Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သီးလေးသီးပြီးတော့ နှင်းဆီအဖွဲ့သားများ

အာဂNovember 22, 20101min56319

နိုဝင်ဘာလ ၂၁ ရက်နေ့ က သုဝဏ္ဏအားကစားရုံမှာပြသခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။ အခြား အငြိမ့်များလိုမဖြစ်ပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး နဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ပရိသတ်များအကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ် ပါတယ်။

ဒီနှင်းဆီအဖွဲသားများရဲ့ အငြိမ့်ဟာ ပြည်တွင်းမှာ နောက်ဆုံးအကြိမ်ကပြခဲ့တာဖြစ်ပြီး.။ အစိုးရကို သရော်တိုက်ခိုက်တဲ့ ပြက်လုံးတွေကြောင့်အတော်လေးကိုအောင်မြင်ခဲ့ပါတယ်။ အငြိမ့်ထဲမှာ ပါတဲ့ ပြက်လုံးအချို့ကိုဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဌိ လုပ်တဲ့အခါနောက်ဆုံး မေးခွန်း အဖြစ် တရိစာ္ဆတွေကို အများဆုံးရှိတဲ့ နေရာ၊ တရိစာ္ဆ မျိုးစုံထား ရှိ တဲ့နေရာဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တစ်ယောက်ကမေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်..ဟိုဟာမဟုတ်လား..ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ပေ။ ဒါနဲ့ လူရွှင်တော်တစ်ယောက်က ဒါဆိုပရိသတ်ကြီးသိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ နေပြည်တော်လို့ ဖြေခဲ့ကျပါတယ်။ အလာတူ ပြက်လုံးတွေအပြင် ၂၀၁ဝ ရွေးကောက်ပွဲကို သရော်သည့်ပျက်လုံးများ ၊ ကြံဖွက်များကို နိုပ်ကွပ် သည့် ပြက်လုံးများ။ အပါအဝင် အစိုးရပိုင် ဦးပိုင်စသဖြင့် စီးပွားရေးလုပ်ငန်းများကို သရော်သည့်ပြတ်လုံးများ။ မီးမလာသည့်အကြောင်းကို ပြက်သည့်ပြက်လုံးများ။ တရားမမျှတမှု ကိုပြက်သည့် ပျက်လုံးများနဲ့ ပရိသတ် လက်ခုတ် သံတွေ အတော်ကလေးကို ညံ့ ခဲ့ပါတယ်။
ဘာပဲပြောပြော သီးလေးသီး ပြီးတဲ့ နောက်မှာတော့ နှင်းဆီ အဖွဲ့သားတွေက ပြည်သူတွေနဲ့ တသားတည်းကျခဲ့တဲ့အတွက် ဒီမှာနေပြီး အဲဒီလိုပြောင်မြောက်တဲ့ ပြက်လုံးတွေပြက်ခဲ့တဲ့ မောင်မျိုးမင်းနဲ့ နှင်းဆီ ဝိုင်းတော်သားများအားလုံးကိုလေးစားမိပါတယ်။

19 comments

  • tun

    November 22, 2010 at 8:16 am

    ကျေးဇူးတင် လေးစား ပါတယ် နှင်းဆီအဖွဲ့သားများ ။
    သီးလေးသီးလို အပြင်ရောက်မသွားပါစေနဲ့လို့ဆုတောင်းပါတယ် ။U

  • nyeinwailwin

    November 22, 2010 at 8:23 am

    အင်း ..ဟုတ်တယ် nwl တို့လဲသွားကြည့်ဖြစ်တယ် ပရိသတ်တွေကလဲ ဒီလိုမျှော်လင့်ချက်နဲ့ လာကြည့်ကြတယ်ထင်ပါတယ်
    ရုံပြည့်ရုံလျှံပါပဲ ..ပြတ်လုံးတွေကလဲ တော်တော်ထိထိမိမိနဲ့ အရမ်းကိုကောင်းပါတယ် ..

  • ဆူး

    November 22, 2010 at 8:52 am

    ကျားကြီးတွေ မလို ဝတ်လို့ အမြင်ကတ်ပြီး ဝိုင်းပြောလို့ နောက်ဆုံး ပွဲမှာ လူတွေ အကြိုက် လုပ်ပေးတာများလား မသိဘူး။

  • etone

    November 22, 2010 at 10:08 am

    အစိုးရကပဲ အယုံသွင်းတဲ့လှည့်ကွက်များဖြစ်နေမလားပဲ ။

  • naywoonni

    November 22, 2010 at 11:21 am

    လှည့်ကွက်လားဘာလားတော့မသိဘူး…..နှစ်သစ်နှင်းဆီဆိုပြီးDVDထွက်လာသေးတယ်…….အဲဒါလေးကြိုက်လို့
    ပိုစ့်ရေးပြီးတင်ထားတာပျောက်သွားလို့လေ……..ဘယ်သူခိုးသွားလဲမသိဘူး..နာတော့..တဂျာအောင်ဘုယူထားတယ်
    ထင်တာပဲ……..

  • char too lan

    November 22, 2010 at 11:29 am

    နှစ်သစ်နှင်းဆီ ကျနော်လဲကြိုက်တယ် အဲထဲမှာလဲ ဆသရ နဲ့တခြားအဖွဲ့ အစည်းတွေကို ဖဲ့ထားကြသေးတယ် အာရုံဦး အတွက်အကြွေးဆပ်ကြတာလား ???????

  • paukpauk

    November 22, 2010 at 12:48 pm

    အရုဏ်ဦးအတွက် နောင်တရလောက်ရောပေါ့။
    ၈၈ အရေးအခင်းကို ပျက်ရယ်ပြုတဲ့သူမှန်သမျှ လူမဟုတ်ဘူး လို့ပဲထင်တယ်။
    ကျုပ်တို့ ကျောင်းသားခေါင်းဆောင် နောင်တော်တွေက အနစ်နာခံခဲ့ရတယ်…
    အုပ်ချုပ်သူ လူတန်းစားက ကောင်းစားသွားတယ်။

    အမှန်ကိုထောက်ပြတဲ့သူတွေကို ထောင်ထဲထည့်တယ်…
    စီးပွားရေးပေါင်းအုပ်မယ့်သူတွေကို တော့မြှောက်စားတယ်။

    တကယ်ဆို သင်းတို့ကောင်းစားလာဘို့အရေး …
    ကျောင်းသားခေါင်းဆောင်တွေ အနစ်နာခံပေးခဲ့ရသလိုပါပဲ။

    တန်ရာအစိုးရကိုပဲရတယ်ဆိုတာ …
    သူတို့လိုလူတွေများနေလို့နေမှာပါ။

    ဂေဇက်ကလို လူတွေများလာကြပါစေ။

    • pan pan

      August 3, 2011 at 10:22 am

      စွန့်သူတွေ မစားရဘဲ
      မစွန့်ဘဲ စားရသူတွေ ဝသွားတာပေ့ါ 🙁

  • KoNyeinChan

    November 22, 2010 at 1:34 pm

    ကောင်းပါတယ်ဗျာ အနုပညာရှင်တွေလည်းတတပ်တအား တိုင်းပြည်ရဲ့ကောင်းကျိုးအတွက်လုပ်ပေးနေတာ.. ဒီလို တိုင်းပြည်ရဲ့လိုအပ်ချက်၊လစ်ဟာချက်တွေကို အုပ်ချုပ်သူတွေဘက်က အကောင်းမြင်သဘောနဲ ့ကြည့်ပြီး ဖြည့်ဆည်းပေးနိုင်မယ်ဆိုရင် မြန်မာပြည်အတွက်ဝမ်းသာစရာပါဘဲ.. အကောင်းမမြင်ဘဲအဆိုးလို ့သာမြင်နေရင်တော့ ဇာဂနာအတွက် အထဲမှာ အဖော်အတော်များများရတော့မယ်..

  • rkar

    November 22, 2010 at 2:16 pm

    …. နွားအဖ ရဲ့လှည့်ကွက်တွေလို့ပဲထင်ပါတယ်….
    မဟုတ်ယင် ဒီကောင်တွေ အဲ့လောက်အခွက်မပြောင်ရဲပါဘူး… ခွက်ပျောက်မှာစိုးလို့လေ…
    အလကား လာရောနေတာနေမှာပါ… ကျွန်တော်ကတော့ … ဦးကျော်သူ နဲ့ ဦးဇာဂနာတို့ကိုပဲ လေးစားတယ်…

  • kopauk mandalay

    November 22, 2010 at 4:40 pm

    ညီလေးရေ ကိုယ်ပြောချင်တာပြောချင်ရင် သူများပြောချင်တာကိုလဲ နားထောင်ပေးရတယ်။
    ဒါမှ မျှတမှာပေါ့။

  • bagyiaung

    November 23, 2010 at 3:52 am

    ကျေးဇူးတင် လေးစား ပါတယ် နှင်းဆီအဖွဲ့သားများ ။
    သီးလေးသီးလို အပြင်ရောက်မသွားပါစေနဲ့လို့ဆုတောင်းပါတယ် ။

    • etone

      November 23, 2010 at 8:45 am

      အပေါ်ဆုံးများသူများရေးထားတာကို ကူးချထားတယ် 😀

  • Thaw Zin Loikaw

    November 23, 2010 at 4:36 am

    ဟုတ်ပါတယ် နှင်းဆီအငြိမ့်ကိုကြည့်ရင် ရသတစ်မျိုးမျိုးကိုခံစားရစမြဲပါ ။ နောက်ဆုံးကတာဆိုတော့ နှမြောတော့နှမြောပါရဲ့။ဘယ်လိုပဲဖြစ်ဖြစ် ပျက်လုံးနဲ့ ပြည်သူတွေကို နှစ်သိမ့်တယ်ပဲထင်မိပါတယ်။

    • naing

      November 23, 2010 at 8:29 am

      rker ရဲ့ မှတ်ချက်ကို အကြိုက်ဆုံးပဲ။

  • kai

    August 3, 2011 at 5:47 am

    နှင်းဆီအငြိမ့်က.. အဖွဲ့ သားတွေ..ယူအက်စ်ရောက်နေတုံးမို ့… သူတို့သတင်း.. အမှတ်တရ ပြန်တင်ပေးလိုက်တာပါ..။

  • nozomi

    August 3, 2011 at 10:28 am

    သူကြီးက သူတို့လှုပ်ရှားမှုလေးတွေလဲ တင်ပေးပါဦး (သတင်းရော အတင်းပါပေါ့)

  • blackchaw

    August 3, 2011 at 10:37 am

    ဒီလို ခေတ်နဲ့ စံနစ်ကို ထောက်ပြတဲ့ ပျက်လုံးမျိုးတွေ လူရွှင်တော် စစ်စစ်တွေဆီက ထွက်မလာနိုင်တော့တာ လူရွှင်တော်တွေ ညံ့လို့ မဟုတ်ပါဘူး။ တစ်ခုခုများ လွဲချော်သွားလို့ အနုပညာ လုပ်ခွင့် အပိတ်ခံလိုက်ရရင် နဂိုကမှ ကျပ်တည်းနေတဲ့ စားဝတ်နေရေး ထိခိုက်မှာ စိုးရတဲ့အတွက် မလုပ်ရဲကြတာလို့ ထင်ပါတယ်။ လူရွှင်တော်စစ်စစ်တွေ မလုပ်ရဲလို့ ဖြစ်လာတဲ့ ကွက်လပ်ကို မင်းသားတွေက ဖြည့်ပေးတာ ကို ဘာအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ်ကြိုဆိုပါတယ်။ ဆရာနေဝင်းမြင့် အောင်လံမှာ ဟောခဲ့သလိုပေါ့၊ ”ကျွန်တော်တို့က တိုင်းပြည်နဲ့လူမျိုးကောင်းဖို့ အတွက် ပြောတာ မခံနိုင်လဲသေပေါ့”။

  • zawthulay

    August 3, 2011 at 11:34 am

    နှင်းဆီအဖွဲ့ကို ကျွန်တော်လည်းကြိုက်ပါတယ် .. သူတို့တွေအပိတ်မခံရဖို့ပဲမျှော်လင့်ပါတယ်..

Leave a Reply