇဉ်တွယ်စရာဆိုလို ့ ဖေဖေ၊ မေမေ၊ မမ၊ အချစ်တော်လေး ကီကီ နဲ ့ တူမလေး အပြင် ဒီဘဝတူ သူငယ်ချင်းလေးတွေပဲ ရှိတဲ့ဟာကို…။ ဒီမင်္ဂလာဆောင်ကို လှလှလေးဝတ်ပြီးတက်ပြချင်တဲ့ အပျိုကြီးမာနအပြင် ကိုယ့်သူငယ်ချင်းအရင်းခေါက်ခေါက်ရဲ ့ မင်္ဂလာပွဲကိုလာချင်တဲ့ စိတ်ရင်းလေးလည်း ပါပါတယ်လေ။ နန္ဒာနဲ ့စကားပြောအပြီး ခမ်းမထဲဝင်လာတော့ ဘယ်မှာ ထိုင်ရမှန်း မသိဖြစ်နေတုန်း နန္ဒာ့မေမေ အန်တီဝေ လိုက်ပို ့ပေးတဲ့ဝိုင်းအရောက် ထိုင်နှင့်နေတဲ့သူကိုမြင်မြင်ချင်း စိတ်အပျက်ကြီးပျက်သွားမိသည်။ ရှယ်လီမြင့် ပါလား… သေပါပြီ… မတွေ ့ချင်ဆုံးလူနဲ ့မှ တည့်တည့်တိုးရတယ်လို ့နော်… လင်တစ်ယောက်ရထားတာကိုပဲ တခြားဘယ်သူမှမရနိုင်တဲ့ ဘုရားပေးတဲ့ဆုထူးကြီးကို သူတစ်ယောက်တည်း အပိုင်ရထားသလို လူတကာကို သူ ့လင်တော်ကြောင်းကောင်းကြောင်း ‘သူ ့လင်သူတော်ကောင်းတရား’ တရစပ်ပြောတတ်တဲ့ မိန်းမ။ ပြီးရင် တစ်ကိုယ်တည်းအေးအေးနေတဲ့ ကိုယ်တွေလို အပျိုကြီးတွေကိုလည်း ကိုယ့်ထမင်းကိုယ်စားပြီး မျက်စိဒေါက်ထောက်ကြည့် အတင်းက တုတ်ဦးမယ်။ အခုလဲ ကြည့်ပါလား… ရောက်ရောက်ချင်း ဆောက်နဲ့ ထွင်းပြန်ပြီ။ “မိသု ပါလား… ကြည့်စမ်း… ဝလာလိုက်တာနော်… မနည်းကြီး ရုပ်ဖမ်းရတယ်… အပြာရောင်လေး ဝတ်လာတယ်နော်… ဟင်းဟင်း…” “ဟုတ်ပါ့ ရှယ်လီရယ်… အသက်တွေကြီးလာပြီဆိုတော့လေ… ရှယ်လီတို့ လို ကလေးမွေးထားတဲ့သူတွေလောက် ပုံမပျက်ရုံတမယ်ပဲ… အပျိုကြီးတွေလဲ ဝိတ်တက်တာပါပဲနော်… ဟင်းဟင်း…” ကဲ… ခံလေ… လူကို ရိတိတိလာလုပ်ချင်ဦး… ကျောင်းတုန်းကထက် ၅ပေါင်တိတိပဲပိုလာတဲ့ ခန္ဓာကိုယ်ကိုများ ဝလာသလေးဘာလေးနဲ ့… သေလိုက်လေ… နင့်ကိုယ်နင် မှန်ထဲပြန်ကြည့်ဦးဟဲ့… တကတည်းနော်… ကိုယ့်ဟာကိုယ်နေတာကိုပဲ… ဘာတွေများ မနာလိုဝန်တိုဖြစ်နေကြတယ်မသိ…။ “ဟဲ့… နန္ဒာတော့ စွံသွားပြီနော်… ဘယ်လိုလဲ… နင်ရော အားမကျဘူးလား… အပျိုကြီးဆိုတာ အပူမရှိတာတော့မှန်တယ်… ဒါပေမယ့် စိတ်ကြည်နူးစရာလဲ မရှိဘူးဟဲ့… ငါ့ဆို ငါ့ဘေးမှာ ကိုကိုအမြဲရှိတော့ အရမ်းစိတ်ချမ်းသာရတာ…” လာပြီ လာပြီ… စလာပြီ… တနည်းနဲ ့မရတော့ တခြားနည်းလမ်းနဲ ့ နှိပ်ကွပ်တော့မယ်… လျှာသွေးထားပေတော့ မိသုရေ… “ရှယ်လီရယ်… နင့်သမီးအတွက်ပဲ နင်ပူစမ်းပါ… အားကိုးရမယ့်သူရှိမှ စိတ်ချမ်းသာရမဲ့အထဲ ငါတို ့ကမပါဘူး…” “နင်ကတော့နော်… ကျောင်းတုန်းက အပြောလေးတွေ ခုထိမလျှော့သေးဘူး… ဟို နင့်ကို ကျောင်းတုန်းက အသေအလဲကြိုက်တဲ့ မျိုးမောင်မောင် ဆိုလည်း မဆိုးပါဘူးဟဲ့… ဟို ရှေ ့ဝိုင်းမှာ တွေ ့လား… နင်ဝင်လာကတည်းက လိုက်ကြည့်နေတာ… နင်ကသာ သတိမထားမိလို ့…” “အမလေး… ကျောင်းတုန်းက ဒီလောက်ရုပ်ဆိုးတဲ့ မည်းသည်းသည်း လုံးတုံးတုံးကိုများ… ပြီးတော့ အဲအရွယ်ကတည်းက ပွဲစားယောင်ယောင် ဘာယောင်ယောင်နဲ ့… အာကလဲကျယ်သေး…” “နင်ကလဲ… သူက ခုအရမ်းကို စီးပွားအရှာကောင်းတာနော်… ခုထိ လူပျိုကြီးဟဲ့… သူ ့ကိုလိုချင်တဲ့ သမီးရှင်တွေဆို ဝိုင်းဝိုင်းလည်လို ့… သူကတော့ ခုချိန်ထိ သူ ့ငယ်ချစ်ကို မမေ့နိုင်ဘူးဆိုလား… ပြောသံကြားတာပဲ… နင့်ကို ပြောချင်တာ ဖြစ်မယ်… ခုနကတောင် နောက်လကျရင်လုပ်မယ့် ဆရာကန်တော့ပွဲအတွက် အလှူငွေ ဘယ်သူလက်ခံနေလဲ ငါ့ကိုလာမေးလို ့ သုသုသွေး ဆီကို ပေးလိုက်လို ့ ငါပြောလိုက်တယ်… နင့်ကိုစကားလာပြောရင် နင်အကဲခတ် ကြည့်လိုက်နော်…” “အောင်မယ်… သေလိုက်ပါလား… ဘာ ငယ်ချစ် လဲ… နားခါးလိုက်တာ… မသိရင်ပဲ ငါကပဲ သူ ့ငယ်ရည်းစားလိုလိုနဲ ့… ဒီမှာ ရှယ်လီ… သူ ့ဟာသူ ဘာကြီးပဲဖြစ်နေနေ… လုံးဝစိတ်မဝင်စားဘူး… အကဲခတ်စရာလဲ မလိုဘူး… သူတင်မကလို ့… တခြားဘယ်သူဖြစ်ဖြစ် တစ်စက်ကလေးမှ စိတ်မဝင်စားဘူး… ရှင်းတယ်နော်…” “အဲဒါပဲ… နင်က ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားတာကိုး… ဒီမှာ… နင်က လူတစ်ယောက် ကိုယ့်ကိုချဉ်းကပ်တိုင်း ဇွတ်ငြင်းလိုက်မယ်ချည်းပဲ တွေးနေတာ… ဒီလူနဲ ့ကိုယ်နဲ ့ သဟဇာတဖြစ်မလား သဘောထားချင်းညီမလားဆိုပြီး မချင့်ချိန်ဘူး… ခု နန္ဒာ့ကိုဆို ကြည့်စမ်း… ဒီအသက်အရွယ်ရောက်မှ သူနဲ ့အဆင်ပြေမယ့်သူတွေ ့လို ့ ရွေးချယ်လိုက်တာ… နင်လဲ အဲလိုချင့်ချိန်သင့်ပြီနော် မိသု… အားနေ အပျက်ဘက်ကချည်းတွေးပြီး ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားမနေနဲ ့…” “တော်စမ်းပါဟာ… မိသုတို ့က တစ်ယောက်တည်း နေနိုင်တယ်… ဘယ်သူမှ မလိုဘူး…” စကားအတင်မခံချင်လို ့ ပြောလိုက်ရပေမယ့် ရှယ်လီ့ နောက်ဆုံးစကားက ကိုယ့်ကို ငိုင်ကျသွားစေတာတော့အမှန်ပဲ။ သူပြောသလိုများ တကယ်ဖြစ်နေပြီလား… ဟုတ်တော့လဲ ဟုတ်သလိုပဲ… ကိုယ်ကလဲ ကျောင်းတုန်းကတည်းက ခုချိန်ထိ ကိုယ့်ကိုချဉ်းကပ်လာတဲ့သူတွေကိုဆို တချက်လေးတောင် မစဉ်းစားဘဲ ‘ဘူး’ ခံငြင်းခဲ့တာချည်းပဲလေ။ ရှယ်လီပြောသလို ကိုယ်နဲ ့အဆင်ပြေမပြေကို တစ်ခါမှ လေ့လာအကဲမခတ်ဖူးခဲ့တာ။ လေ့လာအကဲခတ်သင့်မှန်းလည်း စိတ်ကူးတောင် မကြည့်ခဲ့မိတာ။ ခုပြန်စဉ်းစားကြည့်တော့မှ နန္ဒာတို ့ ဆုမွန်တို ့ကမှ ကျောင်းတုန်းက ရည်းစားမကျတကျ သံယောဇဉ်လေးတွေ ဖုန်းထဲကတဆင့် ရှိခဲ့ဖူးသေးတယ်… နောက်ပိုင်းမှ အဆင်မပြေလို ့ ရည်းစားအဆင့်ကိုမရောက်လိုက်ဘဲ ဇာတ်လမ်းတွေပြီးကုန်ကြတာ။ ရှယ်လီပြောသလိုဆို သူတို ့ကမှ ကိုယ့်လိုမျိုး ဘယ်သူလာလာ ဇွတ်မှိတ်မငြင်းဘဲ စဉ်းစားချင့်ချိန်ခဲ့သေးတယ်ပေါ့နော်။ ကိုယ့်မှာသာ ဘယ်သူလာပြောပြော ငြင်းလွှတ်မယ်ဆိုတဲ့ အစွဲကြီး ဝင်နေတာထင်ပါရဲ ့။ အစပိုင်းလာပြောကြတဲ့သူတွေကို သဘောမကျတာနဲ ့ပဲ နောက်ပိုင်း လာပြောသမျှလူတွေအားလုံးကိုလဲ အကဲတောင်မခတ်ကြည့်တော့ဘဲ အပြတ်ငြင်းပစ်တဲ့ အကျင့်ကြီးရသွားတယ် ထင်တယ်။ ဒီလိုဆို ကိုယ်က သူပြောသလို ကိုယ့်စိတ်ကိုယ် တံခါးပိတ်ပြီး ဘယ်သူမှ ဝင်မလာအောင် ကိုယ့်ကိုယ်ကို တားဆီးနေခဲ့တာပေါ့။ ဒါဆို ဒါဆို… ငါ အပျိုကြီးဖြစ်နေတာ ကိုယ့်ခံစားချက်ကိုယ် သုံသပ်ကြည့်ဖို ့မေ့လျော့နေခဲ့လို ့ပေါ့နော်။ ဘုရားရေ… ဒါဆို ငါက နှစ်ပေါင်းများစွာ ကိုယ့်စိတ်ကိုယ် အကျဉ်းချထားတဲ့သူ ဖြစ်နေပါပေါ့လား။ ………………………………………………… တီ တီ တီ တီ တီတီ နောက်ဖက်ကကားဆီမှ ကျယ်ကျယ်လောင်လောင်ဟွန်းသံကြားမှ သတိဝင်လာပြီး လီဗာကိုဆောင့်နင်းကာ မီးပွိုင့်မှ ထွက်လိုက်မိသည်။ အတွေးတွေနဲ ့ချာချာလည်ပြီး စိတ်နဲ ့လူနဲ ့မကပ် ဖြစ်သွားလိုက်ပုံများ… မင်္ဂလာပွဲ ဘယ်အချိန်ပြီးသွားလို ့ ဘယ်သူတွေကိုနှုတ်ဆက်ခဲ့ပြီး ဘယ်လိုကားပြန်မောင်းခဲ့သလဲတောင် မမှတ်မိချင်။ ရှယ်လီနဲ ့စကားပြောအပြီး ထောပတ်ထမင်းကို တို ့ကနန်းဆိတ်ကနန်းစားတာ၊ ပြန်ခါနီး မျိုးမောင်မောင်က ဆရာကန်တော့ပွဲအတွက်အလှူငွေနဲ ့ သူ ့ visiting card လာပေးရင်း သံယောဇဉ်မပြတ်တဲ့ အကြည့်တွေနဲ ့ကြည့်သွားတာ၊ ရှယ်လီက ‘သေချာ အကဲခတ်ကြည့်လိုက်နော်’လို ့ ပြုံးစိစိလာပြောသွားတာလောက်ပဲ ရေးတေးတေးမှတ်မိတော့သည်။ ခေါင်းထဲမှာ ‘ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားတာ’ ဆိုတဲ့ စကားပဲ ပဲ့တင်ထပ်နေကာ ကားကိုတောင် ဦးတည်ရာမရှိဘဲ မောင်းလာနေမိတာ ခုနကအထိပဲ။ တော်သေးတာပေါ့… accident တွေ ဘာတွေမဖြစ်လို ့။ ဒီပုံနဲ ့ ကားဆက်မောင်းနေလို ့တော့ မဖြစ်သေးပါဘူး… အာရုံပြောင်းသွားအောင် ရှေ ့က city mart ထဲ ဝင်လိုက်မှပဲ။ city mart ထဲဝင်သွားတော့ အပြာရောင်ဝတ်စုံနဲ ့ အလှကြီးလှနေတဲ့ ကိုယ့်ကို လူတွေက ကွက်ကြည့်ကြည့်နဲ ့… အင်းနော်… ရှယ်လီပြောတာတော့ မှန်နေပါပြီ… ဒီအရွယ်ရောက်တဲ့အထိတောင် ဒီလောက်လှသေးတဲ့ငါ ခုချိန်ထိ တစ်ယောက်မှမတွေ ့သေးတာ ကိုယ့်စိတ်ကိုယ် တံခါးပိတ်ထားမိလို ့ပဲ။ ဒါဆို ငါက တစ်သက်လုံး ဒီအတိုင်းပဲ နေသွားရတော့မှာလား… ကိုယ့်အနားကလူတွေကို ပြန်ပြီးအကဲခတ်ကြည့်ရမှာလား။ စဉ်းစားရင်းနဲ ့ မျိုးမောင်မောင် မျက်နှာကြီးက မဆီမဆိုင် ပေါ်လာပြန်ပြီ… ဘာဆိုင်လို ့တုန်း… ဒီလောက် ရုပ်ဆိုးဆိုး ဗိုက်ပူပူကြီးကိုများ… ။ cosmetic တန်းဘက်ရောက်တော့ အိမ်မှာ anti-wrinkle gel ကုန်တာ သတိရတာနဲ ့ တစ်ဗူးလှမ်းယူလိုက်မိသည်။ ထုံးစံအတိုင်း sales girl လေးက အသက်၃ဝကျော်ရင် အသားအရေတွေ ဘယ်လို ပျက်စီးတတ် ကြောင်း၊ အရေးအကြောင်းတွေ ဘယ်လိုပေါ်တတ်ကြောင်းကို အားပါးတရ ပြောနေတာကို နားထောင်နေပေမယ့် နားထဲမှာတော့ အသံတွေက ဝေးသွားလိုက် နီးသွားလိုက်နဲ ့။ အသက်တွေလဲကြီးလာပြီပဲနော်… အပေါ်ယံအလှတွေ ဘာအရေးကြီးတော့မှာလဲ။ အဓိကက စိတ်ထားကောင်း ဖို ့ပါပဲလေ… အင်း… ဒီလိုဆိုတော့လဲ မည်းသည်းသည်း ရုပ်ဆိုးဆိုး မျိုးမောင်မောင် မျက်နှာက အာရုံထဲမှာ အနည်းငယ်ပြေလာသလိုပဲ။အာ… ငါဘာတွေ စဉ်းစားနေမိပါလိမ့်… ရှေ ့မှာ အဆီကျ လက်ဖက်ခြောက်ထုပ်ပါလား။ ဒီလတော့ မင်္ဂလာဆောင်အတွက်နဲ ့ gym ကို ၂ပါတ်လောက်တောင်ပျက်ထားတာ… တစ်ထုပ်လောက် ဝယ်သွားဦးမှ… ကိုယ်တွေလဲ ဝိတ်တွေတော်တော်လေး သတိထားထိန်းရတဲ့အရွယ်ရောက်လာပြီ… မိန်းကလေးတွေတောင် ဒီလောက်ထိန်းရခက်တာ… ဘီယာတွေဘာတွေသောက်တတ်တဲ့ ယောကျာ်းလေးတွေဆို ပိုဆိုးမှာပဲနော်… အင်း… မျိုးမောင်မောင်ရဲ ့ ဘီယာဗိုက်ကြီးကို အဆီကျ လက်ဖက်ခြောက်ထုပ်က before နဲ ့ after ပုံလိုမြင်ယောင်ကြည့်တော့လဲ သူ ့ပုံစံက သိပ်မဆိုးလှပါဘူး… အာ… တော်စမ်းပါ… သုသုသွေး… နင့်စိတ်တွေ ဘာဖြစ်နေရတာတုန်း…။ တောက်… အရေးထဲမှ ရှေ ့က အတွဲကလည်း အဖြစ်တွေသည်းနေလိုက်တာ… ကောင်မလေးက သူ ့ကိုယ်သူ ‘မီး မီး’ နဲ ့ ပကျိပကျိ ချွဲနေလိုက်ပုံများ… ပက်ကျိမ ကျနေတာပဲ… အမလေး… ဘာမဟုတ်တဲ့ စကားကိုများ ရယ်နေလိုက်တာ… လုပ်ရယ်သံကြီးနဲ ့… နားကလောချင်စရာ… စာအုပ်ရှာနေရတာတောင် အာရုံနောက်တယ်။ မဂ္ဂဇင်းတွေကလည်း ဒီနေ ့မှ ကိုင်လိုင်တိုင်း မျက်နှာဖုံးတိုင်းမှာ မော်ဒယ်တွေရဲ ့ သတို ့သမီး သတို ့သားဝတ်စုံတွေနဲ ့ မင်္ဂလာဆောင်ပုံ ဓာတ်ပုံတွေချည်းပဲ… သီတင်းတောင်ကျွတ်မယ် မကြံသေးဘူး… အမြင်ကတ်စရာနော်… အမယ်… ဒီ သတို ့သမီးထိုင်မသိမ်းလေးက အပြာရောင်လေးပါလား… ငါဝတ်ချင်တဲ့ ပုံစံလေးပေါ့… ဘေးက သတို ့သားနေရာမှာ ဟို မျိုးမောင်မောင် ရုပ်က ဝင်လာပြန်ပြီ… ကဲ သုသုသွေးရေ… နင် ဘယ်လိုဖြစ်နေလဲ… နင်တစ်သက်လုံး အရိပ်တကြည့်ကြည့်နဲ ့ ထိန်းလာခဲ့တဲ့ အပျိုကြီးသိက္ခာကိုမှ မထောက်… ရှက်ဖို ့ကောင်းလိုက်တာ။ “ဟင်… ဦးကလဲ… မရဘူးကွာ… ဝယ်ပေးရမှာဘဲ… နော်ဆို… နော်နော်…” ကိုယ့်ကိုယ်ကို ဒေါသတကြီး ကျိန်ဆဲပြီးလှည့်အထွက် ဘေးက ပက်ကျိမက နှုတ်ခမ်းကိုဆူ၊ ခြေကိုဆောင့်ပြီး အချွဲလွန်သွားကာ သူ ့ရဲ ့ဒေါက်ချွန်ကြီးနဲ ့ ကိုယ့်ခြေထောက်ကို တည့်တည့်ကြီးကို နင်းချလိုက်တော့ အစကတည်းက ထွက်ပြီးသားဒေါသက ခြေထောက်နာတာနှင့်ပေါင်းပြီး ငယ်ထိပ်ကို ရောက်သွားတော့သည်။ “အား… ဟဲ့… ဘယ်လိုဖြစ်နေတာတုန်း… ဘယ်လောက်တောင် ထွန် ့ထွန် ့လူးနေလို ့ လူတယောက်လုံးကိုတောင် မမြင်ရတာလဲ…” ပြောပြောဆိုဆို မျက်နှာချင်းဆိုင် ရန်တွေ ့မယ်အလုပ်… ဟင်… အဲဒါ အဲဒါ… ပက်ကျိမ လက်မောင်းကြီးချိတ်ပြီး ချွဲပစ်နေတာကို မိန် ့မိန် ့ကြီးပြုံးပြီး သဘောတွေကျနေတာ ဟိုသကောင့်သား မျိုးမောင်မောင် မဟုတ်လား။ အမလေး… ပက်ကျိမရဲ ့ ဦး ဆိုတာ ဒင်းကိုး… ရှယ်လီမြင့်ရေ… နင်ပြောတဲ့ လူပျိုကြီးကို လာကြည့်ဦးဟဲ့… သူ ့သမီးလောက်ရှိတဲ့ကောင်မလေးနဲ ့ သူ ့မျက်နှာ အဆီတဝင်းဝင်း ဖောင်းအစ်အစ်ကြီးကို ဖြီးနေလိုက်ပုံများ… မသတီချင်စရာ…။ ခုမှ လူကိုတွေ ့ပြီး မျက်လုံးတွေပြူးပြီး မျက်နှာတွေအကြီးအကျယ်ပျက်လို ့… ခုနက မင်္ဂလာဆောင်မှာ သံယောဇဉ်မပြတ်တဲ့မျက်လုံးတွေနဲ ့ကြွေပြခဲ့လို ့ သုသုသွေး တယောက် ရင်တွေခုန်နေပြီလို ့ အပိုင်တွက်ထား တယ်ပေါ့ လေ… ရင်တွေခုန်ထားရပြီးမှ နင့်သရုပ်မှန်ကိုတွေ ့ရလို ့ ဒေါသတွေထွက်ပြီး နင်ပဲငဆ ရန်တွေ ့တော့မယ်များ ထင်နေသလား… ဆောရီးပဲ မျိုးမောင်မောင်ရေ… အဲလို ခပ်တုံးတုံးမိန်းမတွေရဲ ့လုပ်ရပ်မျိုး သုသုသွေးတို ့က မလုပ်သေးဘူး။ “ဟယ်… ဆောရီးနော်… ယူ ့သမီးလေးမှန်း မသိလို ့ပါ… သမီးရေ… ဆောရီးနော်… အန်တီ မသိလို ့ပြောမိတာပါ… စိတ်မဆိုးနဲ ့နော်…” ဘယ်ရမလဲ… နှစ်ယောက်လုံးကြက်သေသေနေတုန်း ပြုံးပြုံးလေးပြောပြီးလှည့်ထွက်မယ်လုပ်ပြီးမှ ထပ်ပြီးတော့… “ဪ ဒါနဲ ့… နောက်လ ဆရာကန်တော့ပွဲနေ ့ညမှာ gathering dinner လဲလုပ်မှာသိလား… ယူ ့သမီးလေးရော ခေါ်ခဲ့နော်… သူငယ်ချင်း မိသားစုတွေ စုံကြတာပေါ့… သွားမယ်နော်…” ကဲ… မှတ်ပလား… သမီးလောက်ဟာလေးရှိရဲ ့သားနဲ ့ ငါ့ကိုလာပြီး ကပ်ချင်ဦး… အပျိုကြီးဆိုတဲ့ဂုဏ်ပုဒ်မှာ အားမနာလျှာမကျိုးပြောခွင့်ရတဲ့ အခွင့်အရေးလဲ ကပ်ပါထားပြီးသားပဲလေ။ ပြောရတာ အရသာရှိလိုက် တာနော်။ ကောင်တာမှာငွေရှင်းပြီး ကားဆီကိုပြန်အသွား ခြေလှမ်းတွေပေါ့ပါးလန်းဆန်းနေပုံများ… ဒေါက်ဖိနပ်ခွာသံလေးတောင် တခွပ်ခွပ်မြည်လို ့။ဆိုင်ထဲအဝင်တုန်းက ငိုင်တိုင်တိုင်ပုံစံနဲ ့များ ဘာဆိုင်လို ့လဲ… မင်္ဂလာပွဲသွားတုန်းက ခြေလှမ်းတွေထက်တောင် ယုံကြည်မှုပိုသေးတယ်။ ဒါကမှ တကယ့်အောင်နိုင်သူတစ်ယောက်ရဲ ့ ခြေလှမ်းတွေပေါ့။ အမလေး… ကံကောင်းလို ့နော်… ဟိုမိန်းမရဲ ့ စကားမှိုင်းတွေမိပြီး လူကတွေဝေသွားတော့မလို ့… ရှယ်လီမြင့်ရေ… နင်ပြောသလို ငါကပဲ ကိုယ့်စိတ်တံခါးကိုယ်ပိတ်ထားတယ်ဆိုရင်တောင် ပိတ်ထားလက်စနဲ ့ ကျေကျေနပ်နပ်ကြီး ဆက်ပိတ်ထားလိုက်ပါတော ့မယ် ကွယ်… ဒီအသက်အရွယ်ရောက်လို ့ တံခါးပြန်ဖွင့်ခါမှ အိုကြီးအိုမ ကြောင်ပါးကြီးတွေနဲ ့တွေ ့နေရမှာထက်စာရင် တံခါးပိတ်ထားတဲ့ ငါ့ကမာ္ဘကျဉ်းကျဉ်းလေးက အများကြီး ပိုပြီးသာယာပါတယ်။ စိတ်လက်ပေါ့ပါးစွားနဲ ့ ကားပေါ်တက်မယ်အလုပ်မှာမှ ဗိုက်ထဲက ဂွီ ခနဲ မြည်သံကို သတိထားလိုက်မိသည်… ဟုတ်သားပဲ… မနက်ကတည်းက ခုထိ ဘာမှ ဟုတ်တိပတ်တိမှ မစားရသေးပဲကိုး… ဟုတ်ပြီ… အိမ်ကို ဖုန်းဆက်လိုက်ဦးမယ်… “မီးလုံးလား… တီသုပါ… ထမင်းစားနေပြီလား… ခဏလေးစောင့်နော်… ပုဇွန်ကင်နဲ ့ ဂဏန်းကင် ဝယ်လာမယ်လို ့ ဖုန်းလှမ်းဆက်တာ… ဒါပဲနော်…” ဖုန်းချအပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ လောကကြီးတခွင်က သာယာလို ့ပါလား… အသက်ရှူရတာတောင် ပိုပြီး လတ်ဆတ်နေသလိုပဲ။ ကဲ… ဆိုင်မှာ ရခိုင်မုန် ့တီ စပ်စပ်လေး အပြတ်သွားစားမယ်… အပြန်ကျ မမအတွက် ပုဇွန်ကင် ဝယ်သွားမယ်။ မီးလုံးအတွက်က ဂဏန်းကင်နဲ ့ မုန် ့လက်ဆောင်း…။ ဪ… မေ့တော့မလို ့… ကီကီလေးအတွက်လဲ ငါးဖယ်ကြော် ဝယ်သွားဦးမှ…။ ပြီးရင် ကီကီနဲ ့ မီးလုံးကြိုက်တဲ့ kool ice-cream လဲ ဝင်ဝယ်လိုက်ဦးမယ်… အင်း… ဒီနေ ့တစ်နေ ့တော့ ကိုယ့်ကိုယ်ကို celebrate သေချာလုပ်ရမယ်။ ရခဲလှစွာသော လူ ့ဘဝမှာ အမြတ်ဆုံးသော အပျိုကြီးဘဝကို လက်ဝယ်ပိုင်ဆိုင်ထားရမှန်း ကိုယ့်ကိုယ်ကို သတိပြုမိတဲ့ အထိမ်းအမှတ်ပေါ့ကွယ်…..။

One comment

  • search123

    September 30, 2010 at 5:10 am

    မှန်လိုက်လေကွယ်…ကိုယ့်အယူအဆနဲ့ ကိုယ်ကျေနပ်နိုင်ဖို့ပဲလိုတာပါ။

Leave a Reply