သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းနှင့် ငါးပိ ငါးခြောက်တန်းများ လှို်င်မြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ်မည်
ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်ကမ်းနားလမ်းရှိသီရိမင်္ဂလာ ဈေးကြီး၏ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်သို့ ပြောင်းရွှေ့ ဖွင့်လှစ် တော့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ သီရိမင်္ဂလာ ဈေးကြီး တစ်ခုလုံး အားပြောင်းရွှေ့ခြင်းမဟုတ်ဘဲ ကုန်စိမ်းနှင့် ငါးပိငါးခြောက်တန်းတို့ကိုသာပြောင်းရွှေ့ဖွင့်လှစ်သွားမည်ဖြစ်ပြီးအပေါ်ထပ်ရှိ ကလေး ကစားကွင်း နှင့်တည်းခိုးခန်းများကိုမူ ပြောင်းရွှေ့သွားမည် မဟုတ်ကြောင်းလည်း သိရှိရသည်။ ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် အဆိုပါသီရိမင်္ဂလာဈေးရှိ ကုန်စိမ်းတန်း နှင့် ငါးခြောက်တန်းတို့ကို လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းမကြီး၊ ပိတောက်ချောင်း အနီးရှိ
မြေ ၁၂ ဧက ကျယ်ဝန်း သော မြေနေရာတွင် တစ်ထပ်ဈေးကြီးအဖြစ် ဖွင့်လှစ်သွားနိုင်ရန်ဆောင် ရွက်လျက်ရှိသည်ဟု သိရပြီး ကားအစီးရေ ၂၀၀ဝ ကျော် ရပ် နားနိုင်သည့် ကားပါကင်ပါရှိမည်ဖြစ်သည်။ တစ်ထပ်ဟောလ်တိုက်ပုံစံဖြစ်ကာ အောက်ခြေအုတ်ခံမှ အမိုးအထိ အမြင့်မှာ ၁၆ ပေခန့်ရှိမည်ဟု သိရ သည်။ အသစ်ပြောင်းရွှေ့ဖွင့်လှစ်မည့် ကုန်စိမ်းဈေးကြီးတွင် မူလဆိုင်ခန်းများကို နေရာပြန်လည်ချ ထားပေးမည်ဟုသိရပြီး အဆိုပါ ဈေးကြီး ပြီးစီးမည့်အချိန်၊ ပြောင်းရွှေ့ရမည့်အချိန်ကိုမူ မသိရှိရသေးကြောင်း သိရှိရသည်။ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနေရာကိုမူ ညအိပ် အခပေး ယာဉ် ရပ်နားစခန်းအဖြစ် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါဈေးကြီးအနီးတစ်ဝိုက်နှင့် ကမ်းနားလမ်းတစ်လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှုနှင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်နေခြင်းကို ဖြေရှင်းသည့်အနေဖြင့်လည်း ပြောင်းရွှေ့ဖွင့်လှစ်ရခြင်းဖြစ်သည်ဟု သိရပြီး အသစ် ပြောင်းရွှေ့ဖွင့်လှစ်သွားမည့် ဈေးကြီးတွင် ကားပါကင်အဆင်ပြေစေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဧပြီလ ရက်နေ့ထုတ်Weekly Eleven ဂျာနယ်တွင်ဖော်ပြ ထားပါသည်။
5 comments
susunosuki
April 26, 2010 at 4:00 pm
ကျွန်တော်သူငယ်ချင်းပြောဖူးသလို
အိမ်ခြေရာခြေတော့မမေးနဲ့ကွ
`ဂဏန်းမငြိမ်သေးဘူး´
ဒီလိုထင်တယ်
thuyamon
September 24, 2010 at 7:43 pm
ဪဒုက္ခပါလား မြန်မာနိုင်ငံက ဈေးသည်တွေမလွယ်ဘူး….အတင်းပြောင်းခိုင်းမယ်ဆိုရင်ပြောင်းပေးရတယ်..မပြောင်းဘူးဆိုပြီး တင်းခံနေမယ်ဆိုရင်တော့….အင်း..မီးလောင်ခံရမယ်လို့အိပ်မက် မက်ခံရလိမ့်မယ်…အဲဒီခါကျရင် ပစ္စည်းလည်းဆုံး နေရာလည်းပြုန်း
ဖြစ်သွားနိုင်ပါတယ်…ဪ ကျန်းမာကြပါစေ ချမ်းသာကြပါစေ(ဈေးသူဈေးသားများအတွက်သာ)
cum min
June 25, 2012 at 1:50 pm
ဟိုပြောင်း…ဒီပြောင်း….နဲ…သူတတို့မလဲတဒုက္ခ..
kai
June 25, 2012 at 1:53 pm
ဘာတွေလျှောက်လုပ်နေသလည်းကွယ်..
ကျေးဇူးပြုပြီး.. ဝေဖန်မယ်..ကော်မန့်ရေးမယ်ဆို.. မူရင်းပို့စ်ရေးတဲ့အချိန်လေးကြည့်စေချင်ပါတယ်..
ကျေးဇူးပြု၍.. 😕
amatmin
June 25, 2012 at 2:20 pm
၂၀၁ဝ တုန်းကတင်တဲ့ ပို့စ်တွေကို ရွေးမန့်တာ ဆိုရင်တော့ ..
နှစ်စဉ်အတိုင်းဆို ၂၀၁၁ ကပို့စ်တွေ လာအုန်းမယ်ထင်ပ.. 👿