Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

၈၀/၂ဝ ဥပဒေသ 80/20 rule

80 20

80/20 rule

80/20 rule ဆိုတာကို ကြားဖူးနားဝ ရှိကြပါလိမ့်မယ်။ မန်နေဂျာ၊ စာရင်းကိုင် စာရင်းစစ်များ သုံးလေ့သုံးထ ရှိပါတယ်။ ၁၀၀%ကို အခြေခံတဲ့ လုပ်ငန်းသုံး ဝေါဟာရဖြစ်ပြီး ပြောရရင် အနည်းစု အရေတွက်၂၀%သည် အများစု အရည်အချင်း၈၀% ကိုဆောင်တဲ့ သဘောပါ။ ပြောလေ့ပြောထ ရှိတာကတော့ ဘယ်မှာမဆို ယေဘူယျ မှန်တယ်လို့ ဆိုပါတယ်။ မိမိ ကုန်ပစ္စည်းလိုင်း ၂၀%သည် လုပ်ငန်း၏ အရောင်း၈၀%၊ ကြီးစဉ်ငယ်လိုက် အသုံးစရိတ် ၂၀%သည် စုစုပေါင်း၏ ၈၀%၊ ဝန်ထမ်း သို့မဟုတ် ဖောက်သည်များ၏ ၂၀%သည် စုစုပေါင်းအလုပ် သို့မဟုတ် ဖြုန်းအား၏ ၈၀% စသဖြင့် အနည်းစုက အများစုသောဝန်ကို ထမ်းပေးခြင်း နိယာမတခုပါ။ ဟုတ်ရင်တော့ ကျုပ်တို့ရွာမှာလည်း ၂၀%သော မင်န်ဘာများသည် ဆိုက်အသုံးပြုမှုရဲ့၈၀%ရှိမယ်လို ခန့်မှန်းလို့ ရပါတယ်။ မှန်မမှန်တော့ သဂျီးမင်းပဲ သိပါလိမ့်မယ်။
ဒီသဘောတရားကို နိုင်ငံရေး စီးပွားရေး လူမှုရေး စီမံခန့်ခွဲမှုတွေမှာ အသုံးပြုကြပါတယ်။ လုပ်ငန်းတခုကို စာရင်းစစ်ရင် အားလုံးကို စစ်ဖို့မဖြစ်နိုင်လို့ ကြီးစဉ်ငယ်လိုက် စီပြီး ထိပ်ပိုင်း ၂၀% ကိုလိုက်ရင် စုစုပေါင်း၈၀%ကို စစ်ပြီးသား ဖြစ်သွားတဲ့ သဘောပါ။ သာမာန်အားဖြင့် နီးစပ်ရလို့ ကွဲလွဲနေရင် အချက်ပေးခေါင်းလောင်း သဘောမျိုး သိနိုင်ပါတယ်။ တိုင်းပြည်တခုလုံး အနေနဲ့ဆိုရင် ၂၀% အခွန်ထမ်းများသည် ၈၀%သော အခွန်တော်ငွေကို ထမ်းဆောင်ကြလို့ သူတို့ရဲ့ လူမှုစီးပွား အချက်အလက်များကနေ အစိုးရ၏ စီးပွားရေး၊ ဘဏ္ဍာရေး မူဝါဒများကို ရေးဆွဲပါတယ်။
ကျနော်တို့လည်း လက်တွေ့ဘဝမှာ ဒီနားလည်မှုကို အသုံးချတတ်ရင် နေလို့ထိုင်လို့ ပိုပြီး အဆင်ပြေ သွားနိုင်ပါတယ်။ အလုပ်ထဲမှာ ခိုကပ်သူများတွေ့ရင်၊ တမူးတပဲဖိုးသာဝယ်ပြီး ရစ်လွန်းတဲ့ ကပ်စတန်မာများနဲ့ ဆက်ဆံရရင်၊ မိမိတယောက် သို့မဟုတ် အနည်းစုက မတန်တဆဝန်ကို မမျှမတ ထမ်းနေရပေမဲ့ ထိရောက်တဲ့ အရေးယူ တိုင်တန်းမှုမျိုး မပြုနိုင်လို့ ငြူစူစိတ်ဆိုး ဝမ်းနည်းပြီး ပင်ပန်း ဆင်းရဲ ဖြစ်မဲ့အစား ဖြစ်တတ်တဲ့ သဘောလို့ လက်ခံလိုက်ရင် သက်သာပါတယ်။ လက်တွေ့တော့ ခက်သပေါ့လေ။ ဒါပေမဲ့ ပိုကောင်းတဲ့နည်းလမ်း မတွေ့သေးခင် အခုလို အချက်အလက်နဲ့ မဖြေသိမ့်နိုင်ရင် သူနာမှာထက် ကိုယ်နာဖို့ ပိုများပါတယ်။
ကျောင်းတုန်းက midterm စာမေးပွဲမှာ မထင်မှတ်တဲ့ အမှားတခုကို လုပ်မိလို့ နမော်နမဲ့ နိုင်လွန်းတဲ့ ကိုယ့်အဖြစ်ကို ယူကြုံးမရဖြစ်တယ်။ နောက်ပိုင်းကြမှ ကိုယ်တယောက်ထဲသာ မဟုတ် ရာခိုင်နှုန်းတခု သည်လိုပဲ ဖြစ်တယ်လို့ သိလိုက်တော့ ဘဝင်နည်းနည်း ကျသွားပါတယ်။ ကိုယ်မှန်တဲ့ အခါကြတော့ သူများမှားတာတွေကို ကိုယ်ချင်းမစာပျော်လို့။ ဒါလည်း ရာခိုင်နှုန်းတခု အမြဲမှန်တယ်လို့ ရှားပါးမျိုးစိတ်ထဲ မဝင်တဲ့အခါ အရင်ကလောက် မပျော်တော့။
ဘဝမှာလည်း ဒီလိုပါပဲ၊ ရုပ်ဝတ္ထုတွေလို ရာခိုင်နှုန်း အတိအကျတော့ ဖြစ်ချင်မှဖြစ်မယ်ပေါ့လေ၊ (ကံ၊ ညဏ်၊ ဝီရိယဆိုတာ ရှိသေးတာကိုး)၊ အကောင်းအဆိုး ကြုံတွေ့မှုတွေသည် ပြောခဲ့တဲ့ ဥပဒေသ လိုပဲ ဖြစ်ရပ်အနည်းစုက လက်ရှိရလဒ်ရဲ့ အများစုအဖြေကို ပေးသွားတာများပါတယ်။ ဖဲရိုက်သလိုပါပဲ ပွဲပြီးလို့ပြန်ချုပ်ကြည့်လိုက်ရင် အလှည့်အနည်းစုက အမြတ်အရှုံးကို ဦးတည်သွားစေပါတယ်။ လူကြီးဖြစ်လို့ အငယ်တွေကို စိတ်တိုင်းမကြရင်လည်း မိမိတယောက်ထဲ ကြုံနေရတာ မဟုတ်၊ လူတိုင်းမှာ အချိုးအစားတခုနဲ့ ကျေနပ်၊ မကျေနပ်စရာ ရှိတယ်လို့ ဖြေသိမ့်နိုင်ပါတယ်။ ပေးဆပ်၊ ရယူ၊ ပိုင်ဆိုင်၊ စွန့်လွှတ် စတဲ့ ဖြစ်စဉ်အတိုင်း လူတိုင်းသွားတယ်လို့ ခံယူတတ်ဖို့ ၈၀/၂ဝ ဥပဒေသသည် အတိုင်းအတာတခုထိ အသုံးဝင်ကြောင်း ဝေမျှလိုက်ပါသည်။

2 comments

  • kai

    January 23, 2011 at 10:22 am

    ဒီစာလေးအတွက် ..ကျေးဇူးပါပဲ..။
    ဆိုတော့ .. မြန်မာပြည်ရဲ့ လူဦးရေ.. သန်း၆ဝ ရဲ့ဝန်ကို ..၂ဝရာခိုင်နှုန်း ၁၂သန်းက ထမ်းနေတယ် ပြောလို့ရမလား…။
    အဲဒီ ၁၂သန်းမှာ ..တကယ်အလုပ်လုပ်နေတာက .. သူ့ရဲ့၂ဝရာခိုင်နှုန်း ၂.၄သန်းရှိနေတယ်..ပြောလို့ရမလား..။

    အဲဒီလို အဆင်ဆင့် ..စကာစစ်ခြုံ ့ချသွားလို့ရော… ရလား.။

    • bigcat

      January 23, 2011 at 6:32 pm

      သီအိုရီအရတော့ ဖြစ်နိုင်တယ်။ သဂျီးအုပ်ချုပ်တဲ့ ရွာထဲက ဒေတာတွေနဲ့ စမ်းကြည့်ပါလား။ လုပ်ပြီးရင်လည်း ပြန်မျှပါအုံး။

Leave a Reply