အလင်း ဆိုတာ မမြင်သာ

ဆူးNovember 20, 20101min1150

မှော်ဘီမှာ သီတင်းသုံးတဲ့ ရဟန်း တပါး အသက် ၄၅လောက်တော့ ရှိမယ် ထင်တယ်။
ငယ်စဉ်က မျက်စိရောဂါရှိနေလို့.. မျက်စိမှုန်ဝါးဝါးလေးသာ မြင်ရလို့.. ဆရာဝန်ထံ ပြသပြီး မျက်ကြည်လွှာ လဲဖိုရန် စာတင်ထားခဲ့ပါတယ်။
ကံမကောင်းလို့ မျက်စိ အလင်း မှုန်ပြပြလေး သာမြင်နေရနေရာကနေ.. ကံကောင်းပြီး မျက်ကြည်လွှာ အလှူ ခံရလို့.. မျက်ကြည်လွှာ လဲလိုက်တယ်။ မျက်ကြည်လွှာ လဲပြီး အလင်းလည်း ရနေပြီ သေချာ မြင်နေရပြီ.. နောက်ပိုင်း ဆရာဝန် ပုံမှန် သွားပြတယ်။ ဆရာဝန်က မျက်ကပ်မှန် တပ်ဖို့ အကြံပေး ဆရာဝန် ညွှန်ကြားချက် အတိုင်း မျက်ကပ်မှန် တပ်ပါတယ်။ မျက်ကပ်မှန် အဖြုတ်အတပ်နဲ့ အသစ်လဲထားတဲ့ မျက်ကြည်လွှာ ပေါက်သွားပါတယ်။ ကံဆိုး ပြီးတော့ ကံကောင်း ပြီးတော့ ကံထပ်ဆိုးသွားပါတယ်။ ယခု အချိန်မှာတော့ အရင်က မြင်ရသလောက် မှုန်ဝါးဝါးတောင် မမြင်နိုင်တော့ဘူး။ တခြား ဒကာ တယောက်က သိတော့ ချက်ချင်း ရန်ကုန်မြို့က ဆေးခန်း ၃ခုလောက် ကို သွားပြပေးပြီးတော့.. မေးမြန်းရာမှာတော့ ကုပေးတဲ့ ဆရာဝန် ဆုံးဖြတ်ချက်မှားတယ်လို့ ကောက်ချက်ချတယ်.. နောက်တခါ မြင်ဖို့ မလွယ်တော့ဘူးလို့ ပြောတယ်။ သို့သော် ယခု အချိန်အထိ မျက်ကပ်မှန် တပ်ခိုင်းတဲ့ ဆရာဝန်က မျက်စိ ကွယ်သွားပြီ လို့ ပြောရင် စိတ်ဓါတ် အရမ်းကျသွားမည်ကို စိုးရိမ်၍များလားတော့ မသိဘူး။ ပြန်ကောင်းနိုင်တယ် ဆိုတဲ့ ပုံစံမျိုးနဲ့ မကောင်းနိုင်ဘူးလို့ တခါမှ ထုတ်မပြောဘူး။ ဘုန်းကြီးကတော့ ကံမကောင်းလို့ အတိတ်က ဝဋ်ပါလို့ ဖြစ်တာ ပါဆိုပြီး.. အေးဆေးစွာ နေနေတာကို ကြည့်ပြီး စိတ်တောင် မကောင်း ဖြစ်မိတယ်။