Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မလေးရှားတွင် မြန်မာမိန်းကလေးတဦး အသတ်ခံရခြင်း

ဂ်စ္စူNovember 5, 20101min48611
မြန်မာအချင်းချင်းပေမဲ့ ယုတ်မာပြီး အနိုင်ကျင့် ထားသည့် လူသတ်မှုသတင်းလေးဖြစ်ပါတယ်။
ကြားရတာတော့ စိတ်ဆင်းရဲစရာပါပဲဗျာ။
တစ်ကယ်ဟုတ်မဟုတ်တော့ မလေးကလူတွေပဲ သိပါလိမ့်မယ်။
ဒါပေမဲ့ လူသတ်မှုနဲ ့ပတ်သတ်ပြီး ဖြစ်နိုင်ခြေတော့ တော်တော်များတယ်ခင်ဗျာ။ဒါကြောင့် ကူညီနိုင်ရင် ကူညီလို ့ရအောင် ကျနော်
နေ ့သစ် သတင်းဋ္ဌာနမှ ကူးယူဖြန် ့ဝေလိုက်ပါသည်။

လေးစားရပါသော online မှသူငယ်ချင်းများ၊
မလေးရှားမှာရှိသောလူမှုအဖွဲ့အစည်းမှ လူကြီးလူကောင်းများ၊ မလေးရှားနိုင်ငံအတွင်းရှိ Johor ပြည်နယ်မှသူငယ်ချင်းများကို အဓိကထားပြီး အကူအညီတောင်းခံလိုပါတယ်။

ကျွန်မကိုယ်ကျွန်မမိတ်ဆက်ပေးပါရစေ။ ရွှေဇင်မျိုးပါ။ နှင်းနုအေးနဲ့ တမြို့တည်းနေထိုင်သူတစ်ယောက်ပါ။ မလေးရှားကိုထွက်လာတော့လည်း အတူတူ၊ အလုပ်တော့လည်းအတူတူ၊ အိပ်တော့လည်းအတူတူဆိုတော့ သူ အကြောင်းတော်တော်မျုားများကို ကျွန်မကို အသိပေးတိုင်ပင်ပါတယ်။ ဒါကြောင့် ကျွန်မသူငယ်ချင်းအသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး မကျေနပ်တဲ့အတွက် သူငယ်ချင်းများနဲ့ သက်ဆိုင်ရာလူကြီးများကို အသိပေးပြီး လုပ်သင့်တာကိုလုပ်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

ကျွန်မတို့အကြောင်း နည်းနည်းပြောပြပါရစေ။ မလေးရှားကိုရောက်ပြီး ၆-လလောက်နေတော့ နှင်းနုအေးက ချစ်သူတစ်ယောက်ရခဲ့ပါတယ်။ အဲဒီချစ်သူ အမည်က(ပြည့်ဖြိုး၊ ပြင်ဦးလွင်သား)တစ်ယောက်ပါ။ ပြည့်ဖြိုးဆိုတဲ့ကောင်အကြောင်း ပြောပြပါမယ်။ ကျွန်မသူငယ်ချင်းနဲ့ကြိုက်ပြီး လင်မယားလို နေထိုင်ခဲ့ကြပါတယ်။ ပြီးတော့ ကျွန်မသူငယ်ချင်းဆီက ပိုက်ဆံချူစားထားတာ RM 4500.00 ရှိပါတယ်။ ပြီးတော့ အဲဒီကောင်ဟာ အမြဲတမ်းအရက်သောက် ၊ဖဲရိုက် ၊ဖုန်းလု၊ ဆေးခြောက်ရောင်း။ ပြီးတော့ မူးပြီးပြန်လာရင် နှင်းနုကိုပါးရိုက် ပိုက်ဆံအတင်းတောင်း အမြဲလုပ်ပါတယ်။ သူရဲ ့အလုပ်က စားသောက်ဆိုင်တခုက အကြော်ဆရာအကူလို့ သိရပါတယ်။ ဘယ်တော့မှ လိပ်စာကိုအတိအကျ မပေးပါဘူး။

အခုအချိန်မှာ ဘယ်သူမျက်နှာမှ ထောက်စရာမလိုတော့ဘူး။ သူ့အကြောင်းကောင်းကောင်းသိခြင်ရင် JB က Crystal Crown Hotel ရှေ့က မြန်မာဆိုင်တွေမှာ သွားစုံစမ်းလို့ ရပါတယ်။ အောင်မြန်မာ၊ ရွှေကမ္ဘာ ၂ (ဖုန်း 073359424) တွေမှာ အရက်အမြဲသောက်လေ့ရှိပါတယ်။ စားသောက်ဆိုင်မှာလုပ်တဲ့ ပြင်ဦးလွင်က ပြည့်ဖြိုးဆို လူတိုင်းသိပါတယ်။ သူကိုဆက်သွယ်ခြင်တယ်ဆို (hp:0167563264/0127829610) မဟုတ်တာလုပ်တဲ့လူဖြစ်တဲ့အတွက် ဖုန်းကို 2line ကိုင်ထားပါတယ်။

အဲဒီလိုနေရင်းနဲ့ ကျွန်မသူငယ်ချင်းမှာ ကိုယ်ဝန်ရလာပါတယ်။ ပြသနာစလာတယ်ဆိုရင် မမှားပါဘူး။ ကျွန်မသူငယ်ချင်းက မိဘတွေကိုဖွင့်ပြောပြီး လက်ထပ်ကြရအောင်ပြောတော့ ပြည့်ဖြိုးဆိုတဲ့ကောင်က ဘာပြောလည်းဆိုတော့ ငါနင့်ကိုတကယ်ချစ်ခဲ့တယ်လို့ ထင်နေတာလား။ ငါ့မှာ မိန်းမရှိတယ်။ နိုင်ငံခြားမှာနေတုန်း နင့်ကိုအပျော်တွဲခဲ့တာ။ နင့်ကို မယူနိုင်ဘူး။ နင့်ဗိုက်ကိုလည်းဖြတ်ချလိုက်၊ ငါတာဝန်မယူနိုင်ဘူး။ နင့်ပိုက်ဆံလည်း ပြန်မပေးနိုင်ဘူး။ တိုင်ချင်တဲ့နေရာတိုင်၊ စောက်ဂရုမစိုက်ဘူး။ နင်ငါကိုဘာကောင်မှတ်နေလဲ။ ဒီကိစ္စတွေကိုလျှောက်ပြောရင်နင့်ကိုငါသတ်ပစ်မယ်။ ပြီးတော့ ငါမှာ အခုချစ်သူတစ်ယောက် ရှိနေပြီ။ နင့်ထက်ပိုက်ဆံပိုရှာနိုင်တယ်။ နင်နဲ့ငါတို ့အကြောင်းကို သိသွားတဲ့နေ့ နင့်ကိုငါလာပြီး သတ်ပြမယ်။ နင်ကို ငါမလုပ်ရဲဘူးမထင်နဲ့နော်။ အဲဒီလိုအမြဲ ကျိမ်းနေခဲ့ပါတယ်။ သူပိုက်ဆံလိုတဲ့အခါ၊ ဖဲရှုံးတဲ့အခါ၊ အရက်ဖိုးမရှိတဲ့အခါ နှင်းနုဆီလာပြီး ပိုက်ဆံလာလာတောင်းပါတယ်။

နှင်းနုကို သတ်တဲနေ့ကအကြောင်း ပြောပြပါမယ်။ 25/10/2010 ည-၁၁နာရီလောက် နှင်းနုဆီကို ပြည့်ဖြိုးရောက်လာပါတယ်။ အရက်တွေ အမူးလွန်နေပါတယ်။ အပြင်မှာတခုခုစားရင်း စကားပြောချင်တယ်ဆိုပြီး ခေါ်ထုတ်သွားပါတယ်။ ကျွန်မက နှင်းနုကို သတိပေးလိုက်ပါတယ်။ ဖုန်းဖွင့်ထားဖို့ မှာလိုက်ပါတယ်။ ဘယ်နေရာကို ခေါ်သွားတယ်ဆိုတာတော့ ကျွန်မမသိပါဘူး။ သူတို့နှစ်ယောက် စကားများကြပါတယ်။ သူ ့ရဲ ့ နောက်ကောင်မက သူ့ကိုဖြတ်ဖို့ပြောတယ် ဆိုတဲ့အကြောင်း။ ပြီးတော့နောက်ကောင်မဆီက လိုသလောက်ငွေမရဘဲနဲ့ မဖြတ်နိုင်ကြောင်း၊ သူ့ကိုဖြတ်ဖို့ပြောတာဟာ နှင်းနုကြောင့်ဆိုပြီး ပြသနာရှာပါတယ်။ နောက်ပိုင်းစကားများကြတယ်။ ကျွန်မလည်း ဖုန်းနားထောင်ရင်း အသံပျောက်သွားပါတယ်။ ကျွန်မ ထင်တာပိုက်ဆံကုန်တယ်ပေါ့။

အဲဒီညက နှင်းနုပြန်လာမအိပ်ပါဘူး။ ၂-ရက်လောက် ပြန်လာမအိပ်ပါဘူး။ ဖုန်းခေါ်လည်း မကိုင်တော့ဘူး။ ကျွန်မကတော့ အဆင်ပြေသွားကြပြီလို့ ထင်လိုက်တာ။ 29/10/2010 နေ့ မှာ လမ်းကအမှိုက်ပုံမှာ လူသေအလောင်းတစ်ခု တွေ့တယ်ဆိုလို့ သွားကြည့်လိုက်တာ နှင်းနုရဲ့အလောင်း ဖြစ်နေတယ်။ ဆွဲကြိုးလည်းမရှိတော့ဘူး၊ လက်စွပ် ၂-ကွင်းလည်း ပျောက်နေတယ်။ ပြီးတော့ သူ့အလောင်းဘေးမှာ ပြည့်ဖြိုးလွယ်နေကြ ကျောပိုးအိပ်ကိုတွေ့ပါတယ်။ နှင်းနုဖုန်းကိုကြည့်လိုက်တော့ SIM card မရှိတောဘူး။

ကျွန်မအတိအကျပြောရဲတာကတော့ နှင်းနုကိုသတ်တာ ပြည့်ဖြိုးကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ဘူး။ အခု ပြည့်ဖြိုး သူငယ်ချင်းတွေ ပြောပြတာကတော့ JB ကနေပြေးဖို့စီစဉ်နေတယ်။ လူတိုင်းကို ဆိုင်ပြောင်းရမယ်လို့ သတင်းလွှင့်ထားပါတယ်။

ဒီလောက်ယုတ်မာနေတဲ့ကောင်ကို မလေးရှားမှာရှိနေတဲ့လူမှုအဖွဲအစည်းတွေက ဘာမှမလုပ်နိုင်ကြတောဘူးလား။ ဘာဖြစ်လို့ မျက်စိကန်း၊ နားပင်းနေကြတယ်ဆိုတာ စဉ်းစားလို့မရဖြစ်နေမိပါတယ်။ ကူညီကြပါလို့ တောင်းဆိုလိုက်ပါရစေ။

ပြည့်ဖြိုး (0167563264/0127829610)

အဲဒီအကောင်ဆီ ဖုန်းခေါ်မယ်ဆိုရင် မိန်းကလေးခေါ်တာ ပိုပြီးအဆင်ပြေပါလိမ့်မယ်။

ကျွန်မ Mailအတွက် ကျွန်မတာဝန်ယူပါတယ်။ always online မှာကျွန်မရှိနေပါတယ်။ မြန်မာအချင်းချင်း ဒီလောက်ယုတ်မာနေတာကို ကြည့်မနေကြပါနဲ့။ Online မှသူငယ်ချင်းများ၊ Malaysia ရှိအဖွဲ့အစည်းအားလုံး ကူညီဖြေရှင်းပေးကြပါလို့မေတ္တာရပ်ခံအပ်ပါတယ်။

အချိန်မီ JB ကထွက်မသွားခင် ရအောင်ဖမ်းပြီး ထောင်ချလိုက်ကြပါ။

လေးစားစွာဖြင့်
ရွှေဇင်မျိုး
(forward mail မှရပါသည်။  ယခုကိစ္စအား အပြည့်အစုံသိပြီး အသတ်ခံရသူမိန်းကလေးအတွက် တခုခုဆောင်ရွက်လိုပါလျှင် ကျော်ထူးအောင် 017 299 6989 သို့ဖုန်းခေါ်ပါ)

11 comments

  • tunaung

    November 5, 2010 at 12:58 pm

    စိတ်မကောင်းစရာသတင်းပါနော်…..

  • ဆူး

    November 5, 2010 at 2:12 pm

    မနှင်းနုအေး ကောင်းရာ မွန်ရာ ရောက်ပါစေ

  • True Faith

    November 5, 2010 at 2:30 pm

    ဒီကိစ္စသာ သေချာတယ်ဆိုရင်တော့ ဒီကောင်ဟာ တော်တော်ကို အောက်တန်းကျ မိုက်ရိုင်းစုတ်ပဲ့တောင် ကောင်ပဲ။ နှမချင်း မစာမနာဗျာ။ ကျနော် ဒီကိစ္စကို မလေးက သူငယ်ချင်းတွေကို မေးပြီး စုံစမ်းကြည့်မယ်ဗျာ။ သေချာတယ်ဆိုရင်တော့ ဒီစာကို အင်္ဂလိပ်လို မလေးရှားက လူ့အခွင့်အရေး လှုပ်ရှားသူတွေ၊ ရဲ နဲ့ ပြည်ထဲရေးကို တိုင်ပစ်မယ်။

  • bigcat

    November 6, 2010 at 12:15 am

    ဖတ်ရတဲ့ အဖြစ်အပျက်အတွက် ကျန်ရစ်သူ မိသားစု၊ မိတ်ဆွေများအတွက် စိတ်မကောင်းပါ။ တခုကိုတော့ မရှင်းလို့ မေးပါရစေနော်။ မရွှေစင်မျိုးက သူ့သူငယ်ချင်းနှင်နု ကိုပြည့်ဖြိုးနဲ့ စကားများနေတဲ့ အချိန်မှာ ဖုန်းလိုင်းပေါ်ကနေ ကြားနေရတယ်ဆိုတော့ မလေးရှားရဲက ဖုန်းစကားပြောရီကော့ မှတ်တမ်းကို မလိုက်ဘူးလား။ ဘာလို့လဲဆိုတော့ အဲဒီလူက မနှင်းနုမသေခင်မှာ နောက်ဆုံးထိတွေ့ ဆက်ဆံခဲ့သူဆိုတဲ့ အထောက်အထားရှိလို့ပါပဲ။ မရွှေစင်နုကိုရောရဲက ဘာမှလာစစ်ချက်မယူဘူးလား။

    ကျေးဇူးတင်ပါတယ်။
    စီအိုင်ဒီကြောင်ကြီး

  • naywoonni

    November 6, 2010 at 7:30 am

    မြန်မာမိန်းကလေးတွေကိုတစ်ခုပြောချင်တာကကိုယ့်မြေပေါ်မှာပဲနေပြီး
    ကိုယ့်ရေကိုယ်သောက်။ကိုယ်မြေပေါ်မှာပဲ……………………………….
    အတတ်ပညာတွေနဲ့စွန်ခွာသွားမဲ့သူတွေမပါဘူးနော်

  • KoNyeinChan

    November 6, 2010 at 10:20 am

    မလေးရှားက ရဲတွေအနေနဲ ့လဲ လူသေ/လူသတ်မှုဖြစ်ရင် သေသူ ဘယ်သူဘယ်ဝါ၊ ဘာကြောင့်သေရတယ်၊ ဘယ်သူနဲ ့နောက်ဆုံးဆက်သွယ်မှု ရှိခဲ့တယ်ဆိုတာတွေကိုစုံစမ်းပါတယ်။ အသတ်ခံရသူနဲ ့ပတ်သက်တဲ့ သူငယ်ချင်း၊ ဆွေမျိုးတော်စပ်သူတွေကိုလဲ ဆက်သွယ်စုံစမ်းမေးမြန်းပါတယ်။ အကယ်၍ သေဆုံးသွားသူဟာ ဘယ်သူလဲဆိုတာ လုံးဝ စုံစမ်းလို ့မရမှသာ အမှုကို ဆိုင်းငံ့/ပိတ် လိုက်ပါတယ်။ အခုဆိုရင် မရွှေဇင်မျိုးနဲ ့ အသတ်ခံရသူဟာ တစ်ယောက်နဲ ့တစ်ယောက် အနီးကပ်ဆုံးသူတွေဖြစ်နေကြတာကို ရဲက မရွှေဇင်မျိုးဆီက စစ်ချက်လာမယူဘူးလား? အကယ်၍ ရဲကသေသူဘယ်သူဖြစ်တယ်ဆိုတာ စုံစမ်းလို ့မရခဲ့သေးရင် ဘာကြောင့်မရွှေဇင်မျိုးအနေနဲ ့ရဲစခန်းသွားပြီးဖြစ်ကြောင်းကုန်စင်(သိကြောင်းကုန်စင်) သတင်းမပေးတာလဲ? ပြီးတော့ ကျော်ထူးအောင်ဆီကို အကြောင်းရှိရင်ဖုန်းဆက်ခိုင်းတာ ဒီကိစ္စအားလုံးကို သူလဲသိလျက်သားနဲ့ဘာကြောင့် ရဲဆီ သတင်းမပို ့ရတာလဲ? ဖြစ်နိုင်ရင် ဖုန်းနဲ ့ဖြစ်ဖြစ်ရဲဆီ သတင်းပေးလိုက်ပါ။သေဆုံးသွားသူရဲ ့သတင်းကြားရတာ သနားစရာပါ။ အကယ်၍ လိုအပ်ရင်အသုံးပြုဖို ့အတွက် ဖုန်းနံပါတ်လေးတွေ ပေးလိုက်ပါတယ်။ သိရသလောက်ဖြည့်စွက်ပြောရရင် မလေးရှားရဲက နိုင်ငံသား/နိုင်ငံခြားသား မခွဲခြားပါဘူး။ အမှုဖြစ်လာခဲ့ရင်တတ်နိုုင်သလောက်စုံစမ်းအရေးယူကြပါတယ်။
    Johor Bahru Police Station- 07 2373 222, 07 387 3122, 07 225 4422, 07 2232222
    မြန်မာသံရုံး- 03 4251 4455

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 6, 2010 at 11:01 am

    အဲ့လိုလည်း လွယ်လွယ်မပြောနဲ ့လေ CID ကြောင်ကြီးရဲ ့
    IP အောင်ပုတို ့လိုက်ခဲ့တဲ့ အမှု ့တွေထဲမှာ ဒါတွေက ဘေဘီဂိမ်းတွေပါ
    တစ်နယ်တစ်ကျေးမှာ ခြောက်လနဲ ့ ဘဲတစ်ပွေရတဲ့ သေဆုံးသူနဲ ့ တစ်ရားလို ကိုလည်းလျှော့တွက်လို ့မရဘူးလေ
    ပြည်ပဆိုတာ အိမ်ဦးနဲ ့ကြမ်းပြင်ဖြစ်နေတဲ့ IP အောင်ပုတို ့ရွှေတွေတွက် အရေးကြုံရင် လက်မနှေးကြပါဘူး
    လူကောင်တောင်သိနေမှတော့ ရဲဆိုတာမလိုတော့ပါဘူး
    မိန်းမမာယာတွေကိုလည်း လျှော့မတွက်လေနဲ ့
    ဒီကိစ္စကို IP အောင်ပု ရဲ ့ တပည့်တွေက မကြာမီ ဖော်ထုတ်ပြပါလိမ့်မယ်

  • PaukPhaw

    November 6, 2010 at 12:38 pm

    မလေးရဲ တွေကလဲ မြန်မာရဲတွေလိုပါပဲသတဲ့..
    အာတကေ မရတဲ့အမှု သိပ်ဖီးလ် မလာဘူးဆိုလားပဲ
    ဘာပဲပြောပြော လူသေမှုတစ်ကယ်ဖြစ်ခဲ့တယ်ဆိုရင်
    အဲ..သကောင့်သားကိုတော့ အရင်ရှာထားသင့်တယ်ခင်ည
    ပြီးရင် စစ်ဆေးမှုပြုပြီး တစ်ကယ်မသတ်ဆိုင်တော့မှ ပြန်လွှတ်ပေးသင့်တယ်

    ရွှေစင်မျိုးဆိုတဲ့ အမိကလဲ လေထုထဲလာပြီး အကူအညီလာတောင်းရတယ်လို ့ဂျာ..တစ်ကယ်မဟုတ်ပဲ လျှောက်ဖွလို ့ကတော့ နင်နဲ ့ နာနဲ ့တွေ ့ပြီသာမှတ်
    ဟွင့်..။

  • Phyo

    November 6, 2010 at 7:19 pm

    တခြားနိုင်ငံတွေမှာ သွားပြီးတော့ အလုပ်လုပ်နေရတဲ့ မြန်မာတွေရဲ့ ဘဝက တကယ့်ကို ရင့်နင့်စရာကောင်းပါတယ်ဗျာ… ဒီလိုမျိုးပဲ အိန္ဒိယမှာလည်း ရွှေ့ပြောင်းအလုပ်သမား မြန်မာလေးနှစ်ယောက်က အိန္ဒိယက နွားနို့ပို့တော့ ကောင်မလေးကို ဝိုင်းပြီး မုဒိမ်းကျင့်လိုက်လို့ အဲဒီနေရာမှာရှိတဲ့ မြန်မာတွေ အကုန်လုံး ဒုက္ခရောက်မယ့်ကိန်းဆိုဒ်နေတာလည်း ရှိသလို ထိုင်းနိုင်ငံမှာလည်း လွန်ခံတဲ့ နှစ်ကပဲ မြန်မာရွှေ့ပြောင်းအလုပ်သမား ကောင်လေးနှစ်ယောက်က ထိုင်းက တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ကို မုဒိမ်းကျင့်ပြီး သတ်ဖြတ်လိုက်တဲ့အတွက် အဲဒီနေရာက ကျောင်းသားတွေ ဝိုင်းဝန်းဆန္ဒပြလို့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေစရာ နေရာမရှိအောင်လည်း ဖြစ်ခဲ့သေးတယ်ဗျာ… အဲလိုမျိုးတွေ လုပ်နေကြတော့ တခြားနိုင်ငံကလူတွေက မြန်မာဆိုတာနဲ့ နေရင်းထိုင်ရင်းကို အထင်မြင်သေးခြင်းကို ခံရတော့တာပေါ့ဗျာ… လူတယောက်ချင်းစီရဲ့ အကျင့်စာရိတ္တ အပြုအမူကြောင့် ကိုယ့်ရဲ့ နိုင်ငံလူမျိုး တစ်ခုလုံးကိုပါ ထိခိုက်အစော်ကားခံရမယ့် အရေးတွေပေါ့

  • cobra

    November 7, 2010 at 9:02 am

    သူများနိုင်ငံရောက်နေတဲ့ ကိုယ့်လူမျိုးချင်းမစောင့်ရှေက်တဲ့အပြင်
    စောက်ကျင့်ပါရုပ်လိုက်သေးတယ်…
    ခွေးမျိုးကတော့ခွေးကျင့်…ကျင့်မှာပဲ..။
    ခွေးမသားပြင်ဦးလွင်သားပြည့်ဖြိုး..။

  • Cuper

    November 12, 2010 at 8:32 am

    သေသွားတဲ့အမလေး သနားပါတယ်။ နိုင်ငံခြားသွားရင်တောင် သတိနဲ့သွားရမှာနော်။ ကို့မြေကလူ ဆိုပြီး အယုံမှားသွားရင်တော့ သွားမှာပဲ လို့ထင်တာပဲ။
    မနှင်းနုအေး သနားပါတယ်။ …

Leave a Reply