တွေးမိတိုင်း..ရယ်မိတယ်…(၃)

hmeeMarch 18, 20111min1334

ဒီတခါတော့ ရယ်ရတာမဟုတ်ပါဘူး ရင်တုန်ခဲ့ရတာပါ။ မြို.မှာကျောင်းတက် မြို.မှာပဲ အနေများလို. ရွာမှာမပျော်တော့ပါဘူး။ ဒါကြောင့် ရွာကိုလည်း တနှစ်ထက်တနှစ် အရောက်နည်းလာပါတယ်။ ကျောင်းပြီးလို. ဘွဲ.တခုရ ပြီးတော့အလုပ်ရှာ အလုပ်ရတော့ အလုပ်မှာအောင်မြင်ချင်တဲ့ စိတ်နဲ.ကြိုးစားရလို. ရွာကိုမပြန်နိုင်တဲ့အတွက် ဘုရားပွဲနဲ. ဝေးနေတာပေါ့။အဲ  တနှစ်တော့ တိုက်တိုက်ဆိုင်ဆိုင် ပြန်ဖို. အခွင့်ကြုံလာပါတယ်။

အလုပ်လည်း အဆင်ပြေ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ပြီထင်လို. မိဘရင်ကို စုန်ကန်ပြီး ချစ်ချစ်ကြီးနဲ. လက်တွဲဖို. ဆုံးဖြတ်ပြီး မင်္ဂလာဆောင်ပွဲကို မြို.မှာ ကျင်းပပါတယ်။ မင်္ဂလာပွဲပြီးလို.  မိဘတွေနဲ. ဆွေမျိုးတွေ ရွာပြန်ဖို. ပြင်ကြ ဆင်ကြတယ်လေ။ ကျွန်တော်တို. နှစ်ယောက်လည်း အလုပ်က ခွင့်ရက်ကြာကြာ မရတာရယ်  နောက် ၄ ရက်ကြာမှာ ဘုရားပွဲရှိတာမို. မြို.သားအစစ် ကျွန်တော့်ချစ်ချစ်ကို  ရွာဘုရား ပွဲနွှဲစေချင်တဲ့ စိတ်နဲ. တချက်ခုတ်နှစ်ချက်ပြတ် လို.ဆုံးဖြတ်ပြီး ဆွေပြမျိုးပြ ရွာကိုရောက်ခဲ့ပါတယ်။  မြို.မှာမွေး မြို.မှာကြီးတဲ့ ချစ်ချစ်က ရွာအကြောင်းကို တလုံးတပါဒမှ တကယ်ကိုမသိတဲ့ သူပါ။ သူ.အတွက် အရာရာဟာ အံ့ဩစရာတွေ အပြည့်ပါ။ ရွာကလူတွေ ပြောနေတဲ့ ဒေသသုံးစကားကို သူလုံးဝ နားမလည်လို. ကျွန်တော်က အမြဲတမ်း မြန်မာပြောတဲ့ မြန်မာစကားကို မြန်မာနားလည်အောင် ဘာသာပြန်ရပါတယ်။ သူက ကျွန်တော်.ကို မေးပါတယ် မြို.မှာနေတဲ့ အခိုက်မှာ ကျွန်တော်စကားပြောတာ မြို.သူနဲ. ခွဲမရပါဘူး ဒါပေမဲ့ ရွာလည်းရောက်ရော  ဘာလို.ကျွန်တော်. လေယူလေသိမ်း စကားအသံတွေဟာ မြို.အသံပျောက်ပြီး ရွာကလူတွေ ပြောသလို ဖြစ်သွားရတာပါလည်းလို. မေးခွန်းထုတ်ပါတယ်။ အားလုံးသော တောဓလေ့တွေနဲ. ကျွန်တော်ဟာ တောသူပီပီ ချက်ချင်း အံဝင်ဂွင်ကျ ဖြစ်သွားပေမဲ့  သူ.အတွက်တော့ လိုက်လို.မမှီတဲ့ မထော်မနမ်းတွေ ဖြစ်လို.နေတာကလည်း တကယ်ကို သဘောကျစရာပါ။ဒီလိုနဲ. သူသိချင်တာ သူနားမလည်တာကို ကိုယ်ကလည်း သိပ်သိတာ မဟုတ်ပဲနဲ.   တရွာလုံး လျှောက်သွားရှင်းပြရင်းနဲ. ဘုရားပွဲနေ. ရောက်လာပါတယ်။

ကျွန်တော်တို. အိမ်ပုံစံက အညာဓလေ.ပုံစံအတိုင်း ခြေတံရှည် ၁ဝပေခန်း လေးပင်ပတ်လည် အိမ်ပုံစံဖြစ်ပြီး  မီးဖိုချောင်က သပ်သပ်ဆောက်ထားပါတယ်။   အိမ်အပေါ်ထပ်မှာ ဝရန်တာပါပါတယ်။  မနက်အစော အိပ်ရာနိုးစ ကတည်းက ချစ်ချစ်ကြီး တယောက်တည်း အဲဒီ. ဝရန်တာက ဆင်းမလာပါဘူး။ သူဘာတွေ စိတ်ဝင်စားနေပါလိမ့်လို. သိချင်တာနဲ. အသာတိတ်တိတ်လေး ဝရန်တာ အဝင်ဝကနေ ကြည့်လိုက်တော. အပါးပါး ကလေးတွေ ပွဲခင်းနေရာလုဖို. အလုပ်ရှုပ်နေတာကို သူအရမ်းစိတ်ဝင်စားနေတာပါ။ ကျွန်တော်ရှင်းပြတော့မှ သူလည်း တော်တော်သဘောကျနေတယ်လေ။ ပြီးတော့ ပြောသေးတယ် တအံတဩနဲ.ပေါ့ “ဟာ.. မင်းတို.ငယ်ငယ် ကလည်း ဒီလို ပေတီးပေစုတ် ပုံလေးတွေနဲ. သွားလုတာပေါ့” တဲ့လေ။

ညဘက်ရောက်တော့ နှစ်ယောက်သား အဝတ်အစားလဲပြီး ပွဲဈေးလျှောက်ဖို. ပွဲခင်းဖက်ထွက်ခဲ့ပါတယ် သိပ်မကြာနဲ့နော်လို. လှမ်းအော်လိုက်တဲ့ အမေ့ကို ဟုတ်ကဲ့လို. ပြန်ဖြေရင်း မတွေ.ရတာ ကြာပြီဖြစ်တဲ့ ပွဲခင်းဆီ ရောက်ချင်ဇောနဲ. အမြန်ကိုသွားခဲ့တာပေါ့။  ရွာရောက် ကတည်းက  ကိုယ်ပိုင်မီးစက်နဲ. ရွာမှမီးသွယ်ချင်သူတွေကို မီးပေးတဲ့ အခပေးမီးချောင်းကလည်း ည ၁ဝ နာရီဆို ပိတ်တာမို. အမှောင်ထဲမှာ နေရလို.စိတ်ညစ်နေပုံရတဲ့ ချစ်ချစ်ကြီးလည်း ပွဲခင်းက လင်းထိန်နေတဲ့ မီးတွေမြင်ရလို. ပျော်သွားပုံရပါတယ်။

ပွဲခင်းတည်ထားပုံကိုလည်း ဗဟုသုတအနေနဲ.ပြောပြချင်ပါသေးတယ်။ ပွဲကမည့် ဇာတ်စင်ကို ဗဟိုပြုပြီး ဈေးဆိုင်တွေ အားလုံးတည်နေပုံက ပစောက်ပုံပါ။ ဘောလုံးကွင်းရဲ. တဘက်ဂိုးတိုင် နေရာမှာ ဇာတ်စင်ဆောက်ထားပြီး တခြားတဘက်မှာတော့ လုံခြုံရေးမဏ္ဍပ်ရှိပါတယ်။ အလည်မှာ ပွဲကြည့်ရမှာ ဖြစ်ပြီး ဘေးဘက်တွေမှာတော့ ဆိုင်တွေအပြည့်ပါ။ ကျွန်တော်တို. အရပ်အခေါ် ဂေါက်ဂက်ခေါ်တဲ့ လေးကောင်ဂျင် ကစားဝိုင်းတွေလည်း ပါပါတယ်။ တောဓလေ့မို. လှည်းပါရင် ဓါးပါရမယ်ဆိုတဲ့ အဆိုအတိုင်း ဓါးကိုင်သူတွေရှိသလို  ရန်ဖြစ်ခဲ့သည်ရှိသော် ဆိုပြီး ဓါးမြှောင် ဆောင်သူတွေလည်းပါပါတယ်။ တယောက်နဲ့တယောက် အနည်းငယ် စိတ်အခန်.မသင်.လို. တယောက်တခွန်းပြောရင်းမှ စိတ်မထိန်းနိုင်လို. အသင့်ပါတဲ့ ဓါးနဲ.ထိုးလိုက်တဲ့ ရန်ပွဲတွေ ကြားဖူးပေမဲ့ တခါမှ နဖူးတွေ.ဒူးတွေ. မကြုံခဲ့ဖူးပါဘူး။အဲဒီလို ခိုက်ရန်ဖြစ်လို. အပြစ်ရှိသူကို တခဏ ချုပ်ထားဖို. မြေစိုက်အချုပ်ခန်းလေးကလည်း  လုံခြုံရေးမဏ္ဍပ် ဘေးမှာ အဆင်သင့်ဆောက်ထားတာပါ။ သစ်လုံးအကာ သစ်လုံးအမိုး နဲ့လုပ်ထားတဲ့ အချုပ်ခန်းလေးကို အပေါ်မှာ ဘေးမှာ ဇီးကိုင်းဆူးတွေနဲ့ ကာထားပုံကလည်း ရန်မဖြစ်ရဲစရာပါ။

ပွဲကစပါပြီ အမျိုးတွေရဲ.ဖျာကို သွားပြီး နှစ်ယောက်သား ခဏထိုင်ပြီး ပွဲကြည့်ပါတယ်။ သူကလည်း အခုမှဒီလို အတွေ.အကြုံစတွေ.ဖူးတာမို. မပြန်ချင်သေးသလို ကိုယ်ကလည်း ကြုံတောင့်ကြုံခဲမို. မကြာနဲ.နော် ဆိုတဲ့ အမေ့အမှာစကားကို မေ့ထားပြီး အော်ပရာ ပြီးမှပြန်ရအောင်နော်လို. သဘောတူထားတာပါ။ အပျိုတော်ထွက်ပြီးလို. စတိတ်ရှိုးစပါပြီ  သူကလည်း ဟိုဟိုသည်သည် ငေးနေသလို  ကျွန်တော်ကလည်း ပွဲကြည်.တာနဲနဲ  အမျိုးတွေနဲ. စကားပြောတာများများမို. ပတ်ဝန်းကျင်ကို မေ့နေတယ်လေ။ နောက်မှ သူပြန်ပြောပြတာကတော့ သူကတောဘုရားပွဲမို. အငြိမ့်ပွဲလောက် ထင်တာ ဒီလို တကယ့်ဇာတ်ပွဲကြီးလို. တကယ်ကို မထင်ပါဘူးတဲ့လေ။ တော်တော်လည်း  စည်ကားတာမို. သူပိုအံဩနေတာပါ။  သူကလည်း သူ.အတွက်အထူးအဆန်းမို.  ဟိုဟိုသည်သည်ငေးနေပေမဲ့  အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ သူမသိရှိမရိပ်မိသလို  အမျိုးတွေနဲ. ကိုယ့်လေနဲ့ကိုယ်မိနေလို. ကျွန်တော်လည်း သတိမထားမိခဲ့ဘူး။ အမေနဲ.  အမေ့မောင်ဖြစ်တဲ. ကျွန်တော့်ဦးလေးတို. ကျွန်တော်တို.ရှိရာ ပွဲခင်းထဲ ရောက်လာပြီး တိုးတိုးတိတ်တိတ် လက်ကုပ်ပြီး လာခေါ်မှ ကျွန်တော်လည်းထိတ်ထိတ်လန့်လန်.နဲ. ဘာမှနားလည်ပုံမရတဲ့ ကိုရွှေမြို.ကြီးသားကို အသာဆွဲခေါ်ပြီး ပွဲခင်းထဲက ထွက်လာခဲ့တာပေါ့။ အပြင်ရောက်မှ သူကဘာဖြစ်လို.လဲဟင်လို. မေးတာကို ရင်တုန်တုန်နဲ. ဓါးထိုးမှုဖြစ်လို.တဲ့လို. ရှင်းပြတော့မှ သူလည်း တော်တော်လန်.သွားပုံရတယ်။ ပွဲခင်းအပြင်ရောက်ပေမဲ့ အမေက ချက်ချင်းအိမ်မပြန်သေးပဲ ခဏရပ်နေပါသေးတယ် သူကတော့ ဘာမှက နားမလည်သူမို. အမေ့ကိုပဲ လိုက်ကြည့်နေရှာတယ်လေ။ နဲနဲကြာတော့မှ အမေကရပြီ ပြန်ရအောင်ပြောလို. ကျွန်တော်က အမေ့လက်ကိုတွဲ သူကဦးလေးနဲ. အတူယှဉ်လျှောက်ပြီး ပြန်လာပါတယ်။ ရှေ.ခပ်လှမ်းလှမ်း ဘုန်ကြီးကျောင်းအလွန်က မီးကိုလှမ်းမြင်လို. အော်…ရှောင်ကာမှ တည့်တည့်တိုးပါလားလို.  အမေပြောမှ ခုနက ပွဲခင်းက ထွက်ထွက်ချင်း   ဘာလို.ချက်ချင်းမပြန်တာလည်း ဆိုတာကို အခုမှ ကျွန်တော်နားလည် ရပါတယ်။ အဲဒီမီးက စောစောက ဓါးထိုးမှုမှာ အထိုးခံရတဲ့သူကို  မြို.ဆေးရုံပို.ဖို.  လှည်းပေါ်တင်နေတဲ့ ဆွေမျိုးတွေဆီက မီးအလင်းရောင်လေ။  သူတို.အဖွဲ.ကို မဖြတ်မဖြစ် ဖြတ်ရမှာမို. အမေက ကြောက်တတ်တဲ့ ကျွန်တော်.ကို  တခြားတဖက်မှာ ကနေသွားခိုင်းပါတယ်။ ကျွန်တော်လည်း မကြည့်ရဲတာနဲ. မျက်စိလေးတောင်စွေပြီး မကြည်.ခဲ့ပေမဲ့  ကိုယ်တော်ချောကတော့ သေသေချာချာကို ကြည့်ခဲ့တာပါ။ အိမ်ရောက်ရောက်ခြင်း အဖေက ဆီးပြီးဆူပါတယ် ရန်ဖြစ်ပြီး ဓါးထိုးပွဲ ဖြစ်တာကို အိမ်မှာကျန်ရစ်တဲ့ အဖေတို.က သိပြီး ကျွန်တော်တို.က မသိရကောင်းလားလို. ဆူတာပါ။ အမေက  တော်..မသိပဲနဲ. ကလေးတွေကို အပြစ်မပြောနဲ. သူတို.မှ မဟုတ်ဘူး ပွဲခင်းထဲကလူ ဘယ်သူမှ မသိဘူးတော. လို.ပြန်ပြောမှ အဖေလည်း ဆက်မပြောတော့ပဲ အိပ်ရာဝင်သွားပါတယ်။

နောက်နေ. ကျွန်တော်တို. နှစ်ယောက်လည်း မြို.ပြန်ပြီး ကိုယ်.အလုပ်မှာ ကို.တာဝန်နဲ.ကို ရှုပ်နေတာမို. အဲဒီအကြောင်းကို မေ.သွားပါတယ်။ တရက်မှာ အမေအိမ်ကို ရောက်လာတော့မှ သတိတရမေးကြည့်လိုက်တော့ ဓါးထိုးခံရတဲ့သူဟာ ဆေးရုံကို အချိန်မှီ ရောက်လို. မသေပါဘူးတဲ.လေ။ ဒါပေမဲ့ တခါတည်းနဲ. လန်.သွားတဲ့သူကတော့ ကျွန်တော့်ကို ဘယ်တော့မှ ရွာမှာပွဲမကြည့် ရတော.ဘူးလို. အမိန်.ချလိုက်တဲ့ အတွက် အဲဒီအချိန်က စပြီး ဒီနေ.ထိ  ဘုရားပွဲမကြည့် ရတော့ပါဘူး။

 

4 comments

  • တညင်သား

    March 18, 2011 at 4:44 pm

    ဖတ်လို့ အရမ်းကောင်းတယ် ..ရန်ကုန်မှာလဲ ကြာပြီဆိုတော့ ..ကျွန်တော်ကြီးကိုဖြုတ်လိုက်ပါလားဟင်..စကားပြောရင်တော့ တော်တော်နားထောင်လို့ကောင်းတယ်..ကျွန်တော်လဲ ဒီကျွန်တော်တွေနဲ့ တော်တော်ကြာကြာနေခဲ့ဘူးတယ် အခုထိ စက်ဘီး၊ ဆိုင်ကယ် စီးရင်
    ခြေနင်းပြား အောက်မှာ ဖိနပ်ထားစီးတဲ့ အကျင့် မပြောက်သေးဘူး မန္တလေး စတိုင်ပေါ့ … အားပေးပါတယ်………………….

  • ခင်ဇော်

    December 29, 2014 at 3:55 pm

    ဟီးဟီးးးး။

    သူ့အရပ်နဲ့သူ့ဇာတ်ဆိုတာ ဒါမျိုးကို ပြောတာနေမယ်။

    နယ် ရဲ့ ဓလေ့နဲ့ စိမ်းရင်တော့ ပူပင်မှာပဲ။

    :mrgreen:

  • Shwe Ei

    December 29, 2014 at 4:37 pm

    -ရွာမှာ ဇာတ်ပွဲရှိရင် အလကားပေးကြည့်တာတော့ သဘောကျတယ်ဗျာ
    -မြို့ပွဲတွေက ဈေးကြီးပေးရပီး စတိတ်ရှိုးတေ ဖိဆိုနေတာ သဘောကျဘူး
    -ပွဲတော်ရက်ဆိုရင် အမှုဖစ်တတ်တာထုံးစံဆိုတော့..ကြောက်ကြောက်နဲ့ ပွဲဈေးလျှောက်တာ…မိုးပါလင်းရော 🙂

  • မြစပဲရိုး

    December 30, 2014 at 3:04 pm

    မှီ ရေ
    ဒီမှာလဲ တူပြန်ပြီ။
    နယ်ဖက် က စကားသံ တွေ ဝဲတာ။
    ဒါတောင် အဖွားမြို့လေး က အထက် အညာပိုင်း သိပ်မရောက်သေးဘူး။
    ရွာဘက်က လူတွေ ဆို အတော်လေး ကို ဝဲတာ။
    ကျောင်းရောက်တော့ သူငယ်ချင်း တစ်ချို့ က အထက် ဘက်က။
    သူတို့ ပြောတာ ကို လိုက်နောက် တတ်ကြတယ်။
    ကိုယ်ကတော့ အပျော် စတာ ကို သူတို့ စိတ် ထဲ ရှက်နေမလား နောက်ကြီး လာမှ တွေးမိတယ်။
    ကိုယ် နိုင်ငံ အပြင် မှာ သူများ ဘာသာစကား ပြောချိန် တစ်ချို့ စကားလုံး တွေ ကို ကိုယ်ပြောတဲ့ အသံထွက် သူတို့ နားမလည် တော့ စာလုံးတောင် ပေါင်းပေါင်း ပြရတယ်။
    အဲဒီ ကနေ ထရော်မာ ဝင်ပြီး ကလေး ကို ငယ်တုန်း က မြန်မာ လို မပြောခိုင်း တော့ဘူး။
    ကျောင်းတက်ချိန် စကားဝဲ ပြီး သူများ တွေ နားမလည်မှာ စိုးလို့။
    မြန်မာလို ပြောစေချင်ပေမဲ့၊ အမျိုး ကို ချစ်ပေမဲ့ လက်တွေ့မှာ ဖြစ်သင့်တာတစ်ခု လို့ တွေးပြီး လုပ်ခဲ့တာ။
    မှားတယ် မှန်တယ် ကိုယ်လဲ မသိတော့။

    ဒီလို စာလေး တွေ ဆက်ရေးပါဦး မှီရယ်။
    နယ် ဓလေ့ အကြောင်း လေးတွေ ဖတ်ရတာ အရသာ ရှိလွန်းလို့။

Leave a Reply