ဒို့သူငယ်ချင်းများ စစ်ထဲဝင်ရင်လေ
ဥက္ကာ: ဟေး… ကိုကြီးညို
ကိုညို: ဗျ ကိုကြီးကာ
ဆိုဗျ
ဥက္ကာ: ကျုပ်တို့တွေ စစ်မှုထမ်းကြရတော့မယ်ဆိုပဲကိုးဗျ
ကိုညို: ဩော..ဂလိုတဲ့လားဗျ
ဟုတ်ကောဟုတ်ရဲ့လားဗျ
ဟုတ်မှလည်းလုပ်ပါဗျာ
ဥက္ကာ: ဟုတ်တယ်လို့ပြောနေကြတာကိုး
ကျုပ်လည်းသေနတ်ကိုင်ချင်လွန်းလို့
လက်ယားနေတာနဲ့အတော်ပဲဗျို့
ကိုညို: ဟုတ်လား
ဘာသေနတ်တွေများတုန်း
သရက်သီးသနပ်လား
ဂွေးသီသနပ်လားဗျ
ကျုပ်လည်း ခံတွင်းပျက်နေတာကြာပေါ့
လုပ်လိုက်ပါလား
ပဲဟင်းလေးနဲ့လွေးလိုက်ရ
ပြောရင်းဆိုရင်း သွားရည်တောင်ကျသဗျာ
ရှလွတ်……..
ဥက္ကာ: အာ…. လောင်ချာတို့…. အမ်တစ်ဆယ့်ခြောက်တို့… ရိုင်ငဖယ်တို့…. စတင်းဂ