ဧဒင်နဲ့မတူတဲ့ဥယျာဉ် (or) Traders နဲ့မတူတဲ့Hotal
ဧဒင်နဲ့မတူတဲ့ဥယျာဉ်
ချစ်သူရယ်
ငါကဥယျာဉ်တစ်ခုပါ
မင်းရှိနေသ၍တော့
စိမ်းလန်းနေမှာပေါ့
ဧဒင်နဲ့တော့မယှဉ်နိုင်ဘူးလေ
ဒါပေမယ့်
အဆိပ်ပန်းသီးတွေ
မြွေဆိုးတွေတော့
မရှိပါဘူး
မင်းချစ်သူနဲ့
ထာဝရပျော်နိုင်မှာပါ
😀 😀 😀
Traders နဲ့မတူတဲ့Hotal
ချစ်သူရယ်
ငါ Hotalတစ်ခုပါ
မင်းရှိနေသ၍တော့
ဖွင့်ထားမှာပေါ့
Tradersနဲ့တော့မယှဉ်နိုင်ဘူးလေ
ဒါပေမယ့်
ကင်မရာတွေ
ချောင်းကြည့်သူတွေတော့
မရှိပါဘူး
မင်းချစ်သူနဲ့
ထာဝရပျော်နိုင်မှာပါ
😀 😀 😀