DR တို့နှင့် ကျန်းမာရေးအသိကြွယ်ဝသူတို့ခင်ဗျား …..

fattyNovember 15, 20101min23612

ဆရာဝန်များ သုံးနှုန်းနေသော … O/C ( just open and close ) ဆိုသော အဓိပ္ပါယ်ကိုသိပါရစေ။ ကျနော်နားလည်သလောက်ကတော့ ဆရာဝန်များ၏ လူနာများ မသိစေချင်သော အသုံးအနှုန်းတခုဖြစ်ပါသည်။ ဟုတ်ပါသလား …။

12 comments

  • ဆူး

    November 15, 2010 at 11:36 am

    ဒီမေးခွန်း ဆူးနဲ့တော့ မဆိုင်ဘူး.. ဦးလေးဝတုတ် ပိုစ်မှာ ဖတ်သွားတဲ့ လူတွေ တွေ့အောင် ကွန်မန်းပေးခဲ့တယ်။
    ပြောရရင်.. အမာခံ ကြံဖွတ် ပရိတ်သတ်ပါ ဆိုတဲ့ ပိုစ် ရဲ့ ပုံမှာပါတဲ့ ဓါတ်ပုံ တည်ရာဝန်းကျင်က အနီးအနားမှာ ရှိတဲ့ နာမည်ကြီး နိုင်ငံခြားပို့ အကြော်ဆိုင်က ကြွတ်ကြွတ် အိတ်တွေ ထည့်ကြော်တယ်လို့ သတင်းကြားတယ် မြင်တဲ့လူကတော့ အခန့်မသင့်လို့ ကြွတ်ကြွတ်အိတ် လေနဲ့ လွင့်ပြီး ကျသွားတယ် ထင်နေတာ.. နောက်မှ ဂျာနယ်ဖတ်ပြီး သိသွားလို့.. တော်တော် စိတ်မကောင်း ဖြစ်ခဲ့တယ် ဆိုဘဲ.. မသိမသာ ကြွတ်ကြွတ် အိတ် တအိတ်ထည့် တအိတ်ထည့် လုပ်နေသလား မသိဘူး။ ပြောရရင် သူများ စီးပွားပျက်အောင် လုပ်တယ် ဖြစ်အုန်းမယ်။ အရိပ်အမြွက် ပြောလိုက်သည်။ အဲဒီ အကြော်ဆိုင်က အကြော် ပဲကြော် တော်တော် နာမည်ကြီးတယ် ၃ – ၄ ရက် ထားလည်း မပျော့ဘူး လေသလပ် ခံတယ်။

  • naywoonni

    November 15, 2010 at 12:16 pm

    just open and close ………
    ဆိုတာခွဲစိတ်ကုဖို့ရာ….ဖွင့်လိုက်ပြီးကာမှရောဂါအခြေအနေမကောင်းလို့
    ပြန်ပိတ်လိုက်ရတာကိုပြောတာပါကိုဖက်တီး……….
    ဒါနဲ့……..ခင်ဗျာကဘယ်ပျောက်နေတာလဲဗျ

  • ဆူး

    November 15, 2010 at 12:46 pm

    မသေမချာ မစူးမစမ်း လုပ်တဲ့ ဆရာဝန်တွေ ရှိနေလို့ အဲဒိလို ဖွင့်ပြီး ပြန်ပိတ်လိုက်ရတာ.. အသိ တယောက်ဆိုရင် သူ့အဖေက အသက်ကြီးလို့ ဦးနှောက် အရည်အိတ် ခမ်းပြီး လမ်းမလျောက်နိုင်တာ ခါးကျီးပေါင်းဆိုပြီး ခွဲလိုက်တာ.. ဖွင့်ပြီး ပြန်ပိတ်လိုက်တယ်.. မခွဲခင်တုန်းကတော့ ခွဲပြီး အရိုးတွေ တစစီ ဖြုတ်တပ်မှာ မို့ နေ့ဝက်လောက်ကြမယ် ၁ဝနာရီလောက် ကြာမယ်နဲ့.. ၃နာရီကြာတော့ ပြန်ထွက်လာတယ်.. သေချာအောင် ခါးရိုးဖဲ့ကြည့်လိုက်လို့ တသက်လုံး သေတဲ့ အထိ လမ်းတောင် မလျောက်နိုင်တော့ဘူး။ တချိန်က အရိုးဆေးရုံ အုပ်ကြီး လုပ်တဲ့ ဆရာဝန်ပေါ့။ ကာယကံရှင်တွေကို မှားမိတယ်လို့ မဝန်ခံ ဆေးရုံမှာ ခွဲစိတ်ထားပြိး လှည့်တောင် လာပြန်မကြည့်ဘူး.. မှားလည်း မှားသေးတယ် မှားတဲ့ အကြောင်းလည်း ဆေးရုံအုပ်ကြီး ဖြစ်နေလို့ ဘယ်သူမှ အသံမထွက်ရဲဘူး အားလုံးသော ဆရာဝန်လေးတွေက အသံမထွက်ရဲသလို လာတောင် မကြည့်ရတော့ လူနာကလည်း ဖြစ် အားလုံး တာဝန်ရှိတဲ့ လူတွေက ဝိုင်းပါယ်ထားသလို ခံစားနေသွားရတာပေါ့။ သူတို့မိသားစု နောက်ဆုံး သေခါနီးမှ.. နိုင်ငံခြားက ဆေးရုံတခုကို မှတ်တမ်းတွေ ပို့ပြီး မေးကြည့်တော့.. အဲဒါ မခွဲရဘူး. မလိုဘဲ လုပ်မိလို့ တသက်လုံး အောက်ပိုင်းသေသွားတာတဲ့.. နှစ်နဲ့ချီပြီး ကြာမှ သိတယ်။ နိုင်ငံခြားဆေးရုံမှာ သွားကုမယ် ဆိုတော့.. ရောဂါက ကျွှမ်းနေလို့ မသွားနိုင်တော့ဘူး သွားခါနီးမှာ သေသွားရှာတယ်။ ကံပဲလို့ တွေးရမှာပေါ့..

  • unclegyi1974

    November 15, 2010 at 1:07 pm

    ကိုဖက် စာတွေပြန်ရေးလို့ဝမ်းသာပါတယ်
    ခင်ဗျားကရွေးကောက်ပွဲမတိုင်ခင်ကပျောက်သွားတယ်
    ရွေးကောက်ပွဲပြီးတော့ပြန်ပေါ်လာတယ်
    ၂ ခုထဲက၁ခုဖြစ်မယ်မှန်တယ်မဟုတ်လား
    အလကားနောက်တာပါနော်
    O/C ကိုခင်ဗျားမေးတာမသိလို့မဟုတ်ဘူး
    ပြောစရာရှိလို့နှပ်ကြောင်းပေးလိုက်တာမဟုတ်လား
    ဆူးကလဲ ခင်ဗျားရဲ့နှပ်ကြောင်းထဲကွိကနဲဘဲမဟုတ်လား
    ကျွန်တော်လဲပြောစရာနဲနဲရှိတယ်
    ကျွန်တော့အမေလဲ အဆုတ်ကင်ဆာဘဲ
    O/C လုပ်ပြီးသေသွားတာဘဲ ဒါကြောင့် o/c ကိုသိနေတယ်
    ဆူးပြောသလိုမသေချာလို့ဖြစ်ရတာတွေရှိသလို
    မှီလိုမှီငြားလုပ်ရင်းနဲ့ဖြစ်သွားတာတွေလဲရှိပါတယ်
    ဒါပေမဲ့မြန်မာမှာကဆရာဝန်ကိုတရားစွဲတာမရှိဘူး
    ဆရာဝန်ကြောင့်သေသွားတာသေချာလဲဘယ်သူမှ
    တရားမစွဲဘူး လျော်ကြေးမတောင်းဘူး
    နိုင်ငံခြားမှာဆိုလျော်လို့မဆုံးဘူး
    ကောင်းလဲကောင်းတယ် ကောင်းလဲမကောင်းဘူးလို့ဘဲ
    ပြောရမှဘဲ

  • sayargyi

    November 15, 2010 at 4:32 pm

    2009 အောက်တိုဘာလ 27 ရက် နေ့လည်ခန့်(နာရီမကြည့်မိ) က အာရှတော်ဝင်ဆေးရုံမှာကျွန်တော်ဆေးရုံတက်ရစဉ် ဘေးကလူနာ(၂ ယောက်ခန်းဖြစ်သဖြင့်)ကို အသည်းအထူးသမားတော်ကြီး ဦးခင်မောင်ဝင်း ပြောနေသောစကားများကိုပြန်လည်တင်ပြလိုက်ပါတယ်..
    အသံ=ပေ ၄ဝ အကွာမှကောင်းစွာကြားနိင်
    အမူအရာ=လူနာကိုလက်ညိူးထိုးပြီး
    ဆရာ-မင်းဖြစ်နေတဲ့ရောဂါကကင်ဆာလို့ခေါ်တယ် ခွဲစိတ်ရမယ် မခွဲရင်မင်းမကြာခင်သေမယ် သေတာတောင်သွေးအန်ပြီးသေမယ် နာမယ် အောင့်မယ် အသေဆိုးနဲ့သေမယ် မခွဲစိတ်ဘဲကုန်ကျမဲ့ငွေကိုမင်းသေပြီးမုဇရပ်ဆောက်မယ်ဆိုရင်လဲသဘောဘဲ..
    လူနာရှင်မိန်းမ-(တိုးညှင်းလှသောအသံလေး)ဆရာရယ် သူခွဲပြီးရင်ကောအသက်ရှင်နိင်လားရှင်….
    ဆရာ-ဒါကတော့သူ့ကုသိုလ်ဘဲ
    ခေါင်းလေးပြူပြီးကြည့်နေသောကျွန်တော်တို့လင်မယားနှစ်ယောက်ကိုတစ်ချက်လှည့်ကြည့်ပြီးထွက်သွားပါတော့သည်…

  • maungmoenyo

    November 16, 2010 at 1:55 am

    ဆရာဝန်တွေပြေးစရာမြေမကျန်တော့ပါလား..ကရို့။ ခက်ခဲကြမ်းတမ်းပြီးသွားလာရေးအဆင်မပြေတဲ့ဒေသတွေမှာအများအားဖြင့်စမ်းသပ်စစ်ဆေးရမဲ့ကိရိယာမရှိတော့၊ တခါတရံစွံ့စားလုပ်ရတဲ့အချိန်အခါလေးတွေရှိတတ်ပါတယ်။
    လူနာနဲ့လူနာရှင်ကိုကြိုတင်နားလည်အောင်ရှင်းပြဘို့လိုပါတယ်။
    ဥပမာ-physical လုပ်ကြည့်တော့သာမာန် tumor လို့ထင်ပြီး၊ ဖွင့်ကြည့်ခါမှ၊ malignant ကင်ဆာဖြစ်နေမှန်းသိရတဲ့အခါမျိုးတွေပေါ့။
    short general anesthesia (Thiopentone) ပေးပြီး၊၂လက်မခွဲလောက်ဗိုက်ဖွင့်ကြည့်ပြီးလက်နှစ်ချောင်းထဲ့ပြီးဝိုက်ကြည့်လိုက်ရင်အဖြေထွက်တတ်ပါတယ်။
    စမ်းကြည့်ဘို့နည်းပေးတာမဟုတ်ပါဘူး…။

  • fatty

    November 16, 2010 at 1:56 am

    ကျနော်ထင်တာထက်တောင် ဒီမှာ post ရေးတင်နေကြသူများဟာ အင်မတန်ထက်မျက်ကြပါတယ်။ ကျနော်ကတော့ဝမ်းသာတယ်။ မြန်မာတွေတော်ကြတယ်။ တကယ်တန်းကျတော့ ဟိုတုန်းက အခုခေတ်လို scan
    မျိုးစုံဖတ်တာမရှိသေးပါဘူး။ အပြင်ကရောဂါလက္ခဏာကြည့်ပြီး ခန့်မှန်းလို့မရတော့ ဗိုက်ဖွင့်လိုက်တာပါ။
    ဖွင့်ကြည့်ပြီးမှ ဘာမှမဖြစ်ဘူး လေထိုးလေအောင့်တာဆိုတာသိသွားလို့ ပြန်ပိတ်လိုက်ရတာကို O/C လို့ခေါ်တာပါ။ ကျနော်နှပ်ကြောင်းပေးတာတော့မဟုတ်ရပါဘူးဗျာ … အများသိစေချင်လို့ မေးခွန်းလုပ်ပြီးတင်လိုက်တာပါ။ …။
    ဆူး ကလည်း အရင်လို ထက်ထက်မျက်မျက်ဘဲ …။ unclegyi ကလည်း တကယ်မြင်တတ်ပါတယ်။ မှီလိုမှီငြားလုပ်ရတာလဲရှိပါတယ်။ အသည်းဆရာဝန်ကတော့ ကျနော်အသည်းရောင်တာ သိပ်မခံတော့ဘူးပြောခဲ့တာ လွန်ခဲ့တဲ့ အနှစ် ၃ဝ ကျော်ကပါ။

    • ဆူး

      November 16, 2010 at 2:59 am

      ဦးလေး ဝတုတ် အသည်းရောဂါ ဖြစ်နေရင်တော့ မြန်မာ ဆေး ဆရာ မိုးကုတ် ဦးကျော်စိန် ကို သွားပြလိုက်ပါ။ ဆူး သိတဲ့ လူတွေ တော်တော် များများ ကောင်းသွားတာ မြင်ဘူးတယ်။ ဆူး မိသားစုထဲမှာ ကျန်းမာရေး မကောင်းတဲ့ လူရှိဘူးတော့.. မြန်မာဆေး နိုင်ငံခြားဆေး နည်းမျိုးစုံနဲ့ သောက်သောက်လဲ ငွေကုန်ဘူးတယ်။ ကာယကံ ရှင် လူနာနဲ့တကွ မိသားစု ဖြစ်တဲ့ ဆူးလည်း တော်တော် ပင်ပန်းခဲ့တယ်။ စိတ်မော လူမော ငြီးငွေ့စရာ ကောင်းတဲ့ အချိန်တွေ.. ညမအိပ်ရဘဲ အရိပ်တကြည့်ကြည့် ထိုင်ကြည့်နေခဲ့ရတဲ့ အချိန်တွေ အများကြီး ကျော်ဖြတ်ခဲ့ရဘူးတယ်။ စေတနာ အရင်းခံပြီး ကုပေးတဲ့ ဆရာဝန်ကြီးတွေ ဆရာဝန်လေးတွေ လည်း အများကြီး ကြုံဘူးတယ်။ လေဖြတ်လို့ လမ်းမလျောက်နိင်တဲ့ လူတချို့.. မြန်မာ တိုင်းရင်း ဆေးနည်းနဲ့ ကုလို့ လမ်းပြန်လျောက်နိုင်တာလည်း မြင်ဘူးပါတယ်။ သိတော့ သိတယ်.. သိသမျှတော့ အကုန် ချမရေးချင်ဘူး။ ကြုံကြိုက်ရင် သိတာလေးတွေ ထပ်ပြီး ဝင်ပြောပါအုန်းမယ်။

  • etone

    November 16, 2010 at 1:58 am

    လည်လွန်းတဲ့ဘီး ဘာသင့်ဆိုသလိုဖြစ်နေပါပြီ ။
    နာမည်ကြီး အထူးကုဆရာဝန်ကြီးတွေ၊ ဆေးရုံအုပ်ကြီးတွေ ၊ နိုင်ငံခြားပြန်ဆရာဝန်ကြီးတွေက ဆေးခန်းတွေမှာ နာမည်တွေသာ ထိုးထားတာ လာတစ်ရက်မလာတစ်ရက်နဲ့ ပြီးတော့ သူတို့လက်ထောက်တွေနဲ့လွှဲထားတယ် ။ ရောဂါက တော်တော်လေး serious ဖြစ်တော့မှပဲသူတို့က ဝင်ကိုင်တာ ။ အတွေ့ကြုံကများပြီဆိုတော့ ဆေးစကုတုန်းကလို သိပ်အလေးမထားချင်တော့ဘူး …။ ဒါနဲ့ ပဲ….. မဖြစ်သင့်တာတွေဖြစ်ကုန်တာ ပါ ။ ဆရာဝန်တွေ ဆုံးဖြတ်ချက်ချတာ မှားရင် လူနာအသက်ကို စတေးလိုက်ရတာ ကြေကွဲဖို့ကောင်းတယ် ။

  • cherrywine

    November 16, 2010 at 4:22 am

    မဆူးရေ ညီမအဖေလည်းအဲ့လို ဖြစ်ပြီးဆုံးသွားရတာလေ။ဖေဖေက ဆီးချို ဖြစ်ပြီးအာရုံကြောအားနည်းတာ အဲ့ဒါအတွက် ခြေမနိုင်လက်မနိုင်ဖြစ်တာ လေ။အဲ့ဒါကို ခါးရိုးဆစ်ထဲကခြင်ဆီထုတ်ပြီး စစ်ကြတယ်လေ။ ဆီးချိုဆရာဝန်ကြီးနဲ့အာရုံကြောအထူးကုဆရာဝန်မကြီး နှစ်ဦးစကားတောင် များကြတယ်။နောက်ဆုံးတော့ အဲ့လိုလည်းဆေးရုံတက်ပြီး ပြန်လာရော လမ်းကိုမလျှောက်နိုင်တော့ဘူး။မလိုအပ်ပဲ ခြင်ဆီထုတ်မိလို့ပြောကြတယ် ။ နှောင်းသွားပြီလေ …. ပြန်တွေးလိုက်တိုင်းစိတ်မကောင်းဘူး။

  • ဆူး

    November 16, 2010 at 5:51 am

    အမှန်တော့ လူတွေက ဆရာဝန်တွေ ဘယ်လိုဘဲ ဘာညာ ထပြောရင် ဆရာဝန်တွေက ထပြီး ကန့်ကွက်ကြတယ်.. ဆရာဝန်ဆိုတာ စိတ်ကောင်းရှိတယ်။ ဒါမျိုးမဟုတ်ဘူး။ သူတို့နဲ့ ပြိုင်ပြောရအောင်လည်း သူတို့ အသုံးအနှုန်းနဲ့.. သူတို့ အပြောတွေကို လွန်ဆန်နိုင်အောင် မပြောနိုင်ကြဘူး.. ခံလိုက်ရတဲ့ လူကတော့ ခံလိုက်ရတာ အမှန်ဘဲ.. ခံရကြောင်း စကားနှာ မထိုးနိုင်လောက်အောင်ကို အသုံးအနှုန်းနဲ့ ဖိထားတော့.. ဘယ်တတ်နိုင်မလဲ.. လက်ဆိုတာ အတိုအရှည် ရှိနေတော့ လူတိုင်းတော့ ပကတိ ဆင်းလုံးချော မဟုတ်ဘူး ဆိုတာတော့ လူတိုင်းသိတယ်။ လောကကြီးထဲမှာ လူတိုင်းက လူကောင်းကြီးဘဲ မဟုတ်သလို လူဆိုးကြီးဘဲ လည်း မဟုတ်ဘူး။ ဆရာဝန်တိုင်း စေတနာ ဆရာဝန် မဟုတ်သလို ဆရာဝန်တိုင်း အသပြာ ဆရာဝန်မဟုတ်ဘူး။ လူဆိုးကိုတော့ လူဆိုး.. လူကောင်းကိုတော့ လူကောင်းလို့ ခွဲခြား သတ်မှတ် ပိုင်ခွင့် လူတိုင်းမှာ ရှိသင့်တယ်လေ။ အားလုံးကိုတော့ ဝါးလုံးရှည်နဲ့ သိမ်းကျုံး မရမ်းသင့်ပေမဲ့.. ဝါးလုံးရှည်နဲ့ သိမ်းကျုံးပြီး ငါတို့မဟုတ်ဘူး ဆိုပြီး ရိုက်ထုတ်တာ လည်း မခံသင့်ပါဘူး။ လူလောကမှာ လူနဲ့ တူတဲ့ အခွင့်အရေးနဲ့ လူသားဆန်တဲ့ စကားတွေ ပြောပိုင်ခွင့်.. ရှိသင့်တယ်။

  • maungmoenyo

    November 17, 2010 at 1:34 am

    ကမ္ဘာတဝှမ်းမှာဒီနေ့အထိဆရာဝန်ဘွဲ့ယူကြသူတိုင်း..Hippocrates ကျမ်းကိုကျိန်ဆိုကြရပါတယ်။ ဂီလာနဆောင်ဝေဒနာရှင်အပေါင်းကိုလူမျိုးဘာသာကျားမနဲ့အခြေအနေမရွေးကိုယ်တတ်စွမ်းတဲ့ပညာနဲ့ပြုစုစောင့်ရှောက်ဖို့ဟာ…သမားတိုင်းမှာတာဝန်ရှိကြပါတယ်။ ဆရာဝန်တွေလဲလူသားတွေမို့ကြမ်းတမ်းတဲ့ဘဝကိုဖြတ်ကြရသူတွေဖြစတတ်ပါတယ်။ ဒါပေမဲ့ ငါစစ်ဆေးကုသပေးလိုက်တာဟာကိုယ်ကုသရတဲ့လူနာအတွက်အကျိုးရှိပျောက်ကင်းပါ့မလားဆိုတဲ့…မေးခွန်းကို…ကိုယ့်ကိုယ်ကိုအနဲဆုံး(၂)ခါပြန်မေးကြဘို့…အကြံပြုပါရစေ။
    ဆရာဝန်ဆိုတာ..နေရင်းထိုင်ရင်းကုသိုလ်ရနေတဲ့ သက်မွေးဝမ်းကျောင်းမှုပါ…။ လူနာလုပ်တဲ့သူဟာကိုယ့်အပေါ် (ဆရာဝန်အပေါ်) ဘယ်လောက်အားကိုးလဲဆိုတာ..ကိုယ်တိုင်လူနာဖြစ်မှခံစားမိကြမှာပါ..။ ဆရာဝန်ရဲ့စကားတခွန်းဟာလူနာရဲ့စိတ်ဓါတ်နဲ့ကျန်းမာရေးကိုတမဟုတ်ချင်းပြောင်းစေနိုင်တယ်ဆိုတာသတိချပ်ကြဘို့လိုပါတယ်။
    (ဒါနဲ့ပါတ်သက်ပြီး “လွမ်းမိသေးတယ်…Hippocrates” ဆိုပြီးဆောင်းပါးရှည်တခု ဒီ blog မှာ (health section) မှာရေးထားပါတယ်..။
    http://www.maungmoenyo.blogspot.com မှာလဲတွေ့နိုင်ကြောင်းပါ။

Leave a Reply