Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကရင်လူထုအတွက် စာမျက်နှာသစ်ဖွင့်ချိန်

doekalayDecember 14, 20101min2011


နအဖ သည် လမ်းပြမြေပုံ (၇)ချက်ကို ၂၀၀၃ ခုနှစ် ဩဂုတ်လတွင် ချမှတ်ခဲ့သည်။ ထိုလမ်းပြမြေပုံပါ အ ချက်များကို ၂၀၀၄ ခုနှစ် မေလမှစတင်ကာ တဆင့်ခြင်း အကောင်အထည် ဖော်ခဲ့ရာ ပဉ္စမအချက်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တရားမျှတသော ရွေးကောက်ပွဲကျင်းပခြင်း ဆိုသည့် ရွေးကောက်ပွဲကို ၂၀၁ဝ နိုဝင်ဘာလ (၇)ရက်နေ့တွင် ကျင်းပ ပြုလုပ်ခဲ့သည်။ နောက်တနေ့တွင် ၁၉၉၅ ခုနှစ်က အပစ်အခတ် ရပ်စဲထားခဲ့ပြီး နယ်ခြားစောင့်တပ်အဖြစ် လက်မခံသော ဗိုလ်မှူးချုပ် စောလားပွယ် ခေါင်းဆောင်သော တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတို့ မြဝတီ၊ ဘုရားသုံးဆူ ဒေသများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ထိုအခြေအနေသည် သံသယများဖြင့် (၁၅)နှစ်ကြာ တည်ဆောက်ထားသော အပစ်အခတ်ရပ်စဲရေး ပျက်ပြားခြင်း၊ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ၏ ပထမဆုံးရလဒ်၊ သွေးခွဲစနစ်ဖြင့် အမျိုးသား အချင်းချင်း ရန်တိုက်ပေးရန် စီစဉ်ထားသော နယ်ခြားစောင့်တပ် အစီအစဉ်အား အာခံခြင်းဖြစ်သည်ဟု ရှုမြင်နိုင်မည် ဖြစ်သည်။

ယခုဖြစ်စဉ်သည် ဗိုလ်မှူးချုပ် စောလား ပွယ် (ခေါ်) နှုတ်ခမ်းမွှေး ဦးဆောင်သော DKBA နှင့် ဖြစ်ပွားခြင်းမျိုး သက်သက်မဟုတ်ဘဲ DKBA တခုလုံးနှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ယူဆနိုင်ပါသည်။ ဆိုလိုသည်မှာ အပစ်အခတ်ရပ်စဲရေးသည် ယုံကြည်မှုပေါ် အခြေခံထားခြင်း မဟုတ်ခြင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး မဟုတ်ခြင်း၊ သံသယအပေါ်အ ခြေခံထားခြင်း နှင့် သံသယများ ဆက်လက်ရှိနေသောကြောင့် ဖြစ်ပါသည်။

ထိုအခြေအနေအောက်မှာ နအဖသည် ကျန်ရှိနေသည့် နယ်ခြားစောင့်တပ်အဖြစ် သဘောတူလက်ခံထားသော တနည်းအားဖြင့် ဗိုလ်ချစ်သူ ဦးဆောင်သော DKBA ၊ ၁၉၉၅ ခုနှစ် က KNU မှ ခွဲထွက်သွားခဲ့သည့် စောသူမူဟဲ ဦးဆောင်သော KPF ၊ ၂၀၀ရ ခုနှစ်က KNU မှ ခွဲထွက် သွားခဲ့သော နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်မခံသည့် ဗိုလ်ချုပ် ထိန်မောင်၏ KNU/KNLA ငြိမ်းချမ်းကောင်စီတို့ အား သံသယဖြင့် စောင့်ကြည့်ကာ အခါအခွင့် သင့်သည်နှင့် ချေမှုန်းနှိုင်ရေးပြင်ဆင် ဆောင်ရွက်နေမည် ဆိုသည်မှာ သံသယဖြစ်စရာ မလိုပေ။

ဗိုလ်ချစ်သူ အပါအဝင် DKBA ခေါင်းဆောင်များအားလုံး အနေဖြင့်လည်း ယခုဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် ပက်သက်ပြီး အသေအချာ ပြန်လည်သုံးသပ် ဆင်ခြင်ရန် လိုအပ်သော အချိန်ဖြစ်သည်။

မိမိကိုယ် မိမိ ခုခံကာကွယ်နိုင်ရေး နှင့် မိမိတို့ ရည်မှန်းချက်ဖြစ်သော အမျိုးသား ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များအတွက် ပြန်လည် တိုက်ပွဲဝင်ရန် ပြင်ဆင်ချိန်ရောက်ပြီလား၊ မိခင် အဖွဲ့အစည်းဖြစ်သည့် KNU နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆောင်ရွက်သင့်ပြီလား၊ (၁၅) နှစ်တာ အပစ်အခတ် ရပ်စဲရေးဟာ တကယ်ဘဲ လူထုအတွက် အကျိုးရှိခဲ့သလား၊ DKBA တခုလုံး အတွက် အကျိုး ရှိခဲ့သလား၊ ဘယ်လို ကန့်သတ်ချက်တွေ နှင့် DKBA ကို နအဖ က ကိုင်တွယ်ခဲ့သလဲ စသည့် မေးခွန်းများကို လေးလေးနက်နက် စဉ်းစားရမည့်အချိန် ဖြစ်သလို KNU အနေဖြင့်လည်း ဦးဆောင်ပါတီဖြစ်သည့် အားလျော်စွာ တခုလုံး၏ အကျိုးစီးပွားကို ကြည့်သင့်သော အချိန်အခါကောင်း ဖြစ်သည်ဟု မြင်ပါသည်။

ရရှိသည့်အခွင့်အရေးကို အပြည့်အဝအသုံးချကာ KNU ၊ KPF ၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ နှင့် DKBA သည် ကရင်လူထု အကျိုးအတွက် ခြေလှမ်းသစ် စာမျက်နှာသစ် ဖွင့်လှစ်ကာ သမိုင်းတခေတ် တည်ဆောက်ရမည့် အချိန်ဖြစ်သည်။ ကျနော် တွေ့မိသော ကရင်လူထုကို ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး သဘောထား မေးကြည့်ရာ အတော်များများက ဗိုလ်မှူးချုပ် စောလားပွယ်၏ လုပ်ရပ်ကို ဂုဏ်ပြု ကြိုဆို ကြသည်ကို တွေ့ရသော်လည်း KNU၏ တုန့်ပြန်ချက်နှင့် ပတ်သက်ပြီး အားမရမှုများ ရှိနေသည်ကို တွေ့ရသည်။

ပွင့်ပွင့်လင်းလင်း ပြောရလျှင် KNU ရဲဘော် အချို့ပင်လျင် KNU ၏သဘောထားကို အားရကျေနပ်ခြင်း မရှိကြချေ။ “ဒီအချိန်ဟာ ငါ့တို့ အတွက် အကောင်းဆုံးအချိန်ဘဲ DKBA နှင့် ပေါင်းပြီး မြဝတီကို သိမ်းလိုက်ရင် ဘယ်လောက် ကောင်းမလဲ၊ တခါတည်း KNU နှင့် DKBA ပေါင်းပြီးသား ဖြစ်သွားပြီး လူထုအတွက်လည်း အကျိုးရှိ တာပေါ့” ဟု KNU ရဲဘော်တယောက်က သူ့အမြင်ကို ပြောပြပါသည်။

ဗိုလ်မှူးချုပ် စေားလားပွယ်က သူ့၏ နိုင်ငံရေး အယူ အဆကို မီဒီယာများ နှင့်တွေ့ဆုံရာတွင် “ဒီကနေ့ ကျနော် လုပ်နေတာဟာ ကရင်လူမျိုးအတွက် တခုတည်း မဟုတ်ပါဘူး၊ ဒီမိုကရေစီအတွက်၊ ဒေါ်အောင်ဆန်းစုကြည်အတွက် ဖြစ်တယ်” လို့ ပြောခဲ့တာကိုတွေ့ရပါတယ်။ ထိုအချက်သည် ကျနော်တို့ အားလုံး ကြိုဆိုလက်ခံ သင့်သော အချက် ဖြစ်ပါသည်။

ထို့ကြောင့် စောဘဦးကြီး၏ စကားအတိုင်း ပြောရလျှင် “ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေး အတွက် KNU ၊ KPF ၊ KNU/KNLA ငြိမ်ချမ်းရေးကောင်စီ ၊ DKBA တို့နှင့် အတူ ကရင်လူထု တရပ်လုံးက ကရင့် စာမျက်နှာသစ် ဖွင့်လှစ်နိုင်ရေး ကြိုးစားကြပါစို့” ဟု တိုက်တွန်း နှိုးဆော်အပ်ပါသည်။


One comment

  • Hello Everyone

    December 14, 2010 at 5:35 pm

    တလော က မြဝတီ ကို ဝင်ပစ် လို့ လူ တွေ လဲသေ၊ စီးပွါးလဲ ပျက်။ မ ကျေနပ် ဘူး ဆိုရင် လဲ ၊ ကိုယ်မကျေနပ် တဲ့ သူ တွေ ကို ချပေါ့၊ ခုတော့ မဆိုင်တဲ့ ရိုးရိုး လူ တွေကို လိုက် သတ်နေ တာ။ ဟို အရင် က အဘ အကိုဝမ်း ကွဲ ဆရာဝန် တရောက် ကရင်ပြည် နယ်ဘက် က ဆေး ရုံ မှာ အလုပ် တာဝန် ကြ တုံး က လဲ ၊ အဲဒီ KNUဆိုတဲ့ ကောင် တွေ ပဲ ဘာမှ မ ဆိုင် ပဲ ဆေး ရုံ ကို ဝင် စီး တော့ သူ့မှာ အပြေး ကောင်းလို့သာ ပေါ့၊ မဟုတ် ရင်တော့ ကျန်ခဲ့ တဲ့ Nurse Aidလေးလို သေ မှာပဲ။

    ဒီ တော့ သူ့ဟာ သူ တစ်ဖွဲ့ ချင်း တောင် တော်တော် ဆိုး နေ ပြီ ၊ အား လုံး ပူး ပေါင်း ကြပါ လို့ တိုက်တွန်း နေတဲ့ doekalayကို တော့ အံ့ပါရဲ့ ကွာ။ မလုပ်ကြပါနဲ့။

Leave a Reply