အဆင်ပြေအောင်လို့ပါ …

မမေလးMarch 13, 20112min20914
ကောင်လေးတစ်ယောက်က သူ့ချစ်သူကောင်မလေးဆီကိုကောင်လေးကလည်း သူ့ချစ်သူကောင်မလေးဆီကို

ချစ်ရသူရဲ့အဝေး နိုင်ငံရပ်ခြားကို ရောက်နေပြီး သင့်အလွမ်းတွေကို ဖော်ညွှန်းချင်လို့ပဲဖြစ်ဖြစ်

စိတ်ကောက်နေတဲ့ ချစ်သူလေးကို စိတ်ကောက်ပြေချော့ဖို့ ခက်ခဲနေလို့ပဲဖြစ်ဖြစ်

အမြတ်နိုးဆုံးသူလေးကို ဘာလက်ဆောင်ပေးရမလဲ စဉ်းစားရခက်နေလို့ဖြစ်ဖြစ်

လက်ဆောင်ပစ္စည်း အပြေးအလွှားသွားဝယ်ဖို့ အချိန်မအားလို့ပဲဖြစ်ဖြစ်

တိတ်တခိုး ချစ်ရသူဆီ ချစ်ခွင့်ပန်ဖို့ မဝံ့ရဲဖြစ်နေလို့ဖြစ်ဖြစ်

ဘယ်လိုအကြောင်း ဘယ်လိုအခက်အခဲမျိုးတွေကြောင့်မဆို အချစ်ရဆုံး သင့်အမြတ်နိုးဆုံး ချစ်သူဆီ

သင့်အချစ်နဲ့ အလွမ်းတွေ ပေါ်လွင်စေဖို့ လက်ဆောင်လှလှလေးတွေ ပေးဖို့ ရွေးဖို့ စဉ်းစားကြတဲ့အခါ

giftenvoy ကိုသာ သတိရလိုက်ပါ

အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေကို bridge you two by gift envoy က  ဖန်တီးပေးနေပါပြီ

gift envoy ကို ဆက်သွယ်ချင်တယ်ဆိုရင်တော့

 

bridgeyoutwobygiftenvoy@gmail.com ကိုသင်ပို့လိုတဲ့ ရက်စွဲမတိုင်ခင် အနည်းဆုံး

၃ရက်အလိုမှာ မေးလ် ပေးပို့ထားလိုက်ပါ

 

မေးလ်မှာပါဝင်ရမယ့် အချက်အလက်တွေကတော့

၁. သင့်ချစ်သူအမည်နှင့် လိပ်စာ

၂. ပေးပို့ရမည့် ရက်စွဲ/ အချိန်

၃. ခန့်မှန်းလက်ဆောင်တန်ဖိုး

အဲ့လိုပို့ပြီးပြီဆိုရင်တော့

မိမိကိုယ်တိုင်ဖြစ်စေ၊ အသိမိတ်ဆွေ သူငယ်ချင်းတစ်ဦးဦးထံမှဖြစ်စေ၊ နီးစပ်ရာ ဘဏ်မှတဆင့်ဖြစ်စေ

လက်ဆောင်ပစ္စည်းတန်ဖိုးနှင့် ဝန်ဆောင်ခ ၄၀၀ဝကျပ်ကို ပေးသွင်းရမှာ ဖြစ်ပါတယ်။

အဲ့လို ပေးသွင်းပြီးပြီဆိုရင်တော့ သင်ပို့ချင်တဲ့နေ့မှာပဲ သင်မြတ်နိုးရသူလေးက

သင့်လက်ဆောင်ပစ္စည်းလေးကို လက်ခံရရှိတော့မှာဖြစ်ပါတယ်

တကယ်လို့ သင်ကသာ ချစ်သူကို လက်ဆောင်ပေးမယ် ကြိုပြောမထားဘူးဆိုရင် အချစ်ရဆုံး

အမြတ်နိုးဆုံးသူအတွက် အံ့ဩဝမ်းသာပီတိကို မွေးဖွားပေးလိုက်ရင်း သင့်ချစ်သူအတွက်

သင်ရဲ့ချစ်မြတ်နိုးခြင်းကို ပိုပြီးလေးနက်စေမယ်လို့ ယုံကြည်ပါတယ်။

သင်မည်သည့်နေရာတွင်ရောက်နေသည်ဖြစ်စေ သင်နဲ့ သင့်ချစ်သူကြားက အလွမ်းနဲ့

အချစ်တွေကို bridge you two by gift envoy က တံတားတစ်ဆင်းသဖွယ်

ပေါင်းကူးပေးတော့မှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်

bridgeyoutwobygiftenvoy@gmail.com ကိုသာ သင့် gmail account လေးထဲကို

add လုပ်လိုက်ကြရအောင်……

 

ရပ်ဝေးရပ်နီး ချစ်သူများအဆင်ပြေအာင်  သိတာလေးကို စေတနာနဲ့ ဖော်ပြပေးလိုက်ပါတယ်နော် . . .

14 comments

  • Gong Zhu

    March 13, 2011 at 4:33 pm

    စိတ်ချရပါတယ် … ကိုယ်တွေ့ပါ … လိမ်တယ်ထင်မှာစိုးလို့လေ … လုပ်တဲ့ မမနဲ့ မောင်လေး နဲ့ က မောင်နှမနှစ်ယောက်လုံး ဆေးကျောင်းကပါလို့ …

    • draungkyawkyawoo

      March 14, 2011 at 7:42 am

      ဆေးကျောင်းတက်နေတုန်းလား ဘယ်နှစ်ကလဲ ။
      စာမေးရင်သာ အီးအားနဲ့ ခေါင်းကုတ် ၊ ဖင်ကုတ်လုပ်နေတာ … ဒါမျိုးလုပ်ဖို့ အချိန်ရှိသေးတယ်လား ။

  • bigbird

    March 13, 2011 at 4:53 pm

    ခါကာဗိုရာဇီ နားမှာ ကိုငှက်ကြီးချစ်သူရှိတယ်။ ပို ့ပေးမှာလားဟင်..?

    • bigcat

      March 13, 2011 at 5:59 pm

      ဒါဆိုရင်တော့ တေဇလက်ချက်မိသွားလောက်ပြီ။ 😀

      ဂေါင်ဇူးပြောတဲ့ delivery ဝန်ဆောင်မှုမျိုးကို မြန်မာတိုင်းမ်စ် မှာလား ဘယ်မှာလည်းမသိဘူး အရင်ကတွေ့ဘူးတယ်။ အဲဒီတုန်းက တော်တော်ဈေးကြီးတယ်။ အက်ဖ်အီးစီနဲ့ယူတယ်။ အခုလိုမျိုး ဝန်ဆောင်ခ လေးထောင်ဆိုတော့ မဆိုးဘူးထင်ပါတယ်။ ကြုံလို့ရှိရင်မေးပေးပါ၊ တိတ်တခိုး ချစ်ခင်လေးစားရတဲ့ နေပြည်တော်က ဘဘကြီးလင်မယားလက်ထဲကို surprise လက်ဆောင်တန်းရောက်သွားအောင် ပို့ချင်လို့ ဖြစ်နိုင်မလားလို့။ ဝန်ဆောင်ခ ဘယ်လောက်ပေးရပေးရ တတ်နိုင်ပါတယ်။

  • weiwei

    March 13, 2011 at 6:04 pm

    Gong Zhu ကို ဂေါင်ဇူးလို့ အသံထွက်တာတွေမြင်ရတာများလာတော့ အသံထွက် ပြင်ပေးချင်တဲ့ စေတနာနဲ့ ဝင်ပါလိုက်ပါရစေ …
    gong zhu ကို ကုံးကျူ ၊ အဓိပါယ်ကတော့ မင်းသမီး ဖြစ်ပါတယ် … တရုတ်ရာဇဝင်ကားတွေမှာ ကုံးကျူလို့ခေါ်တာ ကြားဖူးကြမယ်ထင်ပါတယ် …
    မင်းသမီးလေးပေါ့ ..

    • bigcat

      March 13, 2011 at 6:29 pm

      ဒါကတော့ ဘယ်ခေတ်တုန်းက တရုတ်စကားနဲ့ အဓိပ္ပါယ်ဖွင်မလည်းဆိုတာပေါ် မူတည်ပါလိမ့်မယ်။ ကျနော့်အသံထွက် တရုတ်စကားက လွန်ခဲ့တဲ့ နှစ်ပေါင်းငါးသောင်းလောက်က တရုတ်အသံထွက်။ အန်တီဝေ့တရုတ်အသံထွက်က ဘယ်ခေတ်လောက်တုန်းကပါလိမ့်…

  • ဒီဝန်ဆောင်မှုလေးကို ကြိုက်တယ်ဗျာ.. အဲလိုဝန်ဆောင်မှုမျိုးရှာနေတာ.. ဒီနိုင်ငံတွေမှာတော့ ပေါပါ့.. မြန်မာပြည်မှာ ကျန်ခဲ့တဲ့ ဂျစ်ဂျစ်ကို ပို့ပေးချင်နေတာ တင်ပေးတဲ့ ညီမလေးလား၊ အစ်မကြီးလားမသိတဲ့ ကုံးကျူကို ရှဲရှဲပါလို့… း))

    (စိတ်ချပါရစေနော်.. သတင်းမှားတွေ ဖြစ်နေမှာလဲစိုးသား)

  • Shwe Tike Soe

    March 14, 2011 at 3:33 am

    အင်း ဒီဝန်ဆောင်မှုကို တာဝန်ယူတဲ့သူက တော်တော် တော့ သတိရှိရမယ်နဲ့တူတယ်..
    တော်ကြာ ကောင်မလေး အမေ၊အဖေ တွေနဲ.တွေ.လို.ကတော့ ပို.ခိုင်းသူအစား ဗျင်း ခံရမှဖြင့်
    ကောင်းပါတယ် ဝန်ဆောင်မှုလေးက

  • ယောလေး

    March 14, 2011 at 3:54 am

    ဘယ်နေရာ ဖြစ်ဖြစ်ရတယ်ပေါ့လေ…
    ရွာမှာနေတဲ့ အမေ့ဆီ ပို့ခိုင်းဦးမှပဲ….:))))))))))0

  • Gong Zhu

    March 14, 2011 at 7:25 am

    ဟီးဟီး … မင်းသမီးလေးပါရှင့် အသက်က ၁၉နှစ် ညီမလေးလို့ပဲထင်ပါတယ် …
    ရှူံးနိမ့်မှုများနဲ့.. လူ … ရှူံးနိမ့်ပြီးသားပါဆို ဘာထက်စိုးရိမ်နေတာလဲ ။ 😛 တစ်ခါပို့ဖူးပါတယ် ။ ပန်းစည်း တစ်စည်း အဝါရောင် လို့ သူတို့က ပို့စ်ကဒ်ထည့်မှာလားတဲ့ ထည့်မယ်လို့ ၁၅၀၀ဝ သွားပေးလိုက်ပါတယ် … ပြောတဲ့နေ့ ပြောတဲ့အချိန် ပြောတဲ့အိမ်မှာ ပြောတဲ့လုူရဲ့ လက်ထဲရောက်အောင်ထည့်ပေးပါတယ်။ အမေ့လက်ထဲထည့်ပေးချင်ရင် အမေ့လက်ထဲ ၊ အဖေ့လက်ထဲထည့်ပေးချင်ရင် အဖေ့လက်ထဲထည့်ပေးမှာပါ ။ 😛 ကိုယ်က ပစည်းဝယ်ပေးရင်လည်းရပါတယ် ။ ပို့ခ ပဲပေးရမှာပေါ့ ။ ပစည်းသွားမဝယ်နိုင်ရင်တော့ သူတို့ကိုကြိုက်တဲ့ပုံစံ နဲ့ အရောင်ပြောလိုက်ရင် သူတို့သွားရှာဝယ်ပေးပါတယ် ။။။ အားလုံးအဆင်ပြေကြမှာပါ ။ ရပ်ဝေးက ကိုကို မမ ကလည်း ကိုယ့်ချစ်သူကို တစ်ကူးတစ်က ပို့ခ အများကြီး အကုန်ခံပြီး ပို့စရာမလိုတော့ဘူးပေါ့ … ဟုတ်ဖူးလား … အဆင်ပြေတယ်ဆိုရင် ပီတိဖြစ်မိပါတယ် ။။။

  • Gong Zhu

    March 14, 2011 at 7:33 am

    ကိုယောလေး … ရန်ကုန်မြို့တွင်းပဲရမယ်ထင်တယ် … ရွာဆိုရင်တော့မရပါဘူးတဲ့ ။ နေပြည်တော်ကို ရတယ်တဲ့နော် ကိုကြောင်ကြီး ။

  • Gong Zhu

    March 14, 2011 at 7:58 am

    draungkyawkyawoo … အစ်မကတော့ ဘွဲ့ရပြီးပြီ ။ သူ့မောင်လေးကတော့ 1st yr lar ma thi woo …

  • ဂလိုဆိုလဲ ပြီးတာပါပဲ ကုံးကျူရယ်.. ၁၉ နှစ်ဆိုတော့ ကျွန်တော်နဲ့ရွယ်တူပဲပေါ့.. ကျွန်တော်က ခုမှ ၂၉ ဆိုတော့ မတိမ်းမယိမ်းပါပဲ 😀 အပ်လိုက်တာတော့ ပြန်လက်ခံသွားပြီ.. ရှူံးနိမ့်ခဲ့တာတော့ မပြောနဲ့.. ခုဂျစ်ဂျစ်တောင် သူယောကျာ်းယူရင်တောင် လာမနှောင့်ယှက်ပါဘူးဆိုတဲ့ ကတိနဲ့ အဝေးကြီးကနေ ၈ နေရတာ.. ဒီတော့ အဝေးကြီးကနေ နှောင့်ယှက်လို့ရအောင်လို့ သေချာအောင်မေးကြည့်တာပါ

    (သိပ်လဲ စိတ်မပူပါနဲ့… ဂျစ်ဂျစ်က ၈ တော့ ၈ ပါတယ်.. လက်မထပ်နိုင်တာလေးတစ်ခုပဲရှိတယ်လို့ ပြောထားတာမို့ ဘာမှ မဖြစ်ပါဘူးလို့)

  • Gong Zhu

    March 15, 2011 at 9:04 am

    8 ပဲ ၈ တာလား ၉ တွေ ၁ဝ တွေကရော … ဘယ်ရောက်သွားလို့လဲ … 😛
    ဒါဆို တစ်နှစ်ပဲကွာတာပဲ ၁+၉ = ၁ဝ ၊ ၂+၉ = ၁၁ ။ ၁ဝ နှစ်သမီးလေးနဲ့ ၁၁ နှစ်သားလေးပဲရှိသေးတာ … ငယ်ငယ်လေးတွေပဲရှိသေးတယ်နော် … ဟီး

Leave a Reply