Japan Earthquake

meengelayMarch 16, 20111min903

ဩစတေးလျ Seismological Centre မှ ဒါရိုက်တာဖြစ်တဲ့ ဒေါက်တာ ကီဗင်မက်ခ်ရု က ဂျပန်မှာ ငလျင်ကြီးမလှုပ်ခင် ငလျင်ငယ်ကလေးများ အကြိမ် ရာကျော်ပြီး လှုပ်ကတည်းက အင်အားပြင်း ငလျင်ကြီး လှုပ်တော့မယ်လို့ ကျန်ခဲ့တဲ့ သောကြာနေမှာ သတိပေး ပြောကြားခဲ့ပါတယ်။ သူပြောပြီး တစ်နေ့တည်းမှာဘဲ ဂျပန်မှာ ငလျင်ကြီးလုပ်ခဲ့ပါတယ်။ အခုလည်း နောက်ထပ် သတိပေးပြန်ပြီ ပထမ လှုပ်သွားတဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတဲ့ ငလျင်တစ်ခု လှုပ်နိုင်တယ်လို့ ဆိုပါတယ်။ ပထမ လှုပ်ခဲ့တဲ့ ငလျင်ကြီးထက် ၁ မဂ္ဂနီကျူ့လျော့နည်းတယ်ဆိုတော့ ၇.၉ (သို့) ၈.ဝ ပြင်းအားရှိတဲ့ အင်အားပြင်း ငလျင်တစ်ခု ဒီရက်ပိုင်းအတွင်းမှာ ထပ်လှုပ်ဖို့ ရှိနေတယ် လို့ ပြောထားပါတယ်။ နောက်ပြီး ဆူနာမီ လှိုင်းများလည်း ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ပြောပါတယ်။
်မြောက် အိုင်ယာလန်မှ ပညာရှင်တစ်ဦးဖြစ်တဲ့ John McCloskey လည်း ဂျပန်မှာ နောက်ထပ် လှုပ်လာနိုင်တဲ့ ငလျင်က လွန်ခဲ့တဲ့ လက နယူးဇီလန် ခရစ်ချက်ခ် မှာ လှုပ်ခဲ့တဲ့ ငလျင်ထက် ပိုပြင်းနိုင်တယ်လို့ ပြောနေပါတယ်။
Japan Time မှ ကျေငြာချက်ကတော့ ပြင်းအား ၇.ဝ မဂ္ဂနီကျူ့ ပါတ်ဝန်းကျင်ရှိတဲ့ ငလျင်တစ်ခု ၃ ရက်အတွင်းမှာ လှုပ်ဖို့ (၇ဝ%) ရှိနေပြီး နောက် ၃ ရက် ကျော်မှ လှုပ်ဖို့ အတွက်ကတော့ (၅ဝ%) ရှိနေပါတယ်လို့ ဖော်ပြထားပါတယ်။

3 comments

  • eros

    March 16, 2011 at 4:28 am

    SOS SOS, May Day May Day, Help!!! Help!!!

  • Gong Zhu

    March 16, 2011 at 7:45 am

    မနေ့က ည ၈းဝဝ Shizuoka မှာ ၆.ရ ရှိတဲ့ ငလျင်လှုပ်သွားတယ်တဲ့ … ရန်ကုန်မှာတော့ချမ်းလိုက်တာများ စိမ့်နေတာပဲ … သင်္ကြန်ဒီလိုချမ်းနေရင်တော့ အားလုံး ဂိတော့မှာပဲ …

  • Shwemannmay

    March 16, 2011 at 8:58 am

    တကယ်သာ ထပ်လှုပ်ဦးမယ်ဆိုရင်တော့ သနားစရာပဲ

Leave a Reply