Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရတနာပုံ ဝက်ဘ်ပေါ်တယ် DDoS နည်းဖြင့် Cyber Attack တိုက်ခိုက်ခံရ(Starting of Myanmar Cyber war)

smytu1996October 25, 20101min2539

ရတနာပုံဝက်ဘ်ပေါ်တယ်ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာတွင် အမေရိကန်ဒေါ်လာ ၂ သန်း ကုန်ကျခဲ့သည်။ ထိုကုန်ကျစရိတ်များကို စစ်အစိုးရ၏ စီးပွားရေးခေါင်းဆောင်ဟုပင် ခေါ်ဆိုနိုင်သော ဦးတေဇက နောက်ကွယ်မှ ငွေကြေးပံ့ပိုးမှု အဓိကပြုလုပ်ပေးနေပြီး ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းအများစုကိုလည်း ၎င်းပိုင်ဆိုင်သည့် E Lite ကုမ္ပဏီက ဆောင်ရွက်ခွင့်ရရှိနေသည်။ အခြားသော ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရွှေသံလွင်ကုမ္ပဏီမှာလည်း MPT နှင့် နီးကပ်သည့် ဆက်ဆံရေးများ ရှိနေပြီး Sky NET DT H ဂြိုလ်တုရုပ်သံစနစ်၊ အင်တာနက်၊ ဖုန်းလိုင်းနှင့် ရုပ်သံစနစ်များ ပါဝင်သည့် Sky NET MPS (Multi-Play Services) များကို လုပ်ကိုင်ဆောင်ရွက်ခွင့် ရရှိထားသည်

ယခု ရက်သတ္တပတ်အတွင်း မြန်မာ နိုင်ငံတွင် အင်တာနက် အ​သုံး​​ပြု​မှု​များ​ အလွန် ဆိုးရွားစွာ အဆင် မပြေ ဖြစ်နေကြောင်း အင်တာနက်  ဆိုင်ပိုင်ရှင်များက ပြောကြားသည်။ ပြည်ပ ဝက်ဘ်ဆိုက်များ ဝင်ရောက်၍ မရဘဲ ပြည်တွင်း ဒိုမိန်း (.com.mm) ဖြင့် ဝက်ဘ်​ ဆိုက်များကိုသာ ဝင်ရောက်​ နိုင်ခြင်း၊ အင်တာနက် အမြန်နှုန်းမှာလည်း အသုံးပြု၍ မရနိုင်​ လောက်အောင် နှေးကွေး​ နေခြင်းနှင့် အင်တာနက်လိုင်း လုံးဝ ပြတ်တောက် သွားခြင်းများ ဖြစ်ပေါ်​ လျှက် ရှိသည်။ ထိုသို့သော အခြေအနေကြောင့် တချို့သော PAC ဆိုင်များမှာ ဆိုင်ပိတ် ထားရသည်အထိ ဖြစ်နေကြောင်း သိရသည်။ အင်တာနက်လိုင်းများ အလွန်အမင်း ဆိုးရွားနေခြင်း အပေါ် မေးမြန်း စုံစမ်းမှုများ ပြုလုပ်သော်လည်း ခိုင်မာ တိကျသည့် အကျိုးအကြောင်း တစ်စုံ တစ်ရာ မသိရှိ ရကြောင်း PAC ဆိုင်များက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ဝန်ကြီးဌာ (MPT) နှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ သတင်းများ အရ ယခုကဲ့သို့ အင်တာနက်လိုင်းများ နှေးကွေးနေခြင်း၊ လုံးဝ ပြတ်တောက် သွားခြင်းများမှာ မကြာသေးမီက တရားဝင် အခမ်းအနားဖြင့် လွှင့်တင်လိုက်သည့် ရတနာပုံ ဝက်ဘ်ပေါ်တယ် (www.yatanarpon.com.mm) မှာ DDoS နည်းဖြင့် Cyber Attack တိုက်ခိုက်ခံရရာမှ MPT ၏ ISP ဆာဗာများပါ တိုက်ခိုက် ခံရသကဲ့သို့ ဖြစ်သောကြောင့်ဟု ဆိုသည်။

9 comments

  • ဆူး

    October 25, 2010 at 9:45 am

    ဟေလားကွယ် မောင်တို့.. ဟေလားကွယ် မောင်တို့.. (မေဆွိအမေ ဒေါ်မြင့်မြင့်ခင် သီချင်းဆိုကြည့်တာ)

  • intro

    October 25, 2010 at 12:09 pm

    Connection နှေးစေမယ့် ဘယ်လို ကိစ္စမျိုးကိုမဆို မကြိုဆိုဘူး၊ မထောက်ခံဘူး၊ Online Game တွေ မဆော့ရရင် ဘယ်လို ဒေါသထွက်မှန်း မသိဘူးနော်… Gamer အားကြီး စိတ်ညစ်တယ်… 🙁

  • PaukPhaw

    October 25, 2010 at 2:02 pm

    DDoS ?
    အင်းလေ..
    DDoS ဆိုလဲ DDoS ပေါ့

    ဒါဆို
    Attackers တွေပဲ တော်တော်ဇွဲကောင်းတာလား
    သို ့မဟုတ် သူတို ့ရဲ့ DDoS Tools တွေကပဲ လက်ဇောင်းထက်နေလို ့ ဒီနေ ့အထိ
    ကျနော်တို ့ ဒုက္ခရောက်နေရတာလား စဉ်းစားလို ့မရဘူး..ဗျ

    ပြီးတော့ ဒီအချိန်ထိ တိုက်ခိုက်ခံနေရတာတောင် ကာကွယ်ဖို ့ နည်းလမ်း မတွေ ့ ့ကြသေးဘူးလား

    ပြောကိုပြောချင်တော့ပါဘူး..

  • naywoonni

    October 25, 2010 at 2:11 pm

    အပြုနဲ့အဖျက်
    အလင်းနဲ့အမှောင်
    အဖြူနဲ့အမဲ
    ဆန့်ကျင်ဘက်အတွဲတွေနဲ့ကမ္ဘာ
    လုပ်ချင်တာသာကြည့်ပြီး
    နည်းပညာအားနဲရင်တော့
    ခံရမှာပေါ့

  • Gomenasai

    October 25, 2010 at 6:34 pm

    ဟုတ်ရဲ့လား ဟုတ်ရဲ့လား (သီချင်း ဆိုတာပါ)

  • kai

    October 25, 2010 at 6:43 pm

    ရတနာပုံပေါ်တယ်က..နိုင်ငံတော်အဆင့်ဆိုတော့…IP Address တွေရိုက်သတ်လို့တောင်မကုန်အောင်ရှိတာ..။
    ပညာရှင်တွေလည်း အများကြီးပဲ..။ ဒီဒီအိုအက်စ်ကြောင့်သိပ်မဖြစ်နိုင်ပါဘူး..။
    ဖြစ်ချင်းဖြစ်..။ အက်စ်အမ်ကေ ဖြစ်မှာ..
    ေ-ာက်မြင်ကပ်လေ..။ SMK

  • snique

    October 26, 2010 at 5:48 am

    PORTAL တစ်ခု လုံးကို DDOS သီးသန် ့ နဲ ့ တိုက်နိုင်တယ်ဆိုရင် အဲဒီ attacker တွေ တော်လွန်းလို ့ ဒါမှ မဟုတ် PORTAL က လူတွေ ညံ ့လွန်းလို ့ပဲ ဖြစ်မှာ ပါ။ း)

  • phome paing

    February 29, 2012 at 7:18 pm

    ရွေးကောက်ပွဲက ဧပြီ လဆိုတာ သတိမမေ့ရန်လိုပါတယ်၊အင်တာနက် ကို ဘယ်မှ အသုံးပြု မယ်ဆိုတာသိနေတယ်လေ၊ ဆက်ကြောင်းကြီး sea me we-3 ကလည်း india မှာသွားပြင်ဖို့
    ကလည်းမဖြစ် နိုင်၊ မေလ ကျော် လောက်ရောက်ရင်တော့ပြန်ကောင်းသွားမယ်ထင်ပါတယ်။

Leave a Reply