Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

“မကြာခဏ အလုပ်ပြောင်းနေမည် ဆိုလျှင်“

“မကြာခဏ အလုပ်ပြောင်းနေမည် ဆိုလျှင်“

(၁)

“ အလုပ်ပြောင်းတော့မယ် ဟိုမှာက ဒီထက်ပိုရနိုင်တယ်“ ဟု ကျနော်သူငယ်ချင်းကပြောလာသည်။ သူ သည်အလုပ်ကိုဝင်သည်မှာ ၆ လပင်မပြည့်သေးပေ။

“ ဘာဖြစ်လို့လဲ“ ဟုမေးတော့ “ မကိုက်လို့“ ဟုဖြေသည်။ ကျနော်သူငယ်ချင်ဒ၏ အသက်သည် 27-28 ထဲရောက်နေသည်။ သည်အရွယ်မှာ ဟိုအလုပ်ကောင်းနိုးနိုး သည်အလုပ်ကောင်းနိုးနိုးရွေးပြီးလိုက်လုပ်နေမည်ဆိုလျှင် ဘဝရှေ့ရေးအတွက် ရင်လေးစရာပင်။ ကျနော်တို့ အရွယ်သည် အလုပ်ကိုရွေးချယ်လုပ်ကိုင်ခွင့်မရှိတော့။ အလုပ်က ကိုယ့်ကို ပြန်ရွေးချယ်ဖို့ပဲရှိတော့သည်။ ကိုယ်စိတ်ပါဝင်စား ဝါသနာပါသည့်အလုပ်ကိုရွေးနေမည်ဆိုလျှင်တော့ အသက်အရွယ်သာကြီးရင့်သွားမည်။ ဆန္ဒနှင့် ဘဝ တစ်ထပ်တည်းကျနိုင်ဖို့ရာ ခက်လှပါသည်။ မိမိ စိတ်ဝင်းစားဝါသနာ ပါသည့်အလုပ်ဖြစ် အသက်မွေးဝမ်းကြောင်း နေကြသည် လူတွေလည်းရှိပါသည်။ သို့ပေမယ့် ဖြစ်သင့်တာနှင့် ဖြစ်ချင်တာကို ခွဲခြားတတ်ဖို့လိုသည်။

ကျနော် ကြုံတွေ့ရသည် သူတွေအကြောင်းနည်းနည်းပြောချင်ပါသည်။ နှစ်စဉ် ကျနော်လုပ်သည့် ကုမ္ပဏီက ဘွဲ့ရ ဝန်ထမ်းတွေကို သတင်းစာ၊ ဂျာနယ်များမှတဆင့်ခေါ်ယူပါသည်။ နယ်ဝေးသွားရသည်ကုမ္ပဏီဆိုတော့ စိတ်ဝင်စားသူတွေတော်တော်များသည်။ အတွေ့အကြူံတစ်ရပ်အဖြစ်လည်းကောင်း၊ ရေရှည် လုပ်မည်ဟု ဆုံးဖြတ်၍ လည်းကောင်း လာကြသည်ဟု ပြောပြကြသည်။

ကျနော်တို့ ကုမ္ပဏီ၏ အဓိက လုပ်ငန်းခွင်နေရာသည် ကချင်ပြည်နယ်၊ ဖားကန့်မြို့၌ဖြစ်သည်။ သိကြသည့်အတိုင်းပင် ကချင်ပြည်နယ်သည် အအေးပိုင်းဒေသတစ်ခု။ သည်ဒေသ၏ ရာသီဥတုနှင့် ရန်ကုန်၊ မန္တလေး ရာသီဥတု မတူညီပေ။ လာရောက်ကြသည့် ဘွဲ့ရဝန်ထမ်းများသည် အပူပိုင်းဒေသမှ လာရောက်ကြသည်။ ကျနော်တို့ကုမ္ပဏီ၏ လုပ်ရိုးလုပ်စဉ်များကို သူတို့တွေမခံနိုင်ကြ။ သူတို့က “ ငါတို့ ဘွဲ့ရတစ်ယောက်ပဲ အလုပ်ကြမ်းတော့ မခိုင်းတန်ကောင်းပါဘူး“ဟု တွေးပြီးလာကြသည်။ ထိုမှာပင် ပြဿနာ၏ ရင်းမြစ်ဖြစ်လာသည်။ ကျနော်တို့ ကုမ္ပဏီက ဘွဲ့ရဝန်ထမ်းများကို အဆင့်ဆင့်ရွေး၍ ခေါ်ယူလာသည်။ ဘွဲ့ရ အထွေထွေ၊ စာရင်းကိုင် စသဖြင့် လာကြသည်။ ဘွဲ့ရအထွေထွေဆိုတော့ အထွေထွေ အလုပ်တွေကိုစခိုင်းသည်။ အောက်ခြေသိမ်းအလုပ်တွေဖြစ်သည့် ထင်းသယ်၊ လှိုဏ်ခေါင်းဝင်၊ ဆီသယ်၊ စသည့်အလုပ်တွေဖြစ်သည်။ ကြည့်တော့ လူပုံက ဖြူနွဲ့နွဲ့လေးတွေဖြစ်သည်။ ပိန်ပိန်ပါးပါးတွေလည်းပါသည်။ သူတို့၏ အိမ်တွေမှာဆိုလျှင် လုပ်တောင်လုပ်ဖူးမည်လားမသိ။

ကုမ္ပဏီ မှသတ်မှတ်ပေးထားသော ယူနီဖောင်းများကို ဝတ်လျှက်လုပ်နေကြရသည်။ ကုမ္ပဏီ၏ ပေါ်လစီက လုပ်ကွက်ကြီးကြပ် ရာထူးကိုလျာထားခြင်းခံထားရသူတွေကို အောက်ခြေသိမ်းအလုပ်တွေ လုပ်စေခြင်းဖြင့် အောက်လက်ငယ်သားတွေအကြောင်း သိစေချင်သည့် ရည်ရွယ်ချက်ဖြစ်ပုံရသည်။ ဥပမာ လုပ်ကွက်ထဲ၌ ကျောက်ရှာခြင်း၊ ကျောက်ဆေးခြင်း၊ ဆီတိုက်ခြင်း များဖြစ်သည်။

သည်နေရာတွင် သူတို့တွေစိတ်ထဲ၌ အလုပ်ကြမ်းတွေခိုင်းရမလား ဟူ၍ စိတ်ထဲ၌ ဂျေးဝင်ပြီး အစမ်းခန့် သုံးလမပြည့်မီမှာပင် နေရပ်သို့ ပြန်ရန် စိုင်းပြင်ကြသည်။ အကြောင်းက ဘွဲ့တစ်ခုယထားသည်မှာ အလုပ်ကြမ်းလုပ်ဖို့မဟုတ် ဟူ၍ဖြစ်နေသည်။

အလုပ်လျှောက်စဉ်က သူတို့၌ လုပ်ငန်းအတွေ့အကြုံ မည်မည်ရရမရှိသော်လည်း အတွေ့အကြုံရချင်၍ဟူသောရည်ရွယ်ချက်ဖြင့် လက်ခံလိုက်ခြင်းဖြစ်သည်။ နောက်တစ်ခုက ကချင်ပြည်နယ်၏ ရာသီဥတုဒဏ်ကိုမခံနိုင်ခြင်းဖြစ်သည်။

ယခုလို ဆောင်းရာသီဆိုတော့ သူတို့အတွက် ဆိုဖွယ်ရာမရှိသည့် ဆိုးရွားသည့်ရာသီဥတုကို မခံနိုင်ကြ။ ရန်ကုန်ဆောင်းနှင့် များစွာခြားနားသည့်ရာသီဥတုကို သူတို့ မခံနိုင်ကြခြင်းသည် အပြစ်ပြောလောက်စရာမရှိပေ။ ဆိုချင်သည်က ကို်ယ်ရွေးချယ်လိုက်သည့် အလုပ်၏ အကြောင်းကို ကိုယ်နှင့်ကိုက်မကိုက် သေသေချာချာ ရွေးချယ် လုပ်ကိုင်ကြဖို့လိုသည့် အကြောင်းဖြစ်သည်။ ကိုယ်သွားရောက်လုပ်ကိုင်မည့် နယ်မြေ ရာသီဥတုအကြောင်းကိုလည်း အနည်းငယ်စုံစမ်းသင့်သည်။ ရန်ကုန် -ဖားကန့်ဆိုသည့်ခရီးသည် နီးနီးလေးမဟုတ်။ သုံးညအိပ် လေးရက်ခရီးသွားရသည်။

ဆိုတော့ မလုပ်ချင်လို့ပြန်မည်ဆိုလျှင် ခရီးစရိတ် ပြဿနာတတ်နိုင်သည်။ အစမ်းခန့် သုံးလလုပ်ရသည်ဆိုတော့ အချို့က တစ်လမပြည့်မီပင် ပြန်သွားကြသည်။ သုံးလမပြည့်ပဲပြန်သည့်အတွက် ခရီးစရိတ်ပြန်မရတော့။ သည်တော့ မိသားစုရော အလုပ်ရှုပ်ရတော့သည်။ လမ်းစရိတ်မလောက်သည့်အတွက် ငွေလွဲ၊ ဘဏ်သွား၊ စိုးရိမ်ပူပန်မှုများဖြစ် စသည့်ဆိုးကျိုးတွေကို ခံစားရနိုင်သည်။

(၂)

သည်တော့ ကိုယ် အလုပ်တစ်ခုကို လုပ်မည်ဟု ဆုံးဖြတ်လိုက်လျှင် ဘယ်အတိုင်းအတာထိကိုယ်လုပ်မှာလဲ ဟု သေသေချာချာ စဉ်းစားသင့်သည်။ ဆိုကြပါစို့ တစ်နှစ်လား နှစ်နှစ်လား ပြီးမှ အလုပ်အခြေအနေကို ကြည့်ပြီး ပြောင်းသင့်ပြောင်းမလား။

အလုပ်က ကိုယ့်အတွက် အကျိုးတကယ်ရှိရင်တော့ ဝါသနာ ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ လုပ်ကိုင်သင့်နေပြီ။ အလုပ်က ကိုယ့်ကို ကောင်းကျိုးမပေးနိုင်ဟု စောစော သိလျှင် အမြန်ဆုံးပြောင်းပေတော့ဟုပြောရမည်။ ကောင်းနိုးရာရာ အလုပ်တွေကို သုံးလလုပ်လိုက်ပြောင်းလိုက်၊ ခြောက်လ လုပ်လိုက်ပြောင်းနေမည်ဆိုလျှင်တော့ ကို်ယ်လိုချင်သည့် လုပ်ငန်းအတွေရအကြုံမျိုးကိုရနိုင်မည်မဟုတ်ပေ။ လုပ်ငန်းအတွေ့ကြုံလိုချင်လျှင်တော့ တစ်နှစ် နှစ်နှစ် သုံးနှစ် အနည်းဆုံးသုံးနှစ်တော့ရင်းရပါသည်။ ကျနော်ဆိုလျှင် အစကနဦးက လက်ရှိ အလုပ်ကို ဝါသနာမပါ။ ကိုယ်စိတ်ဝင်စား ဝါသနာပါသည့်အလုပ်ကိုပြောင်းမည်ဟု ဆုံးဖြတ်ဖူးသည်။ ပြန်လည်စဉ်းစားကြည့်သည့်အခါ အလုပ်ပြောင်းလျှင် လက်ရှိရနေသော လစာဝင်ငွေမျိုး အလုပ်ဝင်ဝင်ချင်းမရနိုင်။ အစက ပြန်လျှောက်ရမည်။ လုပ်ငန်းခွင်ပတ်ဝန်းကျင် အသစ်ဖြင့် ပြန်လည်အစပျိုးရမည်။ ထို့ကြောင့် သီးခံပြီးဆက်လုပ်ကြည့်သည်။ ဆိုလိုချင်တာက ဖြစ်သင့်တာကို ဦးစားပေးလိုက်သည်။

ကိုယ်နှင့် အဆင်မပြေတိုင်း အလုပ်ပြောင်းနေမည်ဆိုလျှင် အသက်ကြီးလာတာပဲ အဖတ်တင်လိမ့်မည်ဟု ထင်မြင်မိပါသည်။ လက်ရှိအလုပ်က ကိုယ်နှင့် ဘာကြောင့် သဟဇာတ မဖြစ်လည်းဆိုတာကို ကိုယ်ကိုယ်တိုင် ဆန်းစစ်ကြည့်သင့်သည်။ တစ်ချို့က ကိုယ်ယူလာတဲ့ Certificateတွေနှင့် မကိုက်တာ။ ယူလာတဲ့ Certificate တွေက များပဲများပြီး လက်ရှိအလုပ်နှင့် အံမဝင်တာတွေ စသဖြင့်ဖြစ်သည်။ လက်မှတ်တွေ များတိုင်းလည်း အလုပ်ရသည်မဟုတ်ပါ။

ခုခေတ်က Certificate များမှ ဆိုတဲ့ အစွဲကို လူတော်တော်များက လက်ကိုင်ထားကြသည်။ အဓိက Certificate ကိုမကြည့်ပဲ တစ်ချို့အလုပ်ရှင်တွေက ကိုယ်တက်ခဲ့တဲ့ သင်တန်းမှာ ဘယ်အဆင့်ရခဲ့တာ။ အတွေ့အကြုံ မည်၍မည်မျှ ရှိတာ တွေကို ကြည့်လာကြသည်။ ကြုံဖူးခဲ့သည့် အင်တာဗျူးတစ်ခုဆိုလျှင် ဘယ်လို Certificateရထားလဲကိုမမေးပဲ လုပ်ငန်းအတွေ့အကြုံ ဘယ်နှစ်နှစ်ရှိလဲ ဆိုတာကို အဓိကထားမေးသည်။ ကျနော်ဘက်ကတော့ Cretificateတွေကို သေသေချာချာ မိတ္တူကူးတင်ပေမယ့်လို့ သင်တန်းဆင်းလက်မှတ်နှင့်ပတ်သက်လို့ မည်သည့်မေးခွန်းမျှ မမေးပေ။ ထိုသည်ကိုကြည့်ခြင်းဖြင့် လုပ်သက်အတွေ့အကြုံသည် အရေးကြီးကြောင်း ထင်သာမြင်သာပါသည်။

လုပ်သက်အတွေ့အကြုံဟု ဆိုရာတွင်လည်း သာမာန်ကာလျှံ အတွေ့အကြုံမျိုးမဟုတ်ပဲ နှစ် နှင့်သတ်မှတ်ထားကြသည်။ သာမာန်အလုပ်တစ်ခု အဆင်မပြေလိုက် ပြောင်းလိုက် လုပ်နေသော သူအဖို့တော့ လုပ်သက်အတွေ့အကြုံ မည်မည်ရရမရှိတော့ အတွေ့အကြုံရှိသည်လို့ ဖြေရင်လည်းမဟုတ်၊ မရှိဘူးဆိုတော့လည်း လုပ်ဖူးသည်။ အလုပ်အကြောင်းကို ဂဃနဏ မသိတာပဲရှိမည်။

တစ်ချို့က အလုပ်ဖိအားများသောကြောင့် ပြောင်းကြသည်။ တစ်ခုက ကိုယ်ကြုံသည့် ဖိအားများသည် ကိုယ့်အတွက် ခွန်အားပင်ဖြစ်သည်ဟု သတ်မှတ်သင့်သည်။ ဖိအားများတိုင်းအလုပ်ထွက်ပြီး တစ်ခြားအလုပ်ကိုကူးနေကြမည် ဆိုလျှင် ကိုယ်ရည် ကိုယ်သွေး နှိမ့်ကျသွားနိုင်သည်။ ပြဿနာတစ်ခုဖြစ်တိုင်း ခေါင်းရှောင်ပြေးနေမည်ဆိုလျှင် မကောင်းတော့။ ကိုယ့်ကြောင်းမှားခဲ့သည် ဆိုလျှင် ကိုယ်က ပြဿနာကို ပြီးဆုံးသည့်အထိဖြေရှင်းနိုင်ရမည်။ ပြဿနာတစ်ခုကို ဖြေရှင်းလိုက်လို့ ကိုယ့်ဖက်က ပဲ့သွားသည်ကိုမကြည့်ပဲ သင်ခန်းစာတစ်ခုရယ်လို့ သတ်မှတ်သင့်သည်။

ကျနော့်အလုပ်မှာ  ဘာပဲဖြစ်လိုက်ဖြစ်လိုက် မဖြေရှင်းရဲသည့် လူတစ်ဦးကိုတွေ့ဖူးသည်။ အလုပ်လုပ်တာ စနစ်တကျရှိပေမယ့်လို့ ထိုလူက ပြဿနာကြုံတိုင်း ခွင့်တောင်းပြန်သည့်အကျင့်ကြောင့် အလုပ်မှာ သူများတွေ အဆင့်တိုးတိုင်း ထိုလူက နောက်ကောက်ကျနေသည်။

ကိုယ့်ရဲ့ အရည်အချင်း ဘယ်လောက်ရှိတယ်ဆိုတာ တမင်တကာ ထုတ်ပြနေစရာမလိုပဲ အလုပ်က ပြသသွားပါလိမ့်မည်။ ကိုယ်လုပ်သည့်အလုပ်အပေါ် တန်ဖိုးထား မြတ်နိုးတတ်ဖို့လိုသည်။ ကိုယ်ပိုင်အလုပ်တစ်ခုလို သတ်မှတ်ပြီး အကောင်းဆုံးလုပ်သင့်သည်ဟုထင်သည်။

လုပ်ငန်းခွင် တွေမှာ ကြုံရတတ်သည့်က အချင်းချင်း တိုက်ခိုက်ကြ၊ တွန်းထိုးတတ်ကြတာ တွေဖြစ်သည်။ ကိုယ်တိုင်က အကောင်းဆုံးလုပ်နေသူတွေ အဖို့တော့ မှုစရာ လားလားမျှမလိုပေ။ ကိုယ့်ဘက်က တစ်ခုတော့ရင်းရမည်။

(၃)

သီးခံခြင်းနှင့် ဇွဲရှိခြင်းဖြစ်သည်။  သီးခံပြီး ဇွဲကောင်းကောင်းနှင့် ရှေ့ဆက်လှမ်းမည်ဆိုလျှင် အောင်မြင်မှုသည် လက်တစ်ကမ်းမှလို့ ဆိုချင်သည်။

မကြာခဏ အလုပ်ပြောင်းနေမည့်အစား အောက်ပါအချက်များကို အလုပ်မလျှောက်မီက ကြိုတင် စဉ်းစားသင့်သည် ဟုထင်ပါသည်။

၁။  အလုပ်လျှောက်တော့မည်ဆိုလျှင် မိမိလုပ်မည့် အလုပ်သည် ဝါသနာပါသည့်အလုပ်ဖြစ်ရမည်။

၂။  မိမိဘက်မှ သတ်မှတ်အရည်အချင်းများကို ဆန်းစစ်ရမည်။

၃။  နယ်ဝေးသွားရမည့်အလုပ်ဆိုလျှင် နယ်မြေ ၊ ရာသီဥတု အခြေအနေ ကို စုံစမ်းရမည်။

၄။  မိမိဘက်မှ အတွေ့အကြုံရချင်၍လုပ်သည်ဆိုလျှင် အလုပ်လုပ်မည့် သတ်မှတ်ကာလထားပါ (ဥပမာ- သုံးလ၊ ခြောက်လ ၊ တစ်နှစ် စသည်)

၅။  မိမိလုပ်ရမည့် ကုမ္ပဏီ၏ ပေါ်လစီကို လက်လှမ်းမီသလောက် လေ့လာရမည်။

၆။  မိမိလုပ်မည့်ကုမ္ပဏီနှင့် မိမိ၏ အရည်ချင်းကိုက်ညီပါစေ။

၇။  လုပ်ငန်းခွင်သို့မရောက်မီ ကုမ္ပဏီဘက်မှသတ်မှတ်ထားသော စည်းကမ်းများကို သေချာစွာဖတ်ရှူပါ။ ကျေနပ်သည်ဆိုမှ လုပ်ပါ။

၈။  အစမ်းခန့်ကာလအတွင်း အလုပ်၏သဘောတရားကို ကျေညက်နားလည်နိုင်အောင် မိမိဖက်မှ ကြိုးစားပါ။

၉။  အပြောနှင့် အလုပ်ညီသော ကုမ္ပဏီကိုရွေးချယ်ပါ။(တစ်ချို့ ကုမ္ပဏီတွေက မလုပ်ခင်တစ်မျိုးပြော၍ တကယ်တမ်းလုပ်သည်အခါ သတ်မှတ်နှုန်းအတိုင်းမပေးတာတွေရှိသည်။ )

၁၀။ အကယ်၍ မိမိနှင့် လက်ရှိအလုပ်မကိုက်ဟု သေချာစွာ သိခဲ့လျှင် အချိန်မီ နောက်အလုပ်တစ်ခုသို့ ဆက်သွယ်ကြည့်ပါ။ သေချာမှုရှိမှ လက်ရှိအလုပ်ကို လက်လွတ်ပါ။( အလုပ်တစ်ခုနှင့်တစ်ခုအကြား  အလုပ်လက်မဲ့ဖြစ်နေ၍ ငွေကြေးပြဿနာရှိနိုင်သည်)။

(မှတ်ချက်။    ။အထက်ဖော်ပြပါအချက်များသည် စာရေးသူဖက်မှ အမြင်တစ်ခုကို ရေးသားတင်ပြခြင်းသာ ဖြစ်ပါသည်။ စာရေးသူရေးသားသောအမြင်နှင့် စာဖတ်သူတို့ဘက်မှ အမြင်များကို ဖလှယ်ဆွေးနွေးမည်ဆိုလျှင် Commentများရေးသားထားခဲ့နိုင်ပါသည်။)

သော်ဇင်(လွိုင်ကော်)

6 comments

  • unclegyi1974

    December 21, 2010 at 2:20 pm

    ဟုတ်ပါတယ် ကိုသော်ဇင်
    ယနေ့ခေတ်ကလေးတွေကိုကဒီလိုမျိုးဖြစ်နေတယ်
    လို့ကျွန်တော်လဲထင်ပါတယ်
    အလုပ်မှာကိုယ်ဘာလုပ်နိုင်တယ်ဆိုတာမပြသေး
    ဘဲလစာကိုစကားပြောနေကြတာများပါတယ်
    အလုပ်ကြပ်တယောက်ကကိုယ်ကြပ်ရမဲ့နယ်မှာ
    အကုန်နှံစပ်အောင်သိမှကိုယ့်လူကိုထိန်တဲ့အခါ
    နိုင်အောင်ထိန်းနို်င်မှာပါ အောက်ခြေမပိုင်ဘဲ
    အုပ်ချုပ်ချင်ရင်တော့အောက်ကလူတွေပညာပြတာ
    ကိုခံရဖို့ဘဲရှိပါတယ် ဒါကြောင့်ကိုယ်တကယ်
    လုပ်မဲ့အလုပ်ဆိုရင်ဘာလုပ်ရလုပ်ရလုပ်ရင်းပညာ
    ယူသင့်တယ်လို့မြင်ပါကြောင်း

  • MaMa

    December 22, 2010 at 2:06 am

    အလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် ဘယ်လောက်ရမလဲကို အရင်မေးကြတယ်။ တကယ်က ဘာလုပ်ရမှာလဲကို အရင်လေ့လာရမှာ။ လစာထက် ကိုယ့်ဝါသနာနဲ့ကိုက်မကိုက်၊ ကိုယ်ရထားတဲ့ပညာနဲ့၊ ဘွဲ့နဲ့ ကိုက်မကိုက်၊ လုပ်ငန်းသဘာဝကဘယ်လို ဆိုတာတွေကို ဦးစားပေးလေ့လာရမယ်။ အလုပ်တစ်ခုပြီးတစ်ခု မြေစမ်းခရမ်းပျိုးလုပ်နေရင်တစ်သက်လုံး ခရမ်းသီးနဲ့ဘဲပြီးသွားမှာပေါ့။ တကယ်တန်ဖိုးရှိတဲ့ အကျိုးများမယ့် သီးနှံဘယ်စိုက်ပျိုးဖြစ်တော့မလဲ။ ဘယ်ရနိုင်တော့မလဲ။ အားလုံးအတွက် အကျိုးများစေမယ့် အခုလိုတန်ဖိုးရှိတဲ့ အတွေးအခေါ်ကောင်းလေးတွေကိုကြိုဆိုပါတယ်။

  • winkyawaung

    December 22, 2010 at 4:27 pm

    အမြဲအားပေးနေပါတယ် ကိုသော်ဇင်။ ကြိုက်တဲ့ပို့စ်တွေကိုလည်း အခြားဆိုဒ်တွေမှာ ကူးယူတင်ပေးထားပါတယ်။

  • thethtet87

    December 23, 2010 at 10:54 am

    ဟုတ်တော့ဟုတ်ပါတယ်။အလုပ်ခဏခဏပြောင်းတာတော့မကောင်းပါဘူး။ဒါပေမဲ့လဲမပြောင်းရဘူးလို့
    တော့မတားမြစ်ချင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကောင်းတာကိုရွေးချယ်တတ်ဖို့တော့လိုပါတယ်။
    သင်တန်းဆင်းလက်မှတ်တွေများတိုင်းလဲကောင်းတာမဟုတ်ပါဘူး။ကိုယ်လျောက်မဲ့လမ်းကြောင်းနဲ့လဲ
    ကိုက်ညီအုန်းမှကို။ဒါကတော့စာရေးသူနဲ့ကျွန်တော်နဲ့သဘောထားခြင်းကိုက်ညီတယ်။နောက်ပြီးပညာ
    တတ်နဲ့ဇွဲမရှိတဲ့ကိစ္စကတော့ဟုတ်တယ်။ကျွန်တော်လည်းပင်ပင်ပန်းပန်းလုပ်ဖူးတယ်။အောက်ခြေဘဝ
    မှပေါ့။ဒါပေမဲ့အခုကတော့မဟုတ်ပါဘူး။ဒါကိုကျွန်တော်လုံးဝလက်ခံတယ်။

  • narziparty2009

    December 23, 2010 at 12:25 pm

    အစ်ကိုတင်ထားတဲ.ပို.စ်ကိုထောက်ခံပါတယ်အခုခေတ်လူငယ်တွေကတတ်တဲ.ပညာနဲ.မတန်ဘူးဆိုပြီးမလုပ်တဲ.လူ
    တွေကများပါတယ်။တကယ်တော.လည်းဘာမှအတွေ.ကြုံရှိတာမဟုတ်ပါဘူး။
    အစ်ကိုကျွန်တော်အကူညီတစ်ခုတောင်းချင်ပါတယ်
    ကျွန်တော်စာတင်မလို.လာတိုင်းအမြဲလိုလို newpost ကိုနှိပ်ပြီးတာနဲ.
    http;//www.man…n/post-new.php ဆိုပြီးဘာမှပေါ်မလာတော.လို.ပါအဲဒီနေ.မှာပဲသူများတွေတင်တော.ရတာတွေ.ရပါသည်
    ကူညီကြပါ
    မေးထဲပို.ပေးကြပါပို.စ်တင်တဲ.ပုံစံလေးကို
    narziparty2009@gmail.com ပါ

Leave a Reply