သားလှလူလေး မေ့ရင်သွေး – ၇
အိမ်ထောင်ကျတော့ သားသမီးမျှော်ရတာ မိဘတွေရဲ့ ဆန္ဒ၊ မွေးလာတော့ သားလား သမီးလား ရင်တထိတ်ထိတ်နဲ ့ မေးရတယ်။ (ယခုလို ကိုယ်ဝန်သန်ဓေ ကို စကင် လုပ်မကြည့် နိုင်သေးတဲ့ အချိန်။) အင်္ဂါ ပြည့်စုံရဲ့လား။ မျက်စိမြင်ရဲ့လား။ နားကြားရဲ့လား အအလေးများ ဖြစ်နေလား စစ်ရတာ အမော။ ဒီမိခင်ရဲ့ သဘာဝ။
ပထမဆုံး သမီးမွေးလာတော့ ဘာလေးဘဲ ဖြစ်ဖြစ် မိဘတွေက တဦးမို ့ချစ်ရသည်။ ဒုတိယကလေး ကျပြန်တော့ သမီးမို လို ့ခင်ပွန်းသည်က မပျော်ရွှင်၊ ကိုယ့်ရင်သွေးမို ့ ချစ်ရတာ တုန်လို ့။ နောက်သားလေး မွေးတော့ ခင်ပွန်းသည် ဆေးရုံတောင် မလာ။ သားမွေး ကြောင်းသိမှ ပြုံးပျော်တဲ့ မျက်နှာနဲ ့ဆေးရုံ လာပေသည်။ လက်ဆောင်လည်း တပွေ့တပိုက် မရစဖူး ရလို ့။ သားမွေး ပေးလို ့အမှတ်တရ အဖြစ် ပေးတာ ဖြစ်နိုင်သည်။ သားလေးကို ကြည့်မဝ၊ နမ်းမဝတဲ့ ခင်ပွန်းသည်ကို ကြည့်ရင်း သားလေး အတွက် အရာရာ အောင်မြင်ပါစေ လို ့ဆုတောင်း မိသည်။ သားကလည်း အကျိုးပေးသား ဆိုတော့ စီးပွားဖြစ်တယ် ပြောရမလား။ စိတ်ပျော်ရွှင်တော့ ဘာလုပ်လုပ် အောင်မြင်တယ် ဆိုရမလား။ စီးပွားရေး ပြေလည်တော့ သားကင်ပွန်းတပ် အကြီးအကျယ် လုပ်ရသည်ပေ့ါ။ ထပ်မွေးသည်က သမီးတွေချည့်။ အဲဒီတော့ ဒီသားက တဦးတည်း။ အချစ်ပိုရ ကာကွယ်ရ မျက်နှာလိုက်ရနဲ ့အငယ်ဆုံးသမီးက ငြူစူ၊ မအေကို စိတ်ကောက်။ အငယ်ဆုံး မို ့ အချစ်ပိုပေ မဲ့ သားလောက်ကို မျက်နာသာမပေး။ အမတွေနဲ့တန်းတူ အခွင့်ရေးက မပို။ စီးပွားရေး ပျက်တော့ ရသမျှ ချွေတာစား။ ကိုယ်ကိုယ်တိုင် တောင် မစားရက်လို ့ ခင်ပွန်းနဲ ့ ကလေးတွေ သာ ကျွေးရ။ ဒါတောင် သားက ညီမတွေ ဆီက လုစားသေး။ ဒါတောင် မတင်းတိမ်လို ့နောက်တိတ်တိတ် ကြိတ်ခိုးကျွေးရ။ အငယ်ဆုံးမတွေ့ရင် ပွက်ပွက်ညံ။ အမတွေ ညီမတွေ ဆိုရင် မုန် ့ဘိုး တလ ၃ဝကျပ် ဘဲ ပေးတာ။ ဒီထဲက ကျောင်းလခ ကားခ မုန် ့အဝတ်အစား ကိုယ့်ဖာသာ စီမံ သုံး။ သားကျတော့ တမျိုး မာမီ ကျနော် ငွေလိုလို ့ ဆိုရင် ဖွက်ထားတဲ့ ဗူးတွေထဲက ရော့ သား ရော့သား ဆိုပြီး ခိုးပေး ကြိတ်ပေး။ အငယ်ဆုံးမ တွေ့မိရင် တော့ မအေကို ရန်တွေ ့… အင်းခက်ပါဘိ။ တဦးတည်းသော သားမို ့အခြောက်ဖြစ်မယ် မထင်နဲ့။ အငယ်မတွေက သူတို့မှာ မရှိဘူး ကိုကိုလို ဟာတပ်ပေး ဆိုပြီး ပူဆာတယ်။ သူက ယောက်ျားလေး သမီးတို့လို မဟုတ်ဘူး ဆိုတာ မရ။ မတပ်ပေးတော့ အကိုဆီက ဆွဲလု။ သားကလည်း နာလို ့ငို။ တနေ့တနေ့ အငယ်မတွေ ဆွဲလို ့ သားတက်သေမှာ စိုးလို ့ သားကို အရိပ်တကြည့်ကြည့်နဲ ့ အလွတ်မပေးရဲ။ အမေ လစ်ရင် သူ့အကိုဆီက လုတပ်မယ်လုပ် လုပ်နေလို့ မဆွဲနဲ့ ကိုကိုသေသွားမယ် မုန့်ကျွေးမယ် ဆို ချော့ရသေး။ သူတို့ အကိုသေမှာတေ့ာ ကြောက်ကြသား။ ဪ သူတို့ ကြီးလာမှ ရယ်စရာ ရတယ်။
ဘာဖြစ်တုန်း ဆိုတော့ အငယ်မတွေ ယောက်ျားရှာ တွေဖြစ်ကုန်တယ်။ အကို့ င်္အကျီ ဘောင်းဘီတွေ လုဝတ်။ ဒီအကို နဲ ့ဒီညီမတွေ တနေ့ တနေ့ ရန်ဖြစ်ရတာ။ အငယ်မက စကတ်ကို မဝတ်။ အကို့ ဘောင်းဘီမှ ဝတ်ချင်။ အကို့ ဘောင်းဘီလုရင်း အငယ်မ ဆွဲကိုက်လို ့ သား လက်ကလေး မှာ အဝိုင်းကွက်နဲ ့။ တဦးတည်း သော သားမို ့ချစ်မဝ အလိုလိုက်မဝ။ ဘာမှ မခိုင်းရက်။ သားက လိမ္မာပါသည်။ သူ့သူငယ်ချင်းတွေ စိန်ဘောကျောင်းသား တွေနဲ ့ချိန်းပွဲ ကို အမေမကြိုက်ဘူး သားရေ တခွန်းထဲ ပြောတာ နားထောင်တယ်။ သားဘာမှ မလုပ်နဲ ့ ဆိုရင် ရှောင်တယ်။ ကွယ်ရာ တော့ မသိ။ အငယ်မတွေက တိုင်တယ် ကိုကို ဆေးလိပ်သောက် သတဲ့။ အဖေက ဘုရားသမား တရားသမား စိတ်ထားနူးညံ့လှ၊ သားက အရက် ခိုးသောက် ဆေးလိပ် ခိုးသောက်။ သားကို ချော့ပြောရ။ မလုပ်ပါနဲ့ သားရယ် ဆိုတော့ ကျနော် ခံတွင်းချဉ်လို့ပါ မာမီ လျှော့သောက်ပါမယ်တဲ့။ မပြောရက်လို ့သားရယ် မင်းဒယ်ဒီ ကိုကြည့့် ဆေးလိပ် မသောက် အရက်မသောက် မသောက်ပါနဲ ့သားရယ် ပြောရတယ်။ ကိုယ့်ရှေ ့ မသောက်ပေမဲ့ အငယ်မတွေက တော့ အတိုင်မပျက်။ ကိုယ်ကလည်း သားကို အပြော မပျက် အဆုံးမ မပျက်။ သားလေး လူပျိုဖြစ်လာတော့ ငိုက်ပေးကြမ်းလာတယ်။ ပုဆိုးတွေဘဲ ဝတ်တဲ့ခေတ်မှ ဘောင်းဘီင်္အကျီ စမတ်ကျကျ ဝတ်ချင်သည်။ စီးပွားရေးပျက် ပေမဲ့ သားအတွက်ဆို ရော့ အင့်။ အငယ်ဆုံးမက ထုံးစံအတိုင်း သူ့မုန့်ဖိုးထဲက ဝယ်ဝတ်ရလို့ အမေကိုရန်လုပ်။ သားဆိုရင်မုန့်ဖိုးက တောင်းသလောက်ပေး။ သမီးတွေဆိုရင် င်္အကျီလေးတွေက နွမ်းလို့ သားကတော့ ကျော့နေတာ။ ကိုယ်တောင် မစားရက် မသောက်ရက် ဒီသားလေးကိုသာ ဖို့ရ ဪ သား.. သား သားလှ လူလေး မေ့ရင်သွေး ဆိုတာ သားတယောက်ထည်း ရှိတဲ့ မိခင် တွေသာ နားလည်ကြမှာဘဲ။