Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“ရွေးကောက်ပွဲ” အပြီးနောက်တနေ့ဝယ်…

maungmoenyoNovember 7, 20101min55219

မောင်မိုးညိုကတော့ဒီလိုတွက်မိပါတယ်…

(၁) အမျိုးသားလွှတ်တော်နဲ့ပြည်ထောင်စုလွှတ်တော်၊ ပြည်နယ်နဲ့တိုင်းဒေသကြီးလွှတ်တော်အဆင့်တွေမှာဝင်အရွေးခံတဲ့ ကြံ့/ဖွံ့ပါတီဝင်တွေကမဲအပြတ်အသတ်နိုင်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့မဲလိမ်လို့သိပ်အဆင်ပြေလို့ပါ။

(၂) ခရိုင်၊နဲ့အထူးသဖြင့်မြို့နယ်နဲ့ရပ်ကွက်ကျေးရွာတွေမှာရှိတဲ့ကြံ့/ဖွံ့တွေကတော့အခက်အခဲနဲနဲပါးပါးရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့မဲလိမ်ရင်လဲပေါ်တင်ကြီးဖြစ်နေမှာမို့ပါ။

(၃) ရန်ကုန်မှာရှိတဲ့သံတမန်နဲ့ကုလသမဂ္ဂနဲ့စာနယ်ဇင်းတွေကိုဖိတ်ကြားပြီးဖြစ်လို့သူတို့ကိုလုပ်ဇာတ်တိုက်ထားပြီးဖြစ်တဲ့မဲရုံတွေမှာ၊ စစ်တပ်နဲ့ကြံ့/ဖွံ့ကကြည်ခြေနီ/မီးသတ်ဝတ်စုံတွေခါတော်မှီလဲထားကြတဲ့လံကြုတ်တွေနဲ့မဲထဲ့တာကိုပြပြီးအတင်းဓါတ်ပုံတွေရိုက်ခိုင်းပါလိမ့်မယ်။ မဲထဲ့တာတွေ၊ မဲဆန္ဒရှင်တွေကိုငွေမြက်မြက်ကလေးပေးပြီး “လွတ်လပ်ပြီးတရားအမျှတဆုံးမဲထဲ့ရလို့ဂုဏ်ယူပါတယ်”ဆိုတာပြောခိုင်းပါလိမ့်မယ်။ ပြုံးပြုံးရွှင်ရွှင်ရယ်မောတဲ့ပုံတွေဓိတ်ပုံရိုက်ခိုင်းပါလိမ့်မယ်။ မဲရေတွက်တာ၊ မဲပုံးကိုသွန်မှောက်ပြတာတွေဓါတ်ပုံရိုက်ခိုင်းပါလိမ့်မယ်။ ပြီးတော့သူတို့အသင့်ပြင်ထားပြီးတဲ့သတင်းကိုထဲ့ခိုင်းပါလိမ့်မယ်။ ဒါပေမဲ့အခြားမဲရုံတွေကိုတော့သံဝန်ထမ်းအပါအဝင်စာနယ်ဖင်းသမားတွေသွားခွင့်ရမယ်မဟုတ်ပါဘူး။ အကြောင်းပြချက်ကတော့ရှင်းပါတယ်။ မဲဆန္ဒရှင်တွေရဲ့လွတ်လပ်စွာမဲပေးခွင့်ကိုမထိခိုက်စေရဆိုတဲ့ဥပဒေနဲ့ကိုင်ပေါက်ပါလိမ့်မယ်။

(၄)နောက်တနေ့သတင်းတွေမှာကြံ့/ဖွံ့ကအပြတ်အသတ်နိုင်ကြောင်းတွေ့ရပေမဲ့၊ ဗိုလ်သိန်စိန်အပါအဝင်ထိပ်တန်းရွေးကောက်ပွဲဝင်ဗိုလ်ချုပ်များရဲ့မျက်နှာမှာသိပ်ထူးခြားတဲ့စိတ်လှုပ်ရှားမှုတွေတွေ့ရမယ်မထင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့သူတို့ကအလိုအလျောက်နိုင်ပြီးသားဆိုတာအပိုင်စီစဉ်ထားပြီးဖြစ်သလို၊ အလိုအလျောက်ရခွင့်ရှိတဲ့အခွင့်အရေးလို့သူတို့ကိုယ်သူတို့သတ်မှတ်ထားကြလို့ပါ။ အောက်ပိုင်းအဆင့်မှာနဲ့ဒေသတွေမှာအရွေးခံကြသူတွေသာအောင်ပွဲခံကြမှာပါ။

(၅) ရွေးကောက်ပွဲဝင်တဲ့အခြားအတိုက်အခံပါတီများကတော့ရွေးကောက်ပွဲရလာဒ်များကိုကန့်ကွက်ကြောင်း၊တရားရုံးမှာတင်မှာဖြစ်ကြောင်း၊ ကော်မရှင်ကိုကန့်ကွက်မှာဖြစ်ကြောင်း၊ ကုလသမဂ္ဂနဲ့နိုင်ငံတကာကိုတိုင်မှာအသိပေးမှာဖြစ်ကြောင်းအသံသေးအသံကြောင်တွေနဲ့ထအော်ကြရင်းကြာတော့မောသွားပါလိမ့်မယ်။ ရွေးကောက်ပွဲပြီးတာနဲ့ရုံပုံငွေကိုင်တွယ်တဲ့ကိစ္စတွေနဲ့စကားစများကြပါလိမ့်မယ်။ အနစ်နာခံကြသူတွေအချင်းချင်းကွဲကြပြဲကြဖြစ်ကြပါလိမ့်မယ်။ သူတို့ရဲ့နိုင်ငံရေးလုပ်ကွက်တွေကသူတို့ရဲ့နောက်ကြောင်းနိုင်ငံရေးကြိုးပမ်းအားထုတ်ချက်အားလုံးကိုဖျက်ဆီရာရောက်သွားစေမှာပါ။ ပြီးတော့တပ်မတော်လုံခြုံရေးကညဘက်လာတံခါးခေါက်တဲ့ဒုက္ခကိုစတင်ကြုံကြိုက်ကြရပါလိမ့်မယ်။

(၆) နယ်စပ်တိုင်းရင်းသားဒေသတွေမှာတော့စစ်ဗိုလ်ချုပ်များနဲ့စီးပွားရေးအလွမ်းသင့်ပြီးသားတွေလဲမဲနိုင်ကြပါလိမ့်မယ်။ ယှဉ်ပြိုင်ဘက်တွေမရှိတာလဲပါပါတယ်။

(၇) လုံခြုံရေးကြောင်းရွေူကောက်ပွဲမလုပ်တဲ့ပြည်နယ်ေးသတွေမှာစစ်တပ်ကကိုယ်စားပြုတဲ့စစ်ဗိုလ်တွေကအလိုအလျောက်ကိုယ်စားလွယ်တွေဖြစ်ကြပါအုံးမယ်။

(၈) ဒေါ်စုလွတ်မြောက်လာပြီး၊လူထုနဲ့နီးစပ်ခွင့် ရက်(၉၀)လောက်တော့ရပါလိမ့်မယ်လို့ထင်ပါတယ်။ထင်ပါတယ်။  မသေခြာ(၅၀/၅ဝ % ပါ) ဘာဖြစ်လို့လဲဆိုတော့ရက်(၉၀)အတွင်းမှာအစိုးရဖွဲ့ရမှာမို့၊ စစ်အစိုးရကနိုင်ငံတကာကိုနောက်တကြိမ်သဘောထားကြီးကြောင်းပြဘို့လိုပါတယ်။

(၉) နောင်တက်လာတဲ့ အစိုးရကို(ရက် ၉ဝ အကြာမှာ) ကုလသမဂ္ဂနဲ့နိုင်ငံတကာ(မြောက်ကိုရီးယား၊အီရန်။တရုတ်စတဲ့နိုင်ငံတွေကစပြီး)ကဝမ်းမြောက်ကြောင်းသဝဏ်လွှာတွေသတင်းစာတွေမှာနေ့စဉ်ရက်ဆက်ထဲ့တာတွေ့ရမါလိမ့်မယ်။

(၁၀) နောင်တက်တဲ့အစိုးရမှာဗိုလ်သန်းရွှေပါရင်တော့၊ မဲအရွေးမခံရဘဲရွေးကောက်ပွဲမှာအရွေးခံရတဲ့တစ်ဦးတည်းသောသမ္မတဖြစ်မှာမို့…တကမ္ဘာလုံးကအံ့ဩခြင်းမကအံ့ဩကြပါလိမ့်မယ်။

19 comments

  • PaukPhaw

    November 7, 2010 at 6:33 am

    ကြိုက်သဗျာ….
    ဦးမိုးညိုရဲ့ မှန်းချက်တွေကို

    တစ်ကယ် ကွိတက်ပဲ…

  • winkyawaung

    November 7, 2010 at 6:42 am

    မလွတ်လပ်တဲ့ ညစ်ပတ်တဲ့ ရွေးကောက်ပွဲကြီး ယနေ့စတင်ပါပြီ..။ အဖြေကတော့ ချဲထီလောက စကားနဲ့ ပြောရရင် (ဒဲ့မရှော်..တွတ်မပေး.. ဒိုင် မပြေးတဲ့) အပိုင်ပွဲကြီးပါဗျို့..။

  • bigcat

    November 7, 2010 at 6:47 am

    ဗိုလ်သန်းရွှေက နောက်နေ့မှာ ပုံမှန်အတိုင်း တရုပ်သိုင်းကား ဇာတ်ထုတ်ရှည်ကြည့်ပြီး သို်င်းလောကဘုရင်ရူးမြဲ ရူးပါလိမ့်မယ်။ ဗိုလ်မောင်အေးကလည်း ဘီလူးလေဘယ်ပုလင်းကိုဖက်ပြီး မူးမူးနဲ့အိပ်မြဲအိပ်ပါလိမ့်မယ်။ ယူနီဖောင်းချွတ်လိုက်ရတဲ့ ဗိုလ်ပြုတ်ကြီးများကတော့ တောင်ရှည်ပုဆိုး၊တိုက်ပုံနဲ့ခေါင်းပေါင်းဝတ်ဖို့ စကျင့်ကြပါတော့မယ်ခင်ဗျား။

  • smytu1996

    November 7, 2010 at 8:47 am

    Than shwe have already arranged to celebrate victory at Nov 8,2010.Sorry for all failture on election results!

  • smytu1996

    November 7, 2010 at 8:49 am

    ရွေးကောက်ပွဲတွေမှာ ခုချိန်ထိဆိုရင် အားလုံးပါဝင်ခွင့်မရှိတာ၊ ပွင့်လင်းမြင်သာမှုမရှိတာတွေအပေါ် ၊ ဥပမာတွေထဲမှာဆိုရင် ဒီမိုကရေစီခေါင်းဆောင်တွေ ရွေးကောက်ပွဲဝင်ခွင့်မရအောင် ပိတ်ပင် ကန့်သတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေကို ပြဌာန်းခဲ့တာ၊ နိုင်ငံရေးအကျဉ်းသား ၂,၁၀ဝ ကျော်ကို ဆက်ပြီး အကျဉ်းချထားတာ၊ နိုင်ငံတကာက ရွေးကောက်ပွဲလေ့လာသူတွေနဲ့ ပြည်ပသတင်းထောက်တွေကို ခွင့်မပြုတာတွေပါဝင်တယ်။ ဒါ့အပြင် လူမျိုးစုတိုင်းရင်းသားတွေ အများစုနေထိုင်တဲ့ ဒေသအများအပြားမှာ မဲပေးခွင့်မရတာအတွက်လည်း စိတ်ပျက်ရတယ်

  • intro

    November 7, 2010 at 9:46 am

    ခုလောလောဆယ်တော့ ဝင်မပြောချင်သေးဘူး၊ စောင့်ကြည့်နေဦးမယ်…

  • kai

    November 7, 2010 at 9:54 am

    အင်တာနက်ကြီးကောင်းနေတဲ့အဓိပ္ပါယ်က….။ သတင်းတွေ ထွက်လို့ရသည်ပေါ့..။
    ဆိုတော့….။

    အဖြေရှိတဲ့ ပုစ္စာဖြေရတာ ကျုုပ်တော့ အရသာတွေ့တယ်..။ 🙂
    ပြောပါခင်ဗျ..ပြောကြပါ..။ မှားရင်လည်း မလျှော်ခိုင်းပါဘူး..။

  • timothy

    November 7, 2010 at 11:11 am

    ဟုတ်တယ်ဗျို့၊ ဟုတ်ပါ့။ ကျနော်တို့ မဲရုံမသွားဘူး၊မဲမပေးဘူး၊ မတပ်သာတဲ့အခြေအနေမှာပါယ်မဲထဲ့တယ်ဆိုတဲ့ ဗမာ့ထွက်ရပ်-သပိတ်မှောက်တိုက်ပွဲဝင်တွေလဲအောင်မြင်သင့်သလောက်အောင်မြင်ပါတယ်။
    သန်းရွှေရဲ့တနိုင်ငံလုံးစစ်တပ်ကျွန်အဖြစ်သွတ်သွင်းရေးမဟာစီမံကိန်းကြီးအောင်မြင်သွားရင်တော့၊
    သူ့ကိုအများဆုံးပံ့ပိုးပေးတဲ့ Democratic party နဲ့ NDF တို့ရဲ့ကိုယ်ကျိုုးရှာတကိုယ်ကောင်းစိတ်တွေကြောင့်ဘဲ။ သူတို့ကြောင့်လူတချို့မျက်စိလယ်လမ်းမှားပြီးမဲရုံသွား၊မဲပေးလုပ်မိပြီ။ ဗမာတွေရဲ့စစ်တပ်ကျွန်ဇာတာရှည်အောင်ဒီကောင်တွေလုပ်လိုက်ကြပြီ။ မဲရုံသွားမိတော့မဲရုံမှာလူတွေရှိ၊အဲဒီတော့သန်းရွှေရဲ့မဲပေးပွဲလုပ်ဇာတ်ကတရားဝင်လူတွေကထောက်ခံသလိုလိုပေါ့။
    မဲပေးမိတော့ သန်းရွှေရဲ့အောက်လမ်းမျက်လှဲ့တန်ခိုးနဲ့၂ဆ၃ဆ တိုးပြီးစစ်တပ်ကမဲတွေထပ်ရပြန်ရော။
    နိုင်ငံတော်ရဲ့အဓိကတရာယ်ခံကေံတာ့သန်းရွှေနဲ့သူရဲ့ကျွန်ပါးဝ Democratic နဲ့ NDF တွေဘဲ။

  • juezinko

    November 9, 2010 at 2:06 am

    ဟုတ်တယ်ဗျို့…………မှန်တယ်ဗျ………မှန်ရင်တော့မှန်တဲ့သူတွေကျမှာနော်……….အမှန်ပြောရင်ထောင်ထဲရောက်မယ်…………ဘာဖြစ်ဖြစ်ပြောသင့်တာတော့ပြောရမှာပဲလေ……….ဟုတ်ဘူးလားဗျာ……???????????

  • noenoe

    November 9, 2010 at 8:12 am

    ဦးမိုညို ကြီးရဲ့မှန်းချက်တွေက ကောင်းလိုက်တာနော်…..း)

  • jemmy fox

    November 9, 2010 at 9:26 am

    ဟုတ်တယ်ဗျိုု့……ကျုပ်တောင်နားယောင်ပြီးသွားထည့်သေးတယ်……မှားတယ်ဗျာ….ခုတော့သူရို့လုပ်ချင်သလိုလုပ်
    ်ပြီကေါ

  • naywoonni

    November 9, 2010 at 1:40 pm

    ရေဘဝဲလေးမရှိလ်ို့စိတ်ညစ်နေတာ
    ကိုမိုးညိုကိုမေ့နေတယ်
    ခုချိန်ထိတော့မှန်တယ်ဗျို့

  • maungmoenyo

    November 11, 2010 at 2:30 am

    နိုင်ငံရေးခေါင်းဆောင်ဟောင်းကြီးတွေရဲ့သမီး(၃)ပါးတတော့သူတို့မိဘတွေလက်နဲ့ရေးခဲ့တဲ့ပြောင်မြောက်လှတဲ့နိုင်ငံရေးသမိုင်းတွေကို၊ သူတို့ခြေထောက်နဲ့ဖျက်ဆီးလိုက်ပါပြီ။ NLD ခွဲထွက်တွေကတော့ပေါက်တဲ့မထူးမထူးပြီမို့၊ စစ်အစိုး၇ရဲ့ပေးစာကမ်းစာလေးတွေခုလောက်ဆိုမျက်စောင်းထိုးလောက်ပါပြီ (အရွေးချယ်ခံများကိုဆိုလိုတာပါ။)အရွေးမခံရသူတွေ (ထိပ်ပိုင်းခေါင်းဆောင်တွေထင်ပါတယ်) ကတော့အသံသေးအသံကြောင်တွေဟစ်ကြတုံးနော်။ သူတို့အတွက်အနာဂါတ်မြန်မာနိုင်ငံမျက်နှာစာမှာနေရာမရှိတော့ပါဘူး။

  • maungmoenyo

    November 11, 2010 at 2:39 am

    ကျွန်တေ်ာစဉ်းစားကြည့်တယ်…..
    ပြည်သူသန်း(၆၀)အပါအဝင်၊ အတိုက်အခံတွေ၊ ပြည်ပအင်အားစုတွေအားလုံးကဘယ်လိုဖြစ်ပြီး ဒီ “ကြိုတင်မဲ” မျက်လှည့်ကိုကြိုမတွေးမိကြတာလဲလို့…..???????
    တော်တော်အထောက်အကူဖြစ်တဲ့ကိစ္စဘဲ…။
    တကယ်ဆိုရင်မဲပေးချိန် မနက်(၈)နာရီကညနေ(၄)နာရီအထိကြားထဲမှာ၊ပြီးတော့မဲရေတွက်တာတောင်နိုင်ငံတကာကိုဖိတ်ပြီးလာစစ်ခွင့်ပေးနိုင်တယ်။
    ပြီးမှ…ကြိုတင်မဲဆိုတဲ့ (ဘယ်ကမှန်းမသိတဲ့အထုပ်ကို)ပေါင်းထဲ့လိုက်ရုံဘဲ။
    ဘယ်လိုမှငြင်းလို့မရတော့ဘူး…။
    ဟုတ်လိုက်လေ…ဗိုလ်သန်းရွှေရယ်…။(ဗိုလ်နေဝင်း နဲ့သခင်နုတို့လည်လှပြီထင်တာ။)

  • Win Naing

    November 11, 2010 at 5:30 am

    ကိုင်း- အဖြေကရှင်းနေပြီ။ ဘာမှပြောလို့တော့မရတော့ဘူး။ ဒါပေမယ့် – သူတို့ရဲ့ အခြေခံဥပဒေမှာ လွတ်တော်ကိုယ်စားလှယ်တွေကို ပြန်ရုပ်သိမ်းနိုင်တဲ့ Rights of Recall ပါတယ်။ အခု ရသွားတဲ့ ကြံ့ဖွံ့တွေ မဲဆွယ်ရံပုံငွေဘယ်လိုသုံးတယ်၊ ဥပဒေနဲ့ညီမညီဆိုတာတွေကို အချက်အလက်နဲ့ တင်ပြပြီး Recall ပြန်လုပ်လို့ရသေးတယ်။ ဒီသူခိုးတွေလုပ်ထားတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ အများကြီးပါ။ ရအောင်ရှာ၊ မိအောင်ဖမ်း၊ ပြည်သူကိုတင်ပြ ပြီး Recall ပြန်လုပ်ကြတာပေါ့။ အဲလိုလုပ်နိုင်ရင် ပိုတောင် အရှက်ကွဲအုန်းမယ်။

  • အာဖျံ ကွီး

    November 11, 2010 at 5:47 am

    (၁၁) တရုတ်ကလဲ ထောက်ခံမြဲထောက်ခံပါလိမ့်မရ်။

  • Win Naing

    November 11, 2010 at 5:47 am

    ဒီအဖြေရဲ့ တရားခံက No Vote ဆိုလိုက်အော်နေတဲ့ အဖိုးကြီးတွေရဲ့ စနက်လဲပါတယ်။ ဒီလူတွေက ကြည့်ရတာ အစိုးရလူတွေဖြစ်မယ်။ No Vote လုပ်ခိုင်းတဲ့အတွက် လူတွေမဲသွားမပေးကြတော့ဘူး။ လာမပေးတဲ့သူတွေရဲ့ မဲတွေ ကြံ့ဖွံ့မဲတွေဖြစ်ကုန်ပြီး ကြိုတင်မဲတွေဖြစ်ကုန်တာ။ No Vote ကိစ္စကို အစိုးရက ဥပဒေအရအရေးမယူတာ အဲဒါကြောင့်ပါ။ သူတို့ကမဲမပေးလေ ကြိုက်လေ ဘဲလေ။ မလာရင် ကြံ့ဖွံ့မဲလွယ်လွယ်လေးလုပ်လို့ရတာပေါ့။ နိုင်ငံရေးသမားဆိုရင်ဒါတွေကြိုမြင်တတ်ရမှာပေါ့။ အခုတော့ပြောလိုက် လုပ်လိုက်တာတွေက တလွဲတွေကြီးဘဲ။ စိတ်ဆင်းရဲတယ်။

  • Win Naing

    November 11, 2010 at 5:56 am

    ကိုမိုးညိုရေ –
    ၁၂ ကတော့ ထူးမခြားနား လူလိမ်များ မြန်မာပြည်ကို အုပ်ချုပ်သွားတော့မှာ ပေါ့နော်…….

  • thetnaingsoe

    November 11, 2010 at 12:11 pm

    ကျွန်တော်တို့ကတော ့မြေစာပင်တွေလေဗျာ။

Leave a Reply