မန္တလေးဂေဇက်မဟာသင်္ကြန် အားလုံးအတွက်ကဗျာဆန်ဆန်
သူကြီးကိုခိုင်ရဲ ့သင်္ကြန်ဖိတ်စာတွေ ့လိုက်တော့ မကြာခင်ရောက်တော့မယ့် မြန်မာ့ရိုးရာ
အတာသင်္ကြန်ကို သတိရမိသွားပါတယ်။ တစ်ပြိုင်ထဲမှာပဲ ရွာသူရွာသားတွေအားလုံး
ပျော်ပျော်ရွှင်ရွှင် အတာသင်္ကြန်ရေသဘင်ပွဲ ဆင်နွဲနေတဲ့ပုံကို အာရုံထဲမှာ မြင်ရောင်လာမိ
ပါတယ်။ ဒါနဲ ့ပဲ ကလေးဆန်ဆန် ကဗျာလေးတစ်ပုဒ်ကို ကောက်ရေးလိုက်မိပါတယ်။
အားလုံးဖက်ကြည့်ပြီး ပြုံးပျော်နိုင်ကြပါစေလို ့ဆန္ဒပြုလိုက်ပါတယ်။
မန္တလေးဂေဇက်မဟာသင်္ကြန် အားလုံးအတွက်ကဗျာဆန်ဆန်
မကြာခင်မှာရောက်တော့မှာ
တန်ခူးလဒီချိန်ခါ
ပျော်ရွှင်ကာဆင်လို ့နွဲ တို ့တတွေရဲ ့သင်္ကြန်ပွဲ
ဒီလိုနဲ ့ပဲ ရောက်ခဲ့ရာ အကြိုနေ့ရက်မှာ
ရွာထဲကခလေးငယ်များ ရေပုံးလေးတွေဆွဲလို့တအား
မထွက်လာနဲ့မမရယ် တအားပတ်လိမ့်မယ်
ရွာအပျိုများဂရုမစိုက် ပိတောက်ဖူးတွေပိုက်
နေဝင်ချိန်ရောက်လို့လာ မပတ်နဲ့တော့ကွာ
ဟုတ်ကဲ့ပါမမများ အကျနေ့ကိုစောင့်လို ့စား
အကျနေ့ကိုရောက်လို့လာ ကိုကြောင်ကြီးလည်းပါ
ကလေးငယ်တွေသူဦးစီး ဘိုကေလေးကိုကျော့ကျော့ဖီး
ရွာထဲတစ်ပတ်လျှောက်လို့လည် အပျိုလေးတွေလိုက်ရှာမယ်
တွေ ့ရင်တစ်ကယ်ပတ်မယ်တအား ထွက်မပြေးနဲ့ခင်ဗျား
ကိုခိုင်ကရွာသူကြီး တာဝန်တံဆိပ်ကိုလက်မှာစီး
နို့ဆီခွက်နဲ့ဘောလုံးကိုင် ရွာသူကြီးဆီတိုင်
သူကြီးမှာမနေအား ရှာလို့ဖွေလို့ဖမ်းဆီးထား
မူးပြီးရမ်းတဲ့ထိုသူငယ် သူကြီးဖမ်းလိမ့်မယ်
ဆွဲခေါ်ကာထိပ်တုံးခပ် သူကြီးဒေါ်သထွက်
နောက်တစ်ခါမလုပ်ရေး သူကြီးခိုင်ကဆုံးမပေး
အကြပ်နေ့ကိုရောက်ခဲ့ရာ ကိုကြောင်ကြီးကတစ်ခါ
ရေပတ်ခံထွက်ဖို့ရေး ကားစုပ်ကြီးကိုမောင်းလို့ပေး
ကလေးငယ်များကအတင်းတက်
ကိုကြောင်ကြီးမှာရောက်ယက်ခက်
မတက်ကြနဲ့ခလေးတို့ရယ် နင်တို့အတွက်မပါတယ်
ရွာထဲကအပျိုများ ရေပတ်ခံဖို့စီစဉ်ထား
ထိုအခါမှာအပျိုတစ်သိုက် ရေပတ်ခံဖို့အာရုံစိုက်
လာပါပြီးကိုကြောင်ရယ် ကျမတို့လဲလိုက်ပါ့မယ်
မနောလေးရှေ့ကတက် ကိုကြောင်ကြီးမှာပြုံးစပ်စပ်
ဆူး၊မမနဲ့မအီးတုံး အနောက်ကတက်လို့ပျော်မဆုံး
ဂွန်ဇူး၊ဒရင်း(မ်)နဲ့မီးလေးခမျာ သူတို့တွေလဲလိုက်ချင်တာ
ပိစိကွေးပါခေါ်လို့သွား ကိုကြောင်ကြီးမှာတဟားဟား
အဲ့ဒီအခါမှာ အားလုံးအတွက် ကားစုပ်ကြီးကိုမောင်းလို ့ထွက်
ရန်ကုန်မြို့ထဲတစ်ပတ်.ပတ်
တစ်နေရာကိုရောက်တဲ့အခါ ကားစုပ်ကြီးမှာရပ်နေတာ
ဘာဖြစ်လို့လဲကိုကြောင်ကြီး ကားစုပ်ကြီးမှာမထွက်ပြီး
မမေးကြနဲ့အပျိုတို့ရယ် အားလုံးဆင်းလို့ဝိုင်းတွန်းကွယ်
မတွန်းနိုင်ဘူးကိုကြောင်ကြီး နောက်တစ်ခါတော့ကျမတို့မစီး
အတက်နေ့ကိုရောက်တဲ့အခါ တစ်ရွာလုံးမှာရေပတ်တာ
ဟိုအမောင်ကိုညှပ်စိ အိုးမဲသုပ်ရန်သူထွက်၏
မမဆူးနဲ့ဆုံတဲ့အခါ အိုးမဲသုပ်ရန်ကြံစီတာ
ဆူးခမျာအော်ကာဟစ် ရွာလုံးကြားအောင်သူရန်ဖြစ်
မမဝေကြီးရောက်လို့လာ သည်းခံလိုက်ပါညီမလေးရာ
မလုပ်ပါနဲ့မောင်ညှပ်စိ သင်္ကြန်ဆိုတာယဉ်ကျေးဘိ
ဘိုးဘွားအမွေဒီသင်္ကြန် ယဉ်ယဉ်ကျေးကျေးကစားကြရန်
မဝေမှာဆုံးမတစ်အား ဟိုကောင်လေးမှာပြန်လို့သွား
နှစ်ဆန်းတစ်ရက်ရောက်တဲ့အခါ
တစ်ရွာလုံးအတွက် ဘေးကင်းစေရာ
ဆရာတော် indaka ရွာထဲမှာပရိတ်စွမ်းပြ
ဦးလေးပေါက်နဲ့နေဝန်းနီ အန်ကယ်ကြီးပါမကျန်ပြီး
သူကြီးတို့မှာသက်ကြီးဆုံး သရော်ကင်ပွန်းနဲ့ခေါင်းလျှော်အုံး
လက်သည်းလေးတွေရှည်လိုက်တာ
အားလုံးကုန်အောင်ညှပ်ပေးပါ
ကုသိုလ်ရေးဖို့စဉ်လာမပျက် တို့တတွေရဲ့အနာဂါတ်
ငှက်ကြီးတစ်ယောက်ပျောက်နေတာ
ဘယ်သွားနေလဲကွာ
သင်္ကြန်ရက်မှာသူ ့ကိုမတွေ ့ ဘယ်ရောက်နေလဲဟေ့
ဘယ်မှမသွားဘူးသူငယ်ချင်းရယ်
အိမ်ထဲမှာပဲ တရားထိုင်တယ်
အဲ့ဒီတော့မှ တရားပေါက် ချဲနံပါတ်တွေရွာထဲရောက်
တစ်ရွာလုံးမှာ တိုက်တွေဆောက်။ဒေါက်၊ဒေါက်၊ဒေါက်။
12 comments
ဆူး
March 18, 2011 at 5:43 pm
ငှက်ကြီး တယောက် တရားတွေ ပေါက်
နှစ်လုံးတွေမှာ စိတ်တွေ နှောက်
ရွာသူပျိုကညှာ ဘယ်တွေ ရောက်
တရားမှတ်ရင်း စိတ်တွေ ရောက်
ငိုက်မြည်းမိလို့ နဖူးပေါက် (ကြမ်းပြင် နဲ့ စောင့်တာ)
ဆွမ်းချိုင့် ပို့တဲ့ လေဒီ ရောက်
ကိုငှက်ကြီးမှာ အရှက်တွေ ပျောက်။
စိတ်ကူးယဉ်ရင်း ကဗျာတပုတ်ဖြစ်..
ကဲ ကိုငှက်ကြီး မိုးးးးးးးးးးးးးလင်းးးးးးးးးးးးးးးးးနေပြီ တော်ရေ……..အသိုက်ထဲမှာ ကလေးတွေ စာလှပြီ သွားအစာရှာချည် ဒီမှာ ဥကလေးတွေ ဝပ်နေတာ ဘယ်မှ မသွားနိုင်ဘူး။ တကယ်ထဲတော်.. ငှက်ဖြစ်တာတောင် ကောင်းကောင်း အစာရှာမကျွှေးဘူး ဟိုငေး ဒီငိုင်နဲ့ စိတ်ကူးယဉ်နေသေးတယ်။
ထိုကဲ့သို့သော စကားသံများ ကျွန်ပ်၏ အိမ်ရှေ့က သစ်ပင်မှ ရုတ်တရက် ကြားလို့ မျက်လုံးဖွင့်မိချိန်မှာတော့ မနက်မိုးစင်စင် လင်းလို့ ငှက်ကလေးများ တွန်မြည်နေသံ ကြားနေရပါတော့တယ်။
ပြက္ခဒိန် ကြည့်တော့ ဒီနေ့ သင်္ကြန်အကြိုနေ့ဘဲ.. မဖြစ်ဘူး ဘုန်းကြီးကျောင်း ဆွမ်းပို့နောက်ကျနေအုန်းမယ်။ မြန်မြန် လုပ်မှ ဆိုတဲ့ အတွေးနဲ့ ကဗျာကရာ အိပ်ယာထပြီး ဟင်းသွားချက်လေတော့ သတည်း။
meengelay
March 19, 2011 at 3:24 am
ပျော်စရာကြီးနော်…
onlinezz
March 19, 2011 at 3:43 am
ကလေးငယ်တွေ တက်မယ်ဆိုတော့ မောင်းထုတ်တဲ့ ဦးငှက်ကြီး ခွက်စောင်းကြီးနဲ ့တီး 😀
bigbird
March 19, 2011 at 5:07 am
ကလေးတွေကိုမောင်းထုတ်တာဦးငှက်ကြီးမဟုတ်ပါဘူးကွယ်။ဦးကြောင်ကြီးပါ။
dream
March 19, 2011 at 5:16 am
ပျော်စရာကြီး 🙂
bigcat
March 19, 2011 at 5:17 am
ဒီနှစ်သင်္ကြန်မှာ
အဆီအနှစ်ကျန်အောင်
Gအစစ်ကိုဖန်မယ်
အကြိုနေမှ
အတက်နေ့အထိ
နေ့တို်င်းဆွဲ….
meelay
March 19, 2011 at 6:38 am
ရွာထဲကလူတွေ အဲလို စုပြီးသွားရရင်ပျော်စရာကြီးနေမှာနော် ….. ဟီး … တွေးတာနဲ့တင် ပျော်စရာကောင်းနေပြီ ………..
manawphyulay
March 19, 2011 at 9:04 am
ပျော်လည်းပျော် ရန်လည်းဖြစ် ဆူညံနေလို့ ရွာသူကြီး ကျည်မရှိတဲ့ နှလုံးပြူးသေနတ်ထမ်းနေရတာနဲ့ပဲ လည်ရမှာမဟုတ်ဘူး မီးလေးရေ………….. 😛
shwemanthar
March 19, 2011 at 12:11 pm
တို.လဲလိုက်မယ် ချန်မထားနဲ.
MaMa
March 20, 2011 at 2:18 am
ဒိုးပတ်ဝိုင်းနဲ့ ရွှေမင်းသားကို ရွာထဲလှည့်ကခိုင်းမယ်။
kopauk mandalay
March 20, 2011 at 12:50 pm
မနောလေးရှေ့ကတက် ကိုကြောင်ကြီးမှာပြုံးစပ်စပ်
ဒါကိုအောင်ပုဖတ်ပြီး စိတ်တွေတိုနေပြီနော် ပြန်ပြန်ရေးပေးလိုက်
weiwei
March 20, 2011 at 1:24 pm
သူများပျော်လို့ မပျော်နိုင်
မမဝေတစ်ယောက် ထိုင်ကာမှိုင်
သင်္ကြန်တောင် သူ မအား
သနားပါဘိတကား …