Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

နေသားမကျဖြစ်နေဆဲ …

weiweiFebruary 15, 20111min73524

ပို့စ်ရေးမယ်လို့ စိတ်ကူးပေမယ့် လက်ရှိနေရာဒေသနဲ့ နေသားမကျဖြစ်နေတာတွေကို အဆင်ပြေအောင် ဖြေရှင်းရင်းနဲ့ မအားမလပ်ဖြစ်နေရပါတယ်။ တရုတ်ပြည်မှာ နေခဲ့တာ ကြာသွားတော့ အပြောင်းအလဲတစ်ခုကို မသိမသာတစ်မျိုး သိသိသာသာတစ်မျိုးနဲ့ အမျိုးမျိုး ကြုံနေရပါတော့တယ်။ ပေါင်းသင်းဆက်ဆံရေးနဲ့ စားသောက်နေထိုင်ရေးကို အဆင်ပြေအောင် ကြိုးစားပေမယ့်လဲ အဆင်မပြေဖြစ်နေဆဲပါပဲ …

တရုတ်ပြည်မှာ နေခဲ့စဉ်တုန်းက ပစ္စည်းတန်ဖိုးတွေကို ၁၅ဝ နဲ့ မြှောက်ပြီး သုံးခဲ့ဖူးတဲ့အကျင့်က အခုတော့ တန်ဖိုးတစ်ခုတွေ့တိုင်း ၁၅ဝ နဲ့ ပြန်စားနေမိပါတယ် … တွက်မိလိုက်တိုင်း ဝယ်ချင်စိတ် စားချင်စိတ် ပျောက်သွားတတ်လွန်းလို့ ဈေးသွားရတာကို ဒုက္ခလို့ ထင်လာမိတယ် … အလွန်လတ်ဆတ်တဲ့ သားငါးတွေနဲ့ ကျင့်သားရနေတဲ့ ကျွန်မအတွက် ရန်ကုန်က သားငါးတွေကို မလတ်ဘူးလို့ယူဆပြီး ဝယ်မစားဖြစ်ဘူး … အသီးအရွက်တွေကလဲ ခပ်နွမ်းနွမ်း ခပ်ရင့်ရင့်တွေဆိုတော့ ဝယ်မစားချင်ပြန်ဘူး … ပုံမှန်စားနေကျ ကြက်ဥကိုတောင်မှ လတ်ဆတ်တယ်လို့ မထင်မိတဲ့ စိတ်တွေကြောင့် ဘာစားရမှန်းမသိတဲ့ ဒုက္ခနဲ့ ရင်ဆိုင်နေရတယ် … လမ်းဘေးမှာရောင်းတဲ့ အစားအစာတွေကိုလဲ စားဖို့ မဝံ့မရဲဖြစ်နေသေးတယ် … တရုတ်ပြည်မှာ အစားအသောက်တွေပေါများပြီး လတ်ဆတ်တာ အလွယ်တကူ ဝယ်လို့ရနိုင်တာတွေကို သတိရပြီး ဗမာပြည်က လူတွေကို ကျွေးချင်စိတ်တွေ ခဏခဏပေါ်လာမိတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ပေါပေါများများ မစားနိုင်ကြတဲ့ ဗမာလူမျိုးတွေကိုကြည့်ပြီး ဒါ့ကြောင့် သူတို့တွေ ပိန်နေတာလား … အာဟာရမပြည့်လို့ ဦးနှောက်ဖွံ့ဖြိုးမှု နဲနေတာလားလို့ တွေးမိတယ် … ဆိုင်ကြီးတွေကအစားအစာတွေကျပြန်တော့ ဈေးကြီးလွန်းလို့ ဝယ်မစားနိုင်ဖြစ်ပြန်ရော …

အိမ်အသုံးအဆောင် လျှပ်စစ်ပစ္စည်းတွေ သွားဝယ်ပြန်တော့လဲ အရည်အသွေးကွာခြားတာတွေကို သတိထားမိတယ် … တံဆိပ်တူ ပုံစံတူပေမယ့် ပစ္စည်းမတူဘူး … တန်ဖိုးကျတော့လဲ မသက်သာဘူး … မဖြစ်မနေလိုအပ်တာကို မဝယ်ချင်ပဲနဲ့ ဇွတ်မှိတ်ပြီး ဝယ်ရပေမယ့် အဲဒါတွေကို သုံးနေရတိုင်း စိတ်မချမ်းမသာဖြစ်နေရတုန်းပဲ …

အဝတ်အစားလိုအပ်တာ သွားဝယ်ပြန်တော့လဲ တစ်ဒုက္ခ …  တရုတ်ပြည်မှာ အလွန်ဝယ်ရလွယ်တဲ့ အဝတ်အစားတွေ ရန်ကုန်ရောက်မှ ဝယ်မရဖြစ်ပါလေရော …

သွားရေးလာရေးနဲ့ ရာသီဥတုကတော့ အထူးမပြောချင်တော့ပါဘူး …

နောက်ဆုံးတစ်ခု နေသားမကျတာကတော့ လွတ်လပ်မှုပါပဲ … တစ်ယောက်ထဲ လွတ်လပ်စွာနေခဲ့တာ အသားကျလာတော့ မိဘဆွေမျိုးအသိုက်အဝိုင်းနဲ့ လုပ်ငန်းခွင်ထဲမှာ နေသားမကျတော့ ဖြစ်နေတုန်းပါပဲ …

ကံကောင်းတာတစ်ခုကတော့ လျှပ်စစ်မီးနဲ့ အင်တာနက် အခြေအနေကောင်းပါတယ် …

24 comments

  • kai

    February 15, 2011 at 8:45 am

    မြန်မာပြည်မြေကြီးဟာ ..အသီးအနှံ အပင်စိုက်လို့.. အင်မတန်လွယ်ပါတယ်.။
    ဧရာမမြစ်ကြီးတွေကလည်း .. ဖြတ်ဆင်းစီးနေတာပဲ..။
    ဒီလိုအခြေအနေမျိုးမှာ .. လတ်ဆတ်တာတွေကို ..ပေါပေါများများ ..မစားရတာကို သေသေချာချာ သုံးသပ်ဖို့လိုမယ်ထင်တယ်..

    အမတ်ဖြစ်သွားတဲ့ ဦးခင်ရွေကတော့ .. တောင်သူတွေအချိန်ပြည့်အလုပ်မလုပ်တာကို .. သူ့အတွေ့အကြုံနဲ့ ယှဉ်ပြောသွားတာ . သတင်းထဲ.. .ဖတ်လိုက်ရတယ်..။
    ပြောချင်တာက ..ပျင်းတယ်..ပေါ့..။

    ရုတ်တရက်ဆို … ဟုတ်နေသလားပါပဲ..။
    ဒါပေမဲ့..မြန်မာပြည်က ထွက်လာတဲ့ မြန်မာတွေ .. တခြားနိုင်ငံတွေမှာ .. သာမန်လူမျိုးတွေထက်ပိုအလုပ်လုပ်နေကြတာတွေ့ရပြန်တော ့… တခုခုမှားနေသလိုမြင်ပြန်ရော..။
    ဆိုတော ့.. တကယ်ပဲ.. မြန်မာတွေပျင်းသလား..

    ကမ္ဘာစစ်ကြို..စစ်ပြီး ..အင်္ဂလိပ်အုပ်ချုပ်ခဲ့စဉ်အချိန်တွေကို လည်းပြန်ကြည့်သင့်တာပါပဲ..။
    အဲဒီခေတ်အချိန်က ..မြန်မာတွေအလုပ်ကို .. အိန္ဒိယက..လူတွေ..။တရုပ်ပြည်ကလူတွေ..လာယူလုပ်ပေးကြဖူးတယ်..။
    ဆိုတော့ ..
    အခုသူတို့က မြန်မာတွေဖြစ်နေကြပြီပဲ..။ အဲဒါ.. ပျင်းကြတုံးပဲလား..။

    ဆွေးနွေးကြည့်ပါဦး..။

  • kopauk mandalay

    February 15, 2011 at 12:14 pm

    မဝေရေ
    စကားပုံလေးလိုပေါ့ (ရောမပြည်ရောက်ရင် ရောမလို့ကျင့်)ဆိုတဲ့စကားနဲ့ညီအောင်နေရပါတော့မယ်။
    အသီးအနှံလတ်လတ် အသားလတ်လတ်လိုချင်ရင် မနက်စောစောဈေးသွားရင်
    ရနိုင်ပါသဗျာ.
    မဝေတို့ ရန်ကုန်တော့ မသိဘူးဗျာ
    ကျနော်တို့ မန်းလေးကတော့ အသီးအနှံလတ်လတ်ဆတ်ဆတ်စားရတုန်း။
    သရက်သီးတို့ ဇီးသီးတို့ဆိုရင် အလုပ်အားတဲ့ရက် မြို့ပြင်ထွက် စိုက်ခင်းထဲခြံထဲသွားဝယ် အလကားတောင် ခူးစားလို့ရသေးတယ်။
    နောက်တော့လဲ နေသားကျသွားမှာပါဗျာ။

  • ဆူး

    February 15, 2011 at 1:36 pm

    မြန်မာ လူမျိုးတွေ ပျင်းတာလား ဖျင်းလာတား တောင် မသိတော့ဘူး လုံ့လ ရှိရှိနဲ့ ဘာလုပ်ရမှန်း ကို မသိတော့ဘူး။
    တနေ့က ဘန်ကောက်မှာ ခဏတဖြုတ် အလည်အပတ် သွားတာ ဘယ်နားကြည့်ကြည့် လူတွေ လမ်းပေါ်မှာလည်း အများကြီး ကားတွေ လည်း အောတိုက်နေတာဘဲ လမ်းဘေးဈေးသည် ဆိုတာ စည်မှ စည် စူပါမားကတ်တိုင်းမှာ လူတွေ အုံးအုံးထ နေကြတယ်။
    ဒီမှာ စူပါမားကတ်တွေ သရဲခြောက်မလားဘဲ တနေ့တနေ့ ဝင်မဲ့သူမျှော်နေရတယ် လမ်းဘေးဈေးသည် သိပ်မရောင်းရဘူး
    လူတွေ လက်ထဲမှာ အပိုသုံးဖို့ ငွေ မရှိတာလား။
    လုပ်ငန်း တခုလုပ်ဖို့ ဆိုတာလည်း ဖြုန်းအားရှိမှ ဖြစ်တာ ဖြုန်းအား မရှိဘဲ လုပ်မိရင် လုပ်ငန်းထဲ ပိုက်ဆံ ဝင်သွားတာဘဲ အဖတ်တင်မယ်။
    ဖျင်းလို့လား ပျင်းလို့လား.. ဘာလုပ်ကြမလဲ.. ပိုက်ဆံ အရင်း နည်းနည်း နဲ့ လုပ်လို့ ရမဲ့ အလုပ်များ ရှိရင် တွေးပြီးသာ ချရေးကြပေတော့။
    ဟင်းသီး ဟင်းရွက်ကတော့ မနက်ပိုင်းဆို လတ်ဆတ်ပါတယ်။
    ဒေသထွက် တဲ့ အသီးအနှံဘဲ ရတာ ဆိုတော့ သိပ်တော့ မမယ် မများဘူးပေါ့။

  • ဆူး

    February 15, 2011 at 1:40 pm

    နေသား မကျတဲ့ အထဲမှာ ခြင်ကိုက်တာ ပါလိမ့်မယ်။
    မကြာခင် ပူလာလိမ့်အုန်းမည်။ အခုတောင် အအေးလျော့လို့ အပူကူးစ ပြုနေပြီ

  • weiwei

    February 15, 2011 at 2:10 pm

    ဟုတ်တယ် ဆူးရေ .. ဒီနေ့ နေရတာ တော်တော်ခံရခက်လွန်းလို့ ပို့စ်ရေးလိုက်တာ ရေးလည်းပြီးရော ကိုယ်ပူပြီးဖျားရောပဲ …

    ကျွန်မက မနက် ၈ နာရီ အလုပ်ထဲ အရောက်သွားရတော့ ညနေဈေးကိုပဲ ဝယ်ရတယ် .. အဲဒါကြောင့် မလတ်ဆတ်တာတွေကိုပဲ တွေ့ရတာ ထင်ပါတယ် … ကျွန်မဝယ်နေကျလှည်းတန်းဈေးက အမျိုးအမည်တော်တော်များများစုံပေမယ့် ဈေးကြီးတာလဲ အလွန်ပဲ .. အလေးခိုးတာလဲ အလွန်ပဲ … ညစ်ပတ်တာလဲ အလွန်ပဲ …
    အခုတလော ကိုကြောင်ကြီးရဲ့ သတ်သတ်လွတ်လမ်းစဉ်အတိုင်း ပဲနဲ့ အာလူးပဲ များများဝယ်ထားပြီး ချက်စားဖြစ်နေတော့တယ် … 😛

  • antimoe

    February 15, 2011 at 2:18 pm

    ခရမ်းချဉ်သီး ၁ပိသာ ၄၀ဝကျပ်။
    ဝက်သားသန့်သန့်အလေးပြည့် ၁ပိသာ ၅၀၀ဝကျပ်။
    ဂေါ်ဖီ၁ ထုပ် ၂၀ဝ ကျပ်။
    ပန်းမုန်လာ၁ပွင့် ၃၀ဝ ကျပ်။
    ကန်စွန်း ၁စီး ၁၀ဝ ကျပ်။
    ဆန်၁ပြည် …..။
    ပေါတာတွေပါ။
    ငရုတ်စိမ်း၊ သရက်(သီး)ကင်း၊ နံနံ၊ ရာသီပေါ်အရွက်နုစုံ။
    ငပိရေကြို…တို့စရာပါပြီး ၁၀၀-၂၀ဝကျပ်ဆို တော်တော်စားရတယ်။
    ရန်ကုန်လောက်ဈေးတွေပေါတာ(ဈေးသည်တွေပေါတာပြောပါတယ်၊)ရန်ကုန်ပဲရှိတယ်။
    ကိုပေါက်ပြောသလို ဈေးဝယ်သင့်တဲ့ နေရာနဲ့ အချိန်ကို ရွေးချယ်တတ်ဖို့တော့ လိုလိမ့်မယ်။
    ပေါတာတွေကို စားချင်စိတ်တော့ မွေးရမှာပေါ့။
    နောက်တော့လည်း ဝင်ငွေပေါ်မူတည်ပြီး စားတတ်သွားမှာပါ။
    ကြက်သွန်ဖြူတွေပေါတုန်းက နေကြာစေ့လှော်ထုတ်ထဲမှာ သူ့ချည်းပဲ။
    ရှားတော့လည်း အတက်လိုက်မထည့်နိုင်တော့ ထောင်းထည့်ရတာပေါ့၊
    ဆူးပုတ်၊ မရမ်းသီး….အခုရာသီမှာပေါ်တာလေးကို ပေါ်တဲ့အချိန်လေး လုစားလိုက်ရတာကလည်း မြန်မာ့အရသာလေ။

  • ဆူး

    February 15, 2011 at 2:20 pm

    လတ်လတ်ဆတ်ဆတ် ရေခြောက် ပဲပင်ပေါက်တတောင်း ဝယ်ပြီး မကုန် မချင်း ရေဖြန်းပြီး ထားပြီး ချက်။ ပဲပင်ပေါက် တတောင်းကို ၆၀ဝ လောက်ဘဲ ရှိတယ် စိတ်ကြိုက် စားပါလိမ့်ကွယ်။ မိသားစု ၅ယောက်တောင် စားမယ်ဆိုရင်တောင် တတောင်းကို ၄ခါလောက် ချက်စားလို့ ရမယ် ထင်တယ်။

  • weiwei

    February 15, 2011 at 2:29 pm

    ပဲပင်ပေါက်တော့ ကြိုက်ပါရဲ့ … တစ်ယောက်စာပဲ ချက်စားရင် အခါ ၂ဝ တောင် ချက်စားရမှာလား … လူပါ ပဲပင်ပေါက်ပုံ ပေါက်သွားပါအုန်းမယ် ..

  • antimoe

    February 15, 2011 at 3:19 pm

    အလုပ်အားတဲ့ရက်တွေမှာ ဆင်မလိုက်ဈေးသွားဝယ်ပါလား။
    သက်သာတယ်။ ၁၅ဝ နဲ့စားရင် မျက်ရည်ကျသွားမယ်။
    လတ်လတ်ကိုရှာ၊ များများဝယ်ထားပြီး ပလတ်စတစ်ဘူးတွေထဲထည့်၊ ရေခဲသတ္တာ ထဲ ထည့်ထားရင် နံနံပင်ဆို ၂ပတ်လောက် ခံတယ်။ အပွင့်တောင်ပွင့်နေသေးရှင့်။ မီးမှန်ဖို့တော့ လိုတာပေါ့။
    အသားဆိုရင် ခဲထားလို့ကတော့ နေပါလေ့ပဲ။

    ဘယ်လိုအရသာရှိအောင်ချက်မလဲ ဆိုတာအရေးကြီးသလို
    အာဟာရမပျက်အောင်၊ မလေလွှင့်အောင် ဘယ်လိုထားသိုသင့်သလဲဆိုတာ လဲအရေးကြီးတယ် မဟုတ်လားနော…..။
    အထူးသဖြင့် ပူတဲ့တိုင်းပြည်မှာ။

    • weiwei

      February 16, 2011 at 7:08 am

      ကျေးဇူးပဲ အန်တီမိုးရေ … ကြည့်ရတာတော့ အန်တီမိုးနဲ့ ကျွန်မနဲ့ နယ်မြေတစ်ခုထဲမှာ နေနေကြတယ်ထင်တာပဲနော် … ဆင်မလိုက်ဈေးကိုလဲ သွားဖူးပါတယ် … ဘက်စ်ကားစီးရလောက်အောင်လဲ မဝေး .. လမ်းလျှောက်ရအောင်လဲ မနီးတဲ့နေရာဖြစ်နေတော့ မသွားဖြစ်တာကြာပြီ …
      ကျွန်မက အစားအသောက်အတွက် အချိန်ကုန်ရတာကို မတန်ဘူးလို့ထင်တတ်ပြီး အလွန်အပျင်းကြီးတယ် … တော်တော်လဲ ဇီဇာကြောင်တယ် …

  • kopauk mandalay

    February 15, 2011 at 3:21 pm

    ပဲပင်ပေါက်တွေစားပြီး ပဲများမယ်တော့ မကြံနဲ့နော်.
    ကိုပေါက်နဲ့တွေ့သွားမယ်။

  • ဆူး

    February 15, 2011 at 3:37 pm

    ပဲပင်ပေါက် စားတော့ ပဲပင်ပေါက် ကိုယ်လုံးလေး ဖြစ်မှာပေါ့။ မော်ဒယ် လမ်းညွန်

  • hello! everybody

    February 15, 2011 at 5:28 pm

    အေးဗျာ ပျင်းတာလား၊ဖျင်းတာလား၊ ဒါမှမဟုတ်လုတ်စရာအလုတ်မရှိတာလားမသိဘူး၊ ကျနော့အမျိုးသမီးတရုတ်ကနေ လာလည်တော့လ္ဘက်ရည်ဆိုင်မှာလူတွေအမြဲစည်တာတွေ့တော့မေးတယ်၊ သူတို့အလုတ်ဘယ်အချိန်မှာလုတ်တာလည်းမေးတယ်၊ အေး..အဲဒါသူတို့အလုတ်လုတ်နေတာဘဲလို့၊ သူသဘောမပေါက်ဘူး၊အော်ပီကျယ်ကပြောတယ်၊(စာပေဟောပြောပွဲတခုမှာ) နိုင်ငံခြားသားတွေညံ့တယ်တဲ့၊ သူတို့မီးစက်မနှိုးတတ်ဘူး၊ အင်ဗက်တာနဲ့မီးအားမမြှင့်တတ်ဘူးတဲ့၊ အစားအသောက်ကတော့ဈေးကော ကွာလတီကောတော်တော်ကွာတယ်၊ ကျနော်တို့မြို ့မှာကဝက်သားဆိုင်ကတဆိုင်ပဲရှိတာ၊ ရေထိုးတာကတော့သတင်းစာ အယ်ဒီတာ့ထံပေးစာကနေအော်ရတဲ့အဆင့်ပဲ၊ လိုင်ဆင်ဈေးကြီးလို့ထိုးရတာပါတဲ့၊ ကိုယ့်ဖာသာပေါ်စားတော့လည်းသူကဖမ်းတယ်၊ မိန်းမကမေးတယ်၊ သူတို့ဘာဖြစ်လို့ရေထိုးတာလည်းတဲ့၊ အမြတ်များများလိုချင်လို့ပေါ့ဟာဆိုတော့ တော်တော်ရုတ်တာဘဲတဲ့၊ အေး… အဲ့ဒါနင်တို့တရုတ်ဘဲ(ဆိုင်ရှင်)လို့ဆိုတော့၊ တရုတ်ပြည်ကတရုတ်တွေကရေမထိုးပါဘူးလို့ဆိုသဗျ၊ (အအေးခန်းထဲတော့ထဲ့ထားသပေါ့ဗျာ)။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 15, 2011 at 7:55 pm

    တရုတ်ငွေကြေး ဆက်လက်ဖောင်းပွ By ဗွီအိုအေ (မြန်မာဌာန) အင်္ဂါ, 15 ဖေဖော်ဝါရီ 2011
    တရုတ်နိုင်ငံမှာ ငွေကြေးဖောင်းပွမှု ပြဿနာတွေ ဆက်ပြီး ဖြစ်ပေါ်နေတာကြောင့် အသီးအနှံတွေ၊ သစ်သီးဝလံတွေ၊ ကြက်ဥ၊ ဘဲဥ အပါအဝင် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ထိုးတက်စေခဲ့ပါတယ်။
    ဒီနေ့ထုတ်ပြန်လိုက်တဲ့ စားသောက်ကုန် ဈေးနှုန်းတွေရဲ့ စာရင်းဇယားမှာ မနှစ်က ဇန်နဝါရီလကထက် ဒီနှစ် ဇန်နဝါရီလမှာ အခြေခံစားကုန် ဈေးနှုန်းတွေ ၄.၉% တက်လာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ဈေးတက်ခဲ့တဲ့နှုန်းဟာ ၄.၆% ရှိတယ်လို့ ဖော်ပြထားပါတယ်။
    တရုတ်နိုင်ငံရဲ့ အဆင်းရဲဆုံး မိသားစုတွေဟာ သူတို့တွေရဲ့ ဝင်ငွေ ထက်ဝက်အထိ စားသောက်ကုန် ဝယ်ယူမှုမှာ သုံးစွဲနေရတဲ့ အဖြစ်က ထိခိုက်မှု အရှိဆုံး ဖြစ်နေပါတယ်။
    ပျမ်းမျှခြင်းအားဖြင့် စားသောက်ကုန် ဈေးနှုန်းတွေ အားလုံး ၁၀% ကျော်စီ ဈေးတက်ခဲ့ကြတာ ဖြစ်ပြီး အသေးစိတ် အနေနဲ့ သီးနှံတွေက ၁၅% ကျော်၊ သစ်သီးဝလံတွေက ၃၅% နီးပါး၊ ကြက်ဥ၊ ဘဲဥ ဈေးတွေက ၂၀% ကျော် ဈေးတက်ခဲ့တာ ဖြစ်ပါတယ်။
    တရုတ်နိုင်ငံ မိုးခေါင် ရေရှားမှုကြောင့် တရုတ်နိုင်ငံရဲ့ ဂျုံအထွက်နှုန်း ကျဆင်းပြီး ကမ္ဘာ့ဂျုံဈေးတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ မာကျောက်ဇူက သတင်းထောက်တွေကို ဒီနေ့ အာမခံ ပြောကြားလိုက်ပါတယ်။
    တရုတ်ရဲ့ မိုးခေါင်ရေရှားမှုဟာ နိုင်ငံတကာ စားသောက်ကုန် ဈေးနှုန်းတွေကို ထိခိုက်စေမှာ မဟုတ်ဘဲ အရန် သိုလှောင်ထားတဲ့ ဂျုံတွေကို ထုတ်ပြီး တရုတ်နိုင်ငံသားတွေကိုလည်း ဖြန့်ဝေပေးနိုင်မှာ ဖြစ်တယ်လို့ မာကျောက်ဇူက ပြောဆိုခဲ့ပါတယ်။
    http://www.voanews.com/burmese/news/china-currency-116231999.html
    သက်ကြီးရွယ်အို မိဘများထံ သားသမီးများ အလည်သွားရေး တရုတ်ဥပဒေသစ် SUNDAY, 13 FEBRUARY 2011 23:55 မောက္ခ နိုင်ငံတကာသတင်း
    ၂၀၁ဝ တွင် အသက် ၆ဝ အထက် တရုတ် သက်ကြီးရွယ်အို လူဦးရေ ၁၆ရ သန်း အထိ ရှိခဲ့ပြီး စုစုပေါင်း လူဦးရေရဲ့ ၁၂.၅ ရာခိုင်နှုန်း ရှိလာကြောင်း တရုတ်အစိုးရ အမျိုးသား ဇရာ ကော်မတီ (China
    National Committee on Aging) က ကြေငြာခဲ့သည်။ ၎င်း အရေအတွက်မှာ တစ်နှစ်အတွင်း ၃ သန်းခန့် တက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။
    တရုတ်စီးပွားရေး တိုးတက်မှုက တရုတ် လူထု သက်တမ်းကို ဆွဲဆန့်ပေးနေပြီး၊ ၁၉၆ဝ တွင် တရုတ်တစ်ယောက် ပျမ်းမျှ သက်တမ်း ၄ရ နှစ်သာ ရှိခဲ့ရာက ၂၀၀၉ ခုနှစ်တွင် ၇၃ နှစ်အထိ ပိုရှည်လာသည်ဟု ကမ္ဘာ့ဘဏ်က အတည်ပြု ပြောဆို သည်။
    တရုတ် တစ်နိုင်ငံထဲသာ ဆံဖြူ လူဦးရေ အလျှင်အမြန် တိုးပွားလာနေတာမဟုတ်။ ဂျပန်၊ အမေရိကနဲ့ ဥရောပ ဖွံ့ဖြိုးပြီး နိုင်ငံများတွင်လည်း သက်ကြီးရွယ်အိုနှင့် ပင်စင်စားများ ဖောင်းပွလွန်းလာသည်။ သို့သော် ထိုချမ်းသာကြွယ်ဝသော နိုင်ငံ များတွင် လူမှုလုံခြုံရေးနှင့် ဝဲလ်ဖဲယားစနစ်များက သက်ကြီးရွယ်အိုများ လို်အပ်ချက်များအတွက် ပံ့ပိုးကူညီမှု၊ စောင့်ရှောက် မှုများရှိသော်လည်း၊ တရုတ် အဖိုးအဖွားများတွင် မည်သည့်အစီအစဉ်မှ မရှိသေးပေ။
    တရုတ် ဇရာ ကော်မတီဥက္ကဌ၊ ဒုတိယ ဝန်ကြီးချုပ် Hui Liangyu က “ကျနော်တို့ စီးပွားရေးက ဖွံ့ဖြိုးပြီးနိုင်ငံအဆင့် မရောက်ခင်မှာကို သက်ကြီးရွယ်အို ပြဿနာက ဝင်လာနေပြီ။ အရွယ်ရင့်သူတွေအတွက် လူမှုစောင့်ရှောက်မှုနဲ့ ဝန်ဆောင် မှုစနစ်တွေ လုပ်ဖို့ လိုအပ်နေပြီ” ပြီဟု တရုတ်နှစ်ကူးရက်တွင် ပြောခဲ့သည်။
    ပြီးခဲ့တဲ့ ဇန်နဝါရီလထဲတွင် တရုတ်အစိုးရက သက်ကြီးရွယ်အို မိဘများထံ အရွယ်ရောက် သားသမီးများ သွားလည်ဖို့နဲ့ စောင့်ရှောက်ဖို့အတွက် ဥပဒေတစ်ရပ် ပြဌာန်းရန် စီစဉ်နေကြသည်။ ထိုဥပဒေအရ အရွယ်ရောက်ပြီး သားသမီးများက မိဘအိုများထံ သွားလည်ရမှာဖြစ်ပြီး၊ မလိုက်နာပါက မိဘအိုများမှ တရားစွဲနိုင်ကြောင်း တင်ပြထားသည်။
    ၎င်း ဥပဒေ အဆိုပြုချက်အပေါ် တရုတ်လူထု တုံ့ပြန်မှုမှာ အမျုးိမျိုး ဖြစ်နေသည်။ တရုတ် ကျောင်းဆရာ Liu Shiping က “မိဘကို အရိုအသေပေးရတာ၊ ပြုစုရာတာဟာ မွန်မြတ်တဲ့ တရုတ်အစဉ်အလာဖြစ်သလို၊ ကွန်ဖျူးရှပ် ဆုံးမထားတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခု သားသမီးကျင့်ဝတ်ကို ဥပဒေနဲ့ အတင်း ပြဌာန်းရတာကတော့ လုပ်ပုံလွဲချော်နေပြီ ထင်တယ်” ဟု ပြောဆိုသည်။
    ဖူဒန်တက္ကသိုလ် ပါမောက္ခ Zhao Xiaomin ကတော့ “ဒီဥပဒေကို မှန်ကန်တဲ့ ဖြေရှင်းမှုလို့ လက်ခံဖို့ သံသယရှိပါတယ်။ မိသားစုတိုင်းရဲ့ အခြေအနေက အမျိုးမျိုးရှိသလို၊ သားသမီးတွေရဲ့ အခြေအနေကလည်း အမျိုးမျိုး ပါပဲ။ ဥပဒေကိုက တစုံတရာမှားယွင်းနေပြီး လူထုပြဿနာကို ထိထိရောက်ရောက် ဖြေရှင်းနိုင်မှာ မဟုတ်ဘူး” ဟု Eastmoney.com ကို ပြောဆိုခဲ့သည်။
    မောက္ခနိုင်ငံတကာရေးရာ။ Source: Eastmoney.com
    http://www.maukkha.org/index.php?option=com_content&view=article&id=1354:2011-02-13-23-57-17&catid=120:2010-10-11-07-37-22&Itemid=374

  • bigcat

    February 16, 2011 at 3:27 am

    မနက်ရှစ်နာရီ အလုပ်ဝင်ရတယ်ဆိုတော့ အတတ်ဟောလိုက်မယ် အန်တီဝေအလုပ်က စက်မှုဇုံ တခုခုမှာဗျို့။ လှိုင်သာယာလား၊ ရွှေပြည်သာလား တခုခုပဲ။ လှည်းတန်းမှာ ကြေးအိုးဆီချက်က နာမည်ကြီးပဲ။ ကြုံရင်ဝင်စားပြီး ပို့စ်တပုဒ်လောက်တင်ပါဗျို့။

    • nyimalay

      February 16, 2011 at 7:09 am

      ဦးကြောင်ကြီးတို့ခောတ်တုန်းကသာ လှည်းတန်းက ကြေးအိုးဆီချက်ကနာမည်ကြီးချင်ကြီးမှ ခုတော့ဘာမှမကောင်းတော့ပါဘူးဦးကြောင်ကြီးရယ်……. YKKO ဆိုလည်းအလကားပဲ နာမည်ပဲရှိတော့တာ ဈေးကတော့သူများထက်ကြီးတယ်……. လှည်းတန်းမှာအခုနာမည်ကြီးနေတာသဘောင်္သီးထောင် ကြာဆံချက် နဲ့ထမင်းသုပ် ………. ဦးကြောင်ကြီးစားမလား ပိစိကွေးပို့ပေးလိုက်မယ်လေ 😛

    • weiwei

      February 16, 2011 at 7:21 am

      လှည်းတန်းက YKKO ကြေးအိုးက ၂၈၀ဝ ဆိုလို့ သွားစားဖို့ စဉ်းစားနေတာ ၁၅ ရက် လောက်ရှိနေပြီ .. အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးဖြစ်နေတုန်းပဲ … 😛
      လှည်းတန်းပတ်ဝန်းကျင်မှာ အမြင်များတာကတော့ ငါးကင် နဲ့ သင်္ဘောသီးထောင်း.. ဇလားဗီးယားငါးတွေကို ကင်နေတာ … အများကြီးပဲ … ဒီအတိုင်း မီးသွေးနဲ့ကင်နေတော့ မဲမဲကြီးတွေ .. တစ်ကောင်ကို ၂၀၀ဝ တဲ့ … ဝယ်စားတဲ့သူ တော်တော်များတယ် …

      • ဆူး

        February 16, 2011 at 8:12 am

        လှည်းတန်းမှာ ကြိုက်တာ ဆိုလို့ မာလာဟင်း တမျိုးရှိတယ် တပွဲ ၁ထောင် စားကောင်းတယ်။ မာလာဟင်း အရွက်များများနဲ့ ချက်တာ ဆို အကြိုက်ဘဲ။ ဝယ်မယ်ဆို ဈေးသည်ကို ကြည့်ရတယ်။ ရှမ်းတရုတ် အစစ်တွေ ဗမာ စကား ကောင်းကောင်း မပီတဲ့ တရုတ်တွေ ရောင်းတဲ့ ဆိုင်က ဝယ်စား မှ အရသာ ကောင်းတာ မဟုတ်ရင် ကော်ပီကူးတဲ့ ဈေးသည်ဆို ဘာအရသာမှန်း လည်း မသိဘူး စားမကောင်းဘူး။

  • antimoe

    February 16, 2011 at 4:31 am

    လှည်းတန်းမှာနေတာရယ် ၊
    တရုတ်မှာ ပညာသင်တာရယ်၊
    တလောက နေပြည်တော်သတင်းပို့တာရယ် ပေါင်းရင်….
    UFL ကမမ……
    လွန်တာရှိရင် Windarmi….
    အဲ့ဒီက ကလေးတွေကတော့ ဒီနိုင်ငံမှာ အတော်ဆုံးတွေပါ။

  • shwepyithu

    February 16, 2011 at 4:43 am

    လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကော့ကရိတ်ဘက်ကိုသွားတော့ လမ်းမှာ လယ်ကွင်းတွေအများကြီးတွေ့တယ် ဒါပေမဲ့ ခြောက်သွေ့ပြီး အလွတ်တွေဖြစ်နေတယ်။ ဒေသခံအမိုးကြီးက ပြောတာတော့ ကရင်တွေကပျင်းတယ် လယ်မလုပ်ချင်ဘူး နိုင်ငံခြားပဲသွားချင်တယ်၊ ဟိုဘက်ကမ်းကူးပြီး ရသလောက်နဲ့ သွားလုပ်နေကြတယ်၊ အခုလုပ်နေတဲ့ လယ်တွေက တခြားကလူတွေလာလုပ်နေကြတာတဲ့။ လွတ်နေတဲ့ လယ်ကွက်တွေကြည့်ပြီး ရင်ထဲတော့ နှမျောသလို။ ဒါပေမဲ့ သူတို့လယ်မလုပ်ကြတာဟာ ပျင်းလို့လား၊ လုပ်ရတာနဲ့ မကာမိလို့လား၊ စားဖို့မလောက်လို့လားလို့ တွေးမိပါတယ်။ ကျမနဲ့သိတဲ့ လယ်စိုက်တဲ့သူ တစ်ချိူ့ကိုမေးကြည့်မိတယ်။ ဘယ်လိုနေလဲလို့။ သူတို့မှာ လယ်ကွက်တစ်ချိူ့ရှိတယ်။ စိုက်တယ်။ ဒါပေမဲ့ လူအင်အားမရှိဘူး။ တစ်ချိူ့ဆို မွေးထားတာ သမီးတွေပဲ 2 ယောက် 3 ယောက်။ ကလေးအငယ်တွေလဲရှိတော့ အိမ်အလုပ်ရယ် ယာအလုပ်ရယ် ကို ခွဲလုပ်နေရတယ်။ မြေရှိပေမဲ့ စိုက်မဲ့သူမရှိတော့ ကိုယ်စားဖို့လောက်နဲ့ ရောင်းချဖို့ နဲနဲလောက်ပဲ ရတယ်။ လူငှားစိုက်ဖို့ကလဲမတတ်နို်င်။ ဒီတော့ မထူးဘူးဆိုပြီး ကိုယ့်လယ်မစိုက်ဘဲ သူများလယ်မှာ အခယူပြီးသွားလုပ်တယ်။
    တစ်ချိူ့ကြပြန်တော့ အဘိုးကြီးအဘွားကြီး လယ်ပိုင်ပေမဲ့မလုပ်နို်င်တော့ သူများကိုပဲ လယ်ကွက်ပြန်ငှားထားတယ်။ ကျမစပ်စုမိရသလောက်ပါ။ မပြည့်စုံသေးပါဘူး။ လိုရင်လဲ ဖြည့်ပေးကြပါနော်။

    မြို့ပေါ်ကိုယ့်အနားတွေ့ရတာကတော့ လူတွေ လုပ်တော့လုပ်နေကြတယ်။ အဆင်မပြေလိုုက် တခြားဟာလေးပြောင်းလုပ်လိုက်။ အလုပ်တွေလဲ ပြောင်းကြတာများတယ်၊ အရမ်းလုပ်ရပြီး လခကနဲနေရင်၊ ကိုယ်ကအရည်အချင်းရှိပြီး လုပ်အားတန်ဘိုးကနည်းနေရင် ပိုပေးတဲ့ဆီလိုက်သွားကြတာပဲ။ တစ်ချိူ့က သူများဆီလဲ မဝင်နိုင် ကိုယ်ပိုင်လုပ်ဖို့ကျတော့လဲ အရင်းအနှီးကမရှိ၊ ဒါနဲ့ အလုပ်လက်မဲ့ဖြစ်ပြီး စိတ်ဓာတ်ကျနေကျသူတွေလဲ အများကြီးတွေ့ရပါတယ်။

    ဗမာတွေပျင်းတယ်လို့ ပြောကြပေမဲ့ စားဝတ်နေရေးနဲ့ ပတ်သက်လာရင်တော့ မပျင်းကြပါဘူးလို့ ကျမတော့မြင်တာပဲ။ ကျမအမြင်ပြောတာနော်။ လူအတော်များများ ကိုယ်နဲ့ သိပ်မဆိုင် (ဥပမာ ရထားတဲ့ ဘွဲ့နဲ့ လုပ်နေတဲ့ အလုပ်က တခြားစီ ) တဲ့ အလုပ်တွေကိုတောင် ကြိုးစား လေ့လာရင်းလုပ်နေကြတာပဲလေ။ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိလာမယ် ရလာမယ်ဆိုရင်တော့ အများကြီး တိုးတက် ပြောင်းလဲ လာမယ်လို့ထင်ပါတယ်။

  • shwepyithu

    February 16, 2011 at 5:05 am

    မဝေရေ.. ကိုယ်ခိုင်က ဆွေးနွေးပါဦးဆိုလို့ ဝင်ဆွေးနွေးလိုက်တာ မဝေကို အားပေးဖို့မေ့သွားတယ်၊ ဟီး။ မဝေရေ နောက်တော့နေသားကျသွားမှာပါ။ ကျမတုန်းကလဲဒီလိုပဲ။ ပိုဆိုးတာက ကိုယ်က တစ်ခုခုပြောမိရင် ဟိုကဟာတွေလာမပြောနဲ့ ဒါမြန်မာပြည်လို့ အပြောခံရတာ။ ပြီးတော့ ကိုယ့်ဘာသာ အားလုံးရဲ့ အပြင်ဘက်မှာ တစ်ယောက်ထဲရောက်နေသလိုခံစားရတယ်။ ရုံးတွေဆိုလဲ အဝင်အထွက်အရမ်းအဆင်ပြေခဲ့ရာက ဒီမှာ အဟောက်ကြီးခံနေရတာ၊ မန်နေဂျာကလဲဟောက်၊ စာရေးကလဲဟောက်၊ အစောင့်ကတောင် ဝင်ဟောက်နေကြတော့ ငိုတောင်ငိုချင်ခဲ့မိတယ်။ အိမ်ကလူတွေနဲ့ကလဲ ကီးမကိုက်တော့ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ အမယ် တောင်မှန်မြောက်မှန်းမသိပေါ့။ ဒီတော့မှ အော် ကျောင်းမှာသင်ပေးလိုက်တဲ့ culture shock ဆိုတာ ဒါပဲဖြစ်မယ်လို့ မှတ်ရတယ်။ နောက်တော့လည်း မြန်မာလူမျူးိဟာ မြန်မာတွေကြားထဲမှာ နေသားကျသွားပြန်ပါတယ်။ အားမငယ်နဲ့ သူငယ်ချင်း။ နေကောင်းသွားမှာပါ။

  • အာဖျံ ကွီး

    February 16, 2011 at 5:17 am

    အင်း … ဖတ်ရင်းနဲ. ဒို.ဘဘရဲ. ဂရုဏာအပြည့်နဲ. မျက်ခွက်ကို မြင်ယောင်လာပီး … နှပ်တောင်ယိုချင်တရ် ..

    အဲဒါကြောင့်မို. ဒို.ဘဘက တရုတ်ပြည်သူ.သမ္မတမြန်မာနိင်ငံ ဖြစ်အောင်ကြိုးစားပေးနေတာ ..

    စေတနာကို နားမလည်ပဲနဲ. … ပုဆိန်ရိုးတွေက … တောပြောတောင်ပြောနဲ. … အလကား ..

    စေတနာကိုနားမလည်တဲ့ကောင်တွေ … အဟတ် …

    ဒီအမှိုက်အမှဲလေးကိုလဲ ခွေးလွှတ်တော်မူပါ … ဖရာ့ …

  • pinoolwin

    February 16, 2011 at 7:54 am

    အင်း—မဝေအကြောင်းလေးဖတ်ယင်း… ကိုယ့်အခြေအနေကိုပြန်ကြည့်မိတယ်–

    အခုတော့စိတ်ဓာတ်ကျယင်း အပြင်ပြန်ရောက်နေတယ်–
    ဒါပေမယ့် –အပြင်ပြန်ရောက်နေယင်– မြန်မာပြည်ကိုပြန်ချင်တယ်–
    ပြန်ယင်ဘာလုပ်ရမလဲပြန်စဉ်းစားနေရတယ်—
    ကိုယ့်ကိုယ်ကိုတောင်မုန်းလာပြီ…

  • ဆူး

    February 16, 2011 at 8:26 am

    ဒီမှာတောင် ဘာလုပ်ရမှန်း မသိဘူး ယောင်လည်လည် နဲ့.. စိတ်ပျက်နေတာ။

Leave a Reply