Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်အင်တာနက်စာရေးဆရာ

တစ်နေ. သူငယ်ချင်းတွေဆုံရပ် လက်ဖက်ရည်ဆိုင်ကိုရောက်တော. ရောက်တတ်ရာရာတွေပြောရင်းကနေပြီးစာပေလောကအကြောင်းတွေဆီကိုရောက်သွားပါတယ်။
စာစောင် တွေထဲကဓါတ်ပုံတွေမှာပြုံးပြုံးကြီးအမြဲပါတတ်တဲ.တစ်ချို.သော”စာပေလိုက်စား”သူတွေ အကြောင်း
နယ်က စာရေးဆရာတွေရဲ.စာမူခတွေ စာပေတိုက်တွေက ပေးတဲ.စာအုပ်လက်ဆောင်တွေကို
ဖြတ်ခုတ်တတ်တဲ. ” စာပေဓါး”တွေတို.
အဆိုတော်အသစ် မင်းသမီးမင်းသားအသစ် မော်ဒယ်အသစ်ကလေးတွေကိုမီဒီယာ အစွမ်းဘာညာသာရကာတွေနဲ.
တစ်ခါမှတောင်မမြင်ဘူးသူကိုအမွှန်းတွေ အညွှန်းတွေနဲ.တန်ဆာဆင်လို.
ကြွယ်ပေးတတ် ပွားပေးတတ်တဲ.” စာပေမြှောက်စား “တွေတို.
စာရေးဘို.ကလွဲလို.ဘာမှမသိတဲ.တစ်ချို.သောစာရေးဆရာတွေအပေါ်ကို
“စာပေလုပ်စား “တစ်ချို.က ဝိုက်လိုက်တဲ.အကြောင်းတွေကိုပြောနေတုန်း
” စိန်မောင်”က “ငပေါက် မင်းတို.အင်တာနက်မှရေးနေတဲ.သူတွေကြတော. စာမူခကိုဘယ်မှာထုတ်ရတာလဲ”လို.မေးလဲ
မေးလိုက်ရော တစ်ဖွဲ.လုံးရီလိုက်ကြတာ ဘေးကဝို်င်းတွေကတောင်.ဘာများဖြစ်သွားကြတာလဲလို.လှည်.ကြည်.တဲ.အထိပါဘဲ။
ကျနော်တို.ရဲ.လူစုံအဖွဲ.ထဲမှာ ” စိန်မောင်”က အရိုးဆုံး အ အဆုံး အားမနာတမ်းပြောရင် တော်တော်ပိန်းတဲ.လူပေါ.၊
သူက အချဉ်ပေါင်းတွေ သနပ်တွေ ယိုစုံတွေလုပ်လုပ်ပြိးရောင်းတဲ.အိမ်တွင်းမူ.လုပ်ငန်းကိုတစ်နိုင်လုပ်ပါတယ်။
သူအလုပ်မှာတော.ဘယ်သူမှလိုက်မမှီအောင်အတွက်အချက်တော်သော အိပ်စပတ်ပါ။
ဒါပေမဲ.သူ.အလုပ်ကလွဲလို.ကျန်တဲ.ကိစ္စတွေမှာတော.သူဝင်ပြောလိုက်တာနဲ.ရီဘို.သာပြင်ပေတော.ဘဲ။
သူက ဘာမှသိပ်မသိဘူး ဒါပေမဲ.နားစွန်နားဖျားကြားလိုက်တာနဲ.ခပ်တည်တည်နဲ.မေးခွန်းတွေဝင်မေး ဝင်ပြောဝင်ပြီးမှတ်ချက်တွေချလိုက်ရင် တစ်လွဲတွေဖြစ်ကုန်လွန်းလို.ပါ၊
သူမေးတာကြားမှ ကျနော်အင်တာနက်စာရးဆရာ (ကိုယ်.ဘာသာကိုယ်ဆရာခေါ်လို်က်တာနော်) ဖြစ်လာတာကိုပြန်စဉ်းစားမိပါတယ်။
ဇာတ်လမ်းအစကတော. ဟိုငယ်ငယ်အထက်တန်းကျောင်းသားဘဝကလို.ဆိုနိုင်ပါတယ်။
အထက်တန်းကျောင်းသားဘဝမှာ ကျောင်းစာကလွဲရင် ကျန်တဲ.ကာတွန်း စာစောင်မဂ္ဂဇင်းအားလိုကိုဖတ်ဖို.စိတ်ပါ ပါတယ်။
ဖတ်ရင်းကနေပြီးတဖြည်းဖြည်းနဲ. ” ရေးချင်ပိုး”ဝင်သွားတာပါဘဲ။
အားရင် စာမကျက်ဘဲ ကိုယ်ပိုင်တဲ.ဗလာစာအုပ်မှာ စိတ်ကူးရသမျရေးတယ်။
တကယ်ရေးထားတာကလဲ သူများရေးတဲ.ထဲက ဟာရယ် ကို်ယ်စိတ်ကူးလေးထဲကထွက်လာတာရယ်ရောလို. လုပ်ထားတဲ.
” စုတုပြု”လေးတွေပါ ကိုယ်ရေးထားတာကိုယ်ပြန်ဖတ်ရင်တော.အရမ်းကိုမိုက်ပေါ.ဗျာ။
ပြီးရင် သူငယ်ချင်းတွေနဲ.ဆုံတာနဲ.ရေးထားတာ ပါတဲ.စာအုပ်ကို မမြင်တမြင်နဲ.စိတ်ဝင်စားအောင်ပြတယ်။
မြင်တဲ.ကောင်က ” ဟေ.ကောင်ဘာတွေလဲ”လို.မေးရင် ပါးစပ်ကသာ
“ဘာမှ မဟုတ်ပါဘူးကွာ”လို.ပြောလိုက်ပေမဲ. လက်ကတော.မေးလို်က်တဲ.သူ.ဆီကို စာအုပ်ထိုးပေးပြီးသားပါ။

ဖတ်မိတဲ.သူငယ်ချင်းက ” ကိုပေါက်မင်းရေးထားတယ် ကောင်းတယ်”လို.များပြောလိုက်လို.ကတော.
လေထဲလွင်.ပါသွားသလိုခံစားလိုက်ရပေမဲ. ” ဘာတွေမှန်းလဲမသိဘူး”လို.များဝေဖန်လိုက်တဲ.ကောင်ဆိုရင်
“အနုပညာကို မခံစားတတ်တဲ.ကောင် “အရိုင်းကောင်”လို.စိတ်ထဲကနေ တရားမျှတစွာနဲ.ကျိန်ဆဲတော.တာပါဘဲ။
ကောင်မလေး သူငယ်ချင်းတွေရှေ.မှာဆိုပိုပြီး ပဲများလို.ကောင်းပေါ.ဗျာ။
ဒါပေမဲ.လဲ သူငယ်ချင်းတော်တော်များများက ရီးစားစာရေးချင်ပြီဆိုလို.ကတော. ကျနော်ဆီတန်းရောက်လာတာပါဘဲ။
ကျနော်ကလဲဖတ်ထားသမျှထဲက အဆန်းဆုံးအလန်းဆုံးလေးတွေကိုကူးရေးပေးတာရော ကိုယ်ပိုင်ခံစားချက်တွေပါရောထည်.လို.ဗျဥ်းလွှတ်လိုက်တာပါဘဲ။
ရေးပေးလိုက်တဲ.လူနှစ်ယောက်ညိသွားလို.ကတော. သူငယ်ချင်းတွေကြားမှာ ကြွယ်လို.မဆုံးတော.ပါဘူး။

ဒီလိုနဲ.တက္ကသိုလ်ကိုရောက်လာတော. နယ်စုံက လူစုံ အပေါင်းအသင်းရော ဖတ်ရတဲ.စာတွေကလဲစုံလာတယ်ဆိုတော.အသိအမြင်အတွေးတွေကလဲတိုးလာမြင်.လာတယ်လို.ထင်လာတော.
ပြောတာတွေကလဲ ခပ်မြင်.မြင်.လေးတွေဖြစ်လာပါတယ်။
ကျနော်တို.လိုအရောင်တူ အသွေးတူသူတွေလက်ဖက်ရည်ဆိုင်မှာစုမိတဲ.နေ..ဆိုရင်ဆိုင်ရှင်စိတ်ညစ်ပါတယ်။
သောက်တော.ဖက်ကြမ်းတောင်းတာက ရေနွေး မနက်ကတဲကပြောလိုက်ငြင်းလိုက်ကြတာ ကြွက်ကြွက်ညံ
ဆိုင်မှာစားတဲ.သူတွေများလာလဲ မဖယ် ညဆိုင်ပိတ်တာတောင်ပြောလို.မဝသေးမပြန်ချင်သေးတဲ.ပုံပါ။
ဒါပေမဲ.ဆိုင်ရှင်တွေက ကျနော်တို.ကို သည်းခံသလို ချစ်လဲချစ်ပါတယ် ဘာလို.လဲဆိုတော. ဘယ်သူကိုမှဒုက္ခပေးတာမှမဟုတ်တာ။
တက္ကသိုလ်ဆိုတော. ပွဲတွေကလည်းများပါတယ် ။
ဘာတဲ.ဆိုအသံကြားတာနဲ.ဆရာကို နံရံကပ်စာစောင်လုပ်ဘို.နားပူတော.တာပါဘဲ။
ဆရာတွေကလဲ လိုက်လျောပါတယ် လုပ်ပေါ.။
ဒါနဲ.ဘဲ ကိုယ်ဘဲစာမူတောင်း ကိုယ်ဘဲအယ်ဒီတာ ကိုယ်ဘဲပန်းချီဆရာ ကိုယ်ဘဲလိုတဲ.နေရာကိုနာမည်ပေါင်းစုံနဲ.ဖြည်.ရေး
နေ.မအားညမအားလုပ်လိုက်တာ အိမ်တောင်ပြန်မအိပ်တဲ.အထိပါဘဲ။
ကိုယ်လုပ်လိုက်တာလေးပြီးသွား လို.အများရှေ.ချပြပြီးဆိုတာနဲ.အဲဒီနားကိုလမ်းသလားလို.ကောင်းသလားမမေးနဲ.။

ဒီလိုနဲ.လေးနှစ်တာကာလကိုဖြတ်သန်းလာခဲ.ပေမဲ.အားကျစရာကောင်းသော စာရေးဆရာများလိုကျောင်းသားဘဝမှာကတည်းက ပုံနှိပ်ထုတ်ဝေတဲ. ထဲမှာ ပါဝင်ရေးသားနိုင်တဲ.အဆင်.နာမယ်တစ်လုံးရလာတဲ.ထိတော.ရောက်မလာခဲ.ပါဘူး။
ဝါသနာရှင်အဆင်.နဲံ.ပဲ ထမင်းစားဘို.ရုန်းကန်ရတဲ.ဘဝထဲမှာ စီးမျောခဲ.ရပါတယ်။
ဒီတော.လဲ စာဖတ်သူ ဘဝနဲ.အားတဲ.အချိန်လေး စာဖတ်ပေါ.။
တစ်ခါတစ်လေ ရေးချင်စိတ်ကလေးပေါ်လာလို.ရေးမယ်ထိုင်လိုက်အလုပ်ပေါ်လာတော.ထလုပ် ပြန်ထိုင်တော.သတိရတာလေးကပျောက်သွားနဲ. ဘာမှဖြစ်မလာတော.ပါဘူး။
တကယ်ဖြစ်မလာရတဲ.အကြောင်းရင်းကတော. ကိုယ်မှာဖြစ်လောက်တဲ.အရည်အချင်းမရှိတာရယ် ဖြစ်ချင်တယ်ဆိုတဲ.စိတ်က လဲသိပ်မထက်သန်တာကြောင်.လဲဖြစ်နိုင်ပါတယ်။
သည်လိုနဲ.တစ်ရက်မှာ မထင်မှတ်ဘဲ ဆေးရုံပေါ်ကိုရောက်သွားတော. နည်းနည်းအနားရလာပါတယ်။
အလုပ်ခွင်ကိုပြန်ဝင်တော. အလုပ်ရှင်က အရင်ကထက်သက်သာတဲ.နေရာကိုတာဝန်ပြောင်းပေးတော.အချိန်အားလေးက အရင်ထက်စာရင်ရလာပါတယ်။
တစ်ရက်တော.သူငယ်ချင်း “ကိုကျော်” ကလက်ဖက်ရည်ဆိုင်မှာထိုင်ပြီးလေပေါနေတုန်းမှာ
” ကိုပေါက် မင်းဖတ်တာတွေများပြီ မသေခင် မင်းသိတာလေးကို သူများတွေကိုပြန်ပြောမပြတော.ဘူးလား”လို.မေးလို်က်
တာကနေ အရင်ဝင်ပြီးသား ” ရေးချင်ပိုး”လေးက ဒုတိယအကြိမ်မြောက် ပြန်ထလာပါတယ်။
ဒါပေမဲ. ဒီအချိန်ကျမှ “ပေါင်ချိန် ” တို.” သီတာခုနှစ်တန်”တို.လည်းဒုက္ခမပေးချင်။
အပျိုစင်ကိုဝင်ပြီးခပ်တည်တည်နဲ.ဝင်ရေးရအောင်ကလဲစိတ်မရဲ။
ဟာသစာစောင်တွေဝင်ကျဲရလောက်အောင်ကလဲ အဖြစ်မရှိ။
စာစောင်တွေဝင်ရေးရလောက်အောင်ကလဲ ကိုယ်ရေးချင်တာ က ဆရာ “လူထုစိန်ဝင်း “တို.
“ဒေါက်တာနေဇင်လတ် “တို.လိုလိုင်းမျိုးဆိုတော.ကိုယ်ဝင်ရေးရအောင်က ကိုယ်ကလဲ ဘာကောင်မှမဟုတ်ဆိုတော.စဉ်းစားမိတိုင်းစိတ်ညစ်ရပါတယ်။
သည်အခက်အခဲကိုဖြေရှင်းပေးလိုက်တာက အလုပ်က ကလေးမလေးပါ။
” လေးလေး ကလဲ ဒါများဘာခက်သလဲ အင်တာနက်မှာဝင်ရေး ဘယ်အယ်ဒီတာမှ တင်စရာမလိုဘူး ခုတင်ခုဖတ် အေးဆေးပါ”
ဒါနဲ.ဘဲသည်ကလေးမကို ဆရာတင် အင်တာနက်ကိုသူ.ဆီကသင် သူကသူ. သူငယ်ချင်းကောင်လေးတွေဆီကနေ စာရေးလို.ရတဲ. အသင်းလေးတွေဝင်လို.ရအောင်ကူညီပေးပါတယ.်။
ဒါနဲ.ဘဲ “မြန်မာသူငယ်ချင်းများ” ဆိုတဲ.အသင်းမှာ စာ စရေးဖြစ်ပါတယ်။
စာရေးတော.ကလောင် နာမယ်ရွေးတော.လဲ အလွယ်လေးပါ။
အဖွားက ပေါက်ပေါက်မြောက်မြောက်ဖြစ်အောင်မြေးအကောင်းစားလေးကို အိမ်နာမည်”ကိုပေါက် “လို.မှည်.ထားပါတယ်။
သူငယ်ချင်းများကလဲ “ကိုပေါက် “လို.ခေါ်ပါတယ်။
ဒါပေမဲ.အဖွားနဲ.တော.ပြောင်းပြန်ပါ ပေါက်ကရပြော ပေါက်ကရတွေးတဲ. “ကိုပေါက် “လို.သတ်မှတ်ပြီးခေါ်တာပါ။
နောက်ရေးပြီးတပုဒ်နှစ်ပုဒ်လဲရေးပြီးရော ရုံးက ကလေးမလေးက
“လေးလေး ဒါရိုက်တာ ကိုပေါက် ဆိုတာရှိတယ် “လို.ပြောလာတော.လဲ အလွယ်လေးပါ ကိုပေါက် (မန်းတလေး)ပေါ.။
စရေးစက ကိုယ်ရေးတာ လူဖတ်ပါ.မလားလို.စိတ်ပူပါတယ်။
ဒါပေမဲ.လဲ အချို.သော အနုပညာရှင်များက
“အားပေးသူတစ်ယောက်ထဲရှိလဲ သားသားမီးမီးတို.ကဖျော်ဖြေမှာ”လို.
ဆိုတာလေးတွေဖတ်ရတော. ငါလဲ မင်းတို.လိုဘဲဆိုပြီး ဆက်ရေးဖြစ်ပါတယ်။
ရေးစက ကိုယ်.စာလေး ကွန်ပြူတာပေါ်မှာ ကိုပေါက် ဘလောဂ.များလို.မြင်လိုက်ရရင် အင်မတန်ပျော် အင်မတန်ကို ကျေနပ်ပါတယ်။
ကိုယ်ရေးတဲ.စာလေးကိုနှစ်ယောက်သုံးယောက်လောက်က ကော်မင်းတွေ ပေးတာ ဖတ်ရတော. ငါ.ကိုလက်ခံသားဘဲဆိုပြီးအားတက်လာပါတယ်။
နောက်မှသိရတာကတော. အဲဒါ အယ်ဒီတာ အဖွဲ.ကလူတွေက ဖတ်ပြီးအားပေးတာဆိုတာနောက်တော.မှ ရှက်ရှက်နဲ.သိရပါတယ်။
ဒါပေမဲ.သူတို.ကို အရမ်းကျေးဇူးတင်ပါတယ် ။
သူတို.ကော်မင်းပေးတာတွေဖတ်လို. ရေးချင်စိတ်တွေတွန်းအားပေးသလို ဖြစ်ပြီး အားတာနဲရင်ထဲမှာအနှစ်နှစ်အလလက စုထားခဲ.သမျှကို မိုးရွာချသလိုရေးဖြစ်ပါတော.တယ်။
နောက်ကိုရေးထားတာလေးတွေကို လည်း အသိသူငယ်ချင်းမိတ်ဆွေတွေကို g mail နဲ.ပို.ပြီးဖတ်ခိုင်းတဲ.အခါ အားနာလို.လား
တကယ်ကို နှစ်သက်လို.လား ဒါမှမဟုတ် ဒုက္ခခံရတဲ.လူဦးရေတိုးစေချင်လို.လားတော.မသိဘူး
“သည်တစ်နေရာထဲတင်မရေးနဲ. သည်ပြင်.အဖွဲ.တွေကိုပါ ကော်ပီကူးပြီးပို.”လို.ဆိုပြီး
အဖွဲ.ဝင်လို.ရတဲ. စာတွေပို.ပေးပြီး အချွန်နဲ.မပေးပါတယ်။
ကျနော်ကလဲမငြင်းဘဲ သူတို.ခိုင်းတဲ.အတိုင်းလုပ်ပါတယ်။
တစ်ရက်တော. အင်တာနက်ဆိုင်မှာကျနော်စာရေးနေတုန်းမှာ ဆိုင်ထဲက ကောင်လေးတသိုက်နဲ.
ဟိုမမြင်ရတဲ.တစ်ဖက် ကောင်မလေးကတစ်ဖွဲ.ဂျီတော.ကနေ
အပြန်အလှန်ပညာခန်းပြကြ ရစ်ကြ ခွေကြ ဟာသတွေလုပ်ကြတဟေးဟေးတဟားနဲ.ပျော်နေကြတာကို မြင်ကြားနေရာကနေပြီး
“အင်တာနက်ချစ်သူ “ဆိုတဲ.ကဗျာလေးကိုရေးမိလိုက်ပါတယ်။
မထင်မှတ်ဘဲ သည်ကဗျာလေးက ကျနော်ရေးတဲ.အထဲမှာ ကောင်းတာ မကောင်းတာ အပထား ကော်မင်.အများဆုံးရတဲ.စာလေးတစ်ပုဒ်ဖြစ်လာသလို စားချင်စိတ်ပေါ်အောင် လုပ်ထားတဲ. စတော်ဘယ်ရီးသီးနီနီလေးနဲ.
ကိုပေါက် ကို ဒုက္ခပေးတဲ.လူစာရင်းကို သွင်းလို. အဖတ်များလာ ကော်မင်.တွေပေးလာကြပါတယ်။
ဒါကျနော်အင်တာနက်စာရေးဆရာဖြစ်လာပုံ ကိုယ.်တိုင်ရေးဖြောင်.ချက်ပါခင်ဗျာ။
ကျနော်တို.သည် စာမူခမရပါ ဆိုင်မှာ နာရီနဲ.တွက်လို.ပိုက်ဆံပေးကာရေးနေတဲ.သူတွေပါလို.များ စိန်မောင်ကို များပြောပြလိုက်ရင် သူမကျေနပ်တဲ.အခါ စိတ်တိုင်းမကျတဲ.အခါထွက်လာတဲ. တရုပ်လို အဆဲကလေး နဲ.အားပေးမှာ အသေအချာပါဘဲ။
သူက ပိုက်ဆံမရတဲ.အလုပ်ကို လုပ်တယ်ဆိုရင်အားကြီးစိတ်ဆိုးတာကိုး။
ကျနော်က ကျနော်စာရေးနေတဲ. အဖွဲတွေဖြစ်တဲ. မြန်မာသူငယ်ချင်းတို. ထာဝရသူငယ်ချင်းတို. အနာဂတ်အိပ်မက်တို.
နက္ခတ်ဆိုးတို. အဖြူရောင်ချစ်သူများတို.ကို အကြံပေးချင်ပါတယ်။
စာမူခတော.မတောင်းပါဘူး ရေးချင်တာ ရေးခွင်.ရတာနဲ.တင်တန်ပါတယ်။
နှစ်တနှစ်အတွက် အကောင်းဆုံးလူကြိုက်အများဆုံး ပိုစ်တို.
ကော်မင်းအပေးခံရဆုံးသော ပိုစ်.တို.
ကော်မင်းအပေးအခံရဆုံးသောစာရေးသူတို.ကိုများ ရွေးချယ်လို.အသိအမှတ်ပြုပေးမယ်ဆိုရင် …………………………………
..

8 comments

  • susunosuki

    April 19, 2010 at 9:02 am

    စာရေးဆရာတစ်ယောက် နေ့စဉ်ကြုံတွေ့ရတဲ့ပြသာနာပါပဲ
    အများသိနိုင်အောင်ရေးတာကောင်းပါတယ်

  • Mr. MarGa

    December 11, 2012 at 5:23 pm

    လေးပေါက်ရေ
    လေးပေါက်ရဲ့ အင်တာနက်ချစ်သူ ကို ဖတ်ချင်ပါကြောင်း
    ဖွဘုတ်သို့ ပို့ပေးပါက ကျေးဇူးတင်မည်ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး
    လေးစားစွာဖြင့်
    ဦးမာဃ

  • ဟိုတလောကပဲ ဖွဘွတ်မှာ ကိုပေါက်ဆိုလို့ နေရပ်ကလဲ မန်းလေးဆိုတာနဲ့ Add Friend လိုက်မိတယ်
    (ဂေဇက်က အူးပေါက်မှတ်လို့ပါ)
    ပြီးမှ ကိုယ့်ယောက်ျားရဲ့ကျောင်းနေဘက်ဖြစ်နေတယ်.. :chee:

    အိမ်သာတက်ချစ်သူ အဲ..အင်တာနက်ချစ်သူု တော့ဖတ်ချင်သား။
    ပါဆယ်ဆွဲလာပေးပါလား

    • kopauk (mandalay) စတော်ဗယ်ရီပုံနဲ့ပါ နန်းတော်ရာသူရေ
      ချက်တင်ချစ်သူက စာရေးစကရေးတဲ့ကဗျာ ဖေစ်ဘုတ်မှအခုတင်ထားခဲ့မယ်နော်

  • koaung

    December 11, 2012 at 11:05 pm

    ကိုပေါက်ရေးတဲ့စာတွေမှာ ီအနုပညာလောကကိုအချိန်အခါတိတိကျကျနဲ့ စရိုက်တွေပီပီပြငပြင် ကွဲကွဲပြားပြားရေးတတ်တာတွေဖတ်မိပြီ:
    သားခဲ့မိတာပါ ယူနီဗာစတီအကြောင်းတွေရေးတော့လည်း ကျနော်တို့တက်ခဲ့တဲ့အချိန်တွေနဲ့သိပ်မကွာတာမို့ ထင်းထင်းလင်းလင်း
    ပါဘဲဗျာ ဘယ်မှာဘဲရေးရေးပါ ဝါသနာကအဓိကပါဗျာ (အင်တာနက် ဆိုတော့ ပိုက်ပိုက်ကုန်တာပေါ့) အားပေးရရင် ဆက်ဆွဲဆရာရေ့ဆက်ဆွဲ

  • koaung

    December 11, 2012 at 11:07 pm

    i got little trouble in burglish so sorry for my type :mrgreen:

  • “ချက်တင်ချစ်သူ”

    နေ့စဉ်ရက်ဆက် တစ်ရက်မှမပျက်အောင်
    အချိန်ခြင်းချိန်းလို့ချက်မယ်။

    သိလားဆိုတော့လည်း သေချာမသိ
    မသိဘူးလားဆိုတော့လည်း
    ပြောထားသလောက်တော့သိမယ်။

    စိတ်ထဲရှိသလို နာမယ်ပေးလို့
    စိတ်ထဲရှိသလိုလည်းခေါ်မယ်။
    စိတ်ထဲရှိတာကိုလည်းအားမနာဘဲပြောမယ်။

    အက္ခရာလေးများနဲ့ချစ်မယ်
    အက္ခရာလေးများနဲ့စိတ်ကောက်မယ်
    အက္ခရာလေးများနဲချော.မယ်
    အက္ခရာလေးများနဲ့ချွဲမယ်
    အက္ခရာလေးများနဲ့သဲမယ်
    အက္ခရာလေးများနဲ့ဘဲကဲမယ် အက္ခရာလေးများနဲ့ ကြူမယ်
    အက္ခရာလေးများနဲ့ မူမယ်

    ဒါပေမယ့်လည်း ဆို်င်းအောက်လုပ်ပြီးတာနဲ့
    မေ့ထားလိုက်ပါတယ်။

    Tags: ကိုပေါက်လက်ဆောင်, အတွေးစဉ်

Leave a Reply