Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သိကြားမင်းကြီးဆင်းလာရင်

unclegyi1974March 21, 20111min31521

မြန်မာ့၁၂လ ရာသီမှာလူကြီး လူငယ် အကုန်ပါဝင်ပြီး

တတိုင်းတပြည်လုံးပါဝင်ဆင်နွှဲကြတာသင်္ကြန်လို့

ပြောရင်မဟုတ်ပါဖူးကွာလို့ငြင်းမဲ့သူမရှိဖူးလို့ထင်ပါတယ်

သင်္ကြန်ဆိုတာနဲ့ ရန်ကုန်သင်္ကြန်နဲ့မန္တလေးသင်္ကြန်

သူသာတယ်ငါသာတယ်နဲ့ ရန်ကုန်သားနဲ့မန္တလေးသူတို့

အပြိုင်ငြင်းခဲ့ကြတာလည်းခေတ်အဆက်ဆက်ကပါပဲ

ကျွန်တော်ကိုယ်တိုင်ရန်ကုန်သားစစ်စစ်ဖြစ်သော်လည်း

မန္တလေးသင်္ကြန်ကသာတယ်လို့ထင်မြင်ခဲ့ဖူးကြောင်းပါ

ထင်ခဲ့ဖူးကြောင်းဆိုကတည်းကအခု တနည်းယနေ့ခေတ်

မန္တလေးသင်္ကြန်နဲ့ရန်ကုန်သင်္ကြန်ဘာမျှမကွာတော့ဟုထင်

မြင်မိကြောင်းပါ

အန်ကယ်ကြီးနယ့်ဟိုးတုန်းကမန္တလေးသင်္ကြန်ကသာပြီး

အခုမှဘယ်လိုဖြစ်လို့အတူတူလို့ပြောတာလဲလို့အမေးရှိရင်

ကျွန်တော့်ဆီမှာအဖြေအသင့်ရှိကြောင်းပါခင်ဗျာ

ဟိုးတုန်းကမန်းသင်္ကြန်ဆိုတာအလွန်ပျော်စရာကောင်းတာ

ကလားနေ့ဖက်မှာပျော်ပျော်ပါးပါးရေပက်ကြရေပက်ခံထွက်ကြ

အခုခေတ်လိုမီးသတ်ပိုက်တွေနဲ့ပက်ကြတာကလည်းရှိ

တော့ရှိတယ်ရှားတယ်ဆိုရမလောက်ပါ သင်္ကြန်မကျခင်

ကလေးကအစ ဘယ်သူမှရေပက်ချင်းမပြုကြပါဖူး အကြိုနေ့

တောင်ကလေးတွေပဲပက်ကြတာပါ လူကြီးတွေကဘယ်

နေရာဘယ်အသင်းရှိတယ်ဆိုတာလိုက်ကြည့်တဲ့နေ့ပါ

အကျနေ့ရောက်မှလူကြီးတွေလည်းရေပက်ကြ လိုက်လည်းကြ ကျုံပတ်လည်ကအစည်ဆုံးဆိုတာအထူးပြော

စရာလိုမယ်မထင်ပါဖူး ရေပက်အသင်း ဆုပေးမန်းတပ်တွေ

ကလည်းကိုယ့်လုံခြုံရေးနဲ့ကိုယ်မော်တော်ယဉ်တွေပိတ်ဆို့မှု

မဖြစ်အောင်လမ်းရှင်းပေးကြပါတယ် ဆိုလိုတာကကျူံးဘက်

ကိုကားဝင်သွားပြီးရင်တဖြည်းဖြည်းနဲ့ကျူံးကိုပတ်မိသွားတာ

ပါပဲအခုခေတ်လိုအရက်ကအအေးဆိုင်နဲ့နင်လားငါလားပေါတာ

မဟုတ်ဖူးလေ အရက်သောက်လည်တဲ့လူကလည်းနဲပါတယ်

 

နေဝင်ပြီဆိုတာနဲ့မန်းသင်္ကြန်ရဲ့အသက်ညပိုင်းကိုရောက်လို့

လာပါပြီ နေ့ဖက်မှာတနေကုန်အလှပျက်ခံရေကစားထား

ကြတဲ့မန်းပျိုမေချောတွေရောအနယ်နယ်ကရောက်လာတဲ့

အပျိုချောတွေရောလူလုံးပြတဲ့အချိန်ရောက်ပြီလေ

မန်းတလေးရဲ့အပူကိုညလေညင်းခံရင်းမန်းတပ်တွေလိုက်

ကြည့်ကြပြီလေ အဲဒီအချိန်ဘယ်သူမှ ကလေးကအစရေမပက်ရတော့ပါဖူး ပက်တဲ့သူလည်းမရှိပါဖူး

လူကြီးတွေကလည်းထိန်းကြပါတယ် မြန်မာရဲ့ဘယ်မြို့မှာမှ

မရှိတဲ့ချစ်စရာအလေ့ကောင်းကလေးပါ

အခုမန္တလေးကရောဘာတွေဖြစ်နေလို့တုန်းလို့မမေးပါနဲ့

သင်္ကြန်မကျခင် မတ်လလည်ရှိသေး ကားကြီးတွေပေါ်က

ရေလောင်းချသွားတာမိန်းကလေးတွေဆိုစိတ်ဆိုးလွန်းလို့

ဆွေ့ဆွေ့ကိုခုန်ရော ဒါကိုပဲကားပေါ်ကလူတွေကသဘောကျ

ပြီးတဟဲဟဲနဲ့ကားမောင်းပြေးရော တိုင်ပြန်ရင်လည်းဘယ်

ရဲကအရေးတယူ အမှုဖွင့်ပေးမှာတဲ့လဲ

၃ လပိုင်း ၁၅ ရက်လောက်ကအသိမိန်းကလေး၂ယောက်

ရတနာပုံမိန်းထဲသွားကြတာရေစုတ်စက်တွေဆင်ပြီးကျောင်း

သားတွေကလာသမျှကျောင်းသူတွေကိုပက်နေကြတာတဲ့

ကျောင်းသားတွေကိုယ်တိုင်ကရှေ့ကလုပ်ပြတော့အနားရှိ

လူတွေကလည်းအကုန်တက်ညီလက်ညီပါလာကြရော

နေ့လည်နေပူကြီးထဲရုတ်တရက်ရေပိုက်နဲ့အထိုးခံလိုက်ရတော့

အပူရှပ်ပြီးဖျားတဲ့သူလည်းရှိမှာပေါ့နော်စာမေးပွဲကလည်းနီး

နဲ့ဖျားပြီးစားမေးပွဲမဖြေနိုင်ရင်ဘယ်သကောင့်သားက

ကျွန်တော်တို့ကြောင့်ပါလို့ပြောမှာတဲ့လဲ ဒါကယနေ့ခေတ်

မန်တလေးရဲ့မြင်ကွင်းတခုပါ

၂၀၀ဝ ခုနှစ်ဒီဘက်တွေမှာမန္တလေးသင်္ကြန်ကိုကျွန်တော်

မလည်းဖြစ်တော့ပါဖူး လည်ရင်လည်းတမြို့လုံးအရက်သမား

ချည်းဆိုနိုင်လောက်အောင် အရက်မသောက်တဲ့သူကလူထူး

ဆန်းဖြစ်နေတဲ့ခေတ်ဖြစ်သွားပါပြီ အရက်ကလေးပါလာတော့

ခိုက်ရန်ဖြစ်တာတွေကလည်းများလာပါတယ် မောင်နဲ့နှမ

တကားတည်းလည်လို့မဖြစ်အောင်လက်သရမ်းတဲ့လူတွေ

ကလည်းပေါမှပေါ

ကျူံးဖက်ကိုသွားပြီးရေပက်ခံထွက်ဖို့စိတ်တောင်မကူးပါနဲ့

မနက်အစောကျူံးကိုဝင်သွားပြီးရင်ရောက်တဲ့နေရာရပ်နေရော

နေ့လည်ထမင်းစားချိန်မှပြန်ထွက်လို့ရမယ် အခန့်မသင့်ရင်

ညနေရေပက်သိမ်းချိန်မှပြန်ထွက်လို့ရမယ်

ဟိုးတုန်းကလို်မန်းတပ်ကကားရှင်းပေမယ်စိတ်မကူးနဲ့

ကားကလည်းမထွက်ရေးချမထွက် ကားပေါ်ပါတဲ့သူတွေကလည်းအကုန်မူးနေတော့

လုံခြုံရေးတွေလည်းဘယ်မှာမာမာပြောရဲမလဲ

 

ညရောက်တော့ရောပက်လိုက်ကြတဲ့ရေ ဟိုးတချိန်တုန်းကလို

ရှိုးအပြည့်နဲ့ညဘက်လိုက်လည်မယ်စိတ်ကူးလို့ကရေဘော်

လုံးနဲ့ညားမယ်သာမှတ်

အခုလိုသင်္ကြန်မကျခင်တလလောက်ကတည်းကရေပက်နေ

ကြတာ ကျူံဘက်မှာကားတွေမပိတ်ပဲစိတ်ချမ်းသာစွာ

ရေပက်ခံနိုင်အောင် အမူးသမားတွေမများပဲပျော်ရွှင်စွာ

ရေကစားနိုင်အောင်ဘယ်လိုများအပြောင်းအလဲတွေလုပ်ရပါ့

မလဲလို့သိကြားမင်းကြီးဒီနှစ်ဆင်းလားရင်ပြောပြရအုန်းမှာပ

21 comments

  • bigbird

    March 21, 2011 at 4:38 pm

    သိကြားမင်းကြီးလဲ ကယ်နိုင်မယ်ထင်ပါဘူး.အန်ကယ်ကြီးရေ။

  • unclegyi1974

    March 21, 2011 at 4:49 pm

    ဟုတ်ပါတယ်ကိုငှက်ရေ
    စိတ်အချဉ်ပေါက်လို့ရေးလိုက်တာပါ
    မတ်လမှာရေပက်ခံရတယ်ဆိုတာသင်္ကြန်ရေပက်ခံ
    တာနဲ့မတူဖူးလေ သင်္ကြန်ကကိုယ်တိုင်ရေပက်ခံ
    ချင်လို့ပက်တာ အခုကဘာမှမဆိုင်ဖူး
    ဘယ်သူတွေတာဝန်ရှိတယ်ဆိုတာပြောစရာလိုမယ်
    မထင်ပါဖူး
    သင်္ကြန်ကျူံးဘေးပတ်လည်းအကြောင်းကသိတဲ့
    အတိုင်းဘယ်လိုမှခံစားလို့ကိုမရတော့ပါဖူး
    ဒါကြောင့်သင်္ကြန်ဆိုအိမ်ထဲကအိမ်ပြင်ကိုမထွက်
    တော့ပါဖူး

  • kopauk mandalay

    March 21, 2011 at 4:50 pm

    အန်ကယ်ကြီး
    စိတ်ပုတီးနဲ့နေ
    ကုသိုလ်တွေအများကြီးအားကြီးရမယ်။
    သင်္ကြန်မှာလေဘို့စိတ်မကူးနဲ့နော်
    ပိုက်ပိုက်တွေအားကြီးကုန်ပြီးစိတ်ညစ်ရမယ်

  • ဆူး

    March 21, 2011 at 4:56 pm

    ဆူးတို့လည်း သင်္ကြန်ဆို ခရီးထွက် ရင် ထွက် မထွက် ဖြစ်ရင် အိမ်မှာဘဲနေတယ်။ လျှောက်လည်ရတာ ဖီလင် မလာဘူး. အရင်ကတော့ သိပ်လည်ချင်တာဘဲ အိမ်က မလွတ်လို့ အခုတော့ သိပ်မလည်ချင်တော့ဘူး။ အိမ်မှာ နေရင်း မုန့် လုပ် ရပ်ကွက်ထဲ လှည့်ဝေ တယ်။ သူများ အိမ်တွေက လာတဲ့ မုန့်တွေလည်း တနေ့ တနေ့ အများကြီး ရတယ်။ မပျင်းရတော့ဘူးပေါ့ မုန့် လုပ်နေတော့။

  • unclegyi1974

    March 21, 2011 at 5:07 pm

    ဆူး တို့ဒီနှစ်သင်္ကြန်ဘယ်မှမသွားဖြစ်ပဲ
    အိမ်မှာမုန့်လုပ်စားရင်အန်ကယ်တို့အိမ်လည်း
    ပို့ဖို့သတိရအုန်းနော်

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 21, 2011 at 6:21 pm

    ကျွန်တော့်အမြင်ကတော့
    သင်္ကြန်ဆိုတာ ရိုးရာယဉ်ကျေးမှုတစ်ခုအနေနဲ ့တော့
    လုပ်သင့်တယ်လို ့ထင်တာဘဲ ဘယ်သူ ့ဆီကဘဲလက်ဆင့်ကမ်းလာပါစေပေါ့
    ဒါပေမယ့် စည်းကမ်းစည်းမြဉ်းတွေထဲကနေ တော့လုပ်ရလိမ့်မယ်ထင်တယ်
    ပထမအချက်အနေနဲ ့သင်္ကြန်ဆိုတာ ထေရ်ရဒဝါဒနဲ ့မဆိုင်ဘူးဆိုတာရယ် ဒါကတော့
    လူတော်တော်များများသိကုန်ပါပြီ
    နောက်ပြဿနာတစ်ခုက နယ်မြေ ပုဂ္ဂိုလ် သတ်မှတ်ရမယ်ထင်တယ်
    ဆိုလိုတာက သင်္ကြန်ရက်တွေမှာ တစ်ချို ့တွေကြတော့
    လုပ်ငန်းဆောင်တာတွေနဲ ့လည်ပတ်နေရတယ်လေ
    ဒီတော့ ရေပက်ခံရတဲ့ခါ အိန္ဒြေပျက်တာပေါ့လေနော
    တစ်ချို ့ကြတော့ သူ ့ကိစ္စနဲ ့သူ ရေဆိုဘို ့အလိုမရှိပြန်ပါဘူး
    အဓိက ကတော့ ရေပက်တဲ့နေရာမှာ လိုတာထက်ပိုပြီးပက်တာတွေကြတော့ မကောင်းဘူးထင်တယ်
    လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကဆိုရင် ရေတွေကို ပလပ်စတစ်အိပ်နဲ ့ထည့်ပြီးကစ်တာ
    တော်တော်ဆိုးရွားတယ်ပြောရမယ်
    နောက်တစ်ခုက အထူးသဖြင့် ကောင်မလေးတွေဆို ပိုပြီးခံရတယ်
    ရေပုံးနဲ ့ခေါင်းကနေလောင်းတာ ဒါတွေကမသင့်တော်ဘူးထင်တယ်ဗျ
    နောက်ပြီး မြို ့ပြအနေနဲ ့ကြတော့ကာ နိုင်ငံခြားသားတွေနဲ ့ပတ်သက်လာရင် ပြသနာတက်တတ်တယ်
    တစ်ချို ့ဆို ဘွတ်တွေ ရွှတ်တွေနဲ ့သူ ့ကို ကိုယ့်ရဲ ့ရိုးရာယဉ်ကျေးမှုပါဆိုပြီး
    ရေနဲ ့သွားပက်တော့ ရှုပ်ကုန်တာပေါ့
    ပြောရရင်တော့ အများကြီးပေါ့ ဘဂျီးရာ

  • kai

    March 21, 2011 at 8:31 pm

    ဒါတွေက ဒီလိုဖြစ်အောင် စံနစ်တကျနဲ့ လုပ်ထားတာလို့ မြင်မိတယ်..။

    သင်္ကြန်အလှပြကားနဲ့ သင်္ကြန်းယိမ်း- သံချပ်တွေ ပြန်ခွင့်ပြုလိုက်ရင်…အခုခေတ်ရဲ့ သင်္ကြန်ပုံရိပ် တော်တော်များများ အလိုလိုပျောက်သွားလိမ့်မယ်..။ တပြိုင်ထဲ .. လူငယ်-လူရွယ်တွေ.. အသင်းအစုနဲ့ လှုပ်ရှားတတ်လာတာတို့..။ လူထုနဲ့ထိတွေ ့ဆက်စပ်လာတာတို့..။ လက်ရှိစံနစ်ခေတ်ကို သံချပ်တွေကနေ ထိတို့တတ်လာတာတို့ … ဖြစ်လာမဲ့အတွက်… အုပ်ချုပ်သူ-အာဏာပိုင်တွေတော့ .. အလုပ်ပိုရှုပ်ကြလိမ့်မယ်..။
    ဆိုတော့..
    🙂 🙂 🙁 🙁

  • MaMa

    March 22, 2011 at 1:36 am

    သင်္ကြန်ကို အမျိုးမျိုး ပျော်ခဲ့ဖူးတယ်။ ငယ်ငယ်တုန်းက တောမြို့လေးမှာ အိမ်ရှေ့မဏ္ဍပ်ထိုးပြီး စတုဒီသာကျွေး။ လာစားတဲ့လူတွေကို ရေပက်။ တချို့ဆို စားပြီး ထထပြေးကြလွန်းလို့ စားနေတုန်း ရေလောင်းချ။ လူကြီးတွေကဆူ။ အဲဒီလို ပျော်ခဲ့ကြရတယ်။ နောက်တစ်မျိုးက မြို့သွားကျောင်းတက်တော့။ တောကိုမပြန်ပဲ ရန်ကုန်မှာသင်္ကြန်ကျ။ ဖျော်ဖြေရေးမဏ္ဍပ်က လမ်းထိပ်မှာဆိုတော့ တစ်နေကုန် သင်္ကြန်အကြိုနေ့မှာထဲက စာရင်းလာပေးရင်းနဲ့ အမြည်းသဘော တီးပြဆိုပြတာတွေနားထောင်။ သင်္ကြန်တွင်းမှာ လာပြိုင်တော့ နေ့ရောညရောအားပေး။ ဘယ်အဖွဲ့ဆုရမလဲ ခန့်မှန်း။ နောက် အတက်နေ့ဆုပေးစာရင်းကပ်တော့သွားကြည့်။ ဆုလာယူတော့ ပြန်ကပြ။ ဖျော်ဖြေတဲ့လူတွေလည်း အသံဝင်။ ဆက်တိုက်အားပေးခဲ့တဲ့ လူတွေလည်း ခြေမခိုင်။ နှစ်ဆန်းတစ်ရက်နေ့ဆို မကြည့်ရတော့ဘူးဆိုပြီး အားခဲပြီး အလှပြကား တစ်စီးမှ မလွတ်အောင် အားပေး။ ပြီးသွားတော့ မနှစ်ကဘယ်လို ဒီနှစ်ဘယ်လိုနဲ့ စမြုံ့ပြန်။ နောင်နှစ်ကိုမျှော်။ အပျော် အပျော်တွေပေါ့။ ဘယ်ကဘယ်လို ဒီအလှပြကားတွေ တစ်ခန်းရပ်သွားမှန်းမသိ။ ခုတော့လည်း ရိပ်သာသွား။ တရားစခန်းဝင်။ တစ်နှစ်တစ်ခေါက် ပိတောက်နဲ့အတူ မှန်မှန်ရောက်။ ဘုန်းကြီးက တရားပြရင်း နာမည်ပေး ပိတောက်ယောဂီတဲ့လေး။

  • bigcat

    March 22, 2011 at 2:58 am

    သင်္ကြန်မကျခင်ကထဲက ရေလောင်းခံရလို့ အပူရှပ်ပြီးဖျားရင် ဆေးခန်းတွေ အလုပ်ရှုပ်မယ် လက်သရမ်း ရန်ဖြစ်လို့ ကွဲကြပြဲကြတော့ ဆေးရုံတွေ အလုပ်များမယ်။ အရက်များသောက်ရင် အရက်ဆိုင်တွေ လူစည်ကားမယ်။ အဲသလို အလုပ်ရှုပ်ကြတော့ ဘာဖြစ်မှာလဲဆိုရင် ဝင်ငွေတိုးမယ်။ အလုပ်အကိုင်ပေါမယ်။ ဘာဆက်လုပ်ရမှန်းမသိတဲ့ လွှတ်တော်အမတ်များထံမှာလည်း ဥပဒေရေးရာအနေနဲ့ တိုင်ကြတောကြနိုင်မယ်။

    အဲဒါ သဂျီးမင်းပြောခိုင်းဒါ… မကြိုက်ရင်သူနဲ့ရှင်း….

  • ashinthilasaya

    March 22, 2011 at 3:54 am

    သင်္ကြန်ဆိုတာကတော့ ကိုယ်တိုင်ရေခပ်မလောင်းရဘူး။ ဂျီးတွန်းရသက်သာပါတယ်။

  • ashinariya

    March 22, 2011 at 3:59 am

    သိကြားမင်းကြီးကို massage ပို့လို့မရဘူးလား?

  • nozomi

    March 22, 2011 at 6:59 am

    http://www.thagyarmin.com ကို ပို့ရင် ရပါတယ် ဒါပေမဲ့ လောလောဆယ်တော့ သိကြားမင်း လွှတ်တော်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ အကြောင်းပြန်ကြားနိုင်မှာ မဟုတ်သေးပါဘူး

    • kai

      March 22, 2011 at 7:42 am

      သိကြားမင်း အော်ရီဂျင်နယ်မူပိုင်က ..ဟိန္ဒူတွေပါ..။
      နတ်ပြည်အော်ရီဂျင်နယ် မူပိုင်လည်း သူတို့ပဲ…။
      နတ်ပြည်နဲ့ လူပြည် သက်တန်းကွာတယ်ပြောတာလည်း သူတို့ပဲ..။

      သိကြားမင်းက သာဝတိ ံသာမှာနေတာ..။ သူတရက်က.. လူအနှစ်ပေါင်းဘယ်နှရာလည်းတောင် မသိဘူး..။ စတုမဟာရာဇ်တရက်= လူပြည်နှစ်၁၀ဝ လို့တော့ထင်တယ်..။
      ဆိုလိုတာက… လူ့ပြည်နှစ်ကူး ၁ နှစ်မှာ တရက် လူုပြည် သိကြားမင်းဆင်းရင်ကို .. ဟိုမှာ(သာဝတိ ံသာ) မိနစ်ပိုင်းလောက်ပဲရှိဦးမှာ..။
      တနှစ်တခါဆင်းတဲ့အဓိပါယ်က.. သာဝတိ ံသာမှာ သိကြားမင်း.. သူ့မိဘုရား ပါးလေးတောင် နမ်းရ-ကိုင်ရမှာမဟုတ်ဘူး..။ လူ့ပြည်ပြန်ပြန်ဆင်းနေရမှာ…။

      ဆိုတော့…။
      တခုခုကတော့ ..အသေအချာလွဲနေတာပဲ..။ သိကြားမင်းလား..။ နတ်ပြည်လား.. ပဲ..။
      ဒ်မှမဟုတ်… တနှစ်တခါသင်္ကြန်လုပ်..သိကြားမင်းစောင့်တဲ့သူတွေ.. သူများလင်မယားကြား ဝင်ရှုပ်မှုနဲ့ အကုသိုလ်ဖြစ်မှာပဲ..။ 🙂

  • search123

    March 22, 2011 at 8:28 am

    ငယ်ငယ်တုန်းက သင်္ကြန်ကို အရမ်းလွမ်းတယ်။
    သင်္ကြန်ရောက်တော့မယ်ဆိုတာနဲ့ကို ပျော်လွန်းလို့ ။
    ပိတောက်တွေ ပွင့်ဖို့ သင်္ကြန်မိုးကလည်း အချိန်မှန်ရွာတယ်။
    ပိတောက်ကလည်း တစ်နှစ်မှာ တစ်ခါပဲ အချိန်မှန်ပွင့်တယ်။
    အခုတော့လည်း ….

  • လင်းဝေကျော်

    March 22, 2011 at 10:03 am

    အုန်းလက်မဏ္ဍပ်လေးတွေနဲ့ ပက်ရတာပဲ အဆင်ပြေပါတယ်။

    အခုလည်း စုပေါင်းလုပ်ဆောင်ကြပါတယ်။
    ရေပက်မဏ္ဍပ်အကြီးကြီးတွေဆောက် ပိုက်ဆံများများ အမြတ်ယူ
    ကောင်မလေးတွေ ကောင်လေးတွေစုပေါင်းကဲကြနဲ့

    ဒီဓလေ့ကိုတော့ဖြင့် မော်ဒီဖိုင်းလုပ်သင့်ပြီ

  • naywoonni

    March 22, 2011 at 3:09 pm

    တစ်နှစ်တစ်ကြိမ် ကိုယ်ကျင့်တရားပျက်စီးနေကြတာ ဖေါ်ပြတဲ့ ပွဲတော်လား?

  • unclegyi1974

    March 22, 2011 at 4:16 pm

    ဝင်ပြီးကိုယ်ပိုင်ထင်မြင်ချက်ကလေးတွေပေး
    သွားတဲ့သူအားလုံးကိုကျေးဇူးပါ
    ဝင်ရေးသွားတဲ့အကြောင်းအရာတွေထဲမှာစိတ်ထဲရှိ
    ပြီးမရေးဖြစ်တဲ့အကြောင်းအရာလေးတွေပါဝင်
    ဖြည့်စွက်ရေးသွားကြတဲ့ကိုနီ ကိုခိုင် မမ ကိုကြောင်
    ကြီး ကိုရင်ပု တို့ကိုအထူးကျေးဇူးပါ
    ကျွန်တော့်ဆန္ဒအမှန်က ကိုယ့်လူတွေကိုစည်းကမ်း
    ရှိစေချင်တယ် အရက်လွှမ်းတဲ့သင်္ကြန်ကို
    သံချပ်သံလွှမ်းတဲ့သင်္ကြန် ဖြစ်စေချင်တယ်
    သင်္ကြန်ရေအေးသလိုရွာသူရွာသားများ
    ကိုယ်စိတ်နှလုံးအေးချမ်းကြပါစေကြောင်း
    တောင်းဆုချွေလိုက်ကြောင်းပါခင်ဗျာ

  • Gong Zhu

    March 23, 2011 at 7:34 am

    တောက သင်္ကြန်ကပိုပျော်ဖို့ကောင်းမယ်ထင်တယ်နော် … မြို့ကသင်္ကြန်က သောက်စားပြီး မူး ၊ ရန်တွေဖြစ် ၊ အကျင်္ီတွေချွတ်ပြီးက ၊ အတွဲတွေကလည်း လူမြင်ကွင်းမှာ ကိုရီးယားကား ရိုက်နေကြတာ ၊ အင်းယားလမ်းမှာ တစ်ချို့ အပေအတေ တွေဆို ကောင်မလေးကို လိ်ုက်လိုက်ဆွဲတာ ။ သူငယ်ချင်းဆို ရင်ဘတ်ဆွဲခံရလို့ ပါးဆွဲချပြီး ခြေထောက်နဲ့ ဆောင့်ကန်ခဲ့တယ်လို့ပြောတယ် … စိတ်ညစ်ဖို့ကောင်းတယ်နော် …

  • naywoonni

    March 23, 2011 at 3:07 pm

    အဲဒါဆိုလည်း ကျွန်တော်တို့ ရွာထဲမှာပဲ သံချပ်ထိုးရအောင်ဗျာ …။ အန်ကယ်ကြီးကစတိုင်လိုက်တော့………။

  • kopauk mandalay

    March 23, 2011 at 3:46 pm

    “သင်္ကြန်ရေဆိုတာ အန္တရယ်ကင်းတယ် ပက်စမ်းခင်ရယ်”
    ရှေးကသီချင်းလေးပါ။
    အခုခေတ်မှာတော့ ကလေးတွေကလဲခွက်စုတ်ကြီးနဲ့ပက်တဲ့ရေ မလုပ်ကြတော့ပါဘူး။
    ပလပ်စတစ်အိတ်ထဲရေထဲ့လို့ အလဲအကွဲဆော်ပါတယ်။
    မဏ္ဍပ်မှာ သွားကဲမယ်ဆိုရင်လဲ “ကဲ”ခက တစ်ရက် အောက်ခံတစ်သောင်း ကျန်တဲ့ ဝါစာကမာတွေမပါသေးဘူး။
    ကားနဲ့လယ်မယ်ဆိုရင်လဲ မန္တလေးရဲ့သင်္ကြန်ပုံစံပြောင်းသွားတော့ ကိုယ့်ထမင်းကိုယ်စားပြီးကျုံးဘေးမှာ
    နေအလှန်းခံရသလိုဖြစ်နေမယ်။
    “သောက်မလား …………..ကို”လို့မေးနေတာ တစ်မြို့လုံးအနှံ့မှာရှိနေတဲ့ ရှေးကတော့ “ဘုံဆိုင်”အခုတော့
    “ဘီယာစတေရှင်”တွေက ကြိုဆိုကြတဲ့အသံတွေပါ။

    ကဲသာကဲ……………လုပ်သူတွေထဲမှာအရွယ်လွန်ဘူးဒါကြီးတွေပါနေသေးပေမယ့်။
    အိမ်ကလဲသဘောကျ …………..ပိုက်ဆံကုန်သက်သာ………………..ကုသို်လ်တွေလဲရအောင်
    သင်္ကြန်တွင်းမှာ တရားစခန်းဝင်သူလူငယ်များရော သင်္ကြန်တွင်းမှာကောင်းမှု့တွေကိုဆောင်နေတဲ့
    လူငယ်များလဲ အများကြီးရှိနေပါသေးတယ်။
    အဲတော့ အသိတရားရှိသော လူငယ်များက တရားစခန်းသွားကြပါ။
    ကိုပေါက်ကတော့ အသိတရားနည်းပါးလို့လျှောက်လည်ကြမယ့် လူငယ်များကို မဖြစ်သင့်တာမဖြစ်ရအောင်
    စောင့်ရှောက်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ်နဲ့ မဏ္ဍပ်ပေါ်ကနေ လူငယ်များကို ကူညီရန်စောင့်နေပါမယ်။
    “သင်္ကြန်ရောက်ရင် ………………ကိုယ့်အသဲလေးရေဆေး…………………………………………….

  • unclegyi1974

    March 23, 2011 at 4:09 pm

    ကိုနီ ရေ စလိုက်ပြီနော်
    ပို့ဆောင်ရေးအကြောင်းလေးပြောချင်တယ်
    ၁၂ဘီးလည်း ၁၂တန်ပဲ၁၂တန်ပဲ
    ၆ဘီးလည်း ၁၂တန်ပဲ၁၂တန်
    ဉာဏ်ကြီးရှင်တို့ ကြည့်လုပ်ပါအုန်းကြည့်လုပ်ပါအုန်း

Leave a Reply