Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟာသလေးများ

Yin Nyine NwayJanuary 29, 20111min56220

လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။ ပထမရဲ ။။။။။ ဟာ…တော်တော်ဖြစ်သွားတာပဲ။ ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။ ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင် ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃…အင်း.. ခေါင်းတည့်သွားပြီ။ ပထမရဲ ။။။။။ အင်း.. အခုမှ အသက်မရှုတော့ဘူး

(၂) တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။ ခရီးသွားက လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းကိုကိုင်ပြီး လမ်းမေးတယ်။ “ဟေ့.. ချာတိတ် ဒီနေရာကို ဘယ်လိုခေါ်လဲ?” “ဒါ ကျွန်တော့်ခေါင်းလေဗျာ”

(၃) “လကမာ္ဘဆိုတာ အကြီးကြီးပဲ။ လူ သန်းပေါင်းအများကြီး နေနိုင်တယ်” ပထဝီဝင်ဆရာတစ်ဦးက ကလေးတွေကို ရှင်းပြတယ်။ အဲဒီမှာ ကလေးတစ်ယောက်က ထအော်တယ်။ “ဒီလိုဆို မလွယ်ဘူးဆရာ… လဆန်း၊ လကွယ်ရောက်ရင် လူတွေ ကျပ်ညှပ်ပြီး သေကုန်ကြလိမ့်မယ်”

(၄) လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တဩနဲ့ စားပွဲထိုးကို မေးတယ်။ “ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ?” စားပွဲထိုး…. “ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို သက်သာစေပါတယ်” “အင်း သိပ်ကောင်းတဲ့ အကြံပါပဲ” ဒီလိုနဲ့ စားသောက်ပြီးငွေရှင်းဖို့ ကောင်တာဆီ သူသွားလိုက်မယ်။ အဲဒီမှာ စားပွဲထိုးတွေရဲ့ ဘောင်းဘီဇစ်မှာ ကြိုးတစ်ချောင်းချိတ်ထားတာကို သူတွေ့လိုက်တယ်။ တအံ့တဩနဲ့ သူမေးကြည့်ပြန်တော့ စားပွဲထိုးက… “အကြံပေးသူတွေက ဇစ်မှာကြိုးချိတ်ထားခြင်းအားဖြင့် ကျွန်တော်တို့ အပေါ့သွားချင်တဲ့အချိန် ဇစ်ကို လက်နဲ့တိုက်ရိုက် ဆွဲဖွင့်စရာမလိုဘဲ ကြိုးဆွဲလိုက်ရုံနဲ့ရအောင် စီစဉ်ထားပေးပါတယ်။ ဒါဟာ သန့်ရှင်းမှုကို ပိုဦးစားပေးတယ်လို့ ဆိုပါတယ်” “အင်း သိပ်ကောင်းတဲ့ အကြံပဲ” ငွေရှင်းပြီး ကောင်တာက သူလှည့်ထွက်ခါနီးမှာ တစ်ခုခုကို သူသတိရလိုက်တယ်။ ဒီလိုနဲ့ စားပွဲထိုးကို သူပြန်မေးလိုက်တယ်။ “ဒါနဲ့.. အပေါ့သွားပြီး မင်းတို့ရဲ့ ဟိုဒင်းကို လက်မသုံးဘဲ ဘောင်းဘီထဲ ဘယ်လိုပြန်ထည့်သလဲ?” “တခြားလူတော့ မပြောတတ်ဘူး.. ကျွန်တော်ကတော့ ဇွန်းနဲ့ပဲ သုံးလိုက်တယ်”

20 comments

  • ကြယ်လေး

    January 29, 2011 at 10:54 am

    သူ့နံမည် ဒေါ်ပြား နာမည်တစ်လုံးနဲ့နေတဲ့သူ သူ့ဘဝမှာ သူနားလည်ထားတာက သူအသက်ရှင်နေသရွေ့ ငွေရှိဖို့၊ ရွှေရှိဖို့က အဓိက။ ရွှေနဲ့ငွေသာရမယ်ဆိုရင် ဒေါ်ပြားတို့က ဘာပဲလုပ်ရလုပ်ရ လုပ်ရဲတယ်..။ အသက်ပင်သေသေ ဆိုတာမျိုး။
    ဒေါ်ပြားဘဝမှာ “ ပေး ” ဆိုတာမရှိဘူး။ အယူချည်းပဲလေ။ ဒါကြောင့် ပေးဆပ်မှုတွေနဲ့မကင်းတဲ့ လင်ယူ/သားမွေးလုပ်ငန်းတောင်မစဉ်းစားဘဲ အပျိုကြီးလုပ်နေတာ။ ယူမယ်ဆိုရင် အုတ်၊ ခဲ၊ သလဲ ကအစ ရွှေ ငွေ အဆုံးယူတယ်။ ဒါကြောင့်လဲ ရပ်ကွက်ထဲမှာ အပေးကမ်းနည်းသူ၊ တွန့်တိုသူ၊ လောဘကြီးသူ ကိုတွေ့ရင် ဒေါ်ပြားနဲ့ နှိုင်းပြီး “ ဒေါ်ပြားနဲ့ အမျိုးတော်တယ်လေ……။” ဟု ပြောစမှတ်တွင်တယ်။
    ဒီလိုနဲ့ တစ်နေ့တော့ ဒေါ်ပြားတစ်ယောက် ငါးကန်ထဲမှာ ကန်စွန်းရွက်ခူးနေရင်း ရေနစ်ပါလေရော။ ဒေါ်ပြားကရေမကူးတတ်ဘူးလေ။
    ” ကယ်ကြပါအုံးတော့ ” လို့တစ်ချက်သာကျယ်ကျယ်အော်နိုင်ပြီး ရေကန်ထဲမှာ မြုပ်လိုက်ပေါ်လိုက် ဖြစ်နေတယ်။ မြင်တဲ့သူတွေက ကန်ဘောင်ရိုးပေါ်ကနေ သူ့ထက်ငါအော်ပြီး ……
    ” ဒေါ်ပြား…. ပေး…ပေး… လက်ပေး..လက်ပေး… ” လို့ပြောကြပြီး ဒေါ်ပြားရှိရာကို ဝါးလုံးနဲ့ထိုးပြီး ကမ်းပေမဲ့ ဒေါ်ပြားက လက်မပေးဘူး…။ ဒီတော့မှ လူငယ်တစ်ယောက်က ပြေးလာပြီး –

    ” ဒေါ်ပြားကို ပေး လို့ပြောလို့မရဘူးဗျ… ။ကျွန်တော့ကိုသာ ဝါးလုံးပေး…. ” လို့ဆိုပြီး..။

    ” ဒေါ်ပြား.. ယူလိုက်… ယူလိုက်… ဝါးလုံးလေးကို ယူလိုက်… ရော့ … ရော့… ။ ”

    ဒီလိုကျယ်ကျယ်အော်ပြီးတော့ ဝါးလုုံးကိုထိုးပေးလိုက်မှ ဒေါ်ပြားက ဝါးလုံးကို လှမ်းဆွဲလိုက်သကိုး….။ နို့မို့ဆိုရင် အသေပဲ ..။ ဒေါ်ပြားတို့က အဲလို…အဲလို… မှတ်သားလောက်ပါပေတယ 😛

  • ကြယ်လေး

    January 29, 2011 at 11:05 am

    ကျောင်းတုန်းက ကောင်လေးက ကောင်မလေးတစ်ယောက်ကို လိုက်ခဲ့ဖူးတယ်…

    သူတို့နှစ်ယောက် အသက်(၃၀)လောက်မှာ ရန်ကုန်မြို့တစ်နေရာမှာ ပြန်တွေ့ကြတယ်….

    လူပျိုကြီးနဲ့အပျိုကြီး အနေနဲ့ပေါ့….

    အဲ့ဒီအချိန်မှာ လူပျိုကြီးက ကားနဲ့သွားတယ်….လမ်းမှာ အပျိုကြီးနဲ့တွေ့တော့

    ကျောင်းတုန်းက အကြောင်းတွေပြန်ပြောရင်း ရင်တွေခုန်နေကြတာပေါ့…

    ဒီလိုနဲ့ပဲ လမ်းတစ်ဝက်လောက်မှာ လူပျိုကြီးက ဂီယာထိုးမလို့ဂီယာတံကိုလှမ်းကိုင်

    လိုက်တာ အပျိုကြီးရဲ့ပေါင်ပေါ်ကိုလက်က ရောက်သွားပါလေရော…

    အပျိုကြီးလဲ ရှက်ရှက်နဲ့လူပျိုကြီးကို လှမ်းပြောလိုက်တယ်….

    ရှင်..ရာဇသတ်ကျမ်းက စာမျက်နှာ -30 ကို သတိရပါ…လို့ပြောလိုက်တော့

    လူပျိုကြီးလဲ လန့်သွားတယ်ပေါ့….

    အဲ့ဒါနဲ့ပဲ ကုန်တိုက်တစ်ခုလဲ ရောက်ရော အပျိုကြီးက ဆင်းသွားတယ်…

    အဲ့ဒီတော့မှ လူပျိုကြီးလဲ ပျာပျာသလဲ ကားဒက်ဘုတ်ပေါ်က ရာဇသတ်ကျမ်းစာအုပ်ကို ကောက်ကိုင်ပြီး စာမျက်နှာ-30 ကို လှန်ဖတ်ပါလေရော…

    အဲ့ဒီမှာသွားတွေ့တဲ့စာပိုဒ်လဲမြင်ရော လူပျိုကြီးလဲလန့်သွားပါလေရော…

    စာပိုဒ်မှာရေးထားတာကတော့…….

    အမောင် ချစ်သား.. ရှေ့ကိုတိုးလော့…..

    ……….. ဟား ဟား ဟား ဟား……….. 😛

  • intro

    January 29, 2011 at 11:56 am

    အပေါ်က ဟာသတွေထက် ကိုကြယ်လေး ဟာသတွေက ပိုရယ်ရသလိုပဲဗျ… ဟားဟား

  • ကြယ်လေး

    January 29, 2011 at 12:05 pm

    ၁) နောက်တစ်မျိုးက

    ‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
    ပြောစမ်း။’’
    ‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးတော့…’’
    ‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
    ‘‘ ဆပ်ပြာပါ ဆရာ ’’

    ၂) ရောမမြို့ကြီးတည်ဆောက်ချိန်

    ‘‘ ရောမမြို့ကြီးကို ဘယ်အချိန်မှာတည်ဆောက်ခဲ့တာလဲ။’’
    ‘‘ ညမှာပါ’’
    ‘‘ ဘာလို့ ညလို့ ပြောရတာလဲ’’
    ‘‘ ဆရာပဲပြောတယ်လေ။ ’’
    ‘‘ ရောမမြို့ကြီးကို တစ်နေ့တည်း နှင့် မတည်ဆောက်နိုင်ဘူးလို့’’

    ၃) ရူပဗေဒ

    ‘‘ မိုးချိန်းရင် လျှပ်စီးလျှပ်တာကို အရင်မြင်ရ ပြီး အသံကိုနောက်မှ ကြားရတာ
    ဘာလို့လဲ။’’
    ‘‘ မျက်စိက နားထက်ရှေ့နည်းနည်း ပိုရောက်နေလို့ခင်ဗျ။’’

    ၄) ဆက်သွယ်လိုလျှင်

    ‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။

    အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ
    ့လား။’’

    ‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

    ၅) ကျွန်တော့်အဖေပါ

    မောင်မောင်က ကျောင်းအုပ်ဆရာကြီးဆီကို ဖုန်းဆက်ပြီး-

    ‘‘ ကျွန်တော့်သားကိုခွင့်ပေးဖို့ ခွင့်တိုင်တာပါ။’’
    ‘‘ ခု ဖုန်းဆက်တာဘယ်သူလဲ’’
    ‘‘ ကျွန်…ကျွန်..ကျွန်တော့် အဖေပါ ဆရာကြီး။’’

    ၆) မှန်ပေမယ့် မှားတယ်
    ‘‘စိတ္တဇနာမ် ဆိုတာဘာလဲ။’’
    ‘‘ မသိဘူးဆရာ။’’
    ‘‘ ထိလို့ကိုင်လို့ မရတဲ့အရာ အမည်ပေါ့။’’
    ‘‘သိပါပြီဆရာ။ မီးဖိုပေါ်က ထမင်းအိုးပါ။’’

    ၇) မှန်တော့မှန်ပါရဲ့

    ‘‘ နာမ် ’’တစ်ခုကိုပြောပါ။
    ‘‘ နွား ’’ ပါဆရာ။
    ‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
    ‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’

    ၈) စီအေတီ

    ‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
    ‘‘ မသိဘူးခင်ဗျ။’’
    ‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
    ‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

    ၉) အမေးနှင့် အမေး

    ‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
    ‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’

    ၁၀) သတိပေးနေလို့

    ‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
    ‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
    ‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

  • ကြယ်လေး

    January 29, 2011 at 1:20 pm

    *ကံအဆိုးဆုံးနေ့*

    အရက်ဘားတွင်ဖြစ်သည်။
    အရက်ခွက်ကို ရှေ့မှာ ချပြီး လူတစ်ယောက် ညှိုးငယ်စွာ ထိုင်နေသည်။
    ထောင်ထောင် မောင်းမောင်း၊ ဗလ ကောင်းကောင်း လူတစ်ယောက်ဝင်လာပြီး ဘာမပြော၊
    ညာမပြောနှင့် စောစောက လူရှေ့ရှိ အရက်ခွက်ကို ဆွဲယူကာ သောက်ချလိုက်သည်။
    ထိုင်နေသူ မျက်နှာကို လက်နှစ်ဘက်ဖြင့် အုပ်ပြီး ရှိုက် ကြီးတငင် ငိုသည်။ ဗလကြီး
    အံ့ဩသွားသည်။ ထိုသူကို သနားစိတ်ဝင်သွားသည်။ သို့နှင့် နှစ်သိမ့်စကားပြောသည်။
    “ဟေ့လူ၊ ဒီလောက်တောင် ဝမ်းနည်းမနေပါနဲ့။ ကျွန်တော် ကျီစားတာပါဗျ။
    နောက်တစ်ခွက်ဖိုးကို ကျွန်တော် ပေးပါ့မယ်ဗျာ”
    မျက်ရည်များကို သုတ်ပြီး ထိုလူ ပြန်ပြောသည်။
    “ဒါကြောင့် မဟုတ်ပါဘူး။ ကျွန်တော့်အဖြစ်ကို ခင်ဗျားမသိလို့ပါ။ ဒီနေ့ဟာ
    ကျွန်တော့
    အတွက် ကံအဆိုးဆုံးနေ့ပါ။ မနက်က အိပ်ရာထ နောက်ကျသွားတယ်။ အလုပ်ဆင်းတာ
    နောက်ကျတယ်ဆိုပြီး အလုပ်ရှင်က ကျွန်တော့ကို အလုပ်က ထုတ်လိုက်တယ်။
    ကိုယ်ပိုင်ပစ္စည်းတချို့ကို ကောက်သိမ်းပြီး အပြင်ကို ထွက်လာတော့ ကျွန်တော့
    စက်ဘီး
    မရှိတော့ဘူး။ ဒါနဲ့ အိမ်ကို ခြေလျင် ပြန်လာရတယ်။ အိမ်ရောက်တော့ မိန်းမကို
    လင်ငယ်နဲ့
    တွေ့တယ်။ မိန်းမက ရှင့်ကို မပေါင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်က မောင်းချတယ်။
    ကျွန်တော့ဘဝဟာ အဓိပ္ပါယ်မရှိတော့ဘူး။ အရက်ဆိုင်ကို လာပြီး အရက်နဲပ ဖြေဖျောက်ဖို့
    စဉ်းစားတယ်။ အရက်တစ်ခွက်မှာလိုက်တယ်။ အဲဒီမှာတင် အတွေးပေါ်လာတယ်။ ဒီလောက်
    ကံဆိုးနေမှတော့ လူ့ပြည်မှာ ဘာလုပ်ဖို့ ဆက်နေတော့မှာလဲ ဆိုတဲ့ အတွေး။ ဒါနဲ့
    အရက်ခွက်ထဲကို အဆိပ်ခပ်ထည့်လိုက်တယ်။ သောက်မယ်လုပ်တုန်း ခင်ဗျား
    ဝင်သောက်လိုက်တာ။ အင်း၊ သေချင်တာတောင် ဖြောင့်ဖြောင့် မသေရပါလားနော်။
    ကျွန်တော့ကိုက ကံဆိုးပါတယ်ဗျာ”

  • ကြယ်လေး

    January 29, 2011 at 1:23 pm

    *စုပေါင်းဓာတ်ပုံ*

    အတန်းပိုင်ဆရာမနှင့်အတူ လေးတန်း(အေ)မှ ကျောင်းသူ ကျောင်းသားများ စုပေါင်း
    ဓာတ်ပုံ
    ရိုက်ကြသည်။ ရိုက်ပြီးသောအခါ ဆရာမက ကလေးတို့ကို ဓာတ်ပုံတစ်ပုံစီ ဝယ်ကြရန်
    တိုက်တွန်းသည်။
    “ဓာတ်ပုံကို မင်းတို့ အမှတ်တရ ဝယ်ထားသင့်ကြတယ်။ ကြီးလာတဲ့အခါ ဓာတ်ပုံကို
    ကြည့်ပြီး မင်းတို့ အမှတ်တရ ပြောနိုင်ကြမယ်။ ‘ဒါကတော့ မောင်နီပဲ။ အခု
    ခွဲစိတ်ဆရာဝန်ကြီး ဖြစ်နေပြီ’ ၊ ‘ သူကတော့ မခင်သက်၊ တက္ကသိုလ်မှာ ကထိကကြီး
    ဖြစ်နေပြီ’ ၊ ‘ သူကတော့ ချောကလျာ၊ အခုတော့ နာမည်ကြီး ရုပ်ရှင် မင်းသမီး’
    စသဖြင့်ပေါ့ကွယ်”
    နောက်ဆုံးခုံတွင် ထိုင်နေသော ပီတာလေးထံမှ တိုးတိုးလေး ပြောသံ ကြားရသည်။
    “အင်း။ အလယ်တည့်တည့် မှာ ရပ်နေတဲ့ ငါတို့ ဆရာမတောင် သေသွားတာ ကြာပါပကော”

  • ဆူး

    January 29, 2011 at 1:39 pm

    စမောစတား (ကြယ်လေး) ရေးတဲ့ ဟာတွေ ရီရတယ်။ ဒီလို တပေါင်းတည်း ရေးတော့ မဆိုးဘူး လိုက်ရှာ မဖတ်ရတော့ဘူးပေါ့။ ကောင်း၏ ကောင်း၏… အားပေးသွားပါတယ် ချင့်….

  • ကြယ်လေး

    January 30, 2011 at 2:57 am

    *”အားနွဲ့သူပါရှင်”*

    ကိုထုံတစ်ယောက် ဈေးရှေ့မှာ စိတ်ညစ်နေတယ်။
    သူဝယ်ထားတဲ့ပစ္စည်းတွေကို ဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့ လေ….
    တောင်းတလုံးရယ်၊ အိမ်သုတ်ဆေးတဂါလံပုံးရယ်၊ ကြက်အရှင် ၂ကောင်နဲ့ ဘဲအရှင်က ၄ ကောင်ရယ်လေ။
    ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတုံး မိန်းမတေစ်ယောက်ကလာမေးတယ်…
    “ခြံအမှတ် ဝ၀၇၊ ရေဝတီလမ်းကို သိပါသလားရှင်”
    “သိတာပေ့ါ၊ ကျနော့်ခြံဘေးကပ်လျက် ခြံဘဲ”
    “ဒါဆို ဘယ်လိုသွားရမလဲရှင်”
    “ကျနော်လဲ အိမ်ပြန်မှာ ကျနော်နဲ့လိုက်ခဲ့လေ၊ ဒါပေမဲ့
    ဒီဟာတွေကိုဘယ်လိုသယ်ရမှန်းမသိဘူးဖြစ်နေလို့”
    “လွယ်လွယ်လေး၊ အိမ်သုတ်ဆေးပုံးကို တောင်းထဲ ထဲ့လိုက်ပြီး ခေါင်းနဲ့ရွက်လိုက်၊
    ကြက်တကောင်စီကို လက်မောင်းမှာ ချိပ်လိုက်၊ ဘဲ၂ ကောင်ဆီကိို
    လက်တဖက်ဆီမှာဆွဲလိုက်”
    သူမပြောသလိုုလုပ်လိုက်တာ ကိုထုံ တော်တော်အဆင်ပြေသွားတယ်။
    အဲလိုနဲ့ အတူတူလျှောက်လာကြရင်း လမ်းခုလပ် လူပြတ်တဲ့နေရာရောက်တော့ အဲဒီမိန်းမက
    ကိုထုံကို စွပ်စွဲပါတော့တယ်…
    “ရှင်..ရှင်…ကျမကို လူပြတ်တဲ့လမ်းကနေ ခေါ်လာပြီး ဗလက္ကာရကျင့်မလို့ မလား”
    “ဗျာ…ကျနော့် ခေါင်းပေါ်မှာ ဆေးပုံးကြီးနဲ့တောင်းကိုရွက်ထားတယ်……
    လက်မောင်းမှာလဲ ကြက်တွေချိပ်ထားတယ်၊ လက်နှစ်ဖက်မှာလဲ ဘဲတွေ
    ဆွဲထားရတယ်၊ ဒီလိုလူက ခင်ဗျားလေးကို ဘယ်လိုလုပ် ဗလက္ကာရကျင့်လို့ရမလဲဗျာ…”
    ဒီတော့ အားနွဲတဲ့ မိန်းကလေးက ဘာပြန်ပြောတယ်ထင်လဲ… ….
    “ဘဲတွေကို အောက်ချ လိုက်ပြီး ထွက်မပြေးနိုင်အောင် တောင်းနဲ့ အုပ်လိုက်၊
    ဆေးပုံးကို တောင်းအပေါ်ကဖိထားလိုက်၊ ကြက်နှစ်ကောင်ကိုတော့ ကျမ
    ကိုင်ထားပေးမယ်”….တဲ့။
    😛

  • ကြယ်လေး

    January 30, 2011 at 3:00 am

    “ဘုရားစာရွက်တယ်”

    အင်္ဂလိပ်ဘုန်းကြီး ဖားသားဂျွန်သေ၍ စိန် ့ပီတာ တံခါးကိုရောက်တော. သူ့အရှေတွင် လူတစ်ယောက်ရှိနေသည်။ စိန် ့ပီတာက ထို်လူကို “မင်းနာမည်နဲ ့အသက်ရျင်တုန်းကလုပ်ခဲ ့တဲ့အလုပ်ပြောပါဓ လို ့မေးပါတယ်။ ထိုသူက “ကျွန်တော် အငှားကားမောင်းပါတယ်။ ကျွန်တော်
    နာမည် ဂျိုးပါ” လို ့ပြောပါတယ်။ စိန် ့ပီတာက ပိုးအကျင်္ ီနဲ ့ရွှေနန်းတော်မှာနေဖို ့ နေရာပေးပါတယ်။
    ဘုန်းကြီးဖားသားဂျွန်အလှည်ရောက်တော့ ဖားသားဂျွန်က “ကျွန်တော် ၆၂ နှစ်လုံးလုံး
    ဘုရားအတွက်လူတွေကိုတရားဟောပါတယ်” လို ့ဆိုပါတယ်။ စိန် ့ပီတာက ချည်သားအကျင်္ ီပေး
    ပြီး သစ်သားအိမ်မှာနေဖို ့ နေရာချပေပါတယ်။
    ဖားသားဂျွန်က “ဘယ့်နှယ်ကြောင့် အငှားကားမောင်းတဲ ့လူက ကျွန်တော ့ထက်သာတဲ ့နေရာကိုရတာလဲ” လို ့ မေးပါတယ်။
    စိန် ့ပီတာက “ငါတို ့က အကျိုးသက်ရောက်မှုနဲ ့ပဲတိုင်တာတယ်။ မင်းတရာဟောတဲ ့ အချိန်အားလုံးအိပ်နေပြီး ဂျိုး ကားမောင်းတဲ ့အချိန် လူတိုင်းဘုရားစာရွတ်တယ်” လို ့ပြန်ပြောလိုက်ပါတယ်။

    ခိ ခိ

  • ကြယ်လေး

    January 30, 2011 at 3:13 am

    (၁)
    တစ်နေ့မှ မိန်းကလေးတစ်ယောက်က တက္ကစီငှားဖို့ ဖုန်းဆက်သတဲ့။

    မိန်းကလေး …. ဟလို ကျွန်မ +++ လမ်းထိပ်မှာပါ။ တက္ကစီတစ်စီး လွတ်ပေးလို့ရမလား?
    တက္ကစီသမား …. ဟုတ်ကဲ့.. ခင်ဗျား ဘာအဝတ်အစား ဝတ်ထားသလဲ?
    မိန်းကလေး … အဖြူရောင်အကျင်္ီနဲ့ အပြာရောင်စကပ်ပါ
    တက္ကစီသမား … ဘယ်အထိလဲ? (ဘယ်အထိ ပို့ရမလဲ?)
    မိန်းကလေး… ဒူးအထိပါ
    တက္ကစီသမား… =!=

    (၂)
    ဆရာဝန်က ညည အိပ်မပျော်တဲ့ မောင်မောင်ကို တစ်ကနေ တစ်ထောင်အထိရေပြီး
    အိပ်ကြည့်ပါလို့ အကြံပေးတယ်။ နောက်တစ်ရက်မှာ မျက်ကွင်းညိုကြီးနဲ့ ဆေးခန်းကို
    မောင်မောင်ပြန်ရောက်လာတယ်။

    ဆရာဝန်…. ဘယ်လိုဖြစ်တာလဲ?

    မောင်မောင်… ညက ကျွန်တော် ၇၅ဝအထိပဲရေပြီး ဆက်မရေနိုင်တော့လို့ ကော်ဖီတစ်ခွက်
    ထသောက်ပြီး တစ်ထောင်အထိ ရေလိုက်တယ်။

  • ကြယ်လေး

    January 30, 2011 at 3:45 am

    ချောလို ့ဟုတ်ဖူး

    “ရှင်တို့ရုံးက ယောက်ျားတွေ မှန်သမျှ နှစ်ရက်လုံးလုံး
    ကျွန်မဘက်ပဲ လှမ်းကြည့်နေကြတယ်ရှင့် ”

    “ဘာဖြစ်လို့လဲ”

    “တိုင်ကပ်နာရီချိတ်ထားတဲ့ အောက်က စားပွဲဆီ
    မနေ့က ပြောင်းထိုင်လိုက်လို့လေ”
    ____________________________________________
    အမှားကောင်း

    အမေရိကန်သမ္မတ ကလင်တန်လက်ထက်ကဖြစ်သည်။
    ဂျပန်ဝန်ကြီးချုပ် မိုရီ သည်
    အမေရိကန်သို့ ချစ်ကြည် ရေး ခရီးထွက် မည် ဖြစ်သည်။
    ခရီးမထွက် ခင် တွင်
    အဂ်လိပ်စကားပြောအနည်းငယ်သင်ကြား
    နေသည်။
    အတူ လိုက် ပါမည့် ဘာသာပြန် သူမှ
    “ဝန်ကြီးချုပ်ခင် ဗျား သမ္မတ နဲ့ တွေ့တဲ့ အခါ မှာ လက်ဆွဲ နှတ်ဆက်ပြီး ၊
    How are you?
    လို့ နှတ်ဆက်ပါ၊ အဲဒီ့ အခါမှာ သမ္မ တ က
    I am fine, and you.
    လို့ ပြန်မေးပါလိမ့်မယ်၊ အဲဒါပြီးရင် ဝန်ကြီးချုပ် က
    me too လို့
    ပြန်ပြောရုံပါ။ ကျန်တာတွေကို တော့ ကျွန် တော် ဘာသာပြန်ပေးပါ့မယ်။
    ဂျပန်ဝန်ကြီးချုပ်နှင့် သမ္မတတို့တွေ့ကြသော်အခါ လက်ဆွဲ နှတ်ဆက်ပြီးနောက်

    မိုရီ။ ။ Who are you? ( How are you နှင့် လွဲ၍ နှတ်ဆက်သည်)

    ကလင်တန်။ ။ (ရုတ်တရတ် ကြောင်သွားသော်လည်း ဟာသပြောသည်မှတ်၍ ပြန်လည်
    ဟာသနှောလိုက်သည်) Well, I am Hilary’ husband, and you?har har.

    မိုရီ။ ။ Me too, har har har

    ____________________________________________
    စိတ်မဆိုးပါနဲ့

    “ ခင်ဗျားဟာ အလွန်အလိုက်ကန်းဆိုး မသိတဲ့လူပဲ . . ကျွန်တော့်ဇနီး
    ကိုယ်ဝန်ရှိနေပြီလို့ ကျွန်တော်က ပြောတယ် . . . ဘယ်သူ့ ဗိုက်လဲလို့
    ခင်ဗျားက မေးတယ် . . ”
    “ တောင်းပန်ပါတယ်ဗျာ . . ကျွန်တော်က ခင်ဗျားသိတယ်ထင်လို ့ ပါ”

  • ကြယ်လေး

    January 30, 2011 at 3:48 am

    ဆရာကောင်း

    မယုံမရှိကြနဲ ့။ ဆေးကျောင်းသားဆိုတဲ့ သူတွေဟာ အင်မတန် ့ကို
    ရည်ရွယ်ချက်ကြီးပြီး… သူတို ့လိုချင်တဲ့ ပညာတစ်ခုရဖို ့ ဆို
    ဘာမဆိုလုပ်ဝံ့တဲ့… ဇွဲလုံ ့လရှိတဲ့… သူတွေပါ။ ဒါကိုက သူတို ့ ရဲ့
    အားနည်းချက်လို ့ ဆိုရမလားပဲ…။

    ရင်ခွဲရုံမှာ ပထမဦးဆုံး လက်တွေ ့ဆင်းရတဲ့ နေ ့တစ်နေ ့ပေါ့။
    ကျောင်းသားကျောင်းသူတွေ အားလုံးကလည်း ခွဲရ စိတ်ရတော့မယ်ဆိုတော့ တအားကိုပဲ
    ပျော်ကြ ရွှင်ကြ စိတ်အား ထက်သန် နေကြတာပေါ့။ သူတို ့တစ်ဖွဲ ့သားလုံးရဲ့
    ရှေ ့ မှာလည်း ခွဲစိတ်ခံမယ့် အလောင်းကောင်ကြီးက မလှုပ်မယှက်… ငြိမ်သက်လို
    ့…။

    အားလုံးလိုက်လုပ်ရမယ့် လက်တွေ ့သင်ခန်းစာ မစခင်မှာ ပရော်ဖက်ဆာက
    ကျောင်းသား အားလုံး သိရမယ့် အချက်နှစ်ချက်ကို အသေးစိတ်ရှင်းပြပါတယ်။

    “ပထမ အချက်အနေနဲ ့… … … အဟမ်းအဟမ်း…”

    ကျောင်းသာတွေရဲ့ အာရုံ စူးစိုက်မှုရအောင် တစ်ချက် ဝေ ့ကြည့်လိုက်ပြီးမှ
    လေးလေးပင်ပင်နဲ ့…

    “ရင်ခွဲရုံမှာ… ခွဲတော့ စိတ်တော့မယ်ဆိုရင်… မင်းတို ့မှာ…
    ရွံတတ်တဲ့စိတ်ရှိလို ့ လုံးဝမဖြစ်ဘူး”

    ဒီစကားကို လက်ညှိုးတစ်ထောင်ထောင်နဲ ့ပြောနေရင်း… ရုတ်တရက်ဆိုသလိုပဲ သူ
    ့လက်ကို မသာကောင်ကြီးရဲ့ စအိုထဲကို ကောက်ကာငင်ကာ နှိုက်ထည့်လိုက်ပြီး… သူ
    ့ရဲ့ လက်ကို ပြန်ထုတ်… ပါးစပ်နဲ ့ စုပ်ပြလိုက်ပါတော့တယ်။

    “အီးးးးးးး”
    “အူးးးးးးး”
    “အိုးးးးးးး”

    ကြည့်နေကြတဲ့ သူတွေအားလုံး လန် ့ဖြန် ့ကုန်တော့တာပေါ့။ ကျောင်းသားတွေ ဆီက
    အာမေဋိတ်သံတွေ ထွက်လို ့ မဆုံးခင်မှာတင်ပဲ ဆရာက …

    “ကဲ… အားလုံးမြင်ပြီးကြတဲ့အတိုင်း… မင်းတို ့ တွေ
    ဆရာဝန်ဖြစ်ချင်တယ်ဆိုရင်တော့… ဆရာလုပ်ပြတဲ့ အတိုင်း လိုက်လုပ်ကြပေတော့”

    မယုံမရှိကြပါနဲ ့။

    ‘ဆရာဝန်ဖြစ်ချင်တယ်ဆိုရင’် ဆိုတဲ့ စကားဟာ အတော့်ကိုပဲ ‘တာ’ သွားပါတယ်။
    စောစောတုန်းက ‘ဟင်’ ရယ် ‘ ဟယ်’ ရယ် လုပ်နေကြတဲ့ ကျောင်းသားတွေဟာ အဲဒီ
    မသတီစရာ အပုတ်ကောင်ကြီးကို ဘယ်လိုမှ ရွံရှာမနေနိုင်တော့ပါဘူး။

    လက်ညှိုးလေးကိုထောင်… အပေါက်ကလေးထဲကို ထည့်… ပြီးတော့ ‘ပြွတ်’ ကနဲ မြည်အောင် စုပ်…။

    ဒီအတိုင်း ကျောင်းသားရော ကျောင်းသူပါမကျန် တလှည့်စီ လိုက်လုပ်ကြပါတော့တယ်။

    အားလုံးလက်တွေ ့လုပ်ပြီးသွားတဲ့ အခါမှာတော့ ပရော်ဖက်ဆာက ကျန်ရှိနေသေးတဲ့
    တစ်ချက်ကို ဆက်ပြီး ပို ့ချတာပေါ့။

    “ဒုတိယအချက်ကတော့… ပိုပြီး အရေးပါတဲ့..အပြင်… အတွေ ့အကြုံ
    မရှိသေးသူများအဖို ့… လိုက်လုပ်ဖို ့ အင်မတန်မှပဲ ခဲယဉ်းတယ်။ အဲဒီအချက်က
    ဘာလဲဆိုတော့… မျက်စိလျင်လျင်ထားပြီး… စူးစမ်းလေ့လာတတ်ဖို ့ပါပဲ။”

    “အခုနတုန်းက… ဆရာမင်းတို ့ရှေ ့မှာ နှိုက်ပြတဲ့ လက်က…
    လက်ခလယ်ဖြစ်ပြီး… ပါးစပ်ထဲကိုတော့… လက်ခလယ် မဟုတ်ဘဲ… လက်ညှိုးကို
    ထည့်ပြတာ ဖြစ်ပါတယ်။ ဆရာလိုက်ကြည့်ရသလောက်… ဒီအချက်ကို…
    ဘယ်ကျောင်းသားမှ… သတိမမူမိလိုက်ကြပါဘူး…”

    “တိန်…”

  • ကြယ်လေး

    January 30, 2011 at 4:00 am

    အွန်လိုင်းသမား နဲ့ ပတ်ဝန်းကျင်

    တစ်ခါက ရပ်ကွက်တစ်ခုမှာ မောင်ဘ ဆိုတဲ့လူငယ်လေးတစ်ယောက်ရှိသတဲ့
    သူကအင်တာနက်ကို နေ့ ရော ညပါသုံးတယ်တဲ့။သူ့ အချိန်တွေကများသောအားဖြင့်အင်တာနက်သုံးရင်း
    နဲ့ ကုန်လွန်နေတာများတယ်။တစ်နေ့ သူ့ လမ်းထိပ်က လက်ဘက်ရည်ဆိုင်ကိုသွားထိုင်တော့
    သူနဲ့ တစ်လမ်းတည်းသား သူငယ်ချင်းတစ်ယောက်နဲ့ သွားဆုံတယ်။နောက်ထွေရာလေးပါးပြောရင်း
    မောင်ဘသူငယ်ချင်းနဲ့ အွန်လိုင်းသုံးတာကောင်းတယ် မကောင်းဘူးငြင်းကြတာပေါ့။မောင်ဘကပြောတယ်
    ” ဟေ့ကောင်အွန်လိုင်းသုံးတော့ နိုင်ငံစုံကသတင်းတွေ သိရတယ် အဲ့ဒါမင်းသိလား ဟိုနိုင်ငံမှာ ရေကြီးတာ
    မင်းသိလား ဟိုနိုင်ငံ ငလျင်လှုပ်တာမင်းသိလား ”
    သူ့ သူငယ်ချင်းက
    ” ဟင့်အင်း မသိဘူးကွ” မောင်ဘ က အထင်သေးတဲ့အကြည့်ဖြင့်ကြည့်ပြီးပြောတယ်
    “အေး အဲံ့ဒါပဲ မင်းကအင်တာနက်မှမသုံးတာ ဘယ်သိမလဲ ”
    မောင်ဘ သူငယ်ချင်းက ဒီလိုပြောလိုက်တယ်
    ” အေးကွာ နိုင်ငံတကာ သတင်းတွေတော့ ငါမသိပါဘူး ဒါပေမယ့် ငါသိတဲ့သတင်းတစ်ခုကတော့
    အင်တာနက်မှာ ပါမှာမဟုတ်ဘူး နှစ်လမ်းကျော်က မင်းရည်းစားလေ မနေ့ ကပဲ လင်နောက်လိုက်
    ပြေးသွားပြီ ” တဲ့လေ။
    ———————————————————–
    PS : ရီရအောင် ဟာသတင်ပေးတာ ဖတ်ပြီး စိတ် ပူ မနေကြနဲ့နော် းP

    သေခြာအောင် Ph လေးတော့ဆက်ကြည့်လိုက်နော် 😛

  • ကြယ်လေး

    January 30, 2011 at 4:04 am

    Upgrade လုပ်ချင်ဦး
    ——————————————-
    ဆရာခင်ဗျား ….

    ကျွန်တော့်ရဲ့ ကွန်ပြူတာ Program တွေနဲ့ ပတ်သက်လို့ ဆရာ့ထံသို့ တင်ပြ အကြံဉာဏ်တောင်းလိုပါတယ် ..
    ကျွန်တော့်မှာ Girlfriend 1.0 ဆိုတာ ရှိခဲ့ပါတယ် .. မနှစ်က အဲ့ဒိ Girlfriend 1.0 ဆိုတဲ့ program ကို wife 1.0 အဖြစ် Upgrade လုပ်ခဲ့ပါတယ် .. ဒီမှာတင် မမျှော်လင့်ပဲ Child Processing ဖြစ်ခဲ့ပြီး Space တော်တော်များများနဲ့ အခြားသော Valuable Resources တွေကို ယူသုံးသွားခဲ့ပါတယ် .. အဲဒီလို ရှုပ်ထွေးမှုဖြစ်နိုင်တယ် ဆိုတာ သူရဲ့ Product Brochure မှာရော .. Read me Document မှာပါ ထည့်သွင်းဖော်ပြထားခြင်း မတွေ့ခဲ့ရပါဘူး .. အဲဒီအပြင် wife 1.0 က အခြား Program တွေ ကို ထပ်မံရေးဆွဲတပ်ဆင်ပြီး နဂို မူလ System ထဲ ရှိပြီးသား Activities တွေကို ထိန်းကွပ်တော့တာပါပဲ .. ဥပမာ အားဖြင့် Karaok Night 10.3 နဲ့ Beer Bash 2.5 ကဲ့သို့သော Program တွေ ဟာ လုံးဝ အလုပ်မလုပ်တော့ပဲ ရပ်ဆိုင်းသွားပါတော့တယ် .. Wife 1.0 ရဲ့ စွမ်းဆောင်ချက်တွေပါပဲ .. Wife 1.0 ကို System ထဲက နေ Delete လုပ်ကြည့်ပေမယ့် မရတော့ပါဘူး .. ကျွန်တော်က Girlfriend 1.0 ကို ပြန်သွားရင် ကောင်းမလား ဆိုပြီး Uninstall လုပ်ကြည့်ပါတယ် .. ဒါပေမယ့် Uninstall က လုံးဝ အလုပ်မလုပ်ပါဘူး .. ဒါကြောင့် ဒီပြဿနာ ကိုဘယ်လိုဖြေရှင်းရမလဲ ဆိုတာ ဆရာ ဖြေကြားပေးပါခင်ဗျား ..

    လေးစားစွားဖြင့်
    မောင်ဝါသနာရှင် :hee:

    ဦးဝါသနာရှင် ခင်ဗျား ..

    လူကြီးမင်း ကြုံတွေ့နေရသောပြဿနာသည် အလွန်ယေဘူယျကျပြီး .. လူတော်တော်များများဧ။် မကျေမနပ် ပြောဆိုသံများနှင့် တထပ်တည်း ဖြစ်သည် .. လူအများစုက wife 1.0 သည် Utilities & Entertainment Program တခုလို့ ထင်ကြပြီး .. Girlfriend 1.0 မှ Wife 1.0 သို့ Upgrade လုပ်ကြတာပါပဲ ..
    အမှန်တော့ Wife 1.0 ဟာ Utilities & Entertainment Program မဟုတ်ပဲ Operating System တခု ဖြစ်ပါတယ် .. Wife 1.0 ကို ဖန်တီးသူက အရာတော်တော်များ လုပ်ဆောင်နိုင်အောင် ဆိုပြီး သေချာပုံစံပြုထုတ်လုပ်ခဲ့တာပါ .. အဲဒိ့ Program ကို System ထဲမှာ Install လုပ်ပြီးတာနဲ့ Uninstall , Delete (or) Purge လုပ်လို့ မရပါဘူး .. Girlfriend 1.0 ကိုလည်း ပြန်သွားလို့ မရပါဘူး .. ဘာကြောင့်လဲ ဆိုတော့ သူကို Design လုပ်စဉ်ကတည်းက Girlfriend 1.0 ကို ပြန်သွားလို့ မရအောင် စီမံထားလို့ ပါပဲ ..
    တချို့က Girlfriend 2.0 တို့ Wife 2.0 ဆိုတာတွေကို System ထဲမှာ ကြိုးစားပြီး Install လုပ်ကြပါတယ် .. ဒါပေမယ့် အဆင်ပြေမှု မရှိပဲ မူလထက် ရှုပ်ထွေးမှုများနဲ့ အဆုံးသတ်ကြတာကို တွေ့ရပါတယ် .. ကျွန်တော် အကြံပြုချင်တာက Wife 1.0 ကိုပဲ ဆက်လက် ထိန်းသိမ်းပြီး သုံးစွဲပါ .. ဖြစ်လာတဲ့ အခြေအနေ အရပ်ရပ်ကို သတိ၊ဉာဏ်ပညာ နဲ့ ယှဉ်ပြီး ရင်ဆိုင်ပါ .. ကျွန်တော် ကိုယ်တိုင် wife 1.0 ကို Install လုပ်ထားသူတယောက်အနေနဲ့ အကြံပြုချင်တာ နောက်တချက်ကတော့ Wife 1.0 တခုလုံးနဲ့ သူ့ရဲ့ General Protection Faults (GPFs) တွေကို သေချာလေ့လာပါ .. ဖတ်ကြည့်ပါ .. ဖြစ်လာနိုင်တဲ့ ပြဿနာနဲ့ အမှားတွေအတွက် မိမိအပေါ်ကျရောက်လာမယ့် သက်ရောက်မှုတွေကို ကြိုတင်ပြီး ခန့်မှန်းထားကြည့်ပါ..
    အကယ်၍ အဲ့ဒိ Program ဟာ ဘာမှ ဆက်လုပ်လို့ မရလောက်အောင် ကြုံတွေ့နေရပြီ ဆိုရင် တော့ Apologies ဆိုတဲ့ ခလုပ်ကို အရင် နှိပ်ပါ .. ပြီးရင် Reset ဆိုတဲ့ ခလုတ်ကို နှိပ်ပါ .. အားလုံး အဆင်ပြေသွားပါလိမ့်မယ် .. GPFs တွေ အားလုံးရဲ့ ပြစ်ချက်တွေ ဟာ မိမိကြောင့်ပါလို့ တာဝန်ယူထားသမျှ System ကြီးတခုလုံးဟာ ချောမွေ့စွာ အလုပ်လုပ်နေပါလိမ့်မယ် ..
    တကယ်တော့ Wife 1.0 ဆိုတာ ဟာ အင်မတန်ကောင်းမွန်တဲ့ Program ကြီးပါ .. ဒါပေမယ့် အင်မတန် အဆင့်မြင့်မား တဲ့ ပြုပြင် ထိန်းသိမ်းမှု လိုအပ်တာတော့ အမှန်ပါ ..

  • intro

    January 30, 2011 at 1:05 pm

    ဟားဟား… တော်တော် စုဆောင်းတတ်တဲ့ ကိုကြယ်လေးပဲ… ကောင်းတယ်ဗျာ… အစ်ကို့ ဟာသာလေးတွေက

  • ကြယ်လေး

    January 30, 2011 at 4:42 pm

    ဟီး နဲ နဲ ရှိသေးတယ်

    အမ ညီမတွေ အားနာလို့

    သိပ် အကြမ်းကြီး တော့မဟုတ်ပါဘူး
    တွေး ရင်တော့ပေါက်တာမျိုးတွေ

    ခွင့်ပြုရင် တင်လိုက်မယ်

  • zaw min

    January 30, 2011 at 6:24 pm

    အပေါ်က ဟာသ ဆိုတာကို မန်း မလို့ဝင်လာလိုက်တာ၊ကြယ်လေး ဟာသတွေနဲ့တိုးပြီး၊ဘာမန်းရမှန်း မသိဘူးဖြစ်သွားတယ်။

  • Yin Nyine Nway

    January 31, 2011 at 7:10 am

    ဟွန်းနော်…သူတို့ ဟာသက ပိုရီနေရတယ်……:)

  • photwenty

    January 31, 2011 at 8:45 am

    တို.မမကြီး

    ဟာသလဲ ရယ်ရပါတယ်ဗျ

    ကိုကြယ်လေးက နောက်မှပေါက်တဲ.ရှူး အဲအဲ ရွှေကြာပင်ပါ….

Leave a Reply