Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မြို့မှ … အကြောင်းမလှသူများ ….

fattyNovember 25, 20101min73417

နာမည်က …. လေပြေတဲ့ …………..။
၁ဝတန်း ဖြေပြီး တနှစ် ရှုံးပေါ့ …… အကြောင်းမလှတော့ အနှိပ်ခန်းရောက်နေလေရဲ့ …………။
နာမည်က ကြည်ပြာ တဲ့ …………… ECO ပထမနှစ် ….. အကြောင်းမလှတော့ အနှိပ်ခန်းရောက်နေလေရဲ့ …………။
နာမည်က ….ထားပါတော့ဗျာ ….ဒီလိုတွေ အများကြီးပေါ့နော ။ သိချင်ရင် COMMENT လေး တော့ ထားခဲ့ဗျာ … သူတို့အကြောင်းလေးတွေနဲ့ ဓာတ်ပုံပါ တင်ပြတာပေါ့ ။
တခြားကြောင့် မဟုတ်ပါဘူး ….. ရေးသင့်မရေးသင့်နဲ့ …. သိချင်တဲ့သူရှိမရှိပါ ။
နောက်ပြီးပေါင်းရေးရမှာက ….မြန်မာပြည်မှာ လုပ်နေတဲ့ နိုင်ငံခြားကုမ္ပဏီက ဝန်ထမ်းတွေရဲ့ …. stress တွေ ……..

comment က အရေးကြီးပါတယ်။ တောင်းဆိုမှု အရဘဲ ရေးဖြစ်မှာမို့ပါ ။
….

17 comments

  • weiwei

    November 25, 2010 at 4:49 pm

    ကျွန်မအမြင်ကတော့ အနှိပ်ခန်းရောက်တဲ့ကိစ္စကတော့ မရေးသင့်ဘူးထင်ပါတယ် …
    နိုင်ငံခြားကုမ္ပဏီတွေရဲ့ အလုပ်အကိုင်ကိစ္စတွေကတော့ သိသင့်ပါတယ် … အလုပ်လုပ်ချင်သူတွေ ဗဟုသုတရတာပေါ့ ..

  • bigcat

    November 25, 2010 at 6:09 pm

    ဘာလို့မရေးသင့်ရမှာလဲ၊ ရေးသာရေး ဦဖက်၊ ဒါမျိုးစောင့်နေတာကြာပြီ။

  • kai

    November 25, 2010 at 8:45 pm

    ပရိုက်ဗေစီထိခိုက်နိုင်တာတွေဆို ..နာမယ်၊ လိပ်စာ ..စသဖြင့်တွေလွှဲပြီးရေးစေလိုပါတယ်ခင်ဗျာ..။
    ကုမ္ပဏီဝန်ထမ်း၊ ကုန်သည်။ အရောင်းမြင့်တင်ရေးသမား၊ အသက်မပြည့်တဲ့ ကလေး၊ သူတောင်းစား၊ စသဖြင့် ..တဦးချင်းစီရဲ့ တိတိကျကျဇတ်လမ်းလေးတွေနဲ့ သိသမျှ ရေးစေလိုပါတယ်။

    မန္တလေးဂေဇက်စာဖတ်သူတွေကလည်း သိသလောက်တွေ ပူးပေါင်းရေးပေးစေလိုပါတယ်..။မန္တလေးဂေဇက်အနေနဲ့လည်း ရထားပြီးသတင်းတွေ ပြန်တင်ပေးပါမယ်.။
    အဓိက ဦးတည်ချင်တာက .. စီးပွားရေးပိတ်ဆို့မှုကြောင့် .. ဘယ်သူတွေကောင်းစားသလဲ၊ ဘယ်သူတွေဒုက္ခရောက်သလဲ။ ငွေကြေးလည်ပတ်မှုဘယ်လိုဖြစ်သလဲ။ ဘယ်ဖက်ကိုစီးဆင်းသွားစေသလဲ။ လူငယ်တွေဘယ်လိုဖြစ်သလဲ။ နယ်က ရွာက အလုပ်သမားတွေဘာဖြစ်သလဲ။ စသဖြင့် အခြေခံလူထုဖက်က ခံစားနေရတာတွေရဲ့ တင်ပြမှုကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေချင်တာပါ။
    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ရော. မြန်မာအာဏာပိုင်တွေရော လောလောလတ်လတ် သိပ်သိချင်တဲ့အကြောင်းဖြစ်မယ် ယူဆလို့ပါ။

    ယူအက်စ်က မြန်မာပြည်ကိုလုပ်ထားတဲ့.. ဆန်ရှင်ကိစ္စစဉ်းစားရာမှာ အထောက်အကူဖြစ်နိုင်တဲ့ စာတွေဆို မန္တလေးဂေဇက်က ပုံနှိပ်ဖို့ဝယ်ပါ့မယ်..။

  • m

    November 26, 2010 at 2:40 am

    ဒီလို အကြောင်းအရာလေးတွေကို – သိတဲ့ သူတွေရှိနေသလို မသိသေးတဲ့ သူတွေလည်း အများကြီးရှိနေဦးမယ်ထင်ပါတယ် –
    အဲ့တော့ ရေးတင်ထားတာရှိယင် ဖတ်မိတဲ့ သူတွေအတွက်လည်း –
    ဆောင်ရမယ့် ရှောင်ရမယ့် အခြေနေလေးတွေ ကို – ကိုယ်တိုင်ရွေးခြယ်နိုင်မှာပေါ့ –
    ဒီတော့ရေးပါ အားပေးပါတယ် –

  • kopauk mandalay

    November 26, 2010 at 2:41 am

    အဆင်မပြေတဲ့သူတွေများ အကြောင်းကိုရေးမယ်ဆိုရင် အမည်လွှဲနေရပ်လွှဲနဲ့ရေးသင့်ပါတယ်။
    ကာယကံရှင်ကိုထိခိုက်မှာစိုးတာရယ် ကြော်ငြာပေးသလိုလဲ ဖြစ်သွားမှာရယ်ကြောင့်ပါ။
    အဖြစ်မှန်လေးတစ်ခုု ကို မူတည်ပြီး ဖတ်ရသူတွေရင်ထဲမှာ ကိုယ်ချင်းစာနာစိတ်လေးပေါက်သွားအောင် ရသမြောက်အောင်ရေးနိုင်ရင်အကောင်းဆုံးလို့ အကြံပေးချင်ပါတယ်။
    ဆရာလုပ်တာ မဟုတ်ဘူးနော်။

  • char too lan

    November 26, 2010 at 5:08 am

    တည်နေရာနဲ့ နာမည်ရင်းတွေတော့လွဲပီးရေးရင်တော့ ကိစ္စမရှိပါဘူး နောက်လူတွေအတွက်သင်ခန်းစာရမယ်ထင်တာပဲ ရေးဖြစ်မယ်ဆိုရင်တော့ မျှော်နေပါမယ် ~~
    ဒါနဲ့အဲဒီအနှိပ်ခန်းဆိုတာကလဲ တော်တော်ခေတ်စားနေတယ်နော် 😀

  • naywoonni

    November 26, 2010 at 5:29 am

    အဲဒိအနှိပ်ခန်းတွေက….ဘယ်လိုဖြစ်ပြီးမှိုလိုပေါက်လာရတာလဲ..စဉ်းစားလို့ကိုမရဘူး..
    တရားဝင်ဖြစ်ကုန်ပြီလား…ဟိုတုန်းကတည်းခိုခန်းတွေမှာငွေရှာတဲ့မိန်းကလေးတွေရှိတာတော့
    တွေ့ဖူး..ကြားဖူးတယ်..တရားဝင်မဟုတ်ဘူးပေါ့….သက်ဆိုင်ရာကိုပေးကမ်းရတယ်….သူတို့က
    အကြောင်းကြားရင်ရှောင်ပေးရတယ်..ပြီးမှပြန်ဝင်ပေါ့..။
    အင်းလေ…..ကျွန်တော်ပဲခေတ်မမီတော့တာဖြစ်မှာပါ…….သူတို့ကိုအားပေးတဲ့အနေမျိုးမပါရင်ပြီးတာပဲလေ
    ရေးပါ…..ကျွန်တော်ပြောချင်တာသဘောပေါက်လားမသိဘူး………….
    ဒီလိုအခက်အခဲဖြစ်ရင်ဒီလိုလုပ်ပါလားဆိုတဲ့သဘောမသက်ရောက်သွားရင်လို့ပြောတာဗျ
    ဆရာလုပ်တာတော့မဟုတ်ဘူးနော်……….
    ဘယ်သူ……
    ဘယ်အချိန်……..
    ဘာကြောင့်………
    ဘာဖြစ်…….
    ဘာလုပ်သင့်….ဆိုတာလေးပေါ့ဗျာ
    အင်းတစ်ဖြေးဖြေးနဲ့REALYISMကိုပြန်ပြီးဦးတည်နေပြန်ပြီနဲ့တူတယ်ကိုပေါက်ရေ………
    ကျွန်တော်တို့ဆရာကြီးသာရှိရင်ရေးပြီလောက်ပြီဗျျ…….သိလား?

  • အာဖျံ ကွီး

    November 26, 2010 at 5:46 am

    ရေးပါဦးဖက်ရေ ….

    ပညာပေးပုံစံလေးပေါ့နော် …

    တချို.ကျတော့ တကယ်ပဲ ဘာမှမတတ်နိင်လို. အနှိပ်ခန်းရောက်ကြရသလို …
    တချို.ကျတော့လဲ အလွယ်လိုက်တာပေါ့ဗျာ …

    စောင့်ဖတ်ပါ့မရ် …

  • koyinmaung

    November 26, 2010 at 10:25 am

    အားပေးနေပါတယ် ရေးသာရေးပါ ကာယကံရှင်တွေမထိခိုက်အောင်တော့ရေးစေချင်ပါတယ်….

  • လင်းဝေကျော်

    November 26, 2010 at 11:30 am

    ပညာပေးတဲ့ အနေနဲ့ သာရေးပါ။ ဒီလိုအလုပ်မျိုးကို အလွယ်လိုက်ရင် ဘဝနစ်မွန်းပြီး လူအထင်သေးခံရတတ်တယ် ဆိုတာမျိုးအနေနဲ့သာ ရေးပါ။ ရေရည်မှာ ဘဝကို အားမာန်နဲ့ တောင့်ခံပြီး ရပ်တည်ကြပါဆိုတာမျိုးလေးတွေပါရေးမှကောင်းမှာပါ။
    ဘယ်သူ ဘယ်ဝါ ဘာလုပ်နေပါတယ် ဆိုတာလောက်ကတော့ ထိခိုက်ရုံသက်သက်ဖြစ်မှာပါ။

  • etone

    November 27, 2010 at 4:18 am

    ဟုတ်ပါတယ် သိသင့်ပါတယ် ။ နာမည်လေးလွှဲပြောရင်ပဲရပါပြီ ။
    အခုနောက်ပိုင်း လွယ်လွယ် ပိုက်ဆံရပြီး အရင်းအနှီးပစ္စည်းဥစ္စာမလိုတဲ့ အလုပ်မျိုး တော်တော်လုပ်လာတာတွေ့တယ် ။ တစ်ချို့ ကြက်ပေါက်လေးတွေတောင် အိမ်တွေဖုန်းတွေနဲ့လေ ။ လူသာအထင်သေးတာ ပိုက်ဆံတော်တော်ဝင်တဲ့အလုပ်ပဲ 😀

  • kai

    November 27, 2010 at 8:52 am

    သာမန်အားဖြင့်တော့ … လိင်ကိစ္စဖျော်ဖြေမှုနဲ့ပြည့်တန်ဆာတွေကို ဥပဒေအရ တရားဝင်မလုပ်ထားရင် ဒီလိုအနှိပ်ခန်း၊ ကရာအိုကေခန်း၊ တည်းခိုခန်း၊ ပန်းခြံတွေမှာ စည်ကားအလုပ်များတာတွေဖြစ်တတ်ပါတယ်..။

    ဒါကို သေသေချာချာ ဒီဘိတ်လုပ်သင့်တယ်..။
    မြန်မာပြည်မှာ .. လိင်ကိစ္စနှင့်ဆက်နွယ်သောစီးပွားရေးလုပ်ငန်းများ .. ဥပဒေအရတရားဝင် လုပ်သင့်-မလုပ်သင့်.။
    ဦးဖက်စပေးဖို့ကောင်းတယ်..။

  • unclegyi1974

    November 27, 2010 at 4:11 pm

    ပုဂ္ဂိုလ်ရေး ထိခိုက်မှုမဟုတ်ဘဲဖြစ်စဉ်အဓိကထားပြီ
    သတိမူစရာ ဆင်ခြင်စရာ လူကြောင့်လား မူကြောင့်
    လားဆိုတာခွဲပြီးရေးနိုင်ရင်အကျိုးရှိမယ်လို့မြင်
    ကြောင်းပါဗျ

  • rat

    November 29, 2010 at 3:45 am

    ဒီပို.စ်ဟာ……ပညာပေးလဲမဟုတ်ဘူး ၊ သင်ခန်းစာလဲမဟုတ်ဘူး ၊ ကျုပ်ကတော့ကြော်ငြာတာလို.ပဲထင်တယ် …..
    တင်ချင်တင်ပေါ့ဗျာ……မဖတ်ချင်တဲ့သူတွေကကျော်ဖတ်သွားလိမ့်မယ် …စိတ်ဝင်စားတဲ့သူကတော့ဖတ်မှာပဲ ။

  • moethidasoe

    November 29, 2010 at 6:53 am

    လောကမှာ လွယ်လွယ်နဲ့ ရတာ သိပ် မကောင်းဘူး ဆိုတာကို သိစေချင်လို့ ရေးတယ် ဆိုတဲ့ ရည်ရွယ်ချက် ဆိုရင်တော့ ကောင်းပါတယ် .. သင်ခန်းစာ ယူရတာပေါ့ ..
    ငါသိတဲ့ ကောင်မလေးက ဘယ်သူကွ .. မင်းတို့ ဆက်ချင်သလား ဆိုရင်တော့ မကောင်းဘူး .. ဒါကြောင့် နာမည်ရယ် .. နေရာရယ်ကို ထည့် မရေးပဲ .. သင်ခန်းစာ ယူသင့်တယ် ဆိုတဲ့အကြောင်းကို ပေါ်လွင်အောင် ရေးပြမယ် ဆိုရင် ဝဲကမ်းဘဲလို့ ဆိုပါရစေ ..
    ကိုင် သို့မဟုတ် ခိုင် (အသံထွက် အမှန် မသိလို့ပါ) .. ရဲ့ ဒီဘိတ်ကို စိတ်ဝင်စားပါတယ် ..
    အခုဖြစ်နေတာက အိုးပင်းစီးကရက်လိုပဲ ရှိတာကို လူတိုင်း သိနေတယ် .. လှုပ်ရှားတဲ့ လူတွေကလဲ ဆက်ကြေး ပေးတယ် .. ဆက်ကြေးရတဲ့ လူတန်းစားကလဲ အထက်က မပြောမချင်း ငြိမ်စားနေတယ် .. အထက်က လှုပ်လှုပ်ရှားရှားလုပ်မှ ထလာပြီး အဖမ်းပြတယ် .. သူတို့ကိုယ်တိုင်တောင် အခမဲ့ ဝင်စားနေကြလေ .. ဒီတော့ ထိုင်းမှာလို ဆေးစစ်ကပ်ပြားတွေ ထုတ်မပေးနိုင်တော့ ရောဂါတွေ ဖက်နေတဲ့ လူတွေ များလာ .. ဒီကြားထဲ .. ပျော်ချင်တဲ့လူတွေကလဲ ပလိန်းချည်း ဆိုတော့ .. ကြောက်စရာကြီးလေ .. ဒါကြောင့် ဒီဘိတ် လုပ်ရင်လဲ လမ်းမှန်မှန်လုပ်ပေးစေချင်ပါတယ်

  • naywoonni

    November 29, 2010 at 2:00 pm

    ကိုkai..ပြောသလိုဖြစ်လာမယ်ထင်လို့လား….
    ဒီလိုပုံ..ဒီလိုမျိုးနဲ့မိုးချုပ်..မောင်ပစ်တိုင်းထောင်ကြိုးမရှုပ်ခင်ဆိုတဲ့သီချင်းကြားဖူး
    တယ်မို့လား………အဲဂလိုပဲ…
    သူရို့ကသူရို့ပဲသိတယ်..တတ်တယ်….လုပ်မယ်ဆိုတဲ့ဟာမျိုးတွေ
    ဒီတော့ဒီဘက်ကပဲပညာပေး…အသိပေး
    တွေ့တဲ့သူကပြင်နိုင်ရင်ပြင်လိမ့်မယ်……..ဒါပဲရှိတာ

Leave a Reply