ဘဝ ရဲ့ အဆင့် ၃ ဆင့်
ဘဝမှာ အဆင့်ကြီး ၃ ဆင့် ရှိတယ်တဲ့။
ပထမ အဆင့် (ဆယ်ကျော်သက်အရွယ်) အချိန် နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် ပိုုက်ဆံမရှိဘူး။
သတိရမိသေးတယ်။ ငယ်ငယ်က ဆိုု ဘာမဆိုု စားချင်တယ်၊ ခုံခုုံမင်မင် လဲရှိတယ်။ ကိုုယ့်ကိုုယ်ကိုုယ် တောင်ငါတော်တော်ငတ်တာပဲလိုု့ထင်
အချိန်ဆိုတာတွေကလဲ ပေါလွန်းလို့ တနေ့တနေ့ ရွာရိုး ကိုးပေါက် ချောင်းပေါက်အောင် လျောက်သွားနေခဲ့တာပ
ခွန်အားကလဲ ရှိသလားတော့မမေးနဲ့ မျောက်ရှုံးအောင်ဆော့တယ် ဆိုတာ ကိုယ်တို့ ကိုပြောတာပဲ (တကယ်ပါ ကိုယ်တို့ ဆယ်ကျော်သက်အရွယ်က ခုခေတ်ကလေးတွေနဲ့မတူဘူး ရည်းစားသညာ ကိစ္စဆိုလဲမရှိဘူး ကျောင်းရယ် အိမ်ရယ် ကျူရှင်ရယ် ပဲ ကျောင်းပိတ်ရက်ရှည်တွေ ဆိုရင်တော့ အသေဆော့ဖို့လောက်ပဲ ဆယ်ကျော်သက် တောင် မျိုးစုံအောင်ဆော့နေသေးတယ် ကိုယ်က ပဲကံကောင်းပြီး ရန်ကင်းမှာနေခဲ့ရလို့ပဲလားတော့မသိ ကိုယ်တို့ အိမ်တွေက တိုက်တွေ အလယ်မှာ ကစားကွင်း ကိုပတ်ပြီးဆောက်ထားကြတာ ပတ်ပတ်လည်မှာတိုက်ချည်းဆိုတော့ ကလေးတွေကလဲ များမှများ
ကျောင်းပိတ်ရင် စိန်ပြေးတမ်းတို့ ထုတ်စီးတိုးတမ်းတို့ တူတူပုန်းတမ်းတို့ နောက် ရောမ်းရိုက်တာ လို့ ကိုယ်တို့ ခေါ်တဲ့ မြန်မာမှုပြုထားတဲ့ (ဘေ့စ်ဘောပါ) ကော် ဘောလုံးသေးသေးလေးကို သစ်သားပြားလေးနဲ့ ရိုက်ပြီး ပြေးရတာပေါ့ ထုတ်တွေကိုရောက်အောင်လေ၊ နောက် ခိုတွန်းတာ၊ အို စုံနေတာပဲ တကယ့်ကို ဆော့ခဲ့ကြပါတယ်
တနေ့တနေ့ ဘယ်လိုကစားရမလဲ ဘာစားရမလဲ ဘဲတွေးနေတာ အဲ့တာ တကယ့် ကလေးဘဝပေါ့
အပူအပင်လဲမရှိ ဘာဆို ဘာမှမသိ
နောက်တော့
ဒုတိယအဆင့် (အလုပ်လုပ်ရတဲ့ အရွယ်လေ) ငွေ နဲ့ ခွန်အား ရှိတယ် ဒါပေမယ့် အချိန်မရှိဘူး
ခုလောလောဆယ် ရောက်နေတဲ့ အရွယ်ပါပဲ တကယ်ပါ တနေ့တနေ့ အလုပ်လုပ် အလုပ်ကို သွား အလုပ်လုပ် အိမ်ပြန်လာ အလုပ်ဆက်လုပ် စနေ တနင်္ဂနွေ မပြီးသေးတဲ့ အလုပ်လုပ် လုုပ်နေလိုုက်ရတဲ့ အလုုပ်တွေ မပြီးတော့ပါလားလိုု့တောင် တခါတခါ တွေးမိတယ်။
တကယ်တော့လဲ အလုုပ်ဆိုုတာမျိုးက ရှာလုုပ်ရင်လုုပ်သလိုု မပြီးနိုုင်ဘူးလေ။ အစားစားဖိုု့အတွက် အလုုပ်လုုပ်ကြတယ်။ လိုုချင်တာတွေအတွက်အလုုပ်လုုပ်ကြတယ်။ ဝယ်ချင်တာတွေဝယ်နိုုင်ဖိုု့အတွက် အလုုပ်လုုပ်ကြတယ်။ အကျိုးအမြတ်တွေ ရချင်လိုု့ အလုုပ်လုုပ်လုုပ်ကြတယ်။ လူသားကောင်းကျိုး အများကောင်းကျိုးအတွက် အလုုပ်လုုပ်ကြတယ်။ စသဖြင့်ပေါ့လေ….အကြောင်းအမျိုးမျိုးအတွက် အလုုပ်လုုပ်ကြတယ်။ လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့ ဘဝမှလား….
ဒါပေမယ့် အခုုခေတ်ကြီးက သိပ်မြန်ပါတယ်။ တနေ့တနေ့ ကုုန်သွားတာ တနှစ်တနှစ်ကုုန်သွားတာ အချိန်တွေ ကုုန်တာ ကုုန်တာ သိပ်မြန်တယ်။ အခုု ဒီမှာ လာလုုပ်နေတာ ၂ နှစ်ခွဲရှိပြီ မျက်စိတမှိတ်အတွင်းပဲ…. in a blink of an eye ပဲ တကယ်ပါ။ နောက် မြို့ ကြီးပြကြီးမှာနေရတာ တကယ့်ဘဝ ပျောက်နေသလိုုပါပဲ။ တခါကရေးဖူးသလိုု ပါပဲ တခါတခါ ကိုုယ်တိုု့တွေ ဘဝကိုုခဏ ရပ်ပြီး သေချာကြည့်ဖိုု့လိုုပါမယ်။ ကနေတဲ့ မိန်းမငယ်လေးရဲ့ ကြွကြွ ရွရွ ကနေတဲ့ ခြေထောက်လေးတွေ၊ ပွင့်ဟ လာမယ့် နှုတ်ခမ်းဖူးဖူးလေးတွေ တောတောင်တွေကြားထဲက သစ်စေ့ ဖွက်နေတဲ့ ရှဉ့်ကလေးတွေ ကိုုကြည့်ဖိုု့အချိန်ပေးနိုုင်ရပါမယ်။
ဒါပေမယ့် ပြန်ခြုံရရင် ခုုနက ပြောတဲ့ ဒုုတိယအရွယ်မှာ ကျတော်တိုု့ အချိန်ရှားပါတယ် မရှိသလောက်ရှားတာပါ။
နောက်ဆုုံးအနေနဲ့က
တတိယအဆင့် (သက်ကြီးတမ်း) အချိန်ရှိတယ် ငွေရှိတယ် အင်အားမရှိတော့ဘူး
ဒါကတော့ မရောက်သေးတဲ့ ဘဝပေမယ့် မြင်နေရတယ် ပတ်ဝန်းကျင်မှာ ရှိတယ်။ လေ့လာရင် မြင်နိုုင်တာပေါ့နော်….လျာရှည်လေ တွေ့ရှိလေပဲဟာ
အရင် က တိုုးဂိုုက် လုုပ်ဖူးပါတယ် အဖိုုးကြီးတွေအဖွားကြီးတွေ ရီတိုုင်ယာ ယူတော့ ဆုုမိဆောင်းမိလဲတော်တော်ရှိနေပြီ။ အချိန်တွေလဲ ရှိနေပြီ ငယ်ငယ်က စိတ်ကူးယဉ်ခဲ့သလိုု အသက်ကြီးလာရင် ကမာ္ဘပတ်မယ်ပေါ့ ဒါပေမယ့် ဘာဖြစ်သလဲဆိုုတော့ အရွယ်က စကားပြောလာပြီလေ။ အသက်ကြီးလာတော့ တုုန်တုုန်ချည့်ချည့် ဆီးက ခဏခဏ သွားချင်၊ စိုုးရိမ်စိတ်တွေကများ စသဖြင့်ပေါ့လေ။
တနေရာတနေရာ သွားမယ်ဆိုုရင်လဲ စိတ်သွားတိုုင်းကိုုယ်မပါတော့။
ခက်တာက ဘဝဆိုုတာအဲ့လိုုပဲလေ ရတာမလိုု လိုုတာမရ…တဘဝလုုံး သေကောင်ပေါင်းလဲ လုုပ်လာတဲ့ အလုုပ်တွေ ဆုုလာတဲ့ပိုုက်ဆံတွေ အကုုန်ပြည့်စုုံနေပြီ ဘဝမှာ… တိုုက်လဲရှိပြီ ကားလဲရှိပြီ…စည်းစိမ်ချမ်းသာတွေလဲပြည့်စုုံနေပြီ….လုုပ်ချင်တာလုုပ်ဖိုု့ အချိန်လဲရှိလာပြီ ဒါပေမယ့် လုုပ်ချင်တာလုုပ်ဖိုု့ ခွန်အားတော့ မရှိတော့ပြန်ဘူး၊ ဘုုရားသခင်ဆိုုတာကြီးက မကောင်းဘူးနော် လူတွေကိုု ပြည့်ပြည့်စုုံစုုံပေးလိုုက်ရင်ပြီးရော် အဲ့တာဆိုု အော် ငါ့မှာ ဟိုုဟာရှိပြန်တော့ ဒီဟာမရှိ ဆိုုတဲ့ မောဟတွေတွေ ဟိုုဟာလေးလိုုချင်လိုုက်တာ ဒီဟာလေးလိုုချင်လိုုက်တာ ဆိုုတဲ့ လောဘတွေ သူ့ကျတော့ ရှိတယ် ငါ့ကျတော့ မရှိဘူးဆိုုတဲ့ ဝန်တိုု မစိ္ဆရိယ တွေ အော် ငါ့ဘဝက တယ်မကောင်းလိုုက်ပါလားဆိုုတဲ့ သောကတွေ ဘယ်ရှိတော့မလဲနော် ဘုုရားသခင်ကသာ အကုုန်ဖန်ဆင်းတယ်ဆိုုရင် ပြည့်ပြည့်စုုံစုုံ တခါတည်းဖန်ဆင်းလိုုက်ပါတော့နော့….
နောက်ဆုုံးတော့လဲ ဒီလိုုနဲ့ပဲ…အချိန်တွေတဖြည်းဖြည်းကုုန်လာ လုုပ်ချင်တာတွေက မလုုပ်ရ ရှိနေတဲ့ ပိုုက်ဆံတွေကိုု လူမသေသေးဘူး သားသမီးတွေက မျက်စောင်းထိုုင်း ဒီလိုုနဲ့ပဲ ကိုုယ်တိုု့ ရဲ့ ဘဝ တတိယအဆင့်ကိုု ရောက်ရအုုံးတော့မှာပေါ့လေ….
—
3 comments
ဆူး
March 18, 2011 at 5:21 pm
ဘဝ နေထွက်ချိန် (ကလေး အရွယ်)
ဘဝ နေ့မွမ်းတည့်ချိန် (လူလတ်ပိုင်း)
ဘဝ နေညိုချိန် (လူကြီးပိုင်း)
နေထွက်ချိန်မှာ တက်တက်ကြွကြွ နဲ့ ဘာမှ ပင်ပန်းတယ် ဆိုတာ မရှိသေးဘူး။
နေ့မွမ်းတည့်ချိန် မှာတော့ ရုန်းကန်ရတာ နေ့မွန်းတည့်လို့ နေရောင် ခေါင်းပေါ်ရောက်နေတဲ့ အချိန် အပူတပြင်း ရှာဖွေနေရတယ်။ ပူတာလည်း အံတုရတယ်။
နေညိုချိန် အလင်းရောင် ကုန်ဆုံးတော့မယ် နေဝင်တော့မယ် ဆိုတော့ တနေကုန် လုပ်ထားသမျှ ပင်ပန်းခဲ့တာတွေ အားလုံး အနားယူချင်တဲ့ အချိန် ဖြစ်နေပြီ။ မကြာခင်လည်း အနားယူရတော့မယ်။
သင်ကိုယ်တိုင်ကော ဘယ်အချိန် ရောက်နေပြီလဲ။
နေဝင်သွားတဲ့ အချိန် အထိ မှာ ဘာတွေ လုပ်ထားပြီးလို့ နောက်နေ့ (သံသရာ)အတွက် ဘာအကျိုးတွေ ခံစားရမလဲ။
မှတ်ချက်။ ။ စာအုပ်တစ်အုပ်မှာ ဖတ်ဘူးခဲ့တာကို ပြန်ချရေးလိုက်တာပါ။
OQ23
March 19, 2011 at 12:43 pm
ရေးထားတာတွေကဘဝရဲ့ဖြစ်ပျက်မှူတွေနဲ့ကျေနပ်မှူတွေပါ။
တကယ်တော့ဘဝနဲ့အလှဆိုတာဆက်ဆက်နေပါတယ်။
ရေးထားတာနဲ့နဲနဲတူနေတယ်။ငယ်ငယ်ကအဖြစ်အပျက်နဲ့ပေါ့။
ဘဝဆိုတာတကယ်တော့
bigcat
March 20, 2011 at 2:36 am
ကွန်ပြူတာနည်းပညာနဲ့ ဘဝကိုလိုချင်တဲ့အရွယ်မှာ မြဲနေအောင်ထားလို့ ရတော့မယ်တဲ့။ သဂျီးမင်းပြောဒါ…………