တော်ဝင်စင်တာမှ အပေါ်ဖား ၊ အောက်ဖိ ဖြစ်ရပ်
ပြီးခဲ့တဲ့ တပတ်က ကျွန်မသူငယ်ချင်းတယောက် အိမ်လာလည်ပါတယ် ။ မိန်းမတွေ အချင်းချင်းစုမိပြီဆိုလျှင် မဖြစ်မနေ အလုပ်တစ်ခုကို လုပ်ပါတယ်… အဲ့ဒါကတော့ တတွတ်တွတ်စကားပြောတာပါပဲ ။ ထမင်းမေ့ ဟင်းမေ့ကို ပြောဖြစ်ကြတာ ပြောတဲ့ အကြောင်းရာတွေကလည်း စုံပလုံစိနေတာပါပဲ … အိမ်တွင်းရေးက စလို့ ဈေးဝယ်ရင်းအလေးခိုးတဲ့ ဈေးသည်အဆုံး ပြောဖြစ်ခဲ့ပါတယ် ။ စကားစပ်မိရင်း မန္တလေးဂေဇက်မှာ ပို့စ်တွေ တင်ဖြစ်နေတာနဲ့ ပတ်သတ်တဲ့အကြောင်းရောက်သွားပါလေရော … ။ သူ ဇာတ်လမ်းလေး တစ်ပုဒ်ပြောပြမယ် တင်ပေးပါဆိုတာနဲ့ အခုဇာတ်လမ်းလေးကို ကျမက ဆီလျှော်အောင်ရေးပြီး တင်ပေးလိုက်တာပါ ။ ကျမအတွက်တော့ နှစ်ဆင့်ကြားပြီး မှ ပြန်ရေးရတဲ့ ဇာတ်လမ်းလေးပေါ့ … ။ အဖြစ်မှန်လို့လည်း ပြောပါတယ် ။ ဖြစ်ပုံက ဒီလိုပါ …… ကျမသူငယ်ချင်းရဲ့ တူလေးက ပြည်လမ်း တော်ဝင် စင်တာ မှာအလုပ်လုပ်ပါတယ် စတိုမှာပေါ့ … ။ စတိုမန်နေဂျာကတော့ KZHပါတဲ့ …။ မန်နေဂျာက သူတို့ ဌာနက ဝန်ထမ်းတွေကို ပြောထားပါတယ်တဲ့ … ပါကင်ပစ္စည်းတွေ ဒန်းမေ့ချ်ဖြစ်လာရင် ဖောက်စားလို့ရပါတယ်တဲ့… သူတို့ စူပါဗိုက်ဆာ မမကလည်း အဲ့ဒီလိုပဲ လုပ်နေကျပါလို့ ကျမသူငယ်ချင်းက ပြန်ပြောပြတယ် ။ စူပါဗိုက်ဆာ မမက ပါကင်ဒန်းမေ့ချ်ဖြစ်မနေလည်း အပိုပါတဲ့ပစ္စည်းမျိုး၊ လက်ဆောင်ရတဲ့ ပစ္စည်း ဆို သူချည်းပဲယူစားပါတယ်တဲ့… ။ ကဲပါ ဒါက တပိုင်းပါ သူပိုင်လို့ သူလုပ်တာ ဘာပြသနာမှ မရှိဘူးဆိုလည်း အေးဆေးပေါ့ … ။
တနေ့ ကျမသူငယ်ချင်းရဲ့ တူလေး တာဝန်ကျတဲ့ နေ့မှာ ငါးခြောက်ကြော်ထုတ်လေး ပေါက်နေတာတွေ့ပါတယ် ။ ဒါနဲ့ သူနဲ့အတူတူ တာဝန်ကျတဲ့ သူငယ်ချင်း သုံးယောက်ကိုခေါ်ပြပြီး ရဲရဲတင်းတင်းဖောက်စားလိုက်ပါတယ် … ငါးခြောက်က ဘာတံဆိပ်ဆိုလားပဲ ကျမလည်း တံဆိပ်မမှတ်မိဘူး ၊ ဈေးလည်း သူပြောပါတယ် … မများပါဘူး ကျမ ယျေဘုယျပဲ မှတ်လိုက်တာ … နှစ်ထောင်တောင် မတန်တဲ့ ပစ္စည်းပါ ။ ငါးခြောက်ထုတ်တောင် စားလို့ မကုန်သေးဘူး ဘယ်သူက ချွန်လိုက်မှန်းမသိပဲ မန်နေဂျာက ခေါ်ဆူပါတယ် … ။ လေးယောက်စလုံး ကို တပြိုင်နက်ဆူတာပါ…။ သူတို့လည်း မန်နေဂျာပြောခဲ့ဖူးကြောင်း ပြန်ပြောပေမဲ့ … အရာမထင်ပါဘူးတဲ့ … ။ဆူပါဗိုက်စာ စားတာလည်း ပြောပေမဲ့ ဘာပြသနာမှ မလုပ်ပဲ ဒီလေးယောက်ကိုပဲ ငါးခြောက်ထုတ်အတွက် စကားကြီး စကားကျယ် ပြောပါတယ်တဲ့… ။ လခထုတ်လျှင် နှစ်သောင်းစီဒဏ်ကြေးပေးရမယ်လို့လည်း ကြိမ်းဝါးပါတယ် ။ တကယ်လခလည်း ထုတ်ရော… စာအိတ်ဖြေကြည့်တော့ ဘာမှ မနှုတ်ထားပါဘူးတဲ့… ကလေးလေးယောက်လည်း ပျော်ကြတာပေါ့ တဲ့… ။ နောက်မစားမိအောင် နေမယ်လို့ စိတ်ကူးတုန်း ဖြုန်းဆို မန်နေဂျာက ရောက်လာပါတယ် … သူတို့စာအိတ်ထဲက တယောက် နှစ်သောင်းစီနဲ့ လေးယောက်စလုံးဆီက ဖြတ်ခုတ်သွားပါတယ်… ။ ကောင်လေးတွေလည်း ကြောက်ကြောက်နဲ့ ပေးလိုက်ရပါတယ် ။ ကောင်လေးတွေထဲက လည်လည်ဝယ်ဝယ်တယောက်ကတော့ ရုံးခန်းကို သွားမေးပါတယ် ။ စာအိတ်ထဲက နှစ်သောင်းပြန်ယူသွားတာ အထက်က ညွှန်ကြားသလားပေါ့ … ။ ရုံးခန်းက လစာပေးတဲ့လူတွေ ၊ တာဝန်ရှိတဲ့လူတွေ ဘာဆိုဘာမှ မသိပါဘူးတဲ့… ။ ဒါဆိုဒီကောင်ဖြတ်ခုတ်သွားတာ သေချာတာပေါ့… ။ကိုယ့်လက်အောက်ငယ်သား အပေါ် ဖေးဖေးမမဆက်ဆံရမည့် အစား ဒီလို နိုင်ထက်စီးနင်း လုပ်ရပ်မျိုးက ရွံစရာကောင်းပါတယ်လို့လည်း ကျမသူငယ်ချင်းက ဒေါသသံနှောပြီး ပြောပြခဲ့ပါတယ် ။ ရုံးခန်းကို ကလေးတွေ သွားမေးတဲ့ကိစ္စ မန်နေဂျာသိသွားတော ့ သူက ဦးအောင် အရင်တိုင်ပါတယ် ။ ကလေးတွေ မုန့်တွေ ဖောက်စားတယ်ဆိုတာမျိုးတိုင်ပြီး သူ နှစ်သောင်းယူတာကိုတော့ ထိန်ချန်ထားခဲ့ပါတယ် … ။ အပေါ်ဖား ၊ အောက်ဖိ မျက်နှာလို မျက်နှာရ လူမျိုးတွေ မန်နေဂျာအဖြစ်လုပ်နေတဲ့အလုပ်မှာ ၊ လက်အောက်ငယ်သားဖြစ်ရတာ ဆိုးမှန်းကိုယ်ချင်းစာမိပါတယ် ။ ရုံးခန်းကို မေးသာမေးပြီး တိုင်တန်းတာမျိုး မဟုတ်တဲ့အတွက် မန်နေဂျာဆိုသူက ဦးအောင် တိုင်ပါတယ် ။ ငွေရှစ်သောင်းရထားတာတောင် သူက ကလေးတွေကို အပြစ်ဖို့ချင်တဲ့ပုံပါ ။ အထက်လူကြီးတွေကို ဘယ်လို စည်းရုံးလိုက်တယ်မသိ နောက်ဆုံးရတဲ့ အဖြေကတော့ ကလေးတွေ နှစ်သောင်းစီပြန်မရတဲ့အပြင် တစ်ပတ်အလုပ်မှ နားခံရတာပါ…။ ကလေးတွေကလည်း ကျမသူငယ်ချင်းကိုလာပြောပြကြတယ်တဲ့ … တပတ်နားတယ်ဆိုတာ ကြားကောင်းအောင်ပြောတာ ဖြစ်နိုင်ပါတယ်တဲ့.. အလုပ်သွားတက်မဲ့နေ့မှ မလာနဲ့တော့ လို့ ပြောရင် ပြောပါလိမ့်မယ်ဆိုတာမျိုး သူတို့စိတ်ထဲ ကြိုပြင်ဆင်ထားပါတယ်တဲ့… ။ ကျမတောင် ကြားပြီး ဒေါသထွက်သွားတယ် … ။ တကယ်ဆို ခေါင်းဆောင်တယောက်အနေနဲ့ ဒီလိုလုပ်ရပ်မျိုးမလုပ်သင့်ပါဘူး ။ ကိုယ့်လက်အောက်ငယ်သားအပေါ် ကူညီစောင့်ရှောက်ရမှာပါ … ။ ခေါင်းပုံဖြတ်အမြတ်ထုတ်တာ မဖြစ်သင့်ပါဘူး ။ လခ၊ ရာထူးအားဖြင့် ကလေးတွေနဲ့ ကွာဟနေပေမဲ့ နှစ်သောင်းလောက်ပိုက်ဆံလေးကို ဘာလို့ မက်မောရတာလဲ နားမလည်နိုင်တော့ပါဘူး ။ သူ့အတွက် နှစ်သောင်းစီ အချောင်ရလိုက်တာ သိပ်မများတဲ့ ပိုက်ဆံဖြစ်ပေမဲ့ ကလေးတွေအတွက်တော့ ကားခ ၊ ထမင်းစရိတ် စတာတွေ နေရာမှာ ထိခိုက်နစ်နာရပါတယ် ။ ရုံးတွင်းဖြစ်နေတာကို အပြင်ကို သိစေချင်တဲ့စိတ်နဲ့ သူ့အဒေါ်က ပြောပြလို့ တင်ပေးလိုက်ပါတယ်…။ ဝင်ရောက်ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ပါတယ် ။
20 comments
etone
March 12, 2011 at 4:07 am
KZH ကိုနာမည်ရှည်ရေးပါ 😀
ယောလေး
March 12, 2011 at 4:34 am
KZH=Kyaw Zin Htut
ကြီးနိုင်ငယ်ညှင်းပေါ့၊ အလုပ်တောင် အနားခံရတယ်ဆိုတော့ တော်တော်ဆိုးတာပေါ့။ အပြင်မှာတွေ့ရင် ချောင်းရိုက်ကြပါလား။ လေးယောက်ဆိုတော့ ကျတော်သောဆို ချောင်းပြီးလေးခွနဲ့ထုမယ်။
ယောလေး
March 12, 2011 at 4:35 am
KZH=Kyaw Zin Htut
ကြီးနိုင်ငယ်ညှင်းပေါ့၊ အလုပ်တောင် အနားခံရတယ်ဆိုတော့ တော်တော်ဆိုးတာပေါ့။ အပြင်မှာတွေ့ရင် ချောင်းရိုက်ကြပါလား။ လေးယောက်ဆိုတော့ ကျတော်သာဆို ချောင်းပြီးလေးခွနဲ့ထုမယ်။
Shwe Tike Soe
March 12, 2011 at 4:49 am
ဟုတ်ပါတယ် နာမည် ထည့်ရေးသင့်တယ်
ဘယ်လိုပဲဖြစ်ဖြစ် ဝန်ထမ်းတွေဘက်က ရပ်တည်ပေးရမှာလေ..
ဒီလိုပါပဲ..
ဝန်ထမ်းလေးတွေကလဲ မလုပ်ရဲလို.ပါ ဘဝချင်းလဲပြစ်လိုက်ပေါ့ မရရအောင်တက်တိုင်ပေါ့ဗျာ..(အလုပ်ပြုတ်မယ့်အတူတူ)
အဲဒီလို သာ ငြိမ်ခံနေမယ်ဆိုရင် ပိုဆိုးလာမှာပေါ့..
ဒါပေမယ့် ကိုယ်ဘက်ကသေချာဖို.တော့လိုမယ်ဗျ..
etone
March 12, 2011 at 4:50 am
ဆောရီးပါ … KZH မဟုတ်ပါဘူး ။ K S H ပါ…။
ယောလေးဖြေတဲ့ ကျော်တလုံးမှန်ပါတယ် … နောက်ဆုံးနှစ်လုံး လွဲနေပါသေးတယ်… ။
bigcat
March 12, 2011 at 4:56 am
ဘယ့်နှယ် KZH အရှည်ကောက်ကို အီးတုံးကရေးပြီး ပြန်မေးနေရသလဲ။ ဇာတ်လမ်းက အမှန်ဆိုရင် ပြုတ်မှာလည်းဂရုမစိုက်ရင်၊ ဒါမှမဟုတ် ပြုတ်ခဲ့ရင် သူဌေးကို စာရေး၊လူကိုယ်တိုင်တွေ့တိုင်ပါ။ အီးမေးပို့ပါ။ နောက်ဆက်တွဲသတင်းကို update လုပ်ပါ။
davit
March 12, 2011 at 5:25 am
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်…..လုံးဝမယုံပါဘူး……ဘာကြောင့်လဲဆိုတော့….supermarket field မှာ အဲလိုမျိုးကိုယ့် department အချင်းချင်းတော်ရုံတန်ရုံ စိတ်ဝမ်းကွဲတာတို့…နှိပ်ကွပ်တာတို့ဆိုတာ တော်တော်ရှားတဲ့ကိစ္စပါ….ပြီးတော့ပိုပြီးမဖြစ်နိုင်တာ…လစာကို အထက်က BOD တို့ဘာတို့မသိအောင် ဖြတ်ယူတဲ့ကိစ္စပါ….ဘာကြောင့်လဲဆိုတော့…ခုဏပြောသလိုပါပဲ…supermarket field မှာ ဘယ်အရာမှာ တိတ်တဆိတ်လုပ်လို့မရပါဘူး…..ကောင်းတာပဲဖြစ်ဖြစ် ..မကောင်းတာပဲဖြစ်ဖြစ်…ခဏလေးနဲ့ သတင်းပြန့်ပါတယ်….မန်နေဂျာလို့ဖြစ်လာကတည်းကကို…သူမှာ ဒီ field နဲ့ပါတ်သက်ပြီး အတွေ့အကြုံများကြီးရှိထားလို့ပါ…အဲဒိလိုမျိုးအတွေ့အကြုံတွေအများရှိထားတဲ့သူက အဲဒိလိုမျိုးဘယ်တော့မှ မလုပ်ပါဘူး….ပြီးတော့ မကြာခင်လူတွေလည်းသိသွားတော့မယ်..သူရတာကလည်း 80000 လောက်နဲ့ သူနာမည်အပျက်ခံမယ်ထင်သလား….သေသေချာချာစဉ်းစားကြပါ….တစ်ခုခုလွဲနေတာသေခြာသလောက်ပါ……ဘာကြောင့်ဒီလိုပြောနိုင်သလဲဆိုရင် ကျွန်တော်က supermarket field မှာဝန်ထမ်းဘနဲ့ အလုပ်လုပ်လာခဲ့တာ…1999 နှစ်ကုန်ပိုင်းကနေ 2009 လောက်အထိပါ……ဒါကြောင့်ဒီလိုမျိုးပြောနိုင်တာပါ…..supermarket တွေမှာဆိုရင် တစ်ခြား Department တွေနဲ့သာ တိုက်ခိုက်ချင်တိုက်ခိုက်မယ်…ဆိုလိုတာက dept; အချင်းချင်းသိပ်မတည့်တတ်ကြဘူး….ဒါပေမဲ့ ကိုယ့် dept; ကိုတော့ လာမထိနဲ့ ဆိုတာမျိုးစည်းလုံးတတ်ကြပါတယ်…..ရွာသားတွေကလည်း(တစ်ချို့ပါ)…အကြောင်းအရာတစ်ခုရေးလိုက်တာနဲ့…အရမ်းမစဉ်းစားတော့ပဲ…အဲဒါကိုအမှန်ဆိုပြီးအရမ်းကိုယုံကြည်ကြပါတယ်….ကျွန်တော်ဒီလိုဝင်ပြောလို့တော်ဝင်စင်တာက စတိုမန်နေဂျာ ဘယ်သူဆိုတာကို သိလို့မဟုတ်ပါဘူး….အခုရေးတဲ့အချိန်အထိကို သူဘယ်သူမှန်းမသိပါဘူး…ကျွန်တော်ပြောပါ အမှားပါရင်ခွင့်လွှတ်ပါ….
davit
March 12, 2011 at 5:35 am
( မန်နေဂျာက သူတို့ ဌာနက ဝန်ထမ်းတွေကို ပြောထားပါတယ်တဲ့ … ပါကင်ပစ္စည်းတွေ ဒန်းမေ့ချ်ဖြစ်လာရင် ဖောက်စားလို့ရပါတယ်တဲ့… သူတို့ စူပါဗိုက်ဆာ မမကလည်း အဲ့ဒီလိုပဲ လုပ်နေကျပါလို့ ကျမသူငယ်ချင်းက ပြန်ပြောပြတယ် ။ စူပါဗိုက်ဆာ မမက ပါကင်ဒန်းမေ့ချ်ဖြစ်မနေလည်း အပိုပါတဲ့ပစ္စည်းမျိုး၊ လက်ဆောင်ရတဲ့ ပစ္စည်း ဆို သူချည်းပဲယူစားပါတယ်တဲ့…) ………ဒါကပြန်ပြီး copy ကူးထားတာပါ….မြန်မာနိုင်ငံမှာ supermarket လက်ချိုးရေလို့ရပါတယ်…ရန်ကုန်မြို့မှာဆိုရင်….ဦးပိုင်ကဖွင့်ထားတာရော…..ဒေါ်ဝင်းဝင်းတင်(မမီး)တို့ဖွင့်ထားတာရော…တစ်ခြားတစ်ခြားဖွင့်ထားတာတွေရောပေါင်းကြည့်လိုက်ပါ…ဆိုင် 20 မပြည့်သေးပါဘူး..(minimart မပါပါ ) …..အဲဒီ ဆိုင်တွေကိုစုံစမ်းကြည့်ပါ…. Supermarket store (or) warehouse တွေရဲ့ Rules & Regulation မှာအပေါ်ဆုံးမှာကူးပြီးရေးပြထားတဲ့ အတိုင်းခွင့်ပြုထားတဲ့ဆိုင်ရှိပါသလားဆိုတာကို….စုံစမ်းကြည့်လိုက်ရင် ဘွားကနဲပါပဲ………ကျွန်တော်ဘယ်သူ့ကိုမှတိုက်ခိုက်တာ…မတရားပြောတာမဟုတ်ပါဘူး….ဖြစ်နိုင်ခြေတွေကိုပြောပြတာပါခင်ဗျာ…….အမှားပါသွားရင်တော့ ခွင့်လွှတ်ပေးပါ…….
etone
March 14, 2011 at 7:54 am
နီးစပ်သူများ ရှိရင် စုံစမ်းကြည့်လိုက်ကြပါ ။ ပုပ်လျှင်ပေါ် ဟုတ်လျှင် ကျော်မှာပါ ။ ဟိုးအောက်ဆုံးက chitlay ဆိုတဲ့ တယောက်တောင် သူနဲ့ နီး စပ်ရာက ပ ါပါတယ်လို့ ပြောသွားတာ လက်တွေ့ပါပဲ ။ ရာထူးမြင့်ကို ရောက်နေတိုင်းလည်း စိတ်ဓါတ်ကောင်းချင်မှ ကောင်းမယ် ။ မဖြစ်နိုင်ဘူး ထင်ခဲ့ပေမယ့် တကယ်ဖြစ်ခဲ့ပြီပဲ … ။ နောက်တစ်ခုက… ရာထူး… ။ ဘာမှ မဟုတ်တဲ့ ပမွှားလေးကို မန်နေဂျာပြန်ခန့်ပြီး အချင်းချင်း ပြန်အုပ်ချုပ်စေတာမျိုးလည်း ရှိခဲ့ပါတယ်… ။ သူများထက်အခွင့်ရေး နည်းနည်းပိုပေးမယ် ရာထူးလည်းရမယ်ဆိုရင် တန်းတူ လုပ်ဖော်ကိုင်ဘက်တွေ အပေါ် ချနင်း တတ်တဲ့ လူမျိုးတွေ ရှိနေပါသေးတယ် ။ သုံးသိန်းလေးသိန်း လစာရမှ မန်နေဂျာဖြစ်တာမဟုတ်ပါဘူး ။ တချို့ မန်နေဂျာတွေ လစာလေး တသိန်းမပြည့်တပြည့်ရတာ မြင်ခဲ့ဖူးပါတယ်… ။
bigcat
March 12, 2011 at 5:40 am
ဘာပဲဖြစ်ဖြစ်အခုလိုအများပြည်သူဝင်ကြည့်နိုင်တဲ့ အွန်လိုင်းဆိုရှယ်ဆိုက်ပေါ်ကို သတင်းတက်လာပြီဆိုတော့ ဖြစ်ရပ်မှန်ကို ထုတ်ပြန်ပေးဖို့ အရေးယူဆောင်ရွက်ပေးဖို့ ကုမ္မဏီမှာတာဝန်ရှိပါတယ်။ သူတို့အလုပ်များနေလို့မသိရင်လည်း အဆက်သွယ်ရှိသူများက လက်တို့သတင်းပေးသင့်ပါတယ်။ ဖြေရှင်းပေးနိုင်ရင် အလုပ်ရှင် အလုပ်သမားနှစ်ဦးစလုံးအတွက် အကျိုးများမဲ့ကိစ္စပါ။ ကောင်းတာက ကုမ္မဏီအီးမေးကိုသိသူများ၊ ပိုင်ရှင်သူဌေးများရဲ့ အီးမေးလိပ်စာကို သိသူများက အထက်ပါပို့စ်ကိုကော်ပီဖြစ်ဖြစ် လင့်ဖြစ်ဖြစ်ကူးပြီး မေးလ်ပို့သင့်တယ်ထင်ပါတယ်။
researcher
March 12, 2011 at 10:59 am
စီမံခန့်ခွဲမှုကောင်းတဲ့ Company တွေမှာ ဆိုရင် အလုပ်လုပ်ရင် Business Process တွေကို ထောင့်စေ့အောင် စဉ်းစားထားပြီး ဘာဖြစ်ရင် ဘာလုပ်ရမယ် ဆိုတဲ့ Rule and Regulations တွေ၊ Terms and Conditions တွေ ၊ လုပ်ထုံးလုပ်နည်း လုပ်ငန်း Procedure တွေ ၊ လုပ်ငန်း ညွှန်ကြားချက် Instruction တွေ ၊ ဒါတွေကို သတ်မှတ်ထုတ်ပြန်ပြီး အလုပ်လုပ်ကြပါတယ်။ တချို့ Company တွေမှာတော့ Business Process တွေကို ကြိုတင်စဉ်းစားထားခြင်းမျိုး မရှိပဲ ကြုံလာတော့မှပဲ အစဉ်ပြေသလို ဆုံးဖြတ်ဖြေ ရှင်းလိုက်ကြပါတယ်။ အဲဒီတော့ တခါနဲ့တခါ ဆုံးဖြတ်တာ မတူပဲ အမျိုးမျိုးမူကွဲနေ တတ်ပါတယ်။ နောက်တခါ အဲဒီလိုစဉ်းစားဆုံးဖြတ်တဲ့ အခါမှာ Company ရဲ့ Image ကောင်းပါ့မလား၊ Impression down သွားမလား၊ ဝန်ထမ်းတွေအပေါ် Customer တွေ ဘယ်လိုမြင်သွားမလဲ ဆိုတာမျိုးကို မစဉ်းစားမိပဲ အလွယ် ဆုံးဖြတ်တာမျိုး ဖြစ်သွားတတ်ပါတယ်။ အခုလဲ တော်ဝင် စင်တာ ကိစ္စမှာ ကိုယ်ရောင်း နေတဲ့ ပစ္စည်းတစ်ခု ပျက်စီး၊ ပျောက်ဆုံး၊ Expire ဖြစ်ရင် ဘယ်လို လုပ်ရ မယ်ဆိုတာမျိုး တိတိကျကျ ညွှန်ကြားထားခြင်း မရှိပဲ ကြုံသလို ဖြေရှင်းနေတဲ့ အနေအထားဖြစ်နေပါတယ်။ ဒါမှမဟုတ် ညွှန်ကြားချက်တွေ၊ လုပ်ထုံးလုပ်နည်းတွေကို ဝန်ထမ်းတိုင်းက သိရှိ နားလည်သဘောမပေါက်တာလဲ ဖြစ်နိုင်ပါတယ်။ Top Management, Senior Management, Middle Management စသည်ဖြင့်ပေါ့လေ Management Level မှာ အလုပ်လုပ်နေတဲ့သူတွေ အနေနဲ့ စီမံခန့်ခွဲမှုပိုင်း၊ အုပ်ချုပ်မှုပိုင်းမှာ ကျွမ်းကျင်မှု အားနည်းနေတဲ့ပုံစံ ဖြစ်နေပါတယ်။ Shopping Center Business ကို မလုပ်ဘူးတာလဲ ဖြစ်နိုင်ပါတယ်။
ကျွန်တော်တွေ့ဘူးတဲ့ အဆင့်မြင့် ရုပ်ရှင်ရုံတစ်ခုမှာဆိုရင် ရုပ်ရှင်လာကြည့်တဲ့သူတွေ ပစ္စည်းကျန်ခဲ့ရင် သေသေ ချာချာ Register လုပ်ပြီး စာရင်းသွင်းထားပါတယ်၊ လာရောက်စုံးစမ်းတဲ့သူရှိရင် ပစ္စည်းပိုင်ရှင် ဟုတ်၊ မဟုတ် အသေအချာမေးပြီး ပစ္စည်းပြန်ထုတ်ပေးပါတယ်။ လက်မှတ်ထိုးပြီးလဲ မှတ်တမ်းတင်ထားပါတယ်။ ပိုင်ရှင်မပေါ်ပဲ ကျန်နေတဲ့ ပစ္စည်းတွေဆို ဘာလုပ်လဲ ဝန်ထမ်းတွေကို မဲနှိုက်ပေးလားလို့ တီးခေါက်ကြည့်တဲ့ အခါ အဲဒီလို မလုပ်ဘူးလို့ပြောပါတယ်။ အဲဒီလို လုပ်ခွင့်ပြုရင် နောင် ဝန်ထမ်းတွေအနေနဲ့ ပစ္စည်းတွေကျန်ခဲ့ရင် ပိုင်ရှင်မပေါ် လေ ကိုယ်ရလေ ဆိုတာမျိုးဖြစ်သွားနိုင်တာရယ်၊ အဲဒီလို ခွဲဝေယူတယ်ဆိုတဲ့ သတင်းကို အပြင်လူ တွေသိသွား ရင် ဝန်ထမ်းတွေကော၊ Company ကော Impression မကောင်းဘူးဆိုပြီး ဝန်ထမ်းတွေကို ခွဲဝေ ပေးတာမျိုး မလုပ်ဘူးလို့ဆိုပါတယ်။ (၆) လ၊ (၁) နှစ်ကြာလို့ လာမယူတဲ့ ပစ္စည်းတွေ များနေတယ်ဆိုရင်တော့ နွမ်းပါးတဲ့သူ တွေကို လှုရမယ်လို့ မူချထားပါတယ်တဲ့။ အခုထိတော့ ပစ္စည်းများများစားစား ကျန်မနေပါဘူးလို့ ပြောပါတယ်။ ဒါကိုကြည့်ခြင်းဖြင့် ဒီအဖွဲ့အစည်းရဲ့ စီမံခန့်ခွဲမှု ကောင်း၊ မကောင်း မှန်းလို့ရပါတယ်။
အထက်မှာရေးထားသလို Damage ဖြစ်ရင် ဖောက်စားလို့ရတယ် ဆိုတဲ့မူဟာ နောင်ကျရင် ဝန်ထမ်းအနေနဲ့ ပစ္စည်းတွေကို ပျက်စီးအောင် တမင်လုပ်တာမျိုးတောင် ဖြစ်လာနိုင်ပါတယ်။ စီမံခန့်ခွဲမှုကျွမ်းကျင်သူတွေဟာ ဒါမျိုးကို ခွင့်မပြုကြပါဘူး၊ Bigcat ပြောသလိုပဲ သက်ဆိုင်ရာ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စကိုသိပြီး အုပ်ချုပ်မှု ပိုင်း၊ စီမံခန့်ခွဲမှုပိုင်းကို အချိန်မီပြုပြင်ပြောင်းလဲပြီး နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်မယ်ဆိုရင် ကောင်းသွားမှာပါ။
ဆူး
March 12, 2011 at 1:39 pm
စူပါမားကတ်တွေမှာ ပစ္စည်းတင်တာနဲ့ ပတ်သတ်ပြီး နည်းနည်းတော့ သိတယ်။
ပစ္စည်းသွားတင်ရင် ဝန်ထမ်းက ကိုယ့်ဟာ မဟုတ်သလိုဘဲ ဟိုပစ် ဒီပစ် အပေါက်အပြဲ တာဝန်မယူဘူး ပျက်သွားရင် ပြန်ယူ.. ပစ္စည်းပေးတင်တုန်းကတော့ အသစ် ပြန်လာတော့ ဟိုပြဲ ဒီပြဲနဲ့ သုံးမရ ပျက်စီး ဆုံးရှုန်းမှုကို တာဝန်မယူ.. ပစ္စည်းတင်တဲ့ လူတွေ အားကြီး စိတ်ညစ်တယ် ငြီးတာ ကြားဘူးတယ်။
နောက်ပြီး ဂိုထောင်မှာ ကြွက်ကိုက် ချကိုက် ပုရွက်ဆိတ်ကိုက်တဲ့ ပြသနာ ဖြစ်ရင်လည်း တာဝန်မယူပါဘူး။ ဒီအကောင်တွေက ဂိုထောင်က ဟာပါဘဲ.. ပေးတုန်းက အကောင်းပေးပြီး သုံးမရတဲ့ ဟာတွေ ပြန်ပေးတယ် အလျော်မပေးဘူး။
အသားတင် အကျိုးအမြတ်ယူယုံကနေပြီး ဘာမှ တာဝန်ယူတဲ့ ဥပဒေ သူတို့ ဆီမှာ မရှိတာ သတိထားမိတယ်။
တင်တဲ့ လူတွေကလည်း ဘယ်တတ်နိုင်မလဲ သူတို့ ဆီ တင်မှ ရောင်းရမှာ ဆိုတော့ နာနာနဲ့ လိမ့်ခံနေကြတာဘဲ။
student
March 12, 2011 at 2:48 pm
ကျွန်တော်တို.ဆိုင်လဲတော်ဝင်မှာဆိုင်ပြင်တာကော်ပတ်စားလို.တဲ.မီးပြတ်
လိုက်တယ်။နောက်ရုးံသွားတော.ကော်ပတ်စားလို.တဲ.ဒဏ်ငွေ၃သောင်းရိုက်တယ်။ဌါးတုးံကစာချုပ်မှာဘာစည်းကမ်းမှမပါဘူး။ဘယ်သူကထုတ်တဲ.
တော်ဝင်စင်တာစည်ကမ်းလဲမသိဘူး။
chitlay
March 14, 2011 at 5:28 am
etone ရေ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီ့အထဲမှာ chitlay ရဲ့ မောင်ဝမ်းကွဲလေး တစ်ယောက်ပါတယ်။
ဖြစ်တဲ့ကလေးတွေက ဘာရှိအုံးမှာလဲ ခုမှ အသက် ၂ဝ တောင်မပြည့်ကြသေးဘူး။
အခုအလုပ်ကမရှိတော့ စိတ်ပျက်လက်ပျက်ဖြစ်နေကြတာပေါ့။
သူတို့ရဲ့ မန်နေဂျာ ကျော်စွာလှိုင် ဆိုတဲ့လူလည်း အလုပ်ပြုတ်သွားပြီလို့ ကြားပါတယ်။
ဆူး
March 14, 2011 at 12:25 pm
ဒါနဲ့ စကားမစပ် အဲဒီ ကလေးတွေ လစာ ဘယ်လောက်ရကြသလဲ။
etone
March 15, 2011 at 1:39 am
မဆူးရဲ့ မဖြေကို ဖြေပေးဖို့ ပြောပြတဲ့ သူငယ်ချင်းကိုဆက်သွယ်ကြည့်တော့ လစာ ခုနှစ်သောင်းရပါတယ်တဲ့ …။
လင်းငယ်
March 14, 2011 at 11:03 pm
လူတစ်ယောက်ရဲ့ စိ်တ်ဓာတ်က ဘာနဲ့ မှ လဲလို့ မရတာ လူတော်တော်များများ သိပြီး မလုပ်နိုင်ကြသေးဘူးနော်။ ပြီးတော့ ကိုယ်လုပ်တဲ့ တာဝန်ကို ယူနိုင်တဲ့ သူ ဒီရွာထဲမှာ ဘယ်နှစ်ယောက် ရှိကြလဲ။ ဒါက ကိုယ့်ကိုယ်ကို ပြန်မေး ပြန်ဖြေကြည့်ပါ။ ဒီက ရွာသားတို့ ဖြေတဲ့ အဖြေက ကျွန်တော့်အတွက် အရာမဝင်ပါဘူး။ ဒါပေမယ့် ကိုယ်အတွက်တော့ အလွန်အရေးကြီးတဲ့ အရာတစ်ခုဆိုတာတော့ သတိရပေးကြပါ။ ကိုယ့်ကြောင့် ခလုတ်တိုင်သွားတဲ့ လူတစ်ယောက်ကို “တောင်းပန်ပါတယ်” လို့ ပြောဖူးကြပါသလား????
etone
March 15, 2011 at 2:12 am
နောက်ဆုံးရရှိတဲ့ သတင်းကတော့ …
ဂေဇက်မှာ ရေးတဲ့ ဒီပို့စ်ကို တော်ဝင်စင်တာမှ တာဝန်ရှိသူတွေ မြင်မိသွားပြီး စိစစ်စစ်ဆေးတယ်လို့ ကြားပါတယ် … အခု ကလေးတွေကို ယာယီ ရပ်နားထားတဲ့ ရ ရက်မပြည့်ခင်ပဲ ဖုန်းတွေ ဆက်ပြီး ပြန်ခေါ် အလုပ်ဆင်းခိုင်းနေပါပြီ ။ ဒါဖြစ်သင့်တဲ့ လုပ်ရပ်ပါ ။ ကျမလည်း ကျေနပ်မိပါတယ် ။ ကျမရဲ့ ပို့စ်ထဲမှာ ပါတဲ့ စူပါဗိုက်ဆာ မမကတော့ သူ့အကြောင်းပါလို့ ငိုဟယ်ရယ်ဟယ်ဖြစ်ပါသတဲ့ … စိတ်တော့မကောင်းပါဘူး ။ ကလေးတွေနဲ့ နှိုင်းယှဉ်ပြတဲ့နေရာမှာ ကွာဟချက်သိသာအောင် ပြထားပေးတာပါ .. ။
white
March 15, 2011 at 4:17 am
ဓါးသွားထက် ကလောင်သွား ထက်ပါတယ်
အခုကိစ္စ မှာတော့ comment တွေ ဖတ်ရတာ တကယ် ဖြစ်တဲ့သဘောလို့ယူဆရပါတယ်၊ အိတုံ ဆိုတာဘယ်သူမှန်းမသိပေ မဲ့ MG မှာရေးလာတဲ့အနေအထားအရ သူကိုယ်သူတော့ တာဝန်ယူမှာဘဲ
နစ်နာသူတွေအတွက် လဲ အကျိုးရှိသွားတယ်
အဲဒီလို မဟုတ်ဘဲ ဒီနေ့ မှ account ဖွင့် ဒီနေ့ ဘဲ အဖြစ်မှန်တစ်ခုအပေါ် အခြေခံပြီး သူလိုချင်တာတွေ ထည့်ရေးသွားရင် ကာယကံရှင်တွေ အတွက် အရမ်းနစ်နာမှာပါ ရေးတဲ့သူကတော့ ပျောက်သွားပြီ ခံရမဲ့သူမှာတော့ သက်သာမှာ မဟုတ်ဘူး
eros
March 15, 2011 at 5:40 am
နောက်ဆုံးရ သတင်းကြောင့် အိတုံကို လေးစားဂုဏ်ပြုပါတယ်။ နောင်များလည်း ဒီလိုမျိုး မတရားလုပ်ရပ် အဖြစ်မှန်တွေကို ဖော်ထုတ်နိုင်ပါစေ။