Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မေ.လွယ်သူများ

ေရႊဘိုသားFebruary 10, 20111min2305

မေ.လွယ်သူများဆိုလို.သမီးရည်းစားကိစ္စတော.မထင်လိုက်ပါနဲ.ဗျာ။ကျွန်တော်တွေ.ကြုံခဲ.ရတဲ.လိုင်းကားပေါ်ကပြဿနာလေးကို

ပြောပြချင်လို.ပါကျွန်တော်တစ်နေ.လည်းမဟုတ်မကြာခဏတွေ.ကြုံနေရပါတယ်တော်တော်များများလည်းကြုံဖူးမယ်ထင်ပါတယ်

ကျွန်တော် 6.2.2011 ကမြောက်ဥက္ကလာကနေ 43 မှန်လုံကားစီးပြီး မြို.ထဲသိမ်ဖြူစာတိုက်ဆိုပြီးစပယ်ယာကို 1000 တန်ပေးလိုက်

ပါတယ်အစ်ကိုခဏနော်အကြွေမလွယ်သေးလို.ဆိုလို.အင်းပေါ.ရပါတယ်ဆိုပြီးပြောလိုက်ပါတယ်။တာမွေဗလီထိပ်ရောက်တော.အကြွေ

အမ်းရအုံးမယ်ဆိုတော.ဘယ်လောက်တန်လဲတဲ. 1000 တန်ဆိုတော.ခဏဆိုပြီးကိုယ်.နောက်ကလူကိုသွားအမ်းပေးနေပါတယ်ကိုယ်.နောက်က

လူကိုပြောတဲ.အသံကစတော.တာပါပဲခဗျကိုအမ်းရမှာကမှတ်မိတယ်ဟိုတစ်ယောက် 1000 တန်ကဘယ်တုန်းကလည်းမသိဘူးဆိုပြီးမယုံသလို

ပြောနေတော.တာပါပဲကိုယ်.ဆီလာပြီးမယုံသလိုနဲ.ဒါဆိုဘယ်လောက်အမ်းရမလဲတဲ.ကိုယ်ကလည်းစီးနေကျ 200 ကျတယ် 800 အမ်းရမယ်

ဆိုတော.မှသူကြည်.တဲ.အကြည်.ကနည်းနည်းသံသယကင်းသွားသလိုဖြစ်သွားတော.တယ်ဒါတောင်တောက်လျှောက်မအမ်းသေးဘူးရှေ.ရှောက်ပြီး

သွားသေးတယ်ပြန်လှည်.လာပြီးမှ 750 ပဲအမ်းတယ်ဒါတောင်ဆင်းခါနီးဘယ်ဆင်းမှာလည်းကလာမေးသေးတယ်။တော်တော်လည်းမကျေမနပ်ဖြစ်

လာတာနဲ.ကျွန်တော်ခဗျတို.ဆီက ဒီလောက်လိမ်တောင်းတာနဲ.ဘာမှမစားလောက်ဘူးလိမ်လည်းမလိမ်ဘူးခဗျတို.ဖာသာမမှတ်မိပဲအခုမှမယုံသလို

လာလုပ်မနေနဲ.ခဗျတို.ကသာခရီးသည်တွေဆိကတစ်ယောက် 100 ထားအုံးအများနဲ.ဆိုတော.အိမ်အတွက်စားလောက်အောင်စရိတ်ရတာကျွန်တော်ကခဗျဆီကဒီငွေလောက်နဲ.လိမ်တောင်းပါ.မလားခဗျမေ.တာဖြစ်မယ်

ကျွန်တော်တောင်းတော.ခဗျပဲအကြွေမရှိသေးလို.ခဏဆိုလို.နေတာလို.ခပ်မာမာပြောတော.မှဘာမှမပြောတော.တာ။တော်တော်လည်းမေ.လွယ်တဲ.

လူပါလားလို.လည်းတွေးမိတယ်တော်တော်လည်းမခံချင်မိအောင်ဖြစ်မယ်တယ။်မသိရင်ကိုယ်ကပဲသူ.ဆီကငွေ 100 လောက် 200 လောက်ကို

လိမ်ယူတာကျနေတာပဲ။အဲလိုမေ.တတ်ရင်လည်းအကြွေကိုလုံလောက်အောင်ယူခဲ.ပါလို.ပြောမိပါတယ်။ကျွန်တော်တစ်ခါကြုံဖူးပါတယ်တာမွေကနေ

107 ကိုစီးပြီးရှမ်းလမ်းဆင်းမှာ 1000 တန်ပေးတာဆင်းခါနီးအမ်းရအုံးမယ်ဆိုတော.စပယ်ယာက ယာဉ်မောင်းဆီအကြွေတောင်းအုံးမယ်ခဏဆို

လို.ရပ်ပြီးစောင်.နေတယ်သူလည်းတောင်းနေတာပေါ.လေပြိးတော.မောင်းပြေတယ်။အဲလိုယာဉ်နောက်လိုက်တွေစပယ်ယာတွေလည်းရှိပါတယ်

တော်တော်လည်းမခံနိုင်အောင်ဖြစ်မိပါတယ်။အဲဒါကမှကိုယ်ကပါသွားတာဆိုတော.ခံသာပါသေးတယ်အခုဟာကကိုယ်ကပဲမဟုတ်ပဲတောင်းသလိုလို

နဲပြောခံရတော.တော်တော်ကိုမခံနိုင်အောင်ဖြစ်မိတယ်။ဒါနဲနောက်နောင်များလိုင်းကားစီးဖို.အကြွေတောင်သတ်သတ်ဆောင်ထားသင်.ပြီဆိုတဲ.အသိ

ဝင်လာတော.တယ်

5 comments

  • nyimalay

    February 11, 2011 at 2:21 am

    အဲ့ဒီကားသမားတွေကြောင့် အရမ်းစိတ်ညစ်ရတယ် ပိစိကွေးကိုယ်ချင်းစာပါတယ် နာဇီပါတီ2009 ရယ် ပိစိကွေးဆိုရင်လေအမြဲမေ့တယ်သိလား………… အကြွေအအမ်းယူဖို့ကို….. သူတို့ကအဲ့ဒီလိုမေ့များနေမလားဆိုပြီး သိသိကြီးနဲ့ မအမ်းတာ……… အကြွေရှိရင်လည်း အိပ်ကပ်ထဲကိုထိုးထည့်လိုက်တာ……… တစ်ခါက ပိစိကွေးလည်းဘယ်ရမလဲ သူအိပ်ကပ်ထဲထည့်လိုက်တာကိုမြင်လိုက်တော့တောင်းတာပေါ့ အမ်းရအုံးမယ်နော်ဆိုတော့သူက အကြွေကမရှိသေးဘူး ညီမတဲ့ ဒါနဲ့ ပိစိကွေးလည်းဘယ်ရမလဲ မရှိသေးရင်အိပ်ကပ်ထဲက ထည့်ထားတဲ့အကြွေပေးဆိုပြီးတောင်းလိုက်တယ် ပိုက်ဆံ 800 လောက်ကိုသူတို့က ဆယ်ယောက်ဆိုရင် 8000 လေ…….. ပြောရမယ်ဆိုရင်တော့ တစ်ထောင့်တစ်ညပုံပြင်လိုပဲဆုံးမှာကိုမဟုတ်တော့ဘူး……….

  • hi!

    February 11, 2011 at 8:33 am

    ကားစပါယ်ယာက အဲ့ဒီလိုလုတ်တာ တော်သေးတာပေါ့ဗျာ၊ မူဆယ်ကနေ တရုတ်နိုင်ငံ(ကျယ်ဂေါင် မြို ့)ကိုဝင်တဲ့ ဂိတ်ပေါက်က(အလယ်ပေါက်) လဝက ကအရာရှိဆိုတဲ့လူတွေကပိုဆိုးတယ်ဗျ၊ တရုတ်ကိုဝင်ရင်ယာယီနိုင်ငံကူးလက်မှတ်မှာအထွက်တုံးထုရတယ်၊တခါထုရင် ၃၀ဝ ကျပ် ပေးရတယ်၊ ခင်ဗျားက ၅၀ဝ တန် (သို့မဟုတ်) ၁၀၀ဝ တန်ပေးတယ်ဆိုပါတော့ ပြန်မအမ်းဘူးဗျ တုံးထုပြီးသားစာအုတ်ကိုပဲပြန်ပေးတယ် ခပ်တည်တည်ပဲ၊ ပြန်အမ်းအုံးလေဆိုတော့မှ ဘာတန်လဲး တဲ့ဗျ(အရာရှိသံ၊အပေါ်သံနဲ့) ၅၀ဝ တန်လေဗျာဆိုတော့မှ အကြွေမရှိဘူး ရော့ ၁ယွမ်(၁၃ဝကျပ်)ဆိုပြီးပစ်ချပေးတယ်၊အဲ့ဒါ တယောက်တည်းကိုမဟုတ်ဘူးနော်၊ပြန်မမေးတဲ့လူဆိုရင်ပြန်မအမ်းဘူးပေါ့ဗျာ၊တနေ့တနေ့ကိုလူအယောက်ထောင်ဂဏန်းရှိတယ်၊အဲ့ဒီတော့ ခင်ဗျားရန်ကုန်ကအောက်တန်းကျတဲ့စပါယ်ယာတချို ့နဲ့မူဆယ်က လဝက အရာရှိ(တော်တော်များများ)နဲ့ဘာကွာလဲးဗျာ…

  • ဆူး

    February 11, 2011 at 2:21 pm

    နာဇီပါတီ၂၀၀၉ မောင်လေးရေ စာလုံးတွေ စပေ့ခြားပြီး ရေးပါ။ အဖြတ် အတောက် မရှိ ဆက်တိုက်ရေးတော့ ဖတ်ရတာ အဆင်မပြေဘူး။

  • kopauk mandalay

    February 11, 2011 at 4:25 pm

    ကျနော်တို့မန်းလေးမှာတော့ အမေ့မခံရဘူးဗျာ။
    လက်ဖက်ရည်တစ်ခွက် 200 ကျပ်။
    ငါးရာတန်ပေးရင် 200တန်တစ်ရွက်ရယ် တစ်ရာမတန်တဲ့ကော်ဖီမစ်တစ်ထုပ်ရယ်ပြန်အမ်းတယ်။
    နေ့တိုင်းဗျာ။
    စိတ်ပေါက်ပေါက်နဲ့တစ်ရက်တော့ လက်ဖက်ရည်တစ်ခွက်သောက်ပြီး ကော်ဖီမစ်နှစ်ထုပ်ပေးတော့ လက်မခံဘူး။
    အဲဒါမင်းတို့ဆိုင်ကပေးတာတွေဆိုမှ မယူချင်ယူချင်နဲ့ယူသွားတယ်။
    နောက်ဆိုရင်ကော်ဖီမစ်အထုပ်ကြီးတစ်ထုပ်ဝယ်ထားမယ်စိတ်ကူးတယ်
    ကောင်းလားမသိဘူးနော်

  • ဆူး

    February 11, 2011 at 4:29 pm

    မီးကို အထုတ် ၅ဝ တထုတ် ကို ဒီနေ့ဘဲ ညောင်ပင်လေး ဈေးမှာ သွားဝယ်လာတယ် ၃၆၀ဝ ပေးရတယ် တထုတ်ကို ၇၂ကျပ်ဘဲ ကျတယ်။

Leave a Reply