Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သောတာပန်စိတ် Updated

inner peace

သောတာပန်စိတ်
အောင်တိုဘာ၆ရက်နေ့ကတင်လိုက်ခဲ့တဲ့ပို့စ်ကို ထပ်ဖြည့်ထားပါတယ်။ ဖြည့်လိုက်တဲ့ စာသားအသစ် တွေကိုတော့ ကွဲကွဲပြားပြားသိရအောင် အိုင်တဲလစ်အစောင်းစာလုံး သုံးထားပါတယ်။ အကျယ်ကိုတော့ www.theinngu.org မှာဖြစ်ဖြစ် http://www.mediafire.com/kotseikkosit ရဲ့ပထမဆုံး ဖိုလ်ဒါမှာဖြစ်ဖြစ် နာနိုင်ကြပါတယ်။
သောတာပန် တယောက်ဖြစ်ပြီဆိုရင် ငါဆိုတဲ့အစွဲ၊ အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလသုံးပါး ရှိ၊မရှိဆိုတဲ့ သံသယကနေ လွတ်မြောက်သွားပြီလို့ ဆိုကြပါတယ်။ အဲဒီ စာထဲက ဒိဌိတို့ ဝိစ္ဆိကိစ္စတို့ ပြုတ်တယ်ဆိုတာ လက်တွေ့ပြပါဆိုရင် ဘာကိုဆိုကြမှာတုန်း။ သေမှ၊ လောကဓံနဲ့ကြုံမှ မဟုတ်ဘဲ သိနိုင်တဲ့နည်း မရှိတော့ဘူးလား။ ဘာလို့သိဖို့ လိုလည်းဆိုရင် မိမိနှစ်ရှည်လများ အားထုတ်နေတဲ့ ကမ္မဌာန်းဟာ ဟုတ်မဟုတ်၊ ကိုယ်နဲ့ကိုက်မကိုက်ကို အချိန်မနှောင်းခင် သိဖို့ပါ။ လက်တွေ့စစ်နည်း ရှိပါတယ်၊ ဘုရားစာနဲ့လည်း ညီပါတယ်။ အဲဒါကတော့ သဲအင်းဂူ ဆရာတော်ကြီး ထားခဲ့တဲ့ အရိယာ စိတ်ထားပုံပါ။ ကျွန်နော်တို့အားလုံးနဲ့နီးစပ်၊ ကျင့်နေဆဲ၊ ကျင့်လိုသူများနဲ့လည်းဆိုင်မဲ့ သောတာပန် စိတ်ကိုပဲ ပြောပါရစေ။ ရိုးရိုးလေး မိုလို့ပါ။ မိမိကိုယ် မိမိတော့ တရားတွေ့နေပြီလို့ထင်ရင် ရေရှည်မှာ သက်ရှိသက်မဲ့ အရာအားလုံးကို သိစိတ်နဲ့ တိုက်ဆိုင်တိုင်း အရင်က သိထားသလိုပဲ သိနေ မြင်နေ ခံစားနေ ပါသေးသလား။ ဥပမာ- မိန်းမတယောက်ကို မြင်လို့ စိတ်မဖောက်ပြန်မိတောင် အဲဒါမိန်းမလို့ သိနေသေးရင်၊ ထိုင် အိပ် စားတုန်း အသံတခု ကြားလိုက်လို့ ဘာသံလည်း ဒါမှမဟုတ် ဘာသံပဲဆိုတဲ့ ပညတ်ချက် ဘောင်ထဲမှာပဲ ရှိနေသေးရင် ထင်နေတဲ့ မဂ်တို့ဖိုလ်တို့ဆိုတာ မဟုတ်သေး။ ငါတော့ အောက်မဆင်းတော့ဘဲ ဘုံစဉ်စံ သံသရာဖြတ်တော့မယ်လို့ ထင်နေရင် မနှောင်းခင် မြန်မြန်ပြင်ကြပါ။
ဘုရားဟောခဲ့တာ ဘယ်လောက်ပဲ ဒါနပြုပြု၊ သီလစောင့်စောင့်၊ ဘာဝနာပွားပွား ရုပ်နာမ်ကို ပိုင်းခြားမသိသေးသ၍၊ ဖြစ်ခြင်းပျက်ခြင်း သင်္ခါရကို မမြင်သေးသ၍ သေခါနီး စွဲတဲ့ငါအစွဲနဲ့ အပါယ်လား နိုင်ပါတယ်။ ဘယ်လောက်လှူလှူ ငါ့ကျောင်းငါ့အလှူဆိုရင် အစောင့်ပြိတ္တာ၊ ငါဆိုတဲ့မာနနဲ့ စောင့်ခဲ့တဲ့ သီလအပေါ် သေခါနီး စိတ်ကလေးတချက် သံသယဝင်ရင် အောက်ကိုဆင်း၊ ငါဆိုတဲ့မာနနဲ့ ပွားခဲ့တဲ့ ဘာဝနာကနေ သေခါနီး တချက်လေး စိတ်လွတ်ခဲ့ရင် အမှောင်ထိုက်ထဲ ဆင်းရပါတယ်။ တရားတော် ဆိုတာ အချုပ်အားဖြင့် ဖြစ်ခြင်းပျက်ခြင်းဆိုတဲ့ သဘာဝကို ညွှန်းတာပါ။ သိမြင်ယုံနဲ့မပြီး ဖြစ်ပျက်ချုပ်မှ နိဗ္ဗာန်ကို ဆိုက်ပါတယ်။ ဘယ်လို ချုပ်သလဲဆိုရင် အရိယာညဏ်အလိုက် မရှိဘဲနဲ့ရှိတယ် မဟုတ်ဘဲနဲ့ ဟုတ်တယ်၊ နောက်ဆုံးအဆင့် မဖြစ်ပဲနဲ့ဖြစ် မပျက်ဘဲနဲ့ပျက်တယ်လို့ တသံသရာတလုံး လိမ်နေခဲ့တဲ့ သင်ညတ်နာမ်ခန္ဓာရဲ့ လှည့်စားမှုတွေကို ပညာနဲ့ ခွာပစ်ကြရတာပါ။ အရင်ပို့စ်မှာ ရေးခဲ့သလို မရှိတဲ့ ပစ္စုပ္ပန်ကို သူ့အဆင့်အလိုက် လိုက်ရှုနေကြခြင်းပါပဲ။
ပေါ်ဆဲရုပ်နာမ်ကို အမှန်အတိုင်းသိရင် အတိတ်ကိုတွေးလို့ဖြစ်ရတဲ့ နောင်တ၊ အနာဂတ်ကို မျှော်လို့ ဖြစ်ရတဲ့ စိတ်တွေဝေ ပျံ့လွှင့်မှုတွေနဲ့ ကင်းပါတယ်။ လက်ရှိပစ္စုပ္ပန် ကာလဆိုတာ တကယ် မရှိ၊ ရုပ်ဖောက်ပြန်မှုနဲ့ နာမ်ခံစားမှုကြောင့် ဖြစ်ရတဲ့ သိမှုဝေဒနာသည်လည်း ဖြစ်တယ် ဆိုမရအောင် ချက်ခြင်းလိုလိုပျက်သွားလို့ လက်ရှိမှာလည်း ငါဆိုတဲ့ ခံစားမှုကင်း၊ အတိတ်နဲ့ အနာဂတ်မှာလည်း ဖြစ်ပေါ်ခဲ့၊ ဖြစ်ပေါ်အုံးလေမလားဆိုတဲ့ ယုံမှားခြင်းကင်းလို့ သောတာပတ္တိမဂ်ဖိုလ် ဆိုက်ပါတော့တယ်။ ရုပ်နာမ် နှစ်ပါးချုပ်မြောက်မှုမျိုးဟာ သောတာပန် အနုအရင့်ကိုလိုက်လို့ နည်းနည်းစီတော့ ကွဲတယ်လို့ သဲအင်းဂူဆရာတော်ဘုရားကြီးက မိန့်ပါတယ်။
သောတာပန်ဆိုတာ အမှန်ကို သိလို့ ပြောင်းလဲသွားတဲ့ စိတ်ကိုခေါ်တာပါ။ ပြောင်းလဲသွားတဲ့ စိတ်တွေကလည်း ပါရမီအနုအရင့်ကိုလိုက်လို့ အမျိုးမျိုးရှိပါတယ်။ အဲဒီထဲကမှ သဲအင်းဆရာတော်ရဲ့ သောတာပန် ခြောက်မျိုး အသံဖိုင်ကို ကိုးကားပြီး တင်ပြပါ့မယ်။ ပထမတမျိုးက အကြောင်းအကျိုး ကံ မပြတ်သေးပေမဲ့ ရုပ်နာမ်တရားတို့ ဖောက်ပြန်မှုအပေါ်မှာ လက္ခဏာ ညဏ်တပါး ကောင်းစွာတည်ပြီး ဝိဇ္ဇာညဏ်ဖြစ်တဲ့ သောတ္တာခတ်တုံ (စာလုံးပေါင်းသီးခံပါ) သောတာပန်များပါ၊ ရုပ်နာမ်နှစ်ပါး တို့ရဲ့ ဖောက်ပြန်မှုအပေါ်မှာ အနိစ္စ၊ ဒုက္ခ၊ အနတ္တ လက္ခဏာညဏ် တပါပါး ကို အတိတ်က အားထုတ်ခဲ့တဲ့ ကမ္မဌာန်းကို လိုက်လို့ ကောင်းစွာတည်ပါတယ်။ အကြောင်းအကျိုးကံ မပြတ်သေးလို့ အနိစ္စညဏ် လက္ခဏာ အနုံ့စားသောတာပန်က လူ့ပြည်နတ်ပြည် ရ ဘဝ၊ ဒုက္ခလက္ခဏာ အလတ်စားက ၃၊၄ဘဝ နဲ့ အနတ္တလက္ခဏာ အမြတ်စား သောတာပန်က တဘဝထဲနဲ့ သွားနိုင်တယ်၊ မသွားချင်သေးလည်း နောက်နှစ်ဘဝလောက် ကျန်သေးတယ်လို့ ဆိုပါတယ်။
နောက်တမျိုးကတော့ ကြောင်းကျိုးကံပြတ်တဲ့ ဧကဗီဇ အဓိပတိ မဟာသောတာပန်များပါ။ လူ့ပြည်ကို မပြန် ဘုံစဉ်စံပြီး ကျွတ်တန်းဝင်ပါတယ်။ အဂ္ဂမဟာသာဝက များဖြစ်တဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မောဂ္ဂလန်တို့ရတဲ့ အဓိပတိ သောတာပန်ညဏ်မျိုးပါ။ ဓာတ်ကြီးလေးပါး အာရုံခြောက်ပါးကြောင့် ဖြစ်တဲ့ ရုပ်နာမ်တရားတွေ အပေါ်မှာ ခန္ဓာငါးပါးရဲ့ ဖြစ်ပုံတွေကို ဆင်ခြင်ပီး ဖောက်ပြန်တာက ရူပတ္ခန္ဓာ၊ ခံစားတာက ဝေဒနတ္ခန္ဓာ၊ အယူမှားအမှတ်မှား ဖြစ်စေတာက သင်္ညတ္ခန္ဓာ၊ အကောင်းအဆိုး ပြုပြင် စီရင်လိုက်တာက သင်္ခါရတ္ခန္ဓာ၊ ဖြစ်ပျက်တာကို သိလိုက်တာက ဝိညတ္ခန္ဓာလို့ ရုပ်ခန္ဓာနဲ့ နာမ်ခန္ဓာ လေးပါး၊ ပေါင်း ခန္ဓာငါးပါးရဲ့ ဖြစ်ခြင်းပျက်ခြင်းကို ဧကောဓမ္မော ကောင်းစွာသိမြင်ပါတယ်။ ရုပ်နာမ် တရား ဖောက်ပြန်မှုကြောင့် ဖြစ်ရတဲ့ ယောက်ျား မိန်းမ ချောတယ် လှတယ်ဆိုတဲ့ အဝိဇ္ဖာခံစားမှုတွေကို အကြောင်း သင်္ညတ္ခန္ဓာ လိမ်လို့ အကျိုးရာဂ စိတ်တွေ ဖြစ်ရတယ်လို့ အကြောင်းအကျိုး ကုသိုလ် အကုသိုလ်ကံကို မဂ်ကသတ်ပါတယ်။ တရားအားထုတ်သူများ ပြောလေ့ရှိတဲ့ ရှေ့ကဖြစ်ပျက် နောက်က မဂ်ဆိုတာ အဲဒါပါ။ ဧကဗီဇ မဟာသောတာပန်များမှာလည်း အနုံ့စား၊ အလတ်စား၊ အရင့်စား သုံးမျိုး ရှိပါတယ်။ အခြားသောတာပန် ခွဲနည်းတွေလည်း ရှိပါသေးတယ်။
ပစ္စုပ္ပန်အပေါ် ခန္ဓာငါးပါး ရုပ်နာမ်တရား ကောင်းစွာတည်ပြီး ကံပြတ်တဲ့ ဧကဗီဇသောတာပန် စိတ်တွေကို ဥပမာပေးရရင် အနုံ့စား သောတာပန်သည် သမာဓိအခြေခံ အားနည်းလို့ သူနှစ်သက်တဲ့ ဆန့်ကျင်ဘက်လိင်ကို တွေ့လိုက်ရင် ရာဂစိတ်ပေါ်ပြီး အဲဒီယောက်ျား၊မိန်းမ မြင်ကွင်းက ပျောက်မှသာ သင်္ညတ္ခန္ဓာလိမ်တာ၊ ရုပ်နာမ်နှစ်ပါး တိုက်ဆိုင်လို့ ဖြစ်တဲ့ ပစ္စုပ္ပန်ဝေဒနာကို နောက်ကျမှ ဆင်ခြင်ပြီး ကံဖြတ်လိုက်ပါတယ်။ အလတ်စားသောတာပန်ကတော့ မြင်ခဏမှာ တဏှာရာဂ ဖြစ်ပြီး မကြာခင်ဘဲ သံဝေဂရပါတယ်။ အရင့်စား မဟာသောတာပန်ကတော့ ခန္ဓာငါးပါး ရုပ်နာမ် ခဏဖြစ် ခဏပျက် ပစ္စုပ္ပန် ဆတ်ဆတ်၊ ရုပ်နာမ်နှစ်ပါး တထပ်ထဲဖြစ် တထပ်တည်းပျက်တယ်။ ရုပ်ဝေဒနာကို နာမ်ကခံစားပျက်၊ နာမ်အကြောင်း ရုပ်အကျိုး၊ ရုပ်ကအကြောင်းပြန်တော့ နာမ်အကျိုးဖြစ်တယ်လို့ ကြောင်းကျိုးသင်္ခါရကို တမဟုတ်ခြင်း ဆင်ခြင်နိုင်ပါတယ်။ တချို့က မဟာသောတာပန်သည် ချက်ခြင်းဆင်ခြင်နိုင်စွမ်းရှိလို့ အိမ်ထောင်သားမွေး ဆန္ဒတွေ ရှိပါအုံးမလားလို့ စောဒကတက်ကြပါတယ်။ ဆရာတော်ကြီးက ရုပ်နာမ် သဘာဝကို သာသိတာ၊ ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်က သူလုပ်ချင်ရင်လုပ်မယ်၊ မလုပ်ချင်လည်း နိဗ္ဗာန်ကို တန်းသွားလို့ရတယ်လို့ ဖြေပါတယ်။ အတိအကျတော့ ညဏ်မမှီလို့ ဘယ်လိုတန်း သွားသလဲဆိုတာ မပြောတတ်ပါ။ ဖြစ်နိုင်တာတော့ ၃၁ဘုံ ကိလေသာကို မလိုချင်တဲ့ အချို့သော မဟာ သောတာပန်သည် သေကာနီးမှာ ဖြစ်ပျက်ချုပ်ရာ နိဗ္ဗာန်ကိုများ အာရုံညွှတ်လို့ ရနိုင်သလားမသိ။
တချို့လည်း သောတာပန်သည် နတ်၊လူဘဝ ခုနှစ်ဘဝ ကျင်လည်တယ်လို့ စာကိုကိုးကားပြီး ဆိုပါတယ်။ ဆရာတော်ကြီးက သောတာပန်အမြတ်စား လူ့ပြည်ကို ပြန်မလာတော့လို့ အတိအကျ ပြောခဲ့ပါတယ်။ လာတဲ့သောတာပန်တွေက အနုစား၊ အကြမ်းစားတွေ။ ပြောချင်တာ သောတာပန်ကြီး စစ်စစ် မဖြစ်သေးတဲ့ သဘောပါ။ ဒါကို လက်ခံပါတယ်။ ဘယ်သူမှ သောတာပန်ဖြစ်ပြီး အဆင်သင့် မွေးဖွား မလာတဲ့ သဘောကို ဆိုလိုခြင်းဖြစ်ပါတယ်။ အားလုံးဟာ အတိတ်ပါရမီအလျောက် ဆိုင်ရာ ကမ္မဌာန်းကို ကျင့်ကြံအားထုတ်ပြီးမှ အရိယာဖြစ်ရပါတယ်။ ဖြစ်နိုင်တာ နာမရူပ ပရိစ္ဆေဒညဏ် ရတဲ့ နာမ်ရုပ် ကွဲပြားသိမြင်တဲ့ အငယ်စား စူဠသောတာပန် ကိုပြောတာ ဖြစ်နိုင်ပါတယ်။ ကာလကြာတော့ ရောထွေးသွားပုံ ပေါ်ပါတယ်။ ကျွန်နော်ဆွေးနွေးခဲ့တဲ့ စိတ်ထားပုံဟာ ပြန်ချုပ်ကြည့်ရင် ပစ္စုပ္ပန်မှာ ဖြစ်နေတဲ့ ဝေဒနာ သက်သက်ကိုသာ ငါစွဲမပါဘဲ ခံစားဖို့ပါ။ သိပ်ပြီး ခက်ခဲနက်နဲ လွန်းလှတဲ့ တရား ကျင့်စဉ်တွေ မဟုတ်ဘဲ သာမန်ပါရမီ ရှိယုံမျှနဲ့ သံသရာ အဆက်ဆက် ဘုရားအဆူဆူ လွဲခဲ့ရတဲ့ သစ္စာလေးပါး တရားတော်မြတ်ကို လောကီဒီဘဝမှာ ကျင်လည် မွေ့လျော်ရင်းနဲ့ ရနိုင်လို့ နိဗ္ဗာန် အကျိုးမျှော် နိုးဆော်လိုက်ရ ပါတယ်ခင်ဗျား။

10 comments

  • ဆူး

    October 6, 2010 at 6:35 am

    အတွေးတိန်တိန်နဲ့ ပြောမိလို့ အမှားပါရင်တော့ ထောက်ပြပါ။
    တချို့က မဟာသောတာပန်သည် ချက်ခြင်းဆင်ခြင်နိုင်မှတော့ အိမ်ထောင်သားမွေး ဆန္ဒတွေ ရှိပါအုံးမလားလို့ စောဒကတက်ကြပါတယ်။ ဆရာတော်ကြီးက ဘာဆိုင်လို့လည်း၊ ရုပ်နာမ်သဘာဝကို သာသိတာ၊ ကာမဂုဏ်အာရုံ ခံစားချင်တဲ့စိတ်က သူလုပ်ချင်ရင်လုပ်မယ်၊ မလုပ်ချင်ရင်လည်း နိဗ္ဗာန်ကို တန်းသွားလို့ရတယ်လို့ ဖြေပါတယ်။

    အဲဒါလေးကိုပါ.. သိတာလေးနဲ့ ဥပမာ ပေးချင်လို့ပါ.. ဝိသာခါ ကျောင်းအမကြီး ၈နှစ်နဲ့ သောတပန်တည်ပါသည်။ သားသမီး၂ဝ မြေး ၄၀ဝ တို့ရဲ့ မိခင် အဘွားပေါ့။နုပျိုမှုမှာ မြေးမတွေနဲ့ ယှဉ်လို့ရအောင် အံမခန်းလို့ ကြားဘူးတာဘဲ.. သိကြားမင်း သောတပန်ဆိုတာ တော့ သိကြမှာပေါ့.. သိကြားမင်း အခုလက်ရှိသိကြားမင်း တရားဝင် ဇနီး ၄ယောက် အချိန်မရွေး ပျော်မြူးနိုင်တဲ့ အရံ ဇနီး ၂ကုဋေနဲ့ ၅သန်း ရှိတယ်လို့ ကြားဖူးပါတယ်။ သိကြား သောတပန် ဖြစ်ရခြင်းမှာ သက်တမ်းစေ့ခါနီး အလိုမှာ.. ချွှေးစေးတွေ ပြန်ပြီး သိလာတဲ့ အတွက်.. မြတ်စွာဘုရားထံတွင် မေးခွန်း ၁၃ခွန်း မေးပါသည်။ ရခု ဖြေပြီးတဲ့ အချိန်မှာတော့ သောတ္တပတ္တိ မာဂ်ဉာဏ် ဖိုဉာဏ် ရသွားပြီး သက်တမ်းစေ့ပြီး နောက်တကြိမ် သိကြားမင်း ထပ်ဖြစ်ပါတယ်။ သောတပန် ဖြစ်သွားတဲ့ အကြောင်းတရားကြောင့် သိကြားမင်းထပ်ဖြစ်သွားပြီး မူလ ရှိတဲ့ သူ့ရဲ့ စည်းစိမ်တွေ လည်း မစွန့်လွတ်ရဘဲ.. သူအပိုင်ဘဲ ရရှိပြီး ယခု အထိ ရှိနေပါသည်။

    ဆူးထင်မြင်ချက်.. လူတွေတောင် လှေ အပေါက်နဲ့ ရေလယ်ရောက်ရင်.. လှေထဲက ရေကိုလည်း ခတ်မှာဘဲ.. လှေကိုလည်း လှော်မှာဘဲ.. နှစ်ခုလုံးကို မရမက ရအောင်တော့ လုံးပန်းမှာ သေချာတယ်.. ပင်ပန်းလို့ ဆိုပြီး တော်ကြာမှ ရေခတ်ထုတ်ပြီး လှေလှော်တော့မယ်.. တရေးတောင် မှေးအိပ်နိုင်မှာ မဟုတ်ဘူး.. အဲဒီလိုဘဲ.. သေမှာ ကြောက်လို့ တရားနာ..တရားအကျိုး.. သိကြားပြန်ဖြစ်..သူလိုချင်တာ သိကြားစည်းစိမ် ထပ်ရချင်တာ.. သိကြားပြန်ဖြစ်တဲ့အတွက်.. ဆက်လက် ကြိုးစားအားထုတ်မှု မရှိတော့ဘူး။ အဲဒီ အတွက် သောတပန်နဲ့ ရပ်သွားသည်ဟု ယုံသည်။
    နိဗ္ဗာန်ကို ရည်မှန်းပြီး တရားနာခဲ့သော်.. သူလည်း နိဗ္ဗာန် ရောက်နိုင်မည် ထင်ပါသည်။ သောတပန် ရ ဘဝ လို့ ပြောတဲ့ အတွက် သူအသိထဲမှာ တရားရှိတဲ့ အတွက်.. ပျော်ပါးသော်ငြား သတိကပ်တဲ့အတွက်.. သံဝေဂရစရာတွေ ကြုံလာရင် ဆင်ခြင်ပြီးတော့ နိဗ္ဗာန် ရောက်မည်ဟု ယုံသည်။

    သိတာလေးနဲ့ ကိုကြောင်ကြီးရဲ့ ပို့စ်လေးကို ဝင်ပါလိုက်သည်။

  • michaelaungpu

    October 6, 2010 at 7:00 am

    မသေချာသေးဘူးလားမသိဘူးလို ့စူးစူးစမ်စမ်နဲ ့ရှာဖွေနေတာလေးကိုက
    (မသေချာသေးတာက မဖြစ်သေးလို ့လေ)

  • demigod

    October 8, 2010 at 12:34 pm

    ဒီလိုနက်နဲတဲ့ကိစ္စတွေကိုတင်ပြပေးတဲ့အတွက်ကျေးဇူပါ…တင်ပြပုံမှားနေရင်အန္တာရာယ်သိပ်ကြီးတတ်လို့…
    ဒီထက်ပိုသေချာပီးလက်တွေ့ကျတာလေးတွေကို..တင်ပြပေးစေချင်ပါတယ်….
    ဘယ်လိုပဲဖြစ်ဖြစ်…သာဓုပါ…..

    • bigcat

      October 19, 2010 at 10:26 pm

      အသစ်ထပ်ဖြည့်ဖို့လိုတယ်ထင်လို့ ဖြည့်ထားပါတယ် ဒီမိဂေါ့ဒ် နဲ့မိဆူးခင်ဗျား။ ဝေဖန်ချက်ကွန်းမန့်များအတွက်ကျေးဇူးပါ။

  • ဆူး

    October 20, 2010 at 2:58 am

    ဦးကြောင်ကြီးရဲ့ ထပ်မံ ဖြည့်စွက်ရေးသားချက်တွေကို ဖတ်ရှုသွားပါတယ်။ ဦးကြောင်ကြီးလည်း သံသရာ စက်ဝန်းမှ ဘဝတိုတိုနဲ့ ရုန်းထွက်နိုင်ပါစေ။

    ဆန္ဒဝတော ကိံ နာမ ကမ္မံ နသိဇ္ဈတိ။
    စိတ်ဆန္ဒသာ ရှိရင် ဘာမဆို ဖြစ်မြောက် အောင်မြင်ရပါလိမ့်မည်။
    ဆန္ဒရှိသောသူအတွက် မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိပါဘူး။

  • weiwei

    October 20, 2010 at 4:54 am

    သာဓု … သာဓု … သာဓု

  • leo

    October 20, 2010 at 5:52 am

    အင်း ……. အခုပြောနေတာတွေကို ဘာနဲ့သက်သေပြရမှာလည်း … မယုံလို့မဟုတ်ဘူးနော် တွေးခေါ်တက်ရင်အရာရာကို ချင့်ချိန်ကြည့်တက်ဖို့လည်းလိုမယ် ….. ရှေးလူကြီးတွေပြောတာ ရှေးဟောင်းစာပေမှာပါတာ ဒါတွေက ဘုရာဟောတာ …. အဲ့လိုအဲ့လိုနဲ့ပဲ အားလုံးကိုယုံပေးရမှာလား …. ကျွန်တော်ကလည်း ဗုဒ္ဓဘာသာဝင်တစ်ယောက်ပါပဲ …. ဒါပေမယ့် စူးစမ်းတဲ့စိတ်ရှိတယ် မယုံလွယ်ဘူး ဖြစ်နိုင်လားဘာလားဆိုတာလည်း သိချင်တယ် …….

    • ဆူး

      October 20, 2010 at 6:38 am

      မေးတဲ့ မေးခွန်းကို ဆူး တစေ့ တစောင်း ပြန်ဖြေချင်တယ်။ မွေးကတည်းက မျက်စိမမြင်သူဟာ အနီ အဝါ ဆိုတာ ဘာအရောင်မှန်း မသိပါဘူး။ သူက အနီဆိုတာ ဘာလဲ ဘယ်လိုမျိုးလဲ မေးရင် အနီဆိုတာ သွေးရောင် သွေးဆိုတာ ဘယ်လိုလဲ မေးရင် သွေးဆိုတာ ထိခိုက်နာကျင်သွားရင် ကိုယ်ထဲက ထွက်တဲ့ အရည်က သွေး.. သွေးဆိုတာ စမ်းကြည့်တော့ ရေလိုဘဲ.. ရေဆိုတာ အရောင်မရှိဘူး။ သွေး ရေ အနီ အရောင်မရှိ အရောင်ရှိ တခုစီ ခွဲခြားပြီး မှတ်ထားနိုင်ပေမဲ့ ငရုတ်သီး နီမှန်း သူတို့ မသိဘူး ငရုတ်သီးကို အပြာဆိုရင် အပြာလို့ဘဲ မှတ်ထားမှာဘဲ.. သူအနားက လူ ၅ယောက်ရှိရင် ၅ယောက်လုံး အပြာလို့ ပြောထားရင် သူစိတ်ထဲ တရားသေ အပြာလို့သာ မှတ်မှာဘဲ။ မမြင်တဲ့ သူအဖို့ သူများ ပြောသမျှ လက်ခံယုံဖို့ဘဲ ရှိတယ်။ အဓိက အားနည်းချက်ကတော့ .. သူကိုယ်တိုင် မမြင်တာဘဲ။ သူကိုယ်တိုင်မြင်မယ် ဆိုရင် တခြားလူကို အားကိုးတကြီး မေးစရာမလိုဘူး။ မမြင်လို့သာ တဖက်လူ အပြောကိုသာ လက်ခံ ယုံကြည်ပေးရတယ်။
      ထိုနည်းတူပင် မေးတဲ့ leo ဟုတ်မဟုတ် သေချာ သိချင် စူးစမ်းချင်စိတ်ရှိတာ အလွန်ကောင်းပါတယ်။ စာလည်း ဖတ်ကြည့် လက်တွေ့လည်း အားထုတ်ကြည့်ပါ.. စာထဲမှာ ပါတာက သိတဲ့ မြင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့ အတွေ့အကြုံနဲ့ ယှဉ်ပြီး ရေးထားတာပါ။ ပြောမယုံ ကြုံဘူးမှ သိတယ် ဆိုတဲ့ စကားကို လက်တွေ့ အကောင်ထည် ဖေါ်နိင်ပါစေ။

  • weiwei

    December 24, 2010 at 6:23 pm

    ကိုကြောင်ကြီးရေးခဲ့တဲ့ ဘာသာရေးပို့စ်တွေကို ပြန်ဖတ်ကြည့်ရင်း ဒီပို့စ်မှာ ကြားဖူးတာလေးတစ်ခုကို ဝင်ဆွေးနွေးချင်စိတ်ပေါက်လာတယ် … ဒီလိုပါ … အခုရေးထားတဲ့အထဲမှာ သောတပန်စိတ်ဆိုပြီး ရှင်းပြထားပါတယ် … အဲဒီမှာ အမြတ်စားမဟာသောတပန်က တစ်ဘဝထဲနဲ့ နိဗာန်ကို မျက်မှောက်ပြုလို့ရတယ်ဆိုတာက ကြားထဲကအဆင့်တွေကို ချုံ့ပြီးပြောလိုက်တာလို့ ထင်မိပါတယ် … မဂ်လေးတန် ဖိုလ်လေးတန် လို့ ဆိုတယ်မဟုတ်လား … သေခါနီးမှာ နိဗာန်ကိုအာရုံပြုတဲ့စိတ်ဖြစ်ပြီး တရားမှတ်ရင်း သဂဒါဂါမိမဂ်၊ သဂဒါဂါမိဖိုလ်၊ အနာဂါမိမဂ်၊ အနာဂါမိဖိုလ် ထပ်မံရပြီးနောက် အရဟတမဂ် အရဟတဖိုလ်နဲ့ ရဟန္တာဖြစ်ပြီးမှသာ ဘဝအားလုံးပြတ်ပြီး နိဗာန်ကိုမျက်မှောက်ပြုနိုင်ပြီလို့ ဖြည့်စွက်ဆွေးနွေးလိုက်ချင်ပါတယ် …

    • bigcat

      December 25, 2010 at 6:02 am

      အဲဒါတော့တိဝူးဗျ။ ဆရာတော်တရားထဲမှာလည်း အဲဒီလိုမပါ၊ စာတတ်ဆရာတော်တပါးရေးတဲ့ ပိဋကတ်တော်ကိုမှီငြမ်းတဲ့ စာအုပ်တအုပ်ထဲမှာ သောတာပန်အစားစားကိုလိုက်လို့ ကျန်သေးတဲ့ဘဝတွေကွာတာကို တွေ့တယ်။ စာအုပ်တော့မမှတ်မိတော့ဘူး။ သိသူများရှင်းပြနိုင်ရင် ကျေးဇူးတင်ပါ၏။ မဝေပြောသလိုမျိုး အန်တီဆူးလည်း ပြောဖူးပါတယ်။ ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ကျနော်ရေးတဲ့သဘောကလည်း အဲဒီသဘောမျိုးပါပဲ။

Leave a Reply