အချိန်မရွေး ကောင်းမှုလုပ်ပါ
<!– /* Font Definitions */ @font-face {font-family:”Cambria Math”; panose-1:2 4 5 3 5 4 6 3 2 4; mso-font-charset:0; mso-generic-font-family:roman; mso-font-pitch:variable; mso-font-signature:-1610611985 1107304683 0 0 415 0;} @font-face {font-family:Calibri; panose-1:2 15 5 2 2 2 4 3 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:-520092929 1073786111 9 0 415 0;} @font-face {font-family:Zawgyi-One; panose-1:2 11 6 4 3 5 4 4 2 4; mso-font-charset:0; mso-generic-font-family:swiss; mso-font-pitch:variable; mso-font-signature:1627400839 -2147483648 8 0 66047 0;} /* Style Definitions */ p.MsoNormal, li.MsoNormal, div.MsoNormal {mso-style-unhide:no; mso-style-qformat:yes; mso-style-parent:””; margin-top:0in; margin-right:0in; margin-bottom:10.0pt; margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:Calibri; mso-fareast-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} .MsoChpDefault {mso-style-type:export-only; mso-default-props:yes; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:Calibri; mso-fareast-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} .MsoPapDefault {mso-style-type:export-only; margin-bottom:10.0pt; line-height:115%;} @page Section1 {size:8.5in 11.0in; margin:1.0in 1.0in 1.0in 1.0in; mso-header-margin:.5in; mso-footer-margin:.5in; mso-paper-source:0;} div.Section1 {page:Section1;} –>
/* Style Definitions */
table.MsoNormalTable
{mso-style-name:”Table Normal”;
mso-tstyle-rowband-size:0;
mso-tstyle-colband-size:0;
mso-style-noshow:yes;
mso-style-priority:99;
mso-style-qformat:yes;
mso-style-parent:””;
mso-padding-alt:0in 5.4pt 0in 5.4pt;
mso-para-margin-top:0in;
mso-para-margin-right:0in;
mso-para-margin-bottom:10.0pt;
mso-para-margin-left:0in;
line-height:115%;
mso-pagination:widow-orphan;
font-size:11.0pt;
font-family:”Calibri”,”sans-serif”;
mso-ascii-font-family:Calibri;
mso-ascii-theme-font:minor-latin;
mso-fareast-font-family:”Times New Roman”;
mso-fareast-theme-font:minor-fareast;
mso-hansi-font-family:Calibri;
mso-hansi-theme-font:minor-latin;
mso-bidi-font-family:”Times New Roman”;
mso-bidi-theme-font:minor-bidi;}
ကျမတို့မြန်မာပြက္ခဒိန်မှာ ရက်ရာဇာ၊ ပြဿဒါး ဆိုပြီး ရက်တွေကိုသတ်မှတ်ထားပါတယ်။
ရက်ရာဇာနေ့မှာ ကုသိုလ်ကောင်းမှု လုပ်ရန်ဖြစ်ပြီး ပြဿဒါးနေ့ကိုတော့
ဘာမှမလုပ်ရန် ရှောင်ကြပါတယ်။ ထို့အပြင် တခြား အယူတွေလဲ ရှိပါသေးတယ်
မွေးနေ့ သောကြာ တနင်္လာ ကေသာဆံဖြတ် မပြုရ ဆိုတာမျိုးပါ။
ဗေဒင်တွေ နတ်တွေကို ယုံကြည်ကြပါသေးတယ်။ ဘယ်ဂြိုလ်ထဲ ရောက်လို့
ဘာဖြစ်မယ်ဆိုတာမျိုး ။ တချို့လူတွေဟာ မိမိကိုယ်ကို ထိုအယူတွေနဲ့
ထောင်ချထားသလိုပါပဲ တခုခုလုပ်မယ်ဆို ဗေဒင်မေးရ နတ်မေးရ
ပြက္ခဒိန်ကြည့်ရနဲ့ မိမိကိုယ်ကို မိမိ မပိုင်တဲ့ဘဝဖြစ်နေတယ်
တကယ်တမ်းကျတော့ ထိုအယူတို့သည် ဗုဒ္ဓဘုရားက မဟောကြားထားခဲ့ပါ။
ဗုဒ္ဓမြတ်စွာဘုရား ဟောခဲ့တာက သတ္တဝါတိုင်းဟာ ကံ ကံ၏အကျိုးကို ယုံကြည်ဖို့ပါ ။
မည်သူမဆို မည်သည့်ရက်မှာမဆို ကောင်းမှုကုသိုလ်လုပ်လျှင်
ကောင်းတာလုပ်တဲ့နေ့ပဲဖြစ်ပါတယ်။
မည်သူမဆို မည်သည့်ရက်မှာမဆို မကောင်းမှုအကုသိုလ်လုပ်လျှင်
မကောင်းတာလုပ်တဲ့နေ့ပဲဖြစ်ပါတယ်။
ဥပမာ- သင်္ကြန်ရက်များကို မြန်မာတို့က အခါရက်လို့ သတ်မှတ်ကြပါတယ်။
ထိုသင်္ကြန်ရက်များမှာ ဥပုသ်စောင့်တဲ့သူကစောင့် ရေပက်တဲ့သူကပက်
အရက်သောက်မူးနေတဲ့သူက မူးကြပါတယ်။
ထိုလူများထဲတွင် အခါရက်ဆိုပေမယ့် ကောင်းမှုကုသိုလ်လုပ်တဲ့သူသာ
ကုသိုလ်ရမှာဖြစ်ပြီး မကောင်းမှုလုပ်တဲ့သူက အကုသိုလ်ရမှာဖြစ်ပါတယ်။
ထို့အတူပဲ ရက်ရာဇာနေ့မှာ မကောင်းမှု ပြုလုပ်လျှင် အကုသိုလ်ရမှာဖြစ်ပါတယ်။
ပြဿဒါးနေ့မှာ ကောင်းမှုပြုလုပ်လျှင် ကုသိုလ်ရမှာဖြစ်ပါတယ်။
အကြီးအကျယ်မှားယွင်းနေတာက ကောင်းမှုကုသိုလ်လုပ်မယ့်ရက်ကို
သေသေချာချာ ရွေးချယ်စောင့်ဆိုင်းပြီးမှ ပြုလုပ်ကြပါတယ်။
မကောင်းမှုကိုတော့ ရက်မရွေးပဲ အခါအခွင့်သင့်သလို ပြုလုပ်နေကြတာပါပဲ။
အမှန်တကယ်ဆို ကောင်းမှုကုသိုလ်ကို ရက်မရွေးပဲ အခါအခွင့်သင့်သလို
ပြုလုပ်ကြရမှာပါ မကောင်းမှုကို သေသေချာချာစဉ်းစားပြီးမှ ပြုလုပ်မယ်ဆိုရင်
အဲဒီမကောင်းမှုကို ပြုလုပ်ဖို့လွယ်မယ် မထင်တော့ပါဘူး။
အားလုံးပဲ ကောင်းမှုကုသိုလ်ကို အချိန်အခါမရွေးပဲ အခါအခွင့်သင့်သလို
ပြုလုပ်နိုင်ကြပါစေ။
One comment
ဆူး
December 12, 2010 at 5:06 pm
ကလေး တရားပွဲတွေမှာ ကလေးတွေကို နုတ်တိုက် သင်ပေးတဲ့ အရှင်အာစရလင်္ကာရ (ကိုးဘွဲ့ရ) အသံလေးနားထဲ ကြားမိတယ်။
လိုက်ဆို.. ကျယ်ကျယ်ဆိုနော်.. အရှေ့ကတိုင်ပေးမယ်။
ပိုက်ဆံ ရှိတဲ့ နေ့သည် ရက်ရာဇာ…
ပိုက်ဆံ မရှိတဲ့ နေ့သည် ပြသဒါး..
ရက်ရာဇာ ပြသဒါ ဘာမှ လုပ်မရဘူး.. ပိုက်ဆံ ရှိမှ မုန့်ဝယ်စားလို့ရတာ.. ကလေးတို့ မှတ်ထား။
ကုသိုလ်ကောင်းမှု ဆိုတာ အချိန်မရွေးလုပ်လို့ရတယ် ကြားလား.. ကလေးတို့..