Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မပြောမပြီး ၊ မတီးမမြည်

etoneFebruary 5, 20111min71633

အရင် ခေတ်က ယောကျာ်းတွေ ဘယ်လို စိတ်ဓါတ်မျိုးနှင့် လူလုပ်ခဲ့သလဲ မသိပေမဲ့ … ဒီခေတ်မှာ နှမသားချင်း မစာနာ တဲ့ လူမျိုးတွေ များလာတယ်လို့ ကျမသုံးသပ်မိပါတယ် …။ မကောင်းတဲ့မိန်းမတွေ ရှိနေခြင်းကို အားပေးအားမြှောက်လုပ်တဲ့ ထို လို လူမျိုးတွေကို မြင်လျှင် ကျမ အော့နှလုံးနာမိပါတယ် ။

ဒီခေတ် ကောင်မလေး တစ်ချို့ကလည်း အနေမတတ်အထိုင်မတတ် ၊ ဖုံးတာတောင် ပေါ်နေတဲ့ အခြေနေဆိုတော့ သကောင့်သား ယောကျာ်းများက ပိုက်ဆံမပေးရတိုင်း မျက်စိအစာကျွေးတတ်ကြပါတယ် ။ မျက်စိ အစာကျွေးယုံဆို တော်ပါသေးတယ် ။ ကေတီဗွီတွေ ၊ မာဆတ်တွေ ပေါ်လာတာနှင့် အမျှ အချိန်ပိုလေး နည်းနည်းရတိုင်း အဲ့ဒီလိုနေရာမျိုးမှာ သွားပြီး အချိန်ဖြုန်းတတ်ကြပါသေးတယ်….. ကိုယ့်နှမအရွယ် ၊ သမီးအရွယ်လေးတွေနဲ့လည်း တဏှာတွေ ကျွံမိပါသေးသတဲ့ ။ ပိုက်ဆံပေးတိုင်း ရနေတာပဲ ဆိုတဲ့ သူတို့စိတ်ဓါတ်ကို အံ့ဩပါရဲ့ ….. ။ လမ်းမှန်ကိုရောက်အောင် ပြောပြဖို့ နေနေသာသာ သူတို့ကိုယ်တိုင်က ကေတီဗွီ ၊မာဆတ်က တဆင့် တစ်ခြား ကိုယ်ခန္ဓာရင်း နှီးပြီး လုပ်ရသော အလုပ်များကိုလည်း စည်းရုံး သိမ်းသွင်း ပို့ဆောင်ပေးပါသေးတယ် ။ စားဝတ်နေရေး နှင့် မိသားစု ရပ်တည်ရေး အရလုပ်ရသည် ဟု ကြွေးကြော်ထားသော အမျိုးသမီးများကိုလည်း ကယ်တင်ရှင် အစစ် ကိုယ်ထင်ပြသည့် အလား ကူညီကယ်ဆယ် သယောင်ယောင် နယ်စပ်ပို့ရောင်းစားတတ်ပါသေးတယ် …။ ကိုယ်တိုင်ကလည်း ရသလောက်လေး ခွာယူထားလိုက်ပါသေးသတဲ့…။

ဘဝရပ်တည်ရေးအတွက် တစ်ကယ်ကူညီချင်ရင်လေ ..အရင်း နှီးစိုက်ထုတ်ကောင်းရောင်း ၊ ကောင်းဝယ် လုပ်စားနိုင်လောက်အောင် ကူညီလိုက်ပါလား ။ ဒီအလုပ်နဲ့ အသက်မွေးဝမ်းကြောင်းပြုနေတဲ့လူတွေ ဘဝရပ်တည်ရေးအတွက် ငွေရှာရတာပါပြောသော်လည်း လုံလောက်တဲ့ ငွေပမာဏ ပြည့်တဲ့အခါ ဒီအလုပ်က စွန့်ခွာ ထွက်နိုင်ခဲ့လို့လား ။ ခွေးမြီးကောက်ကျည်ထောက်စွပ် ဒီအလုပ်ထဲမှာပဲ တစ်ဝဲလည်လည် လုပ်နေတာပဲ လေ ။ ကိုယ့်စီးပွားရေးကိုယ်လုပ်တယ်ဆိုပေမဲ့ ….ဒါကြီးက အခန့်မသင့်ရင် ရောဂါဆိုးကို ဝေမျှနေတာနဲ့ အတူတူပဲလေ… ။ စာမတတ်ပါဘူး ၊ ကျောင်း မနေခဲ့ဖူးပါဘူး.. သေစာရှင်စာလောက်ပဲ ဖတ်တတ်ပါတယ်ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဒီရောဂါဆိုးအကြောင်း အခြေခံ ဗဟုသုတလေးတောင် မသိဘူးဆိုလျှင် လူ့ညွှန့်တုံးသွားပါတော့မယ် ။  ဒါကြောင့် ဒီလို အလုပ်မျိုးတွေကို ပဂိ္ဂုလ်ရေးကြောင့်မဟုတ်ပဲ လူ့စာရိတ္တ၊ ကျန်းမာရေးတွေ နဲ့ ပတ်သတ်ပြီး လုံးဝရှုံချလိုက်ပါတယ် ။

ငတ်လို့ မကောင်းတာ လုပ်ရတယ်ဟုသောဆင်ခြင်မျိုးသည် အကြောင်းပြချက် တစ်ခုပင်ဖြစ်သည် …  ထိုသို့ဆိုလျှင် ကြုံရာ ကျပန်း အလုပ်လုပ်ကိုင်နေရသောသူများ၊ ပန်းရံသမများ ၊ စက်ရုံ အလုပ်ရုံ သန့်ရှင်းရေးများ ၊ အိမ်ဖော်များ ဘာကြောင့် ဘဝရပ်တည်ရေးအတွက် ခက်ခက်ခဲခဲ ရှာဖွေနေရသလဲ …။ ကိုယ်ကိုယ်တိုင်က မလုပ်ချင်တဲ့ ကိစ္စကို မည်သူကမှ အတင်းကာရော စေခိုင်းလို့မရပါဘူး … ။ လူတွေမှာ ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါတယ် …။ ကိုယ့်စိတ်ဆန္ဒမပါပဲ ဘယ်ကိစ္စမဆို ဆောင်ရွက်ပြီးမြောက်ခြင်းမရှိပါဘူး ။ ဘဝပေးကုသိုလ်ကံ၊ ငတ်မွတ်နေတာ ၊ မိဘက မထောက်ပံ့နိုင်တာတွေကြောင့်ဆိုလည်း ကောင်းရောင်းကောင်းဝယ် ပိုက်ဆံရအောင် ရှာစားလို့ရပါတယ် ။ပိုက်ဆံသူများထက်ပိုလိုလျှင် သူများ ထက် ဆတိုး အလုပ်ပိုလုပ်သင့်ပါတယ် ။ သမာအာဇီဝအလုပ်နဲ့ အသက်မွေးသင့်တာပေါ့ … ။ လုပ်နေတာကလည်း ရောဂါဆိုးဖြစ်နိုင်ခြေ တော်တော်များများနှင့်ယှဉ်တွဲနေရတဲ့ အလုပ်မျိုးဆိုတော့ ဒီအလုပ်က ကောင်းတဲ့အလုပ်ပါ ။ ကောင်းတဲ့အမျိုးသမီးတွေ လုပ်နေတဲ့အလုပ်ပါလို့ ဘယ်သူကများ ပြောမှာလဲ … ပြောတော့လူတော့ ရှိချင်ရှိပါလိမ့်မယ် … ရေနစ်သူကိုဝါးထိုးကူတဲ့လူမျိုး ၊ အလုပ်အချိတ်ဆတ်တစ်ခုကနေ တစ်ခု ရှာပေးနေတဲ့ ပွဲခရတဲ့လူမျိုးတွေဖြစ်ပါလိမ့်မယ ်…။ ပုရိသယောကျာ်းတွေ ဒီလိုနေရာတွေ သွားရင်သာသွားမယ် ဒီအလုပ် လုပ်တာ ကောင်းတဲ့မိန်းမမျိုးပါလို့ ပြောမှာ မဟုတ်ပါဘူး ။ လူတစ်ကိုယ် စိတ်တစ်မျိုးပါ … ဒါကြောင့် အသက်မွေးဝမ်းကြောင်းပြုတဲ့ အလုပ်ကွာခြားပါတယ် … ။ ကိုယ်ကိုယ်တိုင်က ကျေနပ်လို့ လုပ်နေတဲ့ အလုပ်ကို ဒါလုပ်မှ စားလောက်တာတဲ့ပြောတာကလည်း လက်မခံနိုင်စရာပါပဲ ။ငတ်လို့ ဆိုတဲ့ အကြောင်းပြချက်ကိုပဲ ထပ်ခါထပ်ခါ အော်နေတာ လက်တွေ့မှာ ဘာမှ ပြောင်းလဲခြင်းမရှိပဲ …အဲ့ဒီအလုပ်စလုပ်ကတည်းက အသက်သာကြီးသွားမယ် အကြောင်းပြချက်ဒီတစ်ခုပဲရှိနေဦးမှာပဲ ။ အပင်ပန်းမခံ လက်ကြောတင်းတင်းအလုပ်မလုပ်ချင် လို့ ဒီလမ်းရွှေးတဲ့ လူတွေကြောင့် အ မျိုးကောင်းသမီးတွေပါ ကားမှတ်တိုင် မှာ ကားစောင့်ရင်တောင် ကြာကြာမစောင့်နိုင်ပါဘူး ။ အမျိုးကောင်းသမီးတွေ ဆိုတာ ကိုယ့်သိက္ခာကိုယ်ထိန်းကြပါတယ် ။ ထိန်းတယ်ဆိုတဲ့နေရာမှာလည်း အနေထိုင် ၊ အသွားအလာ ၊ အပြောအဆိုတွေက အစ သင့်ဧ။် မသင့်ဧ။် စဉ်းစားချင့်ချိန်ပြီးမှနေရတာပါ ။ အလုပ်ကို သာ သေအောင်လုပ်မယ် ခန္ဓာကိုယ်တော့ ရင်းမစားဘူး ။ ယောကျာ်းထည်လဲတွဲပြီး လိုက်မအိပ်တတ်ဘူး ။ ညအချိန်မတော် အပြင်ထွက်ပြီး ပိုက်ဆံမရှာ တတ်ဘူး ။ ထပ်ပြောရရင် ဖျားသွားမယ် သိပ်မပြောတော့ဘူး ။ အသံကောင်းဟစ်တယ်ထင်ချင်လဲထင်ပေါ့ …..သူများလို အသံကောင်းဟစ်ချင်ရင် သူများလိုနေကြပါလား ။  … မကောင်းတာလုပ်လို့ မကောင်းတဲ့မိန်းမပြောတာ နာတတ်နေတယ်လူကလည်း ရှိသေးတယ် အံ့ဩပါရဲ့ ရှင်…..သူနဲ့  ဘယ်လို ပတ်သတ်မှူ ရှိမှန်းတော့ မသိဘူးပေါ့ …။ရေးရတာတောင် လက်ညောင်းလာပြီ ပြောမှသိ ၊ ထိမှ နာတတ်တဲ့ လူမျိုးတွေ ရှိနေလို့ ဒီလို ပိုစ်တွေ ရေးလိုက်ရင်းနဲ့ မကောင်းတာလုပ်တဲ့ မိန်းမတွေရော ၊ သူ့အားပေးတဲ့ ဖောက်သည်တွေရော ၊ ဒီအလုပ်ရင်းနှီးထောင်စားနေတဲ့ လုပ်ငန်းပိုင်ရှင်တွေကို ပါ ကန့်ကွက်ရှုံချလိုက်ပါသည် ။

33 comments

  • weiwei

    February 5, 2011 at 4:01 am

    ထောက်ခံပါသည် ….

    • etone

      February 18, 2011 at 10:00 am

      မဝေရေ… ဒါမျိုး အမှန်ရေးတော့ dislike တွေများလိုက်တာ အံ့ဩစရာပဲနော် ။ တယောက်ထဲကများ အကောင့်တွေ ခွဲပြီး လုပ်နေသလားထင်ရတယ် 😀

      • eros

        February 18, 2011 at 12:35 pm

        ဟီးဟီး နာလည်းအတူတူပဲ။ ဒါပေမယ့် ငါပြောတာတွေက တရားလက်လွတ်ပြောတာတွေမဟုတ်ဘူး။ နာ့မှာလေ့လာထားတာတွေရှိတယ်။ မှားရင် ရာခိုင်နှုန်း ၃ဝ လောက်ပဲ။

  • the mandalay gazette

    February 5, 2011 at 4:23 am

    လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က Bangkok မှာ ကားငှားစီးတော့ ကားဆရာက ကိုယ်မြန်မာလူမျိူးမှန်းသိသွားပြီး နင်တို့ မြန်မာနိုင်ငံက ဘာဘာညာညာတွေမှရှိဘူး ပျင်းတယ် မသွားဘူးတဲ့။ သူ့ဘာသာပျင်းတာပျော်တာ အသာထား ဒီလို အပြောခံလိုက်ရတော့ ကိုယ့်လူမျိူးအတွက် ဝမ်းသာဂုဏ်ယူခဲ့မိတယ်။ ဟုတ်တယ်တို့နိုင်ငံက ဒီလိုပဲလို ကျေကျေနပ်နပ်ပြန်ပြောခဲ့မိတယ်။ ခုများတော့ ဘယ်လိုပြောရပါ့……

  • the mandalay gazette

    February 5, 2011 at 4:24 am

    လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က Bangkok မှာ ကားငှားစီးတော့ ကားဆရာက ကိုယ်မြန်မာလူမျိူးမှန်းသိသွားပြီး နင်တို့ မြန်မာနိုင်ငံက ဘာဘာညာညာတွေမှရှိဘူး ပျင်းတယ် မသွားဘူးတဲ့။ သူ့ဘာသာပျင်းတာပျော်တာ အသာထား ဒီလို အပြောခံလိုက်ရတော့ ကိုယ့်လူမျိူးအတွက် ဝမ်းသာဂုဏ်ယူခဲ့မိတယ်။ ဟုတ်တယ်တို့နိုင်ငံက ဒီလိုပဲလို့ ကျေကျေနပ်နပ်ပြန်ပြောခဲ့မိတယ်။ ခုများတော့ ဘယ်လိုပြောရပါ့……

  • search123

    February 5, 2011 at 5:40 am

    “အလုပ်ကို သာ သေအောင်လုပ်မယ် ခန္ဓာကိုယ်တော့ ရင်းမစားဘူး ။”
    အပြည့်အဝထောက်ခံပါတယ်။

  • antimoe

    February 5, 2011 at 5:58 am

    လေးလုံးရောဂါ အပြင် ဘီပိုး၊ စီပိုး တွေပါကူးနိုင်တာပါ။
    မိန်းကလေးတွေအတွက် (၁၆နှစ်ကစလို့) လှပတဲ့ဘဝကို ဖန်တီးနိုင်တဲ့ခွန်အားတွေ အလုံအလောက် ရှိနေပါပြီ။
    ရေသာမခိုစေချင်ပါ။
    ပန်းတိုင်းကို အစွမ်းကုန်လှပြီး အစွမ်းကုန်မွှေးစေချင်ပါတယ်။
    နုနယ်တဲ့အချိန်မှာ ယုယချင်တဲ့သူတွေ များပါတယ်။
    တဒင်္ဂတာအတွက် သာယာမိရင် အိပ်မက်ဆိုးနဲ့ ညတာရှည်ပါတော့မယ်။
    လောကကြီးဟာ ပကတိသဘောဆောင်တယ်။
    ဟေတုပစ္စယော..နဲ့ စတယ်။
    မိမိစိုက်ခဲ့တာကို ပြန်ကောက်သိမ်းရပါတယ်။

  • Foreign Resident

    February 5, 2011 at 6:18 am

    My opinion only,

    I cannot say commercial sex worker /prostitution is a decent job,
    but, nobody have the right to say this is a bad job.

    Whether you work physically (body) or mentally (Knowledge),
    there is a service & there is a return ( money ) for this service.

    As long as she doesn’t lie, cheat nor bully & as long as she perform her duty properly & professionally to her customers,
    then, I think, her job is at least better than Myanmar Military General,
    as our general need to bully/oppress the people, take bribery &
    need to lie to the people everyday.

    For your consideration,
    even our Lord Buddha didn’t say prostitution is bad,
    Lord Buddha just said lying is bad.
    Then, just thinking of yourself if there is any one complete week
    that you didn’t lie.

    I do not encourage Myanmar girls to be prostitutes,
    I agree, it’s not good & decent for our beloved Myanmar girls,
    but I just request your mercy, kindness & consideration.

    Thanks.

  • zaw min

    February 5, 2011 at 6:45 am

    တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေး၊တိုင်းသူပြည်သားလူထု ညီညွတ်ရေး အဲဒီညီညွတ်ရေးနှစ်ခု မရှိသမျှ ကာလလတ်လုံး ဒီတိုင်းပြည်ဟာ လွတ်လပ် ပင်သောငြားလည်း၊ဘယ်ပါတီ တက်တက်၊ဘယ်အစိုးရ ဘဲလုပ်လုပ် ဖာသယ်တိုင်းပြည်ဖြစ်နေမှာပဲလို့ ကျွန်တော်ပြောချင်တယ်။
    ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး မိန့်ခွန်းမှ ကောက်နှတ်တင်ပြပါသည်။

  • Foreign Resident

    February 5, 2011 at 6:56 am

    (လူများ လမ်းလျှောက်ရင်း အိပ်မက်မက်နေကြသည်။
    မြန်မာနိုင်ငံသားများ Patriot စိတ်ဓါတ် လုံးဝမရှိပါ။
    တကိုယ်ရေကောင်းစားရေးကိုသာ ရှေးရှုပါသည်။
    တပါးသူ အားနည်းချက်ကိုသာ မလွတ်တမ်းထောက်ပြတတ်ပြီး
    ပြုပြင် ဦးဆောင်လိုသည့် ခေါင်းဆောင်စိတ် မရှိတော့ပါ။
    အနာဂါတ် လူရွယ် လူငယ် ဖိုမများ ငတ်လာသည်ကြောင့် ထွက်ပေါက်ရှာကြသည်။)

    I agree,
    because, it’s logical.
    It’s neither emotional nor sentimental.

    နာဂစ်အပြီးမှာ ပိုများလာတာကိုလဲ သတိထားမိမှာပေါ့။
    ငတ်လို ့လုပ်စားတာဆိုတာဟာ ၁၀၀% မမှန်နိုင်ပေမဲ့ အဲဒီဒေသတွေက မိန်းကလေး အများစုဟာ ကျုပ်တို ့ အခုတွေ ့နေတဲ့ မိန်းကလေးတွေဆိုတာ သိမှာပေါ့။
    ခက်တာက လျှာပေါ်မြက်ပေါက်ရင် ပေါက်ပါစေဆိုတာက
    တကယ်အကြီးအကြယ် ဒုတ်ခ မရောက်သေးခင်တော့
    ပြောလို ့ကောင်းပါတယ်။

    Moreover, most of those girls were sacrificed
    not only for their starvation only,
    most of them also have to feed their siblings, parents, grunny & sometimes disable & sicked person.

    Who will take care of those children, oldies, disable & sicked persons.

    I do not say it’s noble,
    but, be considerate & be realistic.

    • etone

      February 7, 2011 at 6:16 am

      ဘယ်ပို့စ်က စာကို ဘယ်ကို ကူးလာတာလဲဟင် 😛

  • Foreign Resident

    February 5, 2011 at 6:58 am

    In Australia, Government will take care
    those children, oldies, disable & sicked persons.

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 7:22 am

    အားစိုက်တယ် မစိုက်ဘူးဆိုလို ့ပြောရဦးမယ်
    ရွာမှာ
    အောင်ပုတို ့ရွာမှာ ချစ်ဆရာတို ့ရွာမှာမဟုတ်ဘူး
    နာမည်က ဦးတို တဲ့
    တစ်နေ ့သွားဂျဒယ် လူတစ်အုပ်ဂျီး
    အိမ်သုံးဘို ့တောထင်းခုတ်ဘို ့
    ဓားတစ်ယောက်တစ်လက်နဲ ့
    လူတိုင်းဓားတွေသွေးထားတာ မြနေတာဘဲ
    ဦးတိုမသွေးဘူး သူ ့ဓားကို
    ဦးတို
    ဘာဖြစ်လို ့ ဓားကိုထက်အောင်မသွေးရတာလဲ
    ဆင်ခြေ
    ဦးတိုရဲ ့ဆင်ခြေ
    ဟ ကောင်တွေ
    ဓားကိုထက်အောင်သွေးတယ်ဆိုတာ အပျင်းထူလို ့
    ထင်းကို အားစိုက်ပြီး မခုတ်ချင်လို ့
    ငါက အားစိုက်ပြီးခုတ်တဲ့ကောင် ဓားမသွေးဘူး
    အချိန်တန် မင်းတို ့ထင်းတစ်လှည်း ငါလဲ တစ်လှဲ ပြီးရော မဟုတ်လား
    ဒီနေရာမှာ ကျုပ်တို ့ပြောကြည့်ရအောင်
    သမာအာဇီဝကျခြင်းသည်တစ်ဖက် (ဒါက လက္ခံကျင့်သုံးသူပေါ်မူတည်ပြီး ကွဲမယ်)
    အလွယ်လိုက်ခြင်သူသည်တစ်ဖက် ( ဒါလည်းထုံးစံအတိုင်းဘဲ )
    နောက်ထပ် အနောက်တိုင်းစကားတစ်ခုရှိတယ်
    သတိချပ်ဘို ့
    ကျုပ်ကတော့ ဒီစကားဟာ ဝိပဿနာနည်းနည်းဆန်တဲ့အတွက် ကျုပ်ကကြိုက်တယ်
    takt it easy
    လွယ်လွယ်လေးသဘောထားလိုက် လို ့ဆိုမလား ကျုပ်ကဘိုလို မကိန်ဘူး
    ဆိုတော့ကာ
    ဝိပဿနာမှာရှိတယ်
    လူနတ်ဗြဟ္မာသတ္တဝါ သူငါမဟုတ် နာမ်နှင့်ရုပ် ဆိုသလို
    အရာရာတိုင်းကို လိုက်ခံစားနေရင် မူရင်းဆို ့စ် ပျောက်သွားနိုင်တယ်
    ဖြစ်ပြီးပျက်တာဘဲဂလား
    ဒါကြောင့် တစ်ချို ့ကိစ္စတွေကို
    easy easy
    take it easy

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2011 at 7:24 am

    မ easy နိုင်ကြရင်လဲ
    လက်သီးနဲ ့ထိုးကြပေါ့ကွာ

  • bigcat

    February 5, 2011 at 7:30 am

    ဆူညံဆူညံနဲ့
    အိပ်ရေးပျက်တယ်..
    ပြောမယ်မှတ်ထား
    ဟောသည်မှာကိုကြောင်
    ခေါင်းလုပ်စားမယ်..
    အလုပ်လုပ်ချင်သူအတွက်
    အလုပ်သမားခေါင်း
    အလွယ်ကြိုက်၊
    ဘဝနာသူအတွက်
    ပြည့်တန်ဆာခေါင်း
    ဖြစ်ချင်တာပြော
    အဆင်ပြေစေရမယ်။

  • antimoe

    February 5, 2011 at 8:13 am

    ကြောင်ကြီးရေ၊
    အိမ်ဘေးကအဒေါ်ကြီး ဆုံးသွားလို့။
    ………လဲ လုပ်ပါသလား။

  • cobra

    February 5, 2011 at 10:36 am

    သူတို့ဘဝတွေကသနားဖို့ကောင်းပါတယ်
    ခေါင်းတွေနဲ ့အလုပ်လုပ်ရတဲ ့မိန်းကလေးတွေဆိုပိုဆိုးတယ်
    သူတို့ရတဲ ့ပိုက်ဆံက
    ခေါင်းကိုပေးလိုက်တဲ့ပိုက်ဆံရဲ ့တဝက်တောင်မရကြဘူး
    သူများပြောလို့သိတာနော်…။

    • zippo

      February 5, 2011 at 4:42 pm

      (သူများပြောလို့သိတာနော်)..

      အဟက် ယုံရခက်ကြီး…။

    • etone

      February 7, 2011 at 6:51 am

      cobra ရာ ဒီအတိုင်းရေရင်တောင် လူတွေ သိပ် သတိထားမိမှာ မဟုတ်ဘူး … 😛

  • eros

    February 5, 2011 at 10:55 am

    ဘာပဲပြောပြော etone ကို ထောက်ခံပါသည်။ ဒါမျိုးလုပ်စားတဲ့ သူတွေရဲ့ ခန့်မှန်းချေ ၇၀% နဲ့ ၆၅%မှာ က လက်ကြောတင်းတင်းမလုပ်ချင်ပဲ ငွေကိုရေလိုဖြုန်းချင်တဲ့သူတွေပါ။ သူတို့ကိုမေးရင် ဘာဖြစ်လို့ပါ ညာဖြစ်လို့ပါနဲ့။ အလိမ်တွေက များတယ်။ ပြောပြပါလိမ့်မယ် ဒုက္ခရောက်လွန်းလို့ ဘာဖြစ်လို့။ မလုပ်ချင်ပါဘူး။ မလုပ်ချင်တော့ပါဘူးဘာညာနဲ့။ တကယ်ဆွဲထုတ် ပြီးကောင်းရောင်းကောင်းဝယ် လုပ်ဖို့ကူညီရင် အကူအညီ လက်ခံပါလိမ့်မယ်။ ပြီးရင် ဟိုလိုဒီလို အကြောင်းပြ ရှောင်မယ်။ အရင်ကလိုမဖြုံးနိုင်တော့ဘူးလေ စိတ်မဝင်စားဘူးလေ။ လွယ်လွယ်နဲ့ ငွေဖြုံးချင်တာကိုး။ ဝင်ငွေက တညမှာ ဂဏန်း ၅လုံး ကနေ ၆လုံးရှိတာကိုး။

  • manawphyulay

    February 5, 2011 at 12:40 pm

    ဟုတ်တယ် အီးတုံးရေ……… လူတွေက ဝမ်းစာအတွက် အသက်မွေးဝမ်းကျောင်းကို ရွေးချယ်လိုက်ရတာတွေလည်း ရှိနေကြမှာပေါ့။ ကိုယ့်ကသာ ဘယ်လိုနေရာမှာဆိုတာလည်း ကိုယ်ချင်းစာမိပါတယ်။ ဒါကို လူတွေက အတုမယူသင့်ပဲ လမ်းမှားရောက်နေတာကို လမ်းမှန်ကို ပြန်ပြင်သင့်တယ်လေ။ တချို့ကျတော့လည်း သေရေးထက် နေရေးခက်ဆိုသလို ရရာ ကိုယ့်ရဲ့ ရုပ်ခန္ဓာနဲ့ အသက်မွေးဝမ်းကျောင်း ပြုကြရတာကလည်း ကံပါလာလို့လား။ သူတို့ဘာသာ ရွေးချယ်ခဲ့တာလား အခက်အခဲကြောင့်လား၊ အလွယ်တကူ ပိုက်ဆံရမယ်ထင်လို့လား…. လားပေါင်းများစွာနဲ့ စဉ်းစားနေမိပါတော့တယ်။

  • winkyawaung

    February 5, 2011 at 2:05 pm

    ဒီလိုပြုရေးဆောင်းပါးတွေ တင်ပေပြီး ဝိုင်းဝန်းတားဆီးပေးကြတာ ကောင်းပါတယ်ဗျား။

  • kopauk mandalay

    February 5, 2011 at 3:40 pm

    ကျွန်တော်တို့နိုင်ငံမှာတော့ ပြည့်တန်ဆာလုပ်ငန်းကို ဘာသာရေးအရရော
    တရားဥပဒေအရရော ခွင့်မပြုပါဘူး။
    ဒါပေမယ့်လည်း ပြည့်တန်ဆာဆိုတာရှိနေတာပါဘဲ။
    ဒီလိုမိန်းကလေးမျိုးကို မကောင်းတဲ့မိန်းကလေးအဖြစ်ဝိုင်းလို့သတ်မှတ်ပါတယ်။
    အဲတော့ ဒီလုပ်ငန်းကို တရားဝင်ခွင့်ပြုထားတဲ့နိုင်ငံမှာ ဒီလိုလုပ်စားတဲ့မိန်းကလေးကို ဘယ်လိုသတ်မှတ်ပါသလဲ။
    ဘယ်လိုသတ်မှာလဲ။
    ကိစ္စရပ်တိုင်းမှာ သူ့အကြောင်းနဲ့သူတော့ ရှိကြမှာပါ။
    မိန်းကလေးတိုင်း ဒီလိုအလုပ်လုပ်စားမယ်လို့ စိတ်ကူးထားသလို
    ယေက်ျားလေးတိုင်းက လဲ ဒီလိုမိန်းကလေးများနဲ့သွားပျော်ပါးမနေပါဘူး။

    ဒါပေမယ့်လည်းဒီလို မကောင်းတာလုပ်စားတယ်ဆိုတဲ့လူတန်းစားကရော ကမ္ဘာပေါ်မှာ မရှိဘူးဆိုရင် ဖြစ်နိုင်ပါမလား။
    တစ်ချို့သူများကတော့လဲ တောင်းစားခိုးစားတာထက်စာရင်ဒါလုပ်စားတာကေတော်သေးတယ်လို့ ယူဆသူများကိုလဲမှားတယ်လို့မပြောနို်င်ပြန်ပါဘူး။
    ခက်ပြန်တာက ဆင်းရဲသူများသာ ဒါလုပ်စားနေတာမဟုတ်ဘဲ
    ချမ်းသာတယ်ဆိုတဲ့ လူတွေ၊လူသိများတဲ့လူတွေမိန်းမတွေတောင် တိတ်တိတ်ပုန်း ဒါလုပ်စားတယ်ဆိုတာ တရားမဝင် သိ သိနေကြရပြန်ပါတယ်။
    အဲတော့ ဆင်းရဲလို့ ဒီအလုပ်လုပ်စားတာမဟုတ်ဘဲ ကောင်းကောင်းမွန်မွန်နေနိုင်ပါရဲ့နဲ့ ဒါလုပ်စားသူများကိုရော ဘယ်လိုသတ်မှတ်မလဲ
    ဒါမျိုး က ဘယ်သူ ဘယ်သူကိုမှ အပြစ်ပြောလို့မရနိုင်ဘူးလို့ ကျနော်ကတော့ထင်ပါတယ်။
    ကိုယ်တိုင်ဒုက္ခကြုံတဲ့အခါ ဘယ်လိုဖြေရှင်းလိုက်ရတယ်ဆိုတာကို ကယကံရှင်ကိုယ်တိုင် ကအသိဆုံးဖြစ်ပါမယ်။
    ရီစရာလေးပြောလိုက်ပါအုံးမယ်။
    သိုင်းသင်တန်းမှာအတော်ဆုံးကျောင်းသားတစ်ယောက်ရှိခဲ့ပါသတဲ့။
    သူလေ့ကျင့်ရင်း သိုင်းကတာ အရမ်းကိုလှလို့ သင်ပေးတဲ့ဆရာကိုယ်တိုင်က ချီးမွမ်းရပါသတဲ့။
    တစ်ညမှာတော့ ရွာဘုရားပွဲမှာ အမူူူးသမားနှစ်ယောက်ကို ရိုက်လှဲနိုင်ခဲ့ပါသတဲ့။
    မနက်ရောက်တော့ ဆရာက မင်းဘယ်အကွက်တွေနဲ့ချခဲ့သလဲဆိုတော့
    ရန်လဲဖြစ်ရော ဘာသိုင်းကွက်မှ သတိရမပါဘူးတဲ့။
    ထောင်ထားတဲ့ ကောက်ညှင်းကျည်တောက်နဲ့ကောက်ရိုက်လိုက်တာပါတဲ့။
    ကျနော်အမြင်အရတော့ ဒါလက်တွေ့အကျဆုံးပါဘဲ။
    ဒါက ကျနော့်တစ်ယောက်တည်းအမြင်ဆိုတော့ မှားချင်လဲမှားနိုင်ပါတယ်။

  • kopauk mandalay

    February 5, 2011 at 3:47 pm

    မိန်းကလေးတိုင်း ဒီလိုအလုပ်လုပ်စားမယ်လို့ စိတ်ကူး မထားသလို
    လို့ပြင်ဖတ်ပေးစေလိုပါတယ်။

  • naywoonni

    February 5, 2011 at 4:23 pm

    နားလည်သိတတ်သူတို့ရဲ့ကစားနည်း
    ဘဝ အဆိုးအကောင်းအကြာင်း
    တိုးတိုး တိုးတိုးနဲ့
    နားထဲ ဝင်လာရဲ့
    သိပါရစေ ကွယ်ပေါ့လေ
    ကယ်တင်ရှင်လေသံနဲ့
    ကို်ယ့်ရဲ့ ဆတ်ဆော့မှုကြောင့်ပေ့ါ..။
    ပြိးတော့လည်း
    တစ်ခြားသူတွေလို
    အိပ်လိုက်တာပါပဲ..။

    အဝင်းဆိုတဲ့
    ×××××××လေးကို
    အဲဒိလိုနဲ့ စော်ကားမိပါတယ်။
    အောင်ချိမ့် (၁၉၇၃-ခုနှစ်ထုတ် ကဗျာစာအုပ်တစ်အုပ်မှ)

    ဆိုလိုတာကတော့ ဟိုး….အစဉ်အဆက်ကထဲက ရှိလာခဲ့တာပါ။ သူ့လမ်းသူ သွားပါလိမ့်မယ်။ ခဏ တစ်ဖြုတ်တော့ အနှောက်အယှက် ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ သည်းခံလိုက်ပါ အီးတုံးရေ………..

    • etone

      February 18, 2011 at 10:18 am

      အဲ့ဒီစာအုပ်ထုတ်တုန်းက အီးတုံးတို့ မွေးတောင် မမွေးသေးဘူး အဟီး ။

  • antimoe

    February 6, 2011 at 1:35 am

    ၁၆နှစ်၊
    လူတစ်ယောက် ၅၀ဝကျပ်၊
    ၁နှစ် နဲ့
    ငွေတစ်သိန်း စုခဲ့တယ်။
    အခုရန်ကုန်မှာ ဆေးကုနေရတယ်။
    ဘာကြောင့်လဲ….ဘာအတွက်လဲ……

  • moethidasoe

    February 6, 2011 at 3:36 am

    အိတုန်နဲ့ antimoe ရယ် ပြည့်တန်ဆာဆိုတာ ပြောရမယ်ဆိုရင် ဘုရားရှင် လက်ထက်မှာတောင် ရှိခဲ့တယ် .. ဘုရင်တွေ ကိုယ်တိုင်တောင် လိုက်စားခဲ့တယ် .. ဇီဝက ဆိုတာ ဘုရင့်သားနဲ့ ပြည့်တန်ဆာကမွေးတာလို့ မှတ်သားခဲ့ဖူးတယ် (မှားရင်လဲမှားမှာ) ဒါပေမယ့် အဲဒီပြည့်တန်ဆာတွေက စည်းကမ်း ထားခဲ့ကြတယ် .. (ဟိုတုန်းက ကာလသားရောဂါတွေ ရှိခဲ့သလား မရှိဘူးလား ဆိုတာတော့ မသိပါ)
    ထိုင်းနိုင်ငံမှာ လုပ်စားမယ့်သူတွေကို ရောဂါ မကူးအောင် ဘယ်လို ဆောင်ရွက်ရမလဲ ဆိုတာကို အသိပညာပေးတယ် .. လိုက် ကျင့်ကြံခိုင်းတယ် .. ရောဂါ စစ်ဆေးပေးတယ် ..
    မြန်မာနိုင်ငံမှာ အဲဒီလို ပညာပေးတဲ့ အစီအစဉ်တွေ ရှိပေမယ့်လဲ ထင်ထင်ပေါ်ပေါ်လုပ်ခွင့် မရလို့ ရောဂါတွေ ကူးစက်ခံရတယ် .. သက်ဆိုး မရှည်ကြဘူး .. အဓိက ကွန်ဒုံးကို စနစ်တကျ သုံးဖို့ လိုတယ် ဆိုတာကို သိဖို့ လိုတယ် .. DVB မှာ ခဏခဏ ပြထားသလို ကွန်ဒုံးမသုံးလို့ HIV ကူးစက်ခံရတာ .. AIDS နဲ့ သေသွားတာ မဖြစ်စေဖို့ .. (ခက်တာက မြန်မာပြည်မှာ တရားဝင် လုပ်ကိုင်ခွင့် မပေးထားတော့ ပညာပေးအစီအစဉ် လုပ်ပေးနေတုန်း အဖမ်းခံနေကြရတာ)
    (စကားချပ် ။ ။မဟာဆွေ ရေးပြခဲ့တဲ့ ဝတ္ထု တစ်ပုဒ်မှာလဲ နောင်အနာဂတ် မြန်မာပြည်မှာ တရားဝင် ပြည့်တန်ဆာ လုပ်ငန်း ရှိလာမယ် ဆိုတာရေးခဲ့တဲ့အကြောင်း ဖတ်ဖူးတယ်)

  • kai

    February 6, 2011 at 6:25 am

    မှတ်မိသလောက်.. ဥတ္တရာကို ..ထောပါတ်အိုးနဲ့လောင်းချတဲ့သူ သီရိမာက ပြည့်တန်ဆာပဲ..။
    ဘုရားဆွမ်းကပ်ဖို့မအားတဲ့အတွက် .. ဥတ္တရာက ..သူ့ယောက်ျားကို သီရိမာနဲ့နေဖို့..ငှားပေးလိုက်တာတဲ့..။
    ပြည့်တန်ဆာ က..တိုင်ပြည်ရဲ့ တန်ဆာ.. အဓိပါယ်လို ့မှတ်ဖူးတယ်..။
    ဘုရားရှင်လက်ထက်က .. လှလွန်းသူကိုလိုချင်သူများလွန်းလှတဲ့အတွက်.. ဘုရင်က အမိန့်ထုတ်ပြန်ပြီး. .ဘယ်သူမှအပိုင်မယူရပဲ..တလှည့်စီယူစေကနေ ပြည့်တန်ဆာ ပေါ်လာတာလို့ဆိုတယ်..။

    မှတ်မိသလောက် ..ဂရိခေတ်လွန်ခဲ့တဲ့အနှစ် ၂၀၀ဝလောက်က .. မီးတောင်ပေါက်ပြီး .. ချောရည်အောက်ရောက်သွားတဲ့Pompeii မြို ့ဟာ ..ပြည့်တန်ဆာတွေရဲ့မြို ့ပဲ..။
    အဲဒီခေတ်က .. အာဏာပိုင်တွေက တရားဝင်ဥပဒေနဲ့ လူတွေပျော်ပါးဖို့လုပ်ပေးထားတဲ့မြို ့တဲ့..။

    ဆိုတော့..
    ပြည့်တန်ဆာခေါ်ခေါ်..လိင်လုပ်သားခေါ်ခေါ်..ဒီအလုပ်နဲ့..ဒီဆားဗစ်စ်တွေ ရှေးကထဲက..ယဉ်ကျေးလာတဲ့လူတွေနဲ့အတူရှိနေပြီး .. လူသားရှိနေသ၍ ရှိနေဦးမှာပဲ..။
    ဒါတွေကို တရားမဝင်ဖြစ်အောင်လုပ်ထားတာက ..လူ့သဘာဝတွေကို အသိအမှတ်မပြုတာပဲဖြစ်မယ်..။ မျက်နှာဖုံးတပ် ယဉ်ကျေးမှုပဲ..။
    နောက်တနည်းအားဖြင့် .. ခိုးစား၊ လိမ်စားနဲ့..ရောဂါဖြစ်မှုတွေကို အားပေးနေတာမျိုးပဲဖြစ်မယ်..။
    ဒါတွေကို တရားဝင်နေရာသတ်သတ်မှတ်မှတ်နဲ့ ခွင့်မပြုသမျှ .. အမျိုးကောင်းသမီးတွေလည်း ..အချိန်မရွေး..နေရာမရွေးအထင်လွဲခံရနိုင်တယ်..။ ညနေပိုင်းမောင်ရီရီမှာ .. ကားမှတ်တိုင်မှာရပ်စောင့်နေတဲ့..ရုံးပြန်မိန်းကလေးတွေ.. တလျှော့ဘယ်လောက်လဲအမေးခံရတာမျိုး က … ဒီလိုသတ်မှတ်ချက်တွေ.. ဥပဒေအရတိတိကျကျမပေးထားလို့ပဲ..။ သေသေချာချာ ထပ်ပြောရရင် ..အမျိုးကောင်းသားတွေလည်း အထင်လွဲခံရတာပဲ..။

    မြန်မာပြည်မှာ.. ဒါတွေကို တရားဝင်သတ်သတ်မှတ်မှတ်လုပ်ပေးသင့်တယ်ထင်ပါကြောင်းနဲ.. ဒီလိုခေတ်မျိုးဝယ်… အင်မတန်ကို အရေးကြီးနေတယ်ထင်ပါကြောင်း…။
    ===

    • zawana

      February 19, 2011 at 1:27 am

      ကိုခိုင်ပြောတာကို ထောက်ခံပါတယ် ခင်ဗျား …. ဘယ်ခေတ်ကိုပဲ ရောက်ရောက် ဒီလုပ်ငန်းက ရှိနေမှာပါ။
      ဒီတော့ တရားဝင် ခွင့်ပြုလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။
      အဲဒါဆို ကျန်းမာရေး ပညာပေးတာတွေ ဘာတွေကိုလည်း စနစ်တကျ လုပ်နိုင်မယ်လို့ ထင်ပါတယ်။
      မိန်းကလေးတွေ လမ်းသွားရင် ယုန်ထင်ကြောင်ထင် အထင်ခံရတဲ့ အဖြစ်ကလည်း လွတ်ကင်းနိုင်ပါလိမ့်မယ်။
      တာဝန်ရှိသူတွေကို ဆက်ကြေးမပေးရတော့တဲ့ အတွက် ခေါင်းပုံအဖြတ် ခံရတာလည်း သက်သာ နိုင်ပါတယ်။

  • shwe

    February 6, 2011 at 7:17 am

    ထိုင်းမှာတော့ လက်ရှိအစိုးရ တက်စက University Students တွေ HI5 network ကနေ ဖုန်းနံပါတ်တွေပေး ။ ဓျေးခေါ်ကျလို့ media တွေကနေ အော်ကြလို့ . Government က အဲဒါတွေကို ရှင်းရဘူးတယ်။
    In Thai , girls used to advertise at social network and gave phone numbers . After that they change their phone numbers and advertise by using different nick again .

  • naywoonni

    February 6, 2011 at 1:02 pm

    အဲဂလိုဆိုရင် သန့်သွားမှာလားဟင်။ ခုတော့ အုတ်ရောရောကျောက်ရောရောနဲ့

  • Oo Oo

    February 6, 2011 at 5:28 pm

    ပြသနာတခုကိုဝိုင်းပီးဆွေးနွေးထားတာဖတ်လို့ကောင်းပါတယ်..
    ခုနောက်ပိုင်းရန်ကုန်မြို့မှာအရင်ကထက်တော့ပိုဆိုးလာမယ်ထင်ပါတယ်
    အမျိုးကောင်းသမီး(နားလည်လွယ်အောင်ပြောတာပါ..အဲ့အလုပ်လုပ်စားနေသူများကိုအမျိုးမကောင်းသမီးများလို့မဆိုလိုပါ)တွေအတွက်တော့
    စိတ်အနှောက်အယှက်ပြုခံရခြင်းများလည်းကြုံရမယ်ထင်ပါတယ်
    ဘာပဲပြောပြော..အရွယ်ကောင်းဘဝကိုရောင်းစားနေကြရတဲ့မိန်ကလေးတွေ
    များလာတာ..ရင်လေးစရာပါပဲ

Leave a Reply