” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းလေး)

” ဘယ်မှာလဲ ဘာလုပ်ရမှာလဲ ဘာတွေလိုမလဲ ဘယ်လောက်ပေးရမှာလဲ”(အပိုင်းလေး)

စက်ရုံတစ်ရုံမှာအောက်တန်းစာရေးအလုပ်ပေါ့။
အဲဒီအလုပ်ကခန့်မှာက အောက်တန်းစာရေးက (2)နေရာ စာရင်းကိုင်က(2)နေရာ။
အပွင့်လင်းဆုံးပြောရရင်တော့ အကုန်ခန့်ပြီးသားပါ။
အဲဒီခေတ်ကထုံးစံအတိုင်းဘောင်ဝင်အောင်ဆောင်ရွက်ရတာပါ။
ကျနော်အင်တာဗျုးသွားဖြေမယ့်နေ့မှာ လုပ်အားပေးနေတဲ့ရုံးက ဆရာက အကုန်ပြောထားပြီးသား အင်တာဗျုးသွားဖြေရင်လဲ ဘယ်သူနဲ့မှလေကြောမရှည်နဲ့ လို့ မှာလိုက်ပါတယ်။
အင်တာဗျုးဖြေတဲ့နေ့ရောက်တော့ လာဖြေသူစုစုပေါင်း လူခြောက်ဆယ်လောက်ရှိပါတယ်။
အင်တာဗျုးမဖြေခင် မှာ မေးမယ်ထင်တဲ့ ဗဟုသုတပေါင်းစုံကိုရော အခုဖြေမယ့် စက်ရုံအကြောင်းကိုရောခေါင်းမဖော်တမ်းကျက်နေလိုက်ကြရတာ။
ကျနော်က စာအုပ်တစ်အုပ်ထိုင်ဖတ်နေတော့ တစ်ယောက်က ကျနော့်ကို မကျက်ဘူးလားမေးတော့ ဘာမှပြန်မပြောဘဲရီပြလိုက်ပါတယ်။
အင်တာဗျုးဖြေပြီးလို့များ ထွက်လာရင် “ဘာတွေမေးလဲ”လို့ မေးတဲ့ပြီး “ဟိုဟာအကြောင်းမေးတာ မဖြေနိုင်ဘူး”လို့ပြောလိုက်တာနဲ့ စာရွက်တွေတဖျပ်ဖျပ်လှန်ပြီး တတွတ်တွတ်ရွတ်ကြပါတော့တယ်။
ကျနော်အလှည့်ရောက်တော့ ကျနော်ဆရာအကြောင်းမေး ဟိုမေးဒီမေး နည်းနည်းမေးပြီးပြန်လွှတ်လို်က်ပါတယ်။
နောက်တစ်ပါတ်ဆိုရင် အလုပ်ခန့်စာရောက်လာမယ်လို့လည်းပြောလို်က်ပါတယ်။
အပြင်လဲပြန်ရောက်ရော ဘာတွေမေးလဲ လို့ ဝိုင်းမေးတဲ့အခါ ကျနော်ခေါင်းကိုသာ ရမ်းပြခဲ့ပါတယ်။
ဟုတ်တယ်လေ ဘာမှ မှမမေးတာကိုးဗျ။
အမှန်အတိုင်းပြောရရင် ကျနော်အတွက်ဒီအလုပ်ဟာ တကယ်ကိုလိုအပ်ပါတယ်။ဒီအလုပ်ရရင် ကျနော့် ကျောင်းစားရိတ်မပူရတော့ဘူး။
ဒါပေမယ့်စိတ်ထဲမှာဒီအလုပ်ရတာဝမ်းသာပေမယ့် မပျော်ပါဘူး။
ဘဝတူလူငယ်ချင်းအပေါ်မှာကျနော်က အခွင့်အရေးပိုယူထားသလိုခံစားရလို့ပါ။
တကယ်လို့များအဲဒီနေ့က အင်တာဗျုးလာဖြေကြတဲ့ သူအချင်းချင်းပြန်ဆုံတဲ့အခါမှာ ကျနော်အရွေးခံရတယ်ဆိုတာသိရင် သူတို့စိတ်ထဲမှာ
ဒီကောင် ပလာစတာကောင်းလို့ ရသွားတာလို့ သေချာပေါက်တွေးမိမှာမလွဲပါဘူး။
ဒီလိုအဖြစ်အပျက်မျုးိက ကျနော်တစ်ယောက်ထဲကြုံရတာမဟုတ်ပါဘူး။
အဲဒီခေတ်က နေရအတော်များများမှာ ဒီအတိုင်း ရွေးပြီးသားခန့်ပြီးသားကို ဘောင်ဝင်အောင် တမင်သက်သက် လူတွေကိုခေါ်ဒုက္ခပေးတာပါ။

3 comments

  • naywoonni

    December 19, 2010 at 1:29 pm

    အဲဒါမျိုးကို 1990 လောက်မှာ ကြုံဖူးပါတယ် အင်တာဗျူးဖြေတဲ့သူတွေကဖြေတုန်း တစ်ကယ်အလုပ်ဝင်ရမဲ့သူက ယူနီဖောင်းဝတ်ကြည့်နေပြီ ဆိုတာမျိုး ……….

  • unclegyi1974

    December 19, 2010 at 3:15 pm

    ခင်ရာဆွေမျိုး မိန်ရာဟင်းကောင်း

Leave a Reply