Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွန်ခဲ့တဲ့ 2ပတ်လောက်က စင်္ကာပူမှာဖြစ်သွားတဲ့ အကြောင်းအရာလေးပါ…

nyimalayJanuary 26, 20112min52123

ကောင်မလေးတစ်ယောက် (မ—-)  စင်္ကာပူမှာ ကျောင်းပီးလို ့အလုပ်ရှာနေတုန်းပါ..
ကောင်မလေးက သူ ့အမေနဲ့အတူနေပါတယ်….
အရွယ်ကလေးကလဲရလာပီဆိုတော့ ရည်းစားလေးထားကြည့်တာပေါ့….

တနေ ့ကောင်လေးက ကောင်မလေးကို သူနဲ့အတူနေဖို ့တောင်းဆိုပါတယ်…(ကောင်လေးကလဲ မြန်မာနိုင်ငံကပါပဲ..)

ဟိုမှာ တွေ ့ရင်းကြိုက်သွားကြတာပေါ့….

ကောင်လေးကအဲ့လိုနေဖို ့တောင်းဆိုတော့ ကောင်မလေးကလဲ ဘာမှမဖြစ်လောက်ပါဘူးဆိုပီးတော့ လက်ခံလိုက်ပါတယ်…
ပီးတော့ ကောင်လေးက ကောင်မလေးနဲ့အတူ နေစဉ်ဖြစ်ရပက်များ အားလုံး(အစအဆုံးကို)   video camera နဲ ့မှတ်တမ်းတင်ပီး
အင်တာနက်ပေါ်ကို upload လုပ်လိုက်ပါတယ်… ကောင်မလေးက ဒီကိစ္စကိုလဲ သိရော ကောငလေးကို တာဝန်ယူဖြေရှင်ေးပးဖို ့ပြောပါတယ်….
(ကို်ယ်ဝန်ရှိသွားတယ်ဆိုရင်တောင် ဆရာဝန်တွေနဲ ံတိုင်ပင်ပီးတော့ ဖြေရှင်းလို့ရပါသေးတယ်.. ခုဟာက အင်တာနက်ဆိုတော့တော်တော့်ကိုမလွယ်တဲ့ ကိစ္စပါ.)

ကောင်လေးက ဘာမှမဖြေရှင်းပေးဘဲ ခေါင်းရှောင်သွားပါတယ်…  တခြားနိုင်ငံကိုတောင် ထွက်ပြေးသွားပီလို ့သိထားပါတယ်..

 ကောင်မလေးကတော့ နောက်ဆုံး ဘာမှမတတ်သာတော့ပဲ တိုက်ပေါ်ကနေ ခုန်ချပီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားပါတယ်…
ကောင်မလေးအမေမှာ အခု ဖြေရာမရဖြစ်နေသလို…ကောင်မလေးအဖေကိုလဲ ရင်မဆိုင်ရဲတာကြောင့် ရန်ကုန်ကိုလဲ မပြန်နိုင်ဖြစ်နေရပါတယ်…

ဒါပေမဲ့ လူစိတ်မရှီတဲ့ (လူလို ့တောင်ပြောလို ့မရတဲ့ကောင်ပါ) (ကိုယ့်မြန်မာအချင်းချင်းကိုတောင် အညှာမတာ လုပ်ရက်တယ်…) ကောင်ကိုတော့ မြန်မာနိုင်ငံမှာ အမှုုဖွင့်ထားပါတယ်…
ဒီကောင် မြန်မာပြည်ကိုတော့ ဒီတစ်သက်ပြန်လာလို့ မရတော့ပါဘူး..ပြန်ရောက်တာနဲ ့ ထောင်ထဲတန်းရောက်မှာပါ…..

ဒီလို လူစိတ်မရှိတဲ့ကောင်ကြောင့် အမြတ်တနီုးတန်ဖိုးထားထားတဲ့ကောင်မလေးတစ်ယောက် မိဘရင်ခွင်ထဲကနေ ထွက်ပီး အဆုံးစီရင်သွားရရှာပါတယ်..
အဲ့ဒါကြောင့် ပြောချင်တာက

 စင်္ကာပူရောက်မြန်မာ မိန်းခလေးများ ( ဘယ်နိုင်ငံပဲရောက်ရောက်..ကိုယ့်နိုင်ငံအတွင်းမှာတောင် စိတ်မချရဘူး.)ဘယ်ရည်စားနဲ့မှ အတူမနေမိစေဖို ့ပါ…

အထူးသတိပြုကြပါ မမတို ့ရေ…..

Share By  Twitter Facebook Forward Mail

23 comments

  • အာဖျံ ကွီး

    January 26, 2011 at 9:30 am

    (ခွေးကောင်) ကောင်လေးက အစကတည်းက အကြံအစည် ရှိပီးသားထင်တရ်။
    ဘာပဲပြောပြော … တော်တော်ယုတ်မာတာပဲ …
    ကောင်မလေးကလဲ …. (……) တရ်။ အင်းလေ … ကိုယ့်ဘဲဆိုတော့လဲ … အင်းပေါ့။
    နောက်ထပ်ဒီလိုသတင်းမျိုးတွေ မကြားပါရစေနဲ.တော့ ….. လို. ….

  • လင်းဝေကျော်

    January 26, 2011 at 10:12 am

    တကယ်မိုက်ရိုင်းပါတယ်။
    ကောင်မလေးကလဲ ဘာဖြစ်လို့ အရိုက်ခံတာတုန်း။
    အခုလို ပေါ်လာလည်း ဘာဖြစ်လည်း လူတိုင်းနီးပါး ဒီကိစ္စရှိတာပဲ။
    မိုးဟေကို တောင် ပိုပြီး ပေါ်ပြူလာဖြစ်သွားသေးတယ်။
    ဟို လေယာဉ်မယ်လည်း အေးဆေးပါပဲ။
    သတ်တော့ မသေသင့်ဘူးထင်ပါတယ်။
    သူ့ရည်းစားနဲ့ သူအိပ်တာ ဘာဖြစ်တုန်း။ ဟိုးကတည်းက လူတွေအားလုံး ရည်းစားနဲ့ အိပ်ကြတာပဲ။ မိန်းကလေးတွေ တစ်ခုခုဖြစ်လာရင် အရှက်မလွန်စေချင်ပါဘူး။ မရိုးသားသော ကိစ္စမှ မဟုတ်တာ။ ဟိုကောင်ကသာ မိုက်ရိုင်းတာလေ။

  • cherrywine

    January 26, 2011 at 10:12 am

    မိုက်ရိုင်းလိုက်တဲ့အကောင် ။ သူ ဘယ်လောက်ပြေးနိုင်မလဲ ။မကောင်းမှုက သူ့နောက်ကနေ အရိပ်လိုလိုက်နေမှာ … ။

  • ကြယ်လေး

    January 26, 2011 at 10:20 am

    ဒါ မျိုး လူ ဓာတ်ပုံ ,နာမည်၊passpot No. တွေ နဲ့ တင် စမ်းပါ

    တသက်လုံး လူတောမတိုး ဖြစ်အောင်လို့

  • yuyu

    January 26, 2011 at 10:39 am

    ဟုတ်တယ်ကြယ်လေးပြောသလိုလုပ်ရမှာ
    အဲလိုအင်တာနက်ပေါ်တင်တော့သူ့အတွက် ဘာအကျိုးရှိလို့လဲ
    ကောင်မလေးကိုသက်သက်အရှက်ခွဲတာ အစ်မတွေ၊ညီမတွေမရှိဘူးလားမသိဘူး အဲဒီကောင်တခြားနိုင်ငံထွက်ပြေးလဲမကြာပါဘူး ရဲဖမ်းခံရမှာပဲ ဘယ်လိုဆဲနည်းနဲ့ဆဲရမှန်းကိုမသိဘူး တော်တော်မုန်းဖို့ကောင်းတဲ့သတ္တဝါပဲ

  • timothy

    January 26, 2011 at 11:04 am

    ကျွန်တော်တို့နင်းပြားခံမြန်မာပြည်သူတွေလေ၊ ဗိုလ်သန်းရွှေမဟုတ်တရုတ်လူမဆံတဲ့ဟာတွေဆိုပြောလိုက်ဆိုလိုက်ထိုးနှက်လိုက်ကြတာ။
    လူချင်းတွေ့လို့ကတော့လူယုတ်မာသန်းရွှေတော့သေဘို့သာပြင်ပေတော့၊ဘာညာနဲ့ပေါ့။
    တကယ်တွေ့လို့ကတော့တကယ်လက်သံပြောင်စွာနဲ့ဆော်မဲ့သူတွေလဲအများကြီးပါဗျာ။
    ဒါပေမဲ့အခုလိုလူမဆံတဲ့လုပ်ရပ်နဲ့သ္မီးပျိုလေးကိုနှမချင်းမစာနာဘဲဘီလူးသရဲစီးပြီးလုပ်တဲ့
    စိတ်ယုတ်မာမျိုးဟာဗိုလ်သန်းရွှေရဲ့ယုတ်မာမှုနဲ့နင်မသာငါမသာဘဲမဟုတ်လား။
    ဒါဆိုရင်ဒီလိုလုပ်တဲ့လူယုတ်မာကိုသိတဲ့နီးစပ်တဲ့သူများကသက်ဆိုင်ရာစင်ကာပူကရဲကိုသတင်းပေးအရေးယူဘို့မကူနိုင်ကြဘူးလား။
    မတရားလူမဆံတဲ့ဥပဒေချိုးဖောက်တဲ့ဘယ်အလုပ်မျိုးကိုမဆိုထိန်ချံမထားဘဲ၊မိမိရဲ့မိသားစုထဲကဖြစ်ချင်ထြစ်ပါစေ၊ဖေါ်ထုပ်နိုင်ပြီးတရားဥပဒေလမ်းကြောင်းအတိုင်းဖြစ်မြောက်အောင်လုပ်နိုင်တဲ့စိတ်မျိုးမွေးနိုင်ကြါပါ်စေ။
    အနောက်နိုငိငံများကမကောင်းဆိုးရွားလူမှုဖေါက်ပြန်တဲ့အကျင့်ပျက်များ၊မလုံ့တလုံဝတ်စားဆင်ရင်မှုများကိုအတုမယူကြပါနဲ့။ မိမိရဲ့မိယိုးဖလာယာဉ်ကျေးမှုကိုထိန်းသိမ်းကြပါ။
    သူတို့ရဲ့ကောင်းတဲ့အကျင့်၊မဟုတ်မခံပြန်ပြောလုပ်ရဲတဲ့စိတ်၊အမှန်တရားနဲ့ပါတ်သက်လျင်မိမိရဲ့ဆရာသမားမှားနေရင်တောင်မှအရေးတယူလုပ်ရဲတဲ့ရဲရဲတောက်စိတ်၊အမှန်တရားကိုမရမနေခက်ခက်ခဲခဲအများနဲ့ဆန့်ကျင်နေပါစေ၊ရှာဖွေရဲတဲ့သတ္တိ၊ ဒါမျိုးတွေကိုအတုခိုးကြပါ။

  • my name is phone myat htay

    January 26, 2011 at 1:42 pm

    တော်တော်မိုက်ရိုင်းတဲ.ကောင်ပဲ သူ.ညီမသာ အဲဒီလိုဖြစ်ရင် ဘယ်လိုနေမလဲ တစ်နေ. ဝဋ်လည်မှာပါ

  • ဆူး

    January 26, 2011 at 2:39 pm

    ကောင်လေးက ဘာတွေများ ရန်ညိုးရှိလို့ ဒီလို လုပ်တာလဲ မသိဘူးနော်။

  • bigbird

    January 26, 2011 at 2:43 pm

    ခွေးမသား..ဒီကောင်တစ်သက်လုံးလူတောတိုးမဲ ့ကောင်မဟုတ်ဘူး။
    မအေxx…အကုသိုလ်များတယ်။

  • ကြေးမုံ

    January 26, 2011 at 2:50 pm

    တို့တွေ မိန်းမတွေကတော့
    ကိုယ်ချစ်ရင် ချစ်တဲ့ သူက တောင်းဆိုတာကို
    လိုက် လျောကြတာများပါတယ်။
    တကယ်လဲချစ်မြတ်နိုးတာကိုလေ။
    ကျမလဲ လိုက်လျောခဲ့ပါတယ်။
    သောက်သုံးမကျလို့ ။နှာခေါင်းမပါရင် မစင်တောင်
    ် စားနိုင်တာဘဲလို့ ဒီလိုမျိုး သုံးသပ်လို့ မရပါဘူး။
    နွားမ ဖြစ်တာတော့ မဟုတ်ပါဘူး။

    ိမိမိ ချစ်ခင်မြတ်နိုးတဲ့ သူဆိုရင်တော့ ကိုယ့်ချစ်သူအလိုကို
    ဘာအကြောင်းပြချက်နဲ့ မှ့ ငြင်းလေ့ငြင်းထမရှိပါဘူး။ဒါကိုငတုံးမ။လူညံ့လို့
    သတ်မှတ်လို့ မရ ပါဘူး။

    အမျိုးသမီးတွေ ဆိုတာ မိခင်မျိုးတွေ ဖြစ်ကြလို့
    လူအချင်းချင်းမှာထားတဲ့ ကြင်နာစိတ်။မေတ္တာစိတ် တွေ သာမန်ထက်ပိုပါတယ်။
    မိမိချစ်ခင်စုံမက်ရတဲ့သူဆိုတော့ ပိုပြီးပိုကြင်နာတာပေါ့။ဘယ်အမေ မဆို
    (မိခင် ) တိုင်းမဆို
    ဗိုက်နာတာမခံနိုင်လို့။ဗိုက်ကြီးတဲ့ဒဏ် မခံ နိုင်လို့ ဆိုပြီး
    ကလေးတစ်ယောက်ထဲ မွေးတဲ့သူမရှိပါဘူး။
    ကမ္ဘာ့ လူဦးရေ တိုးတက်နေတာဟာ မိခင် တော်တော် များများက
    မိခင်စိတ်တွေ ရှိကြလို့ ပါဘဲ။မိန်းမတွေ မိခင်စိတ် ရှိနေလို့သာ မောင်နှမ
    ဆိုတာတွေ ရှိတာပေါ့။
    မဟုတ်ဘူးလား။

    မဟုတ်ရင် ဂျပန်က ယာကူဇာဂိုဏ်းက တောင်
    တစ်ကောင်ကြွက်။ တစ်ဦးတည်းသောသားတွေကို
    ဆိုရင် လက်မခံဘူးလို့တော့ ကြားဘူးတာဘဲ
    ဟုတ်မဟုတ်တော့ မသိပါဘူး။

    ဒီတော့ မိခင်မျိုးဖြစ်တဲ့ မိန်းမသားတွေ ကို မကြင်နာရင် နေကြပါ။
    မရက်စက်သင့်ဘူးလို့ တော့ထင်တာပါဘဲ။့

    အထူးသဖြင့်ဒီလို ကိုယ့်ချစ်သူ။ကိုယ့်ရီးစား ကို အသေရေ ပျက် ။အရှက်ရ အောင်
    ညစ်ညမ်းပုံတွေ ကို တင်ကြတာ တို့ မြန်မာပြည်သားအမျိုးကောင်းသားတွေ
    ဘဲပိုများပါတယ်။
    တစ်ခြားနိုင်ငံက သူတွေ ။သူတို့ တွေ ရ ဲ့ အတွင်းရေးအချစ်နလန်ထတာတွေကို
    ဒီလောက် အရှက်မခွဲကြပါဘူး။
    မြန်မာပြည်မှာလဲ ဘာသာခြားတွေ ဘာသာရေးအလွန်တင်းကြပ်ပါတယ်ဆိုတဲ့
    (ဥပမာ-မူစလင် ) တွေမှာလဲ ဒါမျိုး ကန့်လန့်ကာ နောက်ကွယ်က အချစ်ဇတ်လမ်းတွေ
    ။ အများကြီး ရှိကောင်းရှိမှာပါ။
    လူသားတွေလေ။သွေးနဲ့ကိုယ်သားနဲ့ ကိုယ်တည်ဆောက်ထားကြတာ။
    မူစလင်မတွေ ပုံတော်တော် နဲမယ်ထင်တာဘဲ။

    ဒါကိုသုံးသပ်ကြည့်ခြင်းအားဖြင့် တို့ မြန်မာလူမျိုး ဗုဒ ဘာသာ ဝင်တွေ ဟာ
    မိမိ အမျိုးကို မိမိ စောင့်ရှောက်မှု အားနည်းတာကို တွေ ့ ရတာဘဲ။

    • Hello Everyone

      January 27, 2011 at 3:48 am

      အပေါ်မှာ ပြောတာနဲနဲ တော့မှန်ပါတယ်။ ယောက်ကျား တေယောက် အနေနဲ့ အဲလိုမျိုး လုံးဝမယုတ်မာသင့်ပါ။ မိန်းကလေး အနေနဲ့ ကလည်း ခုလိုနိုင်ငံ ရက်ခြားမှာ တွေ့တာမကြာသေးတဲ့ သူကို မလိုက်ရော သင့်ပါဘူး။ ( ကိုနဲ့သိ တာကြာ ၊အိမ်နဲ့လဲသိ၊ တခုခု ဆိုတာဝန် ယူမယ်လို့ ယုံကြည် ရတဲ့ သူဆိုရင်တော့ တမျိုးပေါ့)

  • zaw min

    January 26, 2011 at 4:27 pm

    အဲဒီလူရဲ့ ဓါတ်ပုံကို အင်တာနက်ပေါ် တင်ပေးနိုင်ရင်ကောင်းမယ်။ဒီလိုလူ မျိုးကိုလူတိုင်းသိထားသင့်တယ်။
    နောက်ပြီး မကြေးမူံ ပြောပြချက်ကမှန်သင့်သလောက်မှန်ပါတယ်။ဒါပေမယ့် ဒီကိစ္စတွေဟာ အခုနောက်ပိုင်းမှာအများဆုံးတွေ့ရပါတယ်။
    တချို့ စင်္ကာပူမှာ ရိုက်ထားတာဆိုပြီး မိန်းကလေးနဲ့ယောက်ကျားလေး အပြန်အလှန် ရိုက်ထားတာတွေရှိပါတယ်။အဲဒီမိန်းကလေးတွေဟာ စင်္ကာပူကျောင်းသူတွေလို့ သိရပါတယ်။သူတို့တွေဟာ တကယ့်ကြေးစားတွေလို အတုခိုးပြီး၊သရုပ်ဆောင်ထားကြပါတယ်။အဲဒီတော့ သူတို့ကိုယ်၌ ကပေါ်ပြူလာဖြစ်ချင်တာလားဆိုတာမသိပါဘူး။
    ကျွန်တော် စင်္ကာပူမှာ (၁၂) လောက်နေဘူးပါတယ်။ကျွန်တော်ဟာ ကျောင်းသားဘဝ၊သင်္ဘောသားဘဝ တွေနဲ့ နေခဲ့သည့် အချိန်များ ဤကဲ့သို့ သတင်းမျိုးမကြားခဲ့ဘူးပါ။ချစ်သူရည်းစား အတူနေခဲ့သူများ ဒုနဲ့ဒေးပါ။သို့သော်ထိုသို့သော် သတင်းမျိုးမကြားမမိခဲ့ပါ။။
    ကျွန်တော်ဆိုလိုတာက ယ္ခုခေတ် လူငယ်များကြားမှာတော်တော်လေးရေပန်းစားလာတာလို့ထင်မိပါတယ်။
    အကောင်းဆုံးကတော့ မိမိတို့၏ ကိုယ်ကျင့်တရားများကို ဗုဓ္ဒဘာသာဝင်များပီပီ ထိမ်းသိန်းနိုင်ရင် အကောင်းဆုံးဖြစ်မယ်လို့ထင်မိပါတယ်။
    မြန်မာပြည်မှာလည်းအလွန်ခေတ်စားနေကြောင်းကိုသတင်းတခုမှာဖတ်လိုက်ရပါတယ်။
    ဘယ်လိုဘဲဖြစ်ဖြစ် မြန်မာနိုင်ငံသားအချင်းချင်း ကူညီစောင့်ရှောက်မူတွေ အများကြီးလိုနေပါသေးတယ်။
    ကျွန်တော်တို့အားလုံး မိမိ ပါတ်ဝန်းကျင်၌ ရှိသော ညီငယ်၊ညီမ ငယ်လေးများကို လမ်းမှန်ကိုသိအောင်၊ နားလည်သဘော ပေါက်အောင် ဝိုင်းဝန်းကူညီကြပါလို့ ဒီနေရာကနေ ဆော်ဩ လိုက်ပါတယ်။

  • manawphyulay

    January 27, 2011 at 6:26 am

    တော်တော်မိုက်ရိုင်းတာပဲ။ နောက်ကို စင်ကာပူတို မလေးတို့ရဲ့ အခြေအနေလေးတွေ မြန်မာတွေ ဆောင်ရန် ရှောင်ရန်တွေ များများတင်ပေးစေလိုပါတယ်။ လူတွေတော်တော်များများက မကြုံဖူးရင် မကြောက်မလန့်ကြတာ များနေလို့ပါ။

  • nigimi77

    January 27, 2011 at 7:56 am

    တနေ ့သော အခါ မောင်ဟဝှာ
    ယုတ်ပတ်နုံဖျင်း ဆိုးသတင်းအား
    ကြားမိနောက်တွင် စိတ်ဘဝင် လွန်စွာမရွှင်ပြ။

    လူကိုလူက ယုတ်ပတ်ကြ ဆိုးစွ လူလောက။
    မင်းမှာ နှမ ရှိရင်ဟ ကိုယ်ချင်းစာ ကြည့်ကြ။
    သူသူကိုကို အော်ကြည့်မှ ငါလည်း လူရည်လှ။

    အော်ပြီးနောက်တွင် အိမ်ပြန်ချင် နွမ်းလျ ဒီနေ ့ည။
    အိမ်ပြန်သည့်လမ်း ထို စိတ်ဆန်း ဘာကို ဝယ်ချင်ပ။

    မောင်ဟဝှာက ခပ်ရှက်ရှက် လက်တို ့မေးချင်လျက်။
    မထူးတော့ပါ ငါ့လူရာ မေးပြီးသကာလ…။
    “ဟိုဟာလေ…အကို…စကာင်္ပူက ကောင်မလေးရဲ ့……အခွေ ကြည်လားမသိဘူးနော်….”

    အဲဒါမှ မှတ်ကြပါဗျ လူတို ့ သဘာဝ။

    ……တကလဲတော်…တကလဲတော်…တောက်တောက်တောက်တောက်…….

  • kolay94

    January 27, 2011 at 8:03 am

    ကြားရတာ စိတ်မကောင်းစရာပါလား….. ဒီသတင်းတွေ တော်တော်များများဖြစ်နေကြပါလား……. ဒီပို့မဖတ်ခင် စက္ကန့်ပိုင်းလေးမှာတင်ပဲ မိန်းကလေးတစ်ယောက်ကို ယောက်ျားလေး တစ်ယောက်က ကိုယ်ဝန်ရှိနေရဲ့နဲ့ မယူနိုင်ဘူး တာဝန်မယူဘူး တကယ်ချစ်တာမဟုတ်ဘူး အပျော်ကြံတာပါဆိုတဲ့ သတင်းလေးတောင် ကြားခဲ့ရသေးတယ်…. အခု ဝင်ဖတ်လိုက်တော့လဲ ဒီလိုပါပဲလေ.. အင်းစဉ်းစားသင့်ပါတယ်….. မြန်မာလူမျိုးတွေက အားနာတတ်တာလဲ ပါတာပေါ့… အားနာတာကတော့ အားနာပါ ဒါပေမယ့် ခါးတော့မပါစေနဲ့ဆိုသလိုပါပဲလား……….. အတုခိုးမှားတာတွေလဲ ပါတာပေါ့လေ…….. ကောင်းတာလေးတွေကိုကျတော့ အတုခိုးတဲ့သူနည်းတယ်… မကောင်းတာကိုကျတော့ အတုခိုးတာများ………. အဲဒီလို အတုခိုးမှားတာတွေကြောင့်လဲ ဒီလိုသတင်းစိုးမျိုးတွေ များများ ဖြစ်လာနိုင်တာပဲလေ…. အင်း.. ဆက်ပြောရရင်လဲ မကောင်းပါဘူးလေ…….. 😛
    ဒီလောက်ပဲကောင်းပါတယ်လေ……
    ဒီလိုမျိုးလုပ်တယ်ဆိုတော့ တော်တော်လေးတော့ အောက်တန်းကျပါတယ်….. ကိုယ့်နှမတွေ များအဲဒီလို ဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးလေးတွေ ထားတတ်ရင် ဘယ်လောက်ကောင်းလိုက်မလဲ မသိဘူးနော်………

  • kai

    January 27, 2011 at 10:15 am

    စင်္ကာပူလို ..တရားဥပဒေစိုးမို းတဲ့နိုင်ငံမျိုးမှာ .. ဒါမျိုးအမှုက .. ဖြေရှင်းလို့သိပ်မခက်ပါဘူး..။
    ချစ်သူချင်းဖြစ်စဉ်မှာ .. ဗီဒီယိုရိုက်တာကလည်း အဆန်းတော့ မဟုတ်ပါဘူး..။
    ယောက်ျားနဲ့မိန်းမ..လိင်ဆက်ဆံကြလို့သာ ..ကမ္ဘာလောကကြီးမှာ ..လူသားတွေ တိုးပွားဖြစ်ထွန်းလာတာမဟုတ်ပါလား..။ ကမ္ဘာလူ..သန်း ၆၀၀ဝမှာ .. လေဥက အလိုအလျှောက်တယောက်မှ မပေါက်လာဖူးဆိုတာ .. တွေ့သိနိုင်မှာပါ..။

    လိင်ကိစ္စဟာ ..ပြစ်မှုမဟုတ်သလို .. သေရလောက်အောင် ရှက်စရာကိစ္စကြီးလည်းမဟုတ်ရပါဘူး.။
    လူငယ်တွေ.. ငယ်တုံး… ပျော်နိုင်တုံးပျော်..။ အဆင်အပြေတော့ ..သဘောမတိုက်ဆိုင်ရင် .. ကွဲကြရုံပါပဲ..။
    အဲဒါကို ..တဖက်သားက .. အင်တာနက်ပေါ်တင်ရင်.. တရားစွဲပြီး နစ်နာလျှော်ကြေးတောင်းယုံပါပဲ..။
    စင်္ကာပူဥပဒေမျိုးဆို ..အဲဒီလိုကိစ္စမှာ .. သိန်းချီလျှော်ရမှာဖြစ်သွားနိုင်ပါတယ်..။ အဲဒီလူလည်း ထောင်နှစ်ရှည်ကျမှာပါပဲ..။

    အဲဒါကို .. ဘယ်ကဘယ်လို .. တွေးမိပြီး .. သေကြောင်းကြံလိုက်သလဲမသိပါ..။
    တော်တော်မိုက်မဲတယ် ထင်ပါကြောင်း..။

  • narziparty2009

    January 27, 2011 at 8:56 pm

    အင်းတော်တော်ကိုလူစိတ်မရှိတဲ.ကောင်ပါလား။
    အပေါ်ကလူတစ်ယောက်ပြောထားတာကကောင်မလေးကဘာ.လို.အရိုက်ခံတာလည်းလို.မေးထားပါ
    တယ်။ဒါမျိုးတွေကိုအကြံရှိတဲ.သူတွေကမသိအောင်အခန်းမှာစီစဉ်ထားလို.ရပါတယ်ဗျာကောင်မလေးက
    တော.သိရင်ဘယ်အရိုက်ခံမလဲ။သူသိလျှက်နဲ.အရိုက်ခံတယ်ဆိုရင်ဘယ်လိုလုပ်အခုလိုသေကြောင်းကြံမလဲ။ဒါရိုက်ရငအင်တာနက်ပေါ်တစ်နေ.ရောက်မယ်ဆိုတာကောင်မလေးလဲနားလည်မှာပါ။အခုတော.လူစိတ်မရှိတဲ.သူကြောင်.အသက်ပါဆုံးရှုံးသွားရပါတယ်။မြန်မာနိုင်ငံမှာလည်းအခုလို Living Together
    တွေတော်တော်ကိုများနေပါတယ်ဗျာ။အနောက်နိုင်ငံတွေလိုတော.အတုမခိုးသင်.ပါဘူး။
    ဒီလိုနေတဲ.အခါမှာကိုယ်.ကိုကိုယ်ပြန်မေးသင်.ပါတဲ.အချက်သုံးချက်ရှိပါတယ်ဘာတွေလည်းဆိုတော.
    တကယ်ကိုကိုယ်ရဲ.မျိုးဆက်လိုချင်လို.လား။
    သွေးသားဆန္ဒအရလား
    စိတ်ဆန္ဒပျော်ရွှင်ဖို.လားဆိုတာမိမိကိုယ်မိမိပြန်မေးသင်.ပါတယ်။
    အဲဒီအချက်သုံးချက်ထဲကမှကိုယ်.ရဲ.မျိုးဆက်သားသမီးလိုချင်လို.ဆိုရင်တော်ပါသေးတယ်။ဒါကလည်း
    မရသေးခင်နေတာတော.မသင်.တော်ပါဘူးဒါပေမဲ.တစ်ချို.ကလည်းအခုလိုဖုံးဖိလို.မရတဲ.ကစ္စရှိမှ
    လူကြီးတွေသဘောမတူလည်းတူမှာမို. ဖြစ်တဲ.သဘောပဲဖြစ်သင်.ပါတယ်။သဘောတူရက်နဲ.တော.မဖြစ်သင်.ပါဘူး။

    တစ်ခုဥပမာပေးချင်တာကတော.ဟိုတလောကမှဖြစ်သွားတဲ.နိုင်ငံကျော်မင်းသမီးတစ်လတ်လိုစိတ်
    ဓာတ်မွေးသင်.ပါတယ်ဘာ.လို.လဲဆိုတော.သူတောင်ဒီလောက်လူသိများနေတာတောင်မရှက်မ
    ကြောက်ပဲတိုင်းတန်းရဲသေးတာပဲကိုယ်ကသူ.လောက်လူသိများတာမှမဟုတ်တာလို.တွေးစေချင်ပါတယ်။မိမိကိုယ်ကိုယ်တော.အဆုံးမစီရင်ကြပါနဲ.လို.ပြောချင်ပါတယ်။
    ကောင်လေးတွေအနေနဲ.လည်းချစ်တုန်းကနှစ်ဦးသဘောတူဖြစ်ပြီးမှနောက်ပိုင်းသဘောထားမတိုက်
    ဆိုင်လို.ပဲဖြစ်ဖြစ်အကြောင်.အမျိုးမျိုးကြောင်.ပဲဖြစ်ဖြစ်ကွဲခဲ.လျှင်မိန်းကလေးရဲ.သက္ခာကိုထောက်ထား
    ပြီးဘယ်လိုမှကိုပါးစပ်အရသာခံပြီးမပြောသင်.ပါဘူးလို.ထင်ပါတယ်။

  • poeaung6

    January 28, 2011 at 4:06 am

    မိုက်ရီုင်းတဲ့ကောင်ကို ဘာမှမလုပ်ဘဲ လက်ပိုက်ကြည့်နေလိုက်ရင် ပိုဆိုးမှာ မှတ်လောက်အောင် အပြစ်ပေးရမယ် ဒါမှ နောက်လူ(အကြံတူ)တွေ နောင်မလုပ်တော့မှာပါ

  • etone

    January 28, 2011 at 5:15 am

    ဟိုကောင်ကိုတော့ ဘာမှ လိုက်မလုပ်ပဲ သတ်သေသွားတဲ့ ကောင်မလေးကို စိတ်တိုတယ် ။ အဲ့ဒီကောင်ကို အသေလိုက်ရှာပြီး လိုက်ကျွေးရမှာ … ဘယ်နဲ့ မဆီမဆိုင် သတ်သေရတာတုန်း ။ မိအေး နှစ်ခါနာဖြစ်နေပြီ ။

  • နီလေး

    January 28, 2011 at 8:27 am

    အဲဒီကောင်ကတော်တော်မိုက်ရိုင်းတာပဲနော် ကိုယ်ချင်းစာစိတ်မရှိဘူး ကောင်မလေးမိဘတွေတော့ဘယ်လောက်တောင်ဝမ်းနည်းလိုက်မလဲနော် ွဒီအသက်အရွယ်ကျွေးမွေးပြုစုလာပြီးမှ ဘာမဟုတ်တဲ့ကောင်ကြောင့်များ ကို့ကိုယ်ကို အသေခံရတယ်လို့ အီးတုံ ပြောသလို ကိုကျွေးပြစ်ရမှာ

  • Lwin Aung

    January 3, 2012 at 9:10 am

    He may be dead within a couple of years from his mistake.

  • etone

    January 3, 2012 at 10:08 am

    တနှစ်လောက် နီးပါးကြာတဲ့ပို့ကြီး ပြန်မန်းနေကြပြန်ပြီ … 🙁
    \

  • ssa

    January 3, 2012 at 12:46 pm

    ဟုတ်တယ်..
    အဲ့အမှုကို ဂျိမ်းစဘွန်း လိုက်နေတယ်..
    ဘာမှ မပူနဲ့..

Leave a Reply