Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အန်ကောဝပ် Angkok Wat အပိုင်း ၆

ဆူးJanuary 11, 20112min52213


ဟိန္ဒူ အဆောက်အအုံ တခုဖြစ်တဲ့ အန်ကောဝပ် မြင့်မားမတ်ဆောက်တဲ့ လှေကားထစ်တွေကို တက်ရင်းနဲ့ အထက်မှာ ဘာရှိလဲ သိချင်စိ်တ်နဲ့ တက်ခဲ့ပါတယ်။


အပေါ်စီးကနေ မြင်ရတဲ့ပုံပါ.. တံတိုင်း နှစ်ထပ် ကို ရိုက်တာ တခုတည်း ဖြစ်နေသလို ဖြစ်နေတယ်။


ဒီပုံကတော့ ပိုထင်ရှားတယ် တံတိုင်း ၂ခု ဆိုတာ အတွင်း တံတိုင်း ရဲ့ အလယ်မှာ ရှိတဲ့ အဆောက်အအုံရဲ့ အပေါ်မှာ တက်ပြီး ရိုက်ယူထားတာ ဖြစ်ပါတယ်။


တိုင်လုံးတွေ ပြုတ်ထွက်နေတာ ခမာနီတွေ လက်ချက်လို့တော့ ပြောတာဘဲ.. စစ်ဖြစ်တုန်းက တိုက်ရင်းနဲ့ ပျက်စီး ခဲ့တာလို့ သိရတယ်။


လမ်းလေးနဲ့ တည့်နေလို့ ရိုက်ယူထားတာပါ။

အပေါ်မှာ ရှိတဲ့ ဘုရားတဆူ ဖြစ်ပါတယ်။ ဒီလောက် မြင့်ပြီး တက်ရခက်တဲ့ နေရာက ဘုရားတောင် ခေါင်းမရှိပါဘူး။ မှောင်ခို ကူးခံထားရတာ ဖြစ်ပါတယ်။ စိတ်မကောင်းစရာ မြင်ကွင်းလို့ ခံစားမိတယ်။


အပေါ်ထပ်မှာ ရှိတဲ့ ဘုရားဆင်းတုပါဘဲ။ မြွေခေါင်း ရခု ရှိတာ တခု ပဲ့နေပါတယ်။ ဒေသခံတွေ အဆိုကတော့ မြွေကို king cobra မြွေပွေးပေါ့.. အဲဒီလို ပြောပါတယ်။ မြန်မာပြည်က နဂါးရုံဘုရားလို့ဘဲ သုံးကြတယ်နော်။


အောက်ပြန်ဆင်းလာတော့.. ပြန်လှည့်ရိုက်ထားတဲ့ ပုံပါ။ အတက်အဆင်းကိုလည်း လူစစ်ပါတယ်။ ဦးထုတ်ကဲ့သို့ တက်ရင်း ပြုတ်ကျနိုင်တာမျိုးဆို ချွတ်ခိုင်းပါတယ်။ အပေါ်ထိပ်ဆုံး အထိ တက်လည်း ဖိနပ်စီးလို့ရတယ်။ ဒေါက်ဖိနပ် ချွှန်ချွှန် ဆိုရင်တော့ သတိပေးပါတယ်။


အောက်ထပ်မှာ အကောင်းအတိုင်း တွေ့ရတဲ့ လျောင်းတော်မူ ဆင်းတု ဖြစ်ပါတယ်။


အဆောက်အဦးကနေ ထွက်တော့ ပြန်လှည့်ရိုက်ထားတာပါ။ တန်း တခု မရှိဘူး လစ်ဟာနေတယ်။ အဲဒါ တန်း ဆိုပေမဲ့ ထိပ်ဆုံး မှာ မြွေခေါင်း ရှိပြီး နောက်တဖက်မှာတော့ အမြီးရှိတယ်။


ပြန်ထွက်ရင်းနဲ့ လှည့်ရိုက်ထားတာပါ။ တန်း အဆုံး မှာ မြင်နေရတာကတော့ မြွေ အမြီးပိုင်း ဖြစ်ပါတယ်။

13 comments

  • weiwei

    January 11, 2011 at 4:39 pm

    ဆူးရော ဒေါက်ဖိနပ်ချွန်ခွန်နဲ့ တက်သွားတာလား ?

  • ဆူး

    January 11, 2011 at 4:40 pm

    မြွေနဲ့ ဘုရားပုံမှာ ဘုရားဗိုက်နေရာ လောက်မှာ ရွှေဆိုင်း ရွှေချ ထားတယ်လို့ ထင်တယ်။ ရွှေဆိုင်းနဲ့ ရွှေချထားတာ မြန်မာ ဘဲ ဖြစ်လိမ့်မယ်လို့ သုံးသပ်မိတယ်။

  • ဆူး

    January 11, 2011 at 4:46 pm

    ဆူးကတော့ ဒေါက်ဖိနပ် ချွန်ချွန် မစီးပါဘူး။ ဒေါက်ပါတဲ့ လေဒီရှူးတော့ စီးထားတယ်။ ပြန်ဆင်းတော့ တန်းကို လက်မြဲအောင် ကိုင်ပြီး တထစ်ချင်းစီ မနည်းဆင်းရတယ်။ နောက်နေ့မနက်ရောက်တော့ ဒူးအဆစ်တွေ ကိုက်လိုက်တာလွန်ရော..

  • weiwei

    January 11, 2011 at 5:08 pm

    ၈ဝ ဖိုးအတွက် သက်စွန့်ဆံဖြား သတင်းသွားယူတဲ့ ဆူးကို လေးစားဂုဏ်ပြုပါတယ် … 😛

  • ဆူး

    January 11, 2011 at 5:19 pm

    ၈ဝ ဖိုး သက်စွန့် ဆံဖျား.. ယူထားတာဘဲ.. ပုံတပုံကို ပိုစ်တခုသာ လုပ်လိုက်ရင် ပုံ ၂၀ဝ ကျော်တယ်။ သဂျီးကို အားနာလို့.. ၈ဝဖိုးနဲ့ သဂျီး ငိုနေရမယ်။

  • kopauk mandalay

    January 15, 2011 at 11:38 am

    ၈ဝ ဖိုးအတွက် လို့ဖတ်လိုက်ရရင် ဒီရွာထဲမှာ စာရေးရတာ လက်တောင်တွန့်သွားတယ်။
    ဈေးသယ်ကြီးတွေ ဈေးဆက်ရောင်းကြပါလို့ အပြောခံထားရတယ်လေ။

  • manawphyulay

    January 15, 2011 at 12:18 pm

    နောက်တစ်ခါသွားရင် မနောကိုလည်း ခေါ်နော် မနောလည်း ရောက်ဖူးချင်တယ်။ မနှစ်က ၂၀၁ဝ ကတော့ ခရီးမသွားတဲ့နှစ်လို့ သတ်မှတ်ရမလိုတောင်ဖြစ်ခဲ့ရတယ်လေ။

  • unclegyi1974

    January 15, 2011 at 2:39 pm

    ဆူးတင်ပေးတဲ့ပုံလေးတွေကြည့်ပြီး
    ကိုယ်တိုင်သွားကြည့်ချင်လာပြီ
    ထီ ၁ဝ စောင်တွဲထိုးထားတယ်

  • ဆူး

    January 15, 2011 at 2:55 pm

    လေးပေါက်ကြီးရေ.. ၈ဝဖိုး ဆိုတော့.. ၈ဝ ဖိုးပေါ့..
    ဈေးသည် မဟုတ်ပေမဲ့.. ပိုစ် တင်တိုင်းတော့ ပွိုင့် ပေးတဲ့ အတွက် ပွိုင့် အတွက် စာရေးသလို ဖြစ်တာပေါ့။ ကိုယ်ပိုင် ဆိုက်တော့ လုပ်နေပြီ..
    http://www.sueweiwei.com/ အဲဒီမှာ ဝင်အားပေးနော်..
    စာရေးဖြစ်ခြင်းကတော့ ဂေဇတ်က အစ ပျိုးပေးတာ ဖြစ်နေပါတယ်။

  • bigcat

    January 16, 2011 at 1:27 am

    ဒေါ်ဆူးနဲ့အန်တီဝေနှစ်ယောက်ပေါင်း ဖွင့်တာလား။ ကြောင်ကြီးလဲပါပါရစေ။ ဆိုက်နာမည်ကို
    ၁. ဆူးဝေကြောင်
    ၂.ဝေကြောင်ဆူး
    ၃.ကြောင်ဆူးဝေ
    ၄.ဝေဆူးကြောင်
    ၅.ဆူးကြောင်ဝေ
    ၆.ကြောင်ဝေဆူး
    တခုခုပြောင်းပေးပါ။ ကိုကြောင်က မြန်မာစစ်တပ်ဆန့်ကျင်ရေးနဲ့ တရုတ်ကူမြူနစ်ပါတီ မကောင်းကြောင်း ကဏ္ဍတာဝန်ယူရေးမယ်။ သဘောတူရင် စကြစို့ စကြစို့ဟေ့…

  • weiwei

    January 16, 2011 at 4:10 am

    ကြောင်ပါလိုက်တာနဲ့ အလိုလိုနေရင်း ဆူးနဲ့ ဝေတို့ ကြောင်သွားပြီလို့ ထင်ကြမှာပေါ့ 🙂
    မလုပ်တတ်လုပ်တတ်နဲ့ အစမ်းလုပ်ထားလို့ အဆင်မပြေတာတွေ အများကြီးရှိနေသေးတယ် … လုပ်ချင်တာတွေများပေမယ့် တကယ်တမ်းလုပ်ဖို့ကျတော့ အခက်အခဲတွေ အများကြီးရှိနေပါသေးတယ် … ကျွန်မစိတ်ကူးက ပရဟိတအလှူတွေ၊ တရားအားထုတ်ဖြစ်အောင် ကူညီပေးတဲ့လုပ်ငန်းနဲ့ တခြား အထွေထွေဗဟုသုတတွေကို ဦးစားပေးချင်လို့ ဘလော့တစ်ခုလုပ်လိုက်တာ … အခုတော့ အချက်အလက်တွေ စုဆောင်းနေတုန်းပဲ …

  • naywoonni

    January 16, 2011 at 7:49 am

    အဲဂလိုဆိုရင်လဲ ဆူးဝေနီ လိုက်ရအောင်ဗျာ ဒါမှမဟုတ်လဲ ဆူးဝေကြောင်နီပေါ့
    ဝေဆူးနီကြောင်
    ကြောင်ဆူးနီဝေ
    ဆူးကြောင်ဝေနီ
    ဘယ်လိုခေါ်ခေါ် ခေါ်လို့ကောင်းပါတယ်

  • ဆူး

    January 16, 2011 at 1:19 pm

    ကြောင်နီ ဆိုပြီး ထောင်လိုက်ပါလား.. ဒါမှ မဟုတ် နီကြောင် ဆိုပြီး.. လုပ်ပါလား..

Leave a Reply