Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Information Technology Professional Examination Council (ITPEC) ဆိုတာ ဘာလဲ

manawphyulayFebruary 10, 20112min1941

၁။ ITPEC ဆိုတာ ဘာလဲ?
ITPEC = Information Technology Professional Examination Council
မြန်မာနိုင်ငံ အပါအဝင် အဖွဲ့ဝင် (၇) နိုင်ငံပါဝင်တဲ့ IT Professional
ဆိုင်ရာ Skill များ သတ်မှတ်ပြီး စာမေးပွဲများ စစ်ဆေးပေးတဲ့ အဖွဲ့အစည်းပါ။
ITPEC မှာ မြန်မာနိုင်ငံက MCF (မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်)၊
မလေးရှားက (METEOR)၊ မွန်ဂိုလီးယားက (NITP)၊ ထိုင်းက (NECTEC)၊ ဂျပန်က
(IPA)၊ ဗီယက်နမ်က (VITEC)၊ ဖိလစ်ပိုင်က (PhiINITS) စတဲ့ အဖွဲ့တွေ
ပါဝင်ပါတယ်။

၂။ ITPEC Exam ဆိုတာ ဘာလဲ?
ITPEC က စစ်ဆေးတဲ့ စာမေးပွဲတွေပါ။ Exam Category (၁၄) မျိုး ရှိပါတယ်။
1) An: Systems Analyst Examination
2) PM: Project Manager Examination
3) AE: Application Systems Engineer Examination
4) SW: Software Design & Development Engineer Examination
5) NW: Network Systems Engineer Examination
6) DB: Database Systems Engineer Examination
7) SM: Systems Management Engineer Examination
8) ES: Embedded Systems Development Engineer Examination
9) SV: Information Security Engineer Examination
10) SU: Information Systems Security Administrator Examination
11) SD: Senior Systems Administrator Examination
12) AD: Systems Administrator Examination
13) AU: Systems Auditor Examination
14) FE: Fundamental Information Technology Engineer Examination

မြန်မာနိုင်ငံမှာ ကျင်းပပေးတဲ့ စာမေးပွဲက FE (Fundamental Information
Technology Engineer) ဖြစ်ပါတယ်။ တစ်နှစ်လျှင် နှစ်ကြိမ်
အဖွဲ့ဝင်နိုင်ငံအားလုံးမှာ တစ်ပြိုင်နက် စာမေးပွဲကျင်းပစစ်ဆေးပါတယ်။
နှစ်စဉ် April နှင့် October လတွေမှာ စစ်ဆေးပါတယ်။ FE စာမေးပွဲ
စစ်ဆေးချိန်က စုစုပေါင်း (၅) နာရီဖြစ်ပါတယ်။ နံနက်ပိုင်းမေးခွန်းက (၂)
နာရီ (၃၀) မိနစ်။ ညနေပိုင်း မေးခွန်းက (၂) နာရီ (၃၀) မိနစ်။
မေးခွန်းအားလုံး MUltiple Choice Question တွေပဲ ဖြစ်ပါတယ်။

၃။ စာမေးပွဲဖြေဆို အောင်မြင်ပြီး လက်မှတ်ရရင် ဘယ်လိုအကျိုးရှိမှာလဲ
(၁) မိမိ၏ အိုင်တီဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပိုင်နိုင်မှုကို
စစ်ဆေးမှတ်ကျောက်တင်ပြီးသား ဖြစ်ခြင်း။
ဂျပန်နိုင်ငံမှာ IPA (Information-technology Promotion Agency)
ဆိုတဲ့အဖွဲ့ရှိပါတယ်။ အဲဒီအဖွဲ့အောက်မှာ JITEC က ITEE
(Information-Technology Engineers Examination) တွေကို စစ်ဆေးနိုင်ဖို့
Standard Skill များ ပြုစုခြင်းမှ အစ ဆောင်ရွက်ပေးပါတယ်။
အဲဒီစာမေးပွဲတွေနဲ့ လက်မှတ်တွေကို အထက်တွင် ဖော်ပြထားသော ITPEC
အဖွဲ့ဝင်နိုင်ငံများအပြင် ကျန်ကမ္ဘာ့နိုင်ငံတော်တော်များများကလည်း
သဘောကျလက်ခံကြပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ ဒါကြောင့်
ITPEC-(FE) စာမေးပွဲအောင်ပြီး လက်မှတ်ကိုင်ထားနိုင်ရင် မိမိ၏
အိုင်တီဆိုင်ရာ အခြေခံအဆင့် အရည်အချင်းကို နိုင်ငံတကာ ‘စံ’တစ်ခုနဲ့
မှတ်ကျောက်တင်ပြီးသား ဖြစ်ပါမယ်။

(၂) အဖွဲ့ဝင်နိုင်ငံများ၏ Cross Certification ဖြစ်ခြင်း
မြန်မာနိုင်ငံမှာ ဖြေဆိုအောင်မြင်တဲ့ ITPECFE စာမေးပွဲအောင်လက်မှတ်ကို
ကျန်နိုင်ငံများကပါ အသိအမှတ်ပြုတဲ့အတွက် အဲဒီနိုင်ငံတွေမှာ
အိုင်တီအလုပ်တွေ၊ အိုင်တီဆိုင်ရာ ပညာသင်ယူမှုတွေ၊ အိုင်တီဆိုင်ရာ
Scholarship လျှောက်တာတွေစတဲ့ ကိစ္စတွေမှာ များစွာ အထောက်အကူပြုမှာ
ဖြစ်ပါတယ်။

၄။ ITEPC စာမေးပွဲဖြေဆိုရန် အရည်အချင်းကန့်သတ်ချက်ရှိပါသလား
အရည်အချင်း ကန့်သတ်မှုမရှိပါ။ သို့သော်လည်း အနိမ့်ဆုံးအားဖြင့်
တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ ဖြေဆိုရန် အကြံပြုပါသည်။ ITPEC
ကို IT ဖြင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများ၊ ကွန်ပျူတာနှင့်
နည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများ၊ နိုင်ငံတကာ
အသိအမှတ်ပြုလက်မှတ်ရလိုသူများ ဖြေဆိုခြင်းဖြင့်
အကျိုးအများဆုံးရရှိနိုင်ပါသည်။

၅။ စာမေးပွဲဖြေဖို့ ဘာတွေလေ့လာထားရမလဲ…..
1) Computer System
2) Information Processing and Security
3) System Development
4) System Operations and Maintenance
5) Internal Design and Programming
6) Network Technology
7) Database Technlogy
8) Current IT Topics (Applications) စသည့် ဘာသာရပ်များကို
ကျွမ်းကျင်ပိုင်နိုင်အောင် လေ့လာထားရပါမည်။ စာမေးပွဲကို English
ဘာသာဖြင့် စစ်ဆေးပါမည်။

၆။ စာမေးပွဲဖြေဆိုရန် မည်သို့ ဆက်သွယ်ဖြေဆိုရမည်နည်း။
မြန်မာနိုင်ငံတွင် ကွန်ပျူတာအသင်းချုပ်ကို ဆက်သွယ်ရပါမည်။ ရန်ကုန်မှ
ဖြေဆိုသူများအတွက် စာစစ်ဌာနကို မြန်မာအင်ဖိုတက်ခ်တွင် စစ်ဆေးမည်ဖြစ်ပြီး
ပြည်နယ်နှင့်တိုင်းများမှ ဖြေဆိုသူများကို သက်ဆိုင်ရာ ပြည်နယ်နှင့်
တိုင်း ကွန်ပျူတာအသင်းများမှ စီစဉ်ဆောင်ရွက်စစ်ဆေးပါမည်။ စာမေးပွဲကြေးမှာ
ပြီးခဲ့သည့် ၂၀၁ဝ ခုနှစ် ဧပြီလ (၄) ရက်နေ့ တနင်္ဂနွေနေ့တွင် ဖြေရသော
စာမေးပွဲတုန်းကတော့ ၁၀၀၀ဝိ/- ကျပ်ဟု သိရပါသည်။

၇။ ဝင်ရောက်လေ့လာဖတ်ရှုသင့်သော ဝက်ဘ်ဆိုက်များမှာ –
ITPEC(http://www.itpec.org)Offical Website
PhiNITS(the Philippines) (http://www.philnits.org)
METEOR(Malaysia)(http://www.mitpe.meteor.com.my)
NITP(Mongolia)(http://www.itpark.mn)
MCF(Myanmar)(http://www.mcf.org.mm)
NECTEC (Thailand) (http://www.ite.nectec.or.th)
VITEC(Vietnam)(http://www.vitec.org.vn)

တို့တွင် လေ့လာနိုင်ပါတယ်။ သိရသလောက် ပြန်လည်ရေးသားတင်ပြလိုက်ရခြင်း ဖြစ်ပါတော့တယ်။

One comment

  • Bayote

    February 10, 2011 at 6:29 am

    ကွန်ပျူတာအသင်းချုပ် ဆိုတာကြီးကို လုံးဝ (လုံးဝ) အယုံအကြည်မရှိကြောင်းပါ။

Leave a Reply