အ လွမ်း
ငါးတွေဟာ သွေးအေးတယ်၊
နှုတ်ဆိတ်တယ်။
တိုးတိတ်လွန်းတော့လည်း အဲဒီ ရင်ခုန်သံကို
မင်း ကြားရလိမ့်မယ် မဟုတ်ပေဘူး။
ကြယ်တွေကို ခူးခူးပြီး
မင်းကို ပန်ပေးချင်ခဲ့တာပါ …
ဒါပေမယ့် …
အိပ်မက်တွေက ဖိတ်တစ်ဝက် စင်တစ်ဝက်
နွေဦးရက်တွေ ရောက်တဲ့အထိတောင်
မက်ခွင့်မရလိုက်ပါဘူး။
ဆူးတွေများလွန်းတဲ့ ဥယျာဉ်က
ရနံ့ကျတော့ နည်းလွန်းနေခဲ့တယ်။
တစ်နေ့ခင်းလုံး
ကိုယ့်လက်ဖဝါးပေါ် မေးထောက်ပြီး
သစ်သားမီးခြစ်ဆံတွေနဲ့ အိမ်ဆောက်ကြည့်နေခဲ့တယ် …
ငါ ဘာကို စားသောက်ခဲ့ပြီးပြီလဲ ???
တစ်ဘဝစာ …
ခပ်ကြာကြာ ကြည့်ခွင့်ရခဲ့လိုက်ရုံလေးတင်ပါပဲ။
(သည့်ပြင် ဘာမှမပိုခဲ့ဘူး)
ကောင်မလေးရေ …
ငါဆိုတဲ့ကောင်က သွေးအေး
ယဉ်ယဉ်ကျေးကျေးလေးပဲ …
… လွမ်းတယ်။
5 comments
Nay Aye
February 2, 2011 at 5:53 am
ကြိုက်တယ်ဗျာ…။ကဗျာ ကိုပြောတာနော်…။
char too lan
February 2, 2011 at 10:04 am
ပိစိ ကဗျာကောင်းတယ်
အဲ့လောက်ရေးတတ်မယ်မထင်ခဲ့ဘူး 😀
nyimalay
February 2, 2011 at 10:43 am
ကျေးဇူးပါပဲချာတူးရယ်…….. ပိစိကွေးကိုအားပေးတာ……….. 🙂
ဆူး
February 2, 2011 at 1:17 pm
နောက်ဆုံးက အဆုံးသတ် လွမ်းဒယ် ဆိုတာ ဘယ်သူကိုများလဲ။
nyimalay
February 2, 2011 at 1:47 pm
………. ကိုပါမမဆူး ဟီး ဟီး 😛