ဟုတ်လား မဟုတ်လားတော့ မသိဘူးနော် …

မမေလးMarch 16, 20111min17615

ခုဏက သူငယ်ချင်းဆီကဖုန်းလာလို့ စကားစမြည်ပြောရင်းနဲ့ အဲ့ဒီအကြောင်းကိုသိရပါတယ် ။ Russia မှာတဲ့ ဂျပန်မြေငလျင်လှုပ်ပြီး ငလျင်လှိုင်းရှိမရှိ စက်ကိရိယာနှင့် မြေတူးကြည့်ရာ မြေကြီးအောင် ၉ မိုင်တွင် ငရဲကိုတွေ့ရတယ်တဲ့ ။ အဲ့ဒီစက်မှာ ကင်မရာ ၊ အသံဖမ်းစက်ထည့်ထားပါတယ် ။ အသံဖမ်းစက်တွင် လူတွေရဲ့အော်တဲ့အသံကြားရတာနဲ့ ထပ်စမ်းသပ်ကြည့်တော့ လူပေါင်းစုံအသံရဲ့ နာနာကျင်ကျင်အော်တဲ့အသံကိုကြားရတယ်တဲ့ ။ ကငါမရာမှာတော့ မပေါ်ဘူးတဲ့ ။ တစ်ခြားနိုင်ငံတွေကလည်း ငရဲရှိတာကို ယုံကြည်သွားကြတယ်တဲ့ ။ ဘူမိဗေဒပညာရှင်တစ်ချို့လည်း အလုပ်ထွက်သွားတယ်လို့ပြောပါတယ် … ဟုတ်မဟုတ်တော့မသိဘူးနော် …

15 comments

  • PaukPhaw

    March 16, 2011 at 9:08 am

    ဟုတ်ဘူး..
    ရဲလေးပြောသလိုပြောရမယ်ဆို
    “2011 ကိုရောက်နေပါပြီ……ပရိတ်သတ်ကြီး ခေါင်းသုံးကြပါ”လို ့ပဲ…

  • Gong Zhu

    March 16, 2011 at 9:11 am

    ဒီတစ်ပတ် မြန်မာတိုင်း ဂျာနယ်မှာဆိုလား … ဘယ်ဂျာနယ်မှာဆိုလား ဖတ်ရတာတဲ့ …

  • naywoonni

    March 16, 2011 at 9:28 am

    ငါတို့ထက် အ တဲ့သူတွေ ရှိသေးပေါ့လေ….။ အဲဒိလိုဆိုရင်တော့………

  • good

    March 16, 2011 at 9:34 am

    တိုးတိုးပြော သူများ တွေ ကြား ဦးမယ်။

  • meengelay

    March 16, 2011 at 10:22 am

    ဖြစ်နိုင်လောက်ပါဘူး ကြားရတာတော့ကြာပါပြီ…

  • char too lan

    March 16, 2011 at 10:29 am

    ဆင်းစားပါအုံး အချစ်ရယ် ……………. 🙂

  • meelay

    March 16, 2011 at 11:17 am

    ချာချာက သီချင်းဆိုတာလား …… 🙂

  • juezinko

    March 16, 2011 at 12:06 pm

    ကြားရတာကြာပီ
    မဟုတ်ပါဘူးကွယ်

  • R Ga

    March 16, 2011 at 12:27 pm

    ဒီသတင်းကဒီမှာတင် နွယ်ပင် ဆိုသူလားမသိဘူး တင်ထားပြီးသွားပါပြီ။ ငလျင်ကိစ္စမတိုင်ခင်ကတဲကပါ။ အခု ငလျင်လေးနဲ့ ဒီသတင်းကို ချိတ်လိုက်တော့လည်း …ကောလဟလ အသစ်လေးဖြစ်သွားတာပေါ့..။ကောင်းပ

  • နွယ်ပင်

    March 16, 2011 at 12:31 pm

    ဟုတ်ပ အဲတာ မဟုတ်ဘူးလိမ်နေတာတဲ့ သူကြီးကိုယ်တိုင်ပြောတာ …. 🙂

  • Gong Zhu

    March 16, 2011 at 5:15 pm

    ဟုတ်လား … မသိပါဘူး … အသံဖိုင်လည်းရှိတယ်တဲ့ တောင်းထားတယ် … နားထောင်ရဲဘူး … အစစ်မဟုတ်ဘူးဆိုလည်း တောင်းတော့ဘူး ….

  • ဆူး

    March 16, 2011 at 5:27 pm

    အသံပါတဲ့ဟာ အီးမေးထဲမှာတောင် အဲဒါ ရှိတယ်။ သူများပို့ထားတာ။ ကြာလှ ပေါ့ ညီမ ရယ်။ ဒီမှာတောင် အငြင်းအခုန်လုပ်ပြီး ဆွေးနွေးကြသေးတယ်။ အသံကလည်း နားထောင်တာတော့ ဘာမှလည်း မဟုတ်ပါဘူး နားထောင်မနေပါနဲ့ ဆူညံသံတွေပါဘဲ။
    အဲလောက် နက်အောင် တူးနိုင်ပေမဲ့ အဲလောက် အနက်က အပူရှိန်ကို ခံနိုင်အောင် ဘာသတ္တုနဲ့ တူးသလဲတောင် မေးရအုန်းမယ်။ အပူရှိန် ဒိလောင်ပြင်းထန်နေတာ။

  • Gong Zhu

    March 16, 2011 at 5:34 pm

    ကြာသာကြာနေတာ …. သမီးက ဒီနေ့မှသိတာ မမဆူးရဲ့ … သမီးက ပိန်းတယ် … မမတို့ကိုပဲ အားကိုးရမှာပဲ …

  • Gong Zhu

    March 20, 2011 at 7:17 pm

    ဟီးဟီး … ကိုးပါတယ် … တစ်ဆယ်ကတော့ ကျန်ခဲ့တယ် … 😛

Leave a Reply