အကြား အမြင် လောက

manawphyulayMarch 18, 20111min2068

အမြင် ….

ကြည်လင်တာလည်း ရှိ
မပီပြင်တာလည်း ရှိ

အကြား….

မှားတာလည်းရှိ
မှန်တာလည်း ရှိ

အပြော….
ချောတာလည်း ရှိ
လောတာလည်း ရှိ
မျက်စိ နား ပါးစပ်
အစပ်အဟပ်တည့်ဘို့ဆိုတာ
ဖတ်မှတ်လေ့လာ
သေချာသုံးသပ်
ပိုင်းဖြတ်တဲ့ ဦးနှောက်ဉာဏ်
မှန်ကန်စွာ အသုံးချ
လူ့လောကအတွက်
ခရီးဆက်ကြမယ် လေ ……………

8 comments

  • manawphyulay

    September 22, 2011 at 3:36 pm

    အင်း… ခရီးဆက်မယ့်သူ တစ်ယောက်မှ ရှိပုံမရဘူး။ 😛

    • etone

      September 22, 2011 at 4:53 pm

      ခရီးတော့ဆက်ချင်ပါတယ် အစ်မ မနောရေ .. ခရီးစရိတ်လေးပြတ်နေလို့ … ။
      ခရီးစရိတ်လေး မစပါလား … 😛 😛
      😀 3500 တည်းပါ .. … ခြင်္သေလည်း မဟုတ်ဘူး ၊ ဆင်လည်း မဟုတ်ဘူးနော် … အစိမ်းအစိမ်း … 🙄

  • မှော်ဆရာ

    September 22, 2011 at 3:46 pm

    ကျွန်တော် ဆက်မယ်ဗျာ….
    အကြားအမြင်ဆိုလို့ မှော်လောက က အကြောင်းလားလို့ လာကြည့်တာ ဟုတ်လဲ ဟုတ်ဘူး …:(

    • manawphyulay

      September 22, 2011 at 3:56 pm

      မှော်ဆရာတစ်ယောက် တုတ်တံပျောက်နေပုံရတယ်… ဟီး လာရှာတာ ဘာတွေ့သွားလဲ

  • TTNU

    September 22, 2011 at 4:18 pm

    မနောဖြူလေးပြောတဲ့
    အမြင် အကြား အပြော အာရုံ (၃) ပါးလုံးပါသွားပြီပဲ။ (အာရုံ ၆ပါးထဲမှာ အနံ့ အရသာ အထိ တို့ အတွက်လဲ)
    ပိုင်းဖြတ်တဲ့ ဦးနှောက်ဉာဏ်
    မှန်ကန်စွာ အသုံးချ
    လူ့လောကအတွက်
    ခရီးဆက်ကြမယ် လေ …… ဆိုတာ ဟုတ်နေမှာပဲနော်။
    ကိုယ်ကတော့လေ
    မျက်မာန်ဒေါသ မာန်စောင်ထ၍၊
    မာနပို ပို ထိုသူအများ၊ စိတ်ထင်မှားအောင်၊
    စကားကြမ်းတမ်း နုတ်သရမ်းခြင်း၊
    မာန်တင်းမျက်နှာ မပါပြုံးရိပ်၊
    စိတ်ရိပ် ကြေးမုံ အစုံစုံ ကို၊
    စွန့်လွှတ်နိုင်ရပါလို၏ လို့ အမြဲ ဆုတောင်းမိတယ်။

  • MOEPWINTPHYU

    September 22, 2011 at 5:02 pm

    ခရီးဆက်ချင်ပါတယ်
    မမမနောပြောသလိုလေ
    ခရီးကတောသွားရမှာပဲလေ
    ဘယ်လိုသွာလဲဆိုတာပဲမူတည်တော့…..

  • hsaunghnin aye

    January 29, 2012 at 2:02 pm

    ခရီးဆက်ချင်တော့ဘူး

    • manawphyulay

      January 30, 2012 at 10:28 am

      မဆက်ချင်ရင်တော့ ရပ်နေလို့မရဘူးနော် နောက်လှည့်ပြန်မှရမယ်…. 🙂

Leave a Reply