Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အနုပညာနှင့်နှိုးဆွခြင်း-ယဉ်ကျေးမူ့နှင့်ခေတ်မှီခြင်း

ဖော်ခြင်းက ခေတ်မှီတာမဟုတ်
ဖုံးခြင်းကလဲရှေးဆန်တာမဟုတ်

မိန်းခလေးများရဲ့ ကိုယ်ပိုင်ဘဏ္ဍာ
ပိုင်ဆိုင်သူကိုသာ ပြဘို့ပါ။
ဒါမြန်မာတွေရဲ့ယဉ်ကျေးမှု့။
ဆိုသူတွေကလဲ
ကိုယ့်အတွေးနဲ့ကိုယ်ပေါ့။

“မမြင်အပ်ရာ”ရာဆိုသဟာ
ဖုံးသင့်တာဖုံးထားရမယ့်ဟာကို
လူမြင်အောင် မလုံ့တလုံပြလိုပြ
အနုပညာကိုဗန်းပြလို့ နှိုးဆွတယ်ဆိုတာကလဲ
သိပ်တော့ မဟုတ်ပြန်ဘူး။

“မမြင်အပ်ရာ”ဆိုသဟာကို
ကြည့်ချင်သူ့အတွက်တော့
“ပွင့်ပွင့်လင်းလင်းနော်” ဆိုတဲ့
အလန်းဇယားလေးတွေကလဲခုခေတ်မှာ များမှများ
ဒီလောက်လေးနဲ့ကတော့
ကိုတွံတေးကြီးရဲ့သီချင်းလို
“ပျင်းတောင်ပျင်းသေးတယ်”
လို့ဆိုသူတွေကလဲဆိုလေရဲ့။

အိမ်နေနေလမ်းနေနေ
နေချင်တဲ့နေရာနေ
ဝတ်ချင်သလိုဝတ်
ကြည့်ချင်သလိုကြည့်
လူတိုင်းမှာ ဒါပါတာဘဲဆိုတဲ့
အတွေးနဲ့လူဖြစ်လာသူများကလဲ
ဒီလောက်လေးဖော်တာကို “ပေါ်ကုန်ပြီ”အော်တော့
“ဒါလေးများ…….ဒါလေးများ”ရီတာပေါ့ ရီတာပေါ့”
လို့ဖြစ်ကုန်ပြန်ရော။

အဲတော့ ဖော်ချင်သူဖော်တာကို
မကြည့်ချင်သူက ဝင်မပြောနဲ့။
ဖော်ချင်သူများကလဲ “ကြည့်ချင်လား
မကြည့်ချင်ဘူးလား”
အရင်မမေးဘဲနဲ့ဇွတ်မပြနဲ့။

သိပ်ပြချင်လာရင်
ကိုယ့်လို အတွေးတူ
ကြည့်ချင်သူတွေကိုအရင်စု
လူညီပြီဆိုမှ ရှိသမျှအကုန်ဖွင့်ချလိုက်တော့။
“အာဟ အာဟ ”
အဘတို့ကတော့
မထိတထိဆိုရင်
ရင်ထဲမှာ ကျလိကျလိနဲ့မို့
ပွင့်လင်းတာကိုဘဲကြိုက်တယ်။
အမြင်မရှင်းဘူးဆိုရင်လဲ
စိတ်တွေရှုပ်တော့ အင်း……………………

အော်………….မှာရအုံးမယ်
တကယ်လို့များပွင့်လင်းဘို့
လူစုလို့ပြပြီဆိုရင်ခေါ်ဘို့မမေ့နဲ့နော်လို့……………………..။

(ကိုပေါက်ပြောတာ ဟုတ်ဘူးနော်
သူများ ကပိုက်ဆံပေးပြိးလာရေးခိုင်းတာရယ်)

17 comments

  • bigbird

    March 23, 2011 at 2:10 pm

    ကြည့်ချင်တဲ့သူတွေထဲမှာ.သားသားတော့ပါဘူးနော်..ဟီး။

  • naywoonni

    March 23, 2011 at 2:31 pm

    ဘယ်လိုပြောရမလဲ? (ဆဲခံရဖို့ မြင်နေပြီ။ )သမိုင်းတစ်ပတိလည်သော် ခါဝယ် ကျောက်ခေတ်ရောက်နေသည် ဟု ထင်မြင်မိပါကြောင်း………..

  • nigimi77

    March 23, 2011 at 3:40 pm

    ကျုပ်တော့ ကျောက်ခေတ်ကို မကြိုက်ပါဘူး။ အာဒံနဲ ့ အေဝ ခေတ်လောက်ဆို လုံလောက်ပါပြီ။ ဖော်တယ် ဆိုလို ့ ကျုပ်ညီမတွေလဲ ဖော်တာပဲဗျ။ ညီမတွေ ဆိုတော့ မကြည့်ဘူးပေါ့။ တခြားလူတွေ ကြည့်ပါလိမ့်မယ်။ ကျုပ်ကတော့ တခြား လူတွေရဲ ့ ညီမတွေကိုပဲ……ဟဲဟဲဟဲ (ဦးကျောက်လုံး ရီ(ရယ်)သံဖြင့်…။

    အော်…မါတုဂါမတွေ…။
    အော်… အလုံးကြီး အပေါက်လှတွေ…အဲ… ဟုတ်ပါဘူး…လုံးကြီးပေါက်လှတွေ…။

    ဟုတ်ပဗျာ…။ အမြင်မတော်ရင် မကြည့်ရုံပဲပေါ့။

    ကျုပ်တော့ အမြင်တော်လို ့ နှမတွေက လွဲရင် ကြည့်တယ်။
    ကျားကြီးတို ့ကြောင်ကြီးတို ့လဲ ဒီလိုပါပဲ။
    နှမချင်းစာနာတတ်ရင်ဗျာ သူများ နှမတွေကို ဘယ်ကြည့် ဘယ်ယူတော့ မလဲ။
    လပျိုကြီးပဲ လုပ်တော့မယ်။

    • bigcat

      March 24, 2011 at 3:09 am

      ကျုပ်ကခင်ဗျားလို ခေါ်တောအား တသိန်းနဲ့ သူများကြိုက်မှန်းမသိ ပုံပျက်ပန်းပျက် မကြည့်ဘူး၊ နေကာမျက်မှန်အောက်ကနေ အိန္ဒြေရရ ကြောင်စားစားတာ။

  • ယောလေး

    March 23, 2011 at 3:43 pm

    လာမပြနဲ့ ပြရင်တော့ ကြည့်ပြီးသားပဲ…ဟိဟိ.။.

  • kai

    March 23, 2011 at 5:23 pm

    – ရှေးက သာမန်မြန်မာအမျိုးသမီးတွေ ရင်စည်းမပါ.. ထမီရင်လျှားနေကြတယ်တဲ့..။
    – နန်းတွင်းမှာတော့… ရင်စည်းဝတ်တယ်..။ ဒါပေမဲ့အပျိုတော်ဆောင်… ဒီအတိုင်းလွတ်လွတ်လပ်လပ်နေကြတာပဲ..။ သူတို့တွေခမျာတွေမှာ ..မင်းသား၊တွေကို အပြိုင်အဆိုင်ဆွဲဆာင်ရတယ်ဆိုတာကိုး..။ (မင်းနန်ပျို ့ -ပန်းရင်ဝတ်တွင်း လက်တော်သွင်း၍ … ဒေါင်းဥခန့်မျှအိမွမွကို.. )
    – ရှင်မဟာရဋ္ဌသာရရဲ့ “ရွှေရင်ဖုံးတုံ ့မဖုံးတုံ ့ “စာသားအရ… မင်းသမီးတွေဘယ်လိုနေလည်း သိသာမြင်သာနိုင်ပါတယ်..။
    – အိနိ္ဒယယဉ်ကျေးမှု အယူများတာမို ့.. မိန်းမကောင်းအင်္ဂါတွေလည်း ထင်ရှာမြင်သာရှိအောင် .. အထက်တန်းစားတွေလည်း နေကြမယ်လို့ ထင်ရပါတယ်…။

    ဆိုတေ့ာ..
    လုံလုံခြုံခြုံဝတ်တယ်ဆိုတာ… မြန်မာ့ယဉ်ကျေးမှုစစ်စစ်ကြီးတော့မဟုတ်တန်ရာဘူး..။
    အခုခေတ်ဝတ်စားတာတွေကို .. ယဉ်ကျေးမှုကိုင်ပေါက်ပြောတာကို… ကြည့်ရကြားရတာ..
    အင်း…. တခုခုတော့ တခုခုပဲ..။ 🙂

  • ကျွန်တော့်အမေသိမ်းထားတဲ့ တိုင်းရင်းမေဂျာနယ် မျက်နှာဖုံးမှာ မယ်မြန်မာဝင်ပြိုင်တဲ့ပုံ (ရေကူးဝတ်စုံနဲ့) တွေ့ဖူးပါတယ်။ အင်မတန်ကျက်သရေ ရှိတယ်။ အခုခေတ်လှယဉ်ကျေးမယ် အင်္ကျ ီနဲ့ထမီ ဝတ်ပြီးပြိုင်တဲ့ပုံတွေထက် ကျက်သရေပိုရှိတယ်။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့မျက်နှာပေးဗျ။ ဝတ်ချင်တာဝတ်တာက တော်ပါသေး။ မျက်နှာပေးက ပြီတီတီ ဖြစ်နေတာ သိပ်အရုပ်ဆိုးတယ်။ အဆင့်ကိုမရှိဘူး။ ထနေကြတာ။

  • “သိသာသိစေ မမြင်စေနဲ့” ဆိုတာကို မေ့နေလေရော့သလား
    မိန်းမတိုင်းမှာ ဘယ်နေရာမှာ ဘာတွေရှိတယ်၊ ဘာတွေပါတယ်ဆိုတာ ၉ဝ %သော အမျိုးသားတိုင်း သိပြီးသားတွေပါ။ “ယိုသူမရှက်၊ မြင်သူရှက်” ဖြစ်ကုန်မှာပေါ့။ ဟိုးပဝေသဏီက ဝတ်စားဆင်ယင်မှုတွေကို တစ်ချိူ့ပုံတွေမှာ မြင်ဖူးပေမယ့် ကိုယ်မွေးဖွားခဲ့တဲ့ ခေတ်ကာလ၊ ယဉ်ကျေးမှုမှာတော့ မြန်မာမိန်းကလေးဆိုတာ လုံလုံခြုံခြုံဝတ်ပြီး မဟာဆန်စွာ၊ ကျက်သရေရှိစွာ လှပနေခဲ့တာကိုပဲ မြင်ခဲ့ပြီး အသားကျနေခဲ့တော့လည်း မြန်မာမလေးတွေကို ရှိတာအကုန်ထုတ်ပြနေတာကို နည်းနည်းလေးမှ သဘောမကျမိပါဘူး။ မြင်စေချင်လို့ ပြမယ်ဆိုရင်လည်း အတွင်းခံလောက်ပဲ ဝတ်ပြီး လူကြားလမ်းလျှောက်ပြပါတော့လား။ ဒါမှ နိုင်ငံတစ်ကာ အဆင့်မှီပေတော့မပေါ့။

    မြန်မာနိုင်ငံမှာ ပိုင်ဟွေ့ ခေတ်စားခဲ့စဉ်က မိန်းကလေးတွေ ထမီအကောင်းတွေကို ပေါင်တစ်ချောင်းဖော်ဖို့ အပြိ်ုင်အဆိုင်ခွဲခဲ့ကြတယ်။ ကိုရီးယားခေတ်စားလာတော့ စကပ်တွေ တစ်ထွာလောက်ပဲ ရှိတော့တယ်။ နောက်များ အမေရိကန် TV Series တွေ ပြလာမယ်ဆိုရင်တော့ ရေကူးဝတ်စုံလေးတွေနဲ့ပဲ ဖြစ်လာတော့မယ်ထင်တယ်။

    ယဉ်ကျေးမှုဝါးမြိုခဲ့ပေမယ့် အတွေးအခေါ်တွေတော့ စီးမဝင်လာတာ နာသဗျာ.. ပယ်သင့်တာကို လက်ခံပြီး လက်ခံသင့်တာတွေကို ပယ်ထုတ်နေကြတာ။ ဒိ်ု့မြန်မာမလေးတွေ တူအောင်တုကြတယ်ဆိုလဲ အကုန်တူအောင်တုကြစေချင်တယ်.. ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ပြီး အောင်မြင်နေကြစေချင်တယ်။ ဘာမဟုတ်တဲ့ Sponsor နောက်ကို အမေပေးတဲ့လယ်တစ်ကွက်အရင်းပြုပြီး စီးပွားရှာနေကြတာတော့ ရွံ့သဗျာ။

    ပွင့်ပွင့်လင်းလင်းပဲ ဝေဖန်လိုက်ပါတယ်။ လွတ်လပ်စွာ ကွဲလွဲနိုင်ကြပါတယ်။
    ကျွန်တော်က ရှူံးနိမ့်မှုများနဲ့.. လူ ပါ

  • shweminthar

    March 23, 2011 at 11:41 pm

    အချိန် နဲ့ နေရာ ကို လိုက်ပြီး ကြည့်ရတဲ့ အရသာ လဲ ကွာ တယ် ဗျ
    အချိန် နဲ့ နေရာ ကိုက်ညီမှု မရှိရင် ကြည့် ရတာ တော် တော် စိတ်ပျက် စရာ ကောင်းတယ်။
    သူ့အချိန် သူ့ နေရာ နဲ့ ကိုက်ညီသွားရင် တော့………

  • Shwe Tike Soe

    March 24, 2011 at 2:14 am

    သူနေရာနဲ.သူ ဝတ်စားဆင်ယဉ်တာအကောင်းဆုံးပေါ့
    ဘုရားသွားရင် ထမိန်ဝတ်ပေါ့
    Night Club သွား ထိုင်မသိမ်း နဲ. ဆိုရင်ဘယ်ကောင်းမလဲနော်
    မိန်းကလေးတွေကလည်း ယောင်္ကျားလေးတစ်ယောက်ရဖို. အဲဒီလောက်လဲ ဖော်ချွတ်စရာမလိုပါဘူး..
    တစ်ခုတော့ပြောလိုက်မယ်
    ဘယ်ယောင်္ကျားလေးမဆို ကိုယ်ယူမယ့် မိန်းမ ကိုတော့ ဗျိုင်းကောင်းကျောက်ဖိ ပဲလိုချင်တာဗျ
    ဖော်ချွတ်နေတဲ့သူကိုတော့ ကြည့်ယုံသာကြည့်ကြသာ
    ဟုတ်တယ်မဟုတ်လား ရွားသားလူပျိုချောတို.ရေ

  • char too lan

    March 24, 2011 at 4:52 am

    သူများရေးခိုင်းတယ်ဆိုပေမယ့် ရေးတဲ့သူရဲ ့ လက်စွမ်းကတော့ စိတ်ချရသဗျို ့ 🙂

  • nigimi77

    March 24, 2011 at 6:27 am

    ခုခေတ် ဝတ်စားတာကို မြန်မာ့ယဉ်ကျေးမှုဆိုတာကြီးနဲ ့ကိုင်ကိုင်ပေါက်ပြီးပြောတာ
    ကျုပ် အမြင်ပြောရရင်။

    မီနီ စကပ်ဝတ်တဲ့ ပေါင်တိုမလေးတွေဟာ သူတို ့ရဲ ့ခြေတံပေါင်တံ အတော်လှပကြတယ်။ အသားအရေလည်းလှပကြတယ်။ အမာရွတ်လည်းကင်းစင်ကြတယ်။ ကျုပ်တို ့ခေတ်က လေဒီတွေက ပေါင်က တိုတုတ်တုတ်၊ ဒူးခေါင်းမှာ ဆိုလဲ ငယ်ငယ်က ကမြင်းထားတော့ အမာရွတ်တွေချဉ်းပဲ။ အဲဒီကြားထဲ အရင်ခေတ်တုန်းက ကျန်းမာရေး အသိပညာနဲ ့ တကိုယ်ရေ သန် ့ရှင်းမှုက သိပ်ပြီး အလေးမထားခဲ့တဲ့ အချိန်ဖြစ်ခဲ့တော့ ပေါင်မှာ ပွေးဝဲ ညှင်း ဂျွတ် ဒတ် အစရှိတဲ့ ဒဏ်ရာဟောင်းတွေလဲ ရှိကောင်းရဲ ့။

    အလှ မကြိုက်တဲ့ မိန်းမ မတွေ ့ဖူးသလောက်ပဲ။ လှဖို ့ဆိုရင် လူတိုင်းလုပ်ချင်ကြရော။ ဟိုးအရင်ခေတ်က ပန်းတွေကို ခေါင်းမှာပန်တယ်။ အခုခေတ်မှာ ပန်းပန်တာ မရှိသလောက်ဖြစ်သွားပြီ။ မျက်ခုံးကို ပုံဖော်မယ်။
    မျက်တောင် ကော့ပျံနေအောင် မာစကာရာ နဲ ့လုပ်မယ်။ နှုတ်ခမ်းနီဆိုးမယ်။
    လက်သည်း အလှပြင်မယ်။ မိတ်ကပ်တွေ လိမ်းမယ်။ အားလုံးဟာ လှချင်ကြတာပဲ။

    မိန်းကလေးတွေ ဘာကြောင့်လှချင်ကြတာလဲ။ အကြောင်းရင်းက နှစ်ချက်ရှိတယ်။

    ပထမ အချက်က အပြိုင်အဆိုင်ဆိုတဲ့ စိတ်ကြောင့်ပဲ ။ ဒါဟာ မိန်းမ သဘာဝ။
    တချို ့က သိသိသာသာ ပြိုင်ဆိုင်တယ်။ တချို ့က မသိစိတ်က အလိုလို ပြိုင်ဆိုင်တယ်။ မိန်းမ တစ်ယောက်ရဲ ့ အလှတရားလို ့ သတ်မှတ်ထားတဲ့ နေရာတွေဟာ ကိုယ့်ပတ်ဝန်းကျင်က တခြား ဘယ်သူထက်မဆို ထူးခြားသာလွန်
    တယ်လို ့ မိမိကိုယ်ကို ယုံကြည်တဲ့ မိန်းမဟာ သူ ့ရဲ ့ အလှအပအတွက် ဂုဏ်ယူတယ်။ ဂုဏ်ယူတဲ့ အလျောက်လဲ မသိစိတ်ကရော သိစိတ်ကရော မိမိ အလှကို ထုတ်ဖော်ပြချင်တယ်။
    ထုတ်ဖော်ပြနည်းက အမျိုးမျိုးရှိတယ်။ ဘယ်နေရာက သူတပါးထက်လှပတာလဲ ဆိုတာက အဓိကကျတယ်။ မိန်းကလေး အချင်းချင်း ငေးကြည့်စေပြီး ….
    ဟယ်…ဟိုကောင်မလေး ဆံပင် အရမ်းကောင်းတာပဲ။
    ဟယ်…ဟိုကောင်မလေး မျက်နှာလေးက ဝင်းသန် ့နေတာပဲ။
    ဟယ်…ဟိုကောင်မလေး လက်မောင်း အကျလေးက ပြေပြစ်လိုက်တာ။
    ဟယ်…ဟိုကောင်မလေး ခါးလေးက သိမ်ပြီး လှလိုက်တာ။
    ဟယ်…ဟိုကောင်မလေး တင်ပါးလေးက လုံးဝန်းပြီး လှလိုက်တာ။
    ဟယ်…ဟိုကောင်မလေး ရင်သားလေးက လှလိုက်တာ။
    ဟယ်…ဟိုကောင်မလေး ခါးလေးက သိမ်ပြီး လှလိုက်တာ။
    ဟယ်…ဟိုကောင်မလေး ပေါင်တံလေးက စင်းနေတာပဲ။
    ဟယ်…ဟိုကောင်မလေး ခြေသလုံးလေးက လှလိုက်တာ။
    ဟယ်…ဟိုကောင်မလေး ခြေခြောင်းလေးတွေ လှလိုက်တာ…..။

    စသဖြင့် မိန်းမ အခြင်းခြင်းကြားမှာ ဂုဏ်ယူကြရတာ။
    ဒါက အရှိကို အရှိ အတိုင်းမြင်တဲ့ အမျိုးသမီး အချင်းချင်းပြောတဲ့ စကား။

    အဲ…မိန်းမယုတ် နှုတ်ကြမ်းတွေကျတော့ အဲလို မဟုတ်ပြန်ဘူး။

    ဟယ်…ကောင်မကိုကြည့်ပါဦး။ ဝတ်စားထားတာ လန်ပြန်ထွက်နေတာပဲ။
    ဟယ်…ကောင်မကိုကြည့်ပါဦး။ ဝတ်ထားတာက တိုလိုက်တာ ဖင်တောင်ပေါ်မလားပဲ။
    ဟယ်…ကောင်မကိုကြည့်ပါဦး။ ပြင်ထားလိုက်တာ ကြက်မနဲ ့တူလိုက်တာ။
    ဟယ်…ကောင်မကိုကြည့်ပါဦး။ ရင်ဘတ်က ဘောလုံးများ ထည့်ထားလား မသိဘူး။ ဘူးဘူးဘူးဘူးဘူးဘူးဘူးဘူးးးးးး………….။

    လူတွေဟာ ဆင်းရဲသား ကျုးကျော် ရပ်ကွက်တွေကနေ ခေတ်တွေပြောင်း ကန်ထရိုက်တွေ ကောင်းမှုကြောင့် တဲပေါ်ကနေ တိုက်ပေါ်ရောက်လာပေမဲ့
    ဂတ်သို စရိုက်က မပျောက်ဘူး။ အရင်တုံးကလဲ ရပ်ကွက်ထဲ နဲနဲ ဝတ်နိုင်စားနိုင် တစ်ယောက်ယောက်က ဖြတ်လျှောက်သွားရင် မိန်းမကြီး ငယ် ဝိုင်းပြီး သောက်တင်းချကြတာပေါ့။ ဘာဖစ်တယ် ညာဖစ်တယ်နဲ ့….တကယ်တန်းတော့
    ဒါတွေ အားလုံးဟာ ပစ္စည်းမဲ့ ဒေါသတွေပါ။ ဒါဟာ တကယ့် လူသား စစ်စစ်တွေရဲ ့
    သောက်ကျင့်ပါ။ ခေတ်တွေကပြောင်း သားသမီးတွေက အရွယ်ရောက်လာပေမဲ ့လည်း မိဘတွေ နဲ ့ပတ်ဝန်းကျင်ရဲ ့ အယူအဆ အကျင့်တွေကြားမှာ နားစွဲနေခဲ့တဲ့ အပြင် သုံးစားလို ့မရတဲ မြန်မာ ကျောက်ရူး ရုပ်ရှင်များမှာ လည်း ဒီလို ဝတ်ရင်တော့
    ပတ်ဝန်းကျင်က ဒီလိုကဲ့ရဲ ့လိမ့်မယ် ဒီလို အပြောခံရမယ်ဆိုတဲ့ ဇာတ်ဝင်ခန်းတွေကို ထည့်ရိုက်ပြနဲ ့ ဆိုတော့ အဲဒီလူတွေဟာ မြင်တာနဲ ့ကို သိပ် အာရုံစိုက်စရာမလိုပဲ ပါးစပ်ကနေ အော်တိုမက်တစ် ပစ် တော့တာပဲ။
    အရင်ခေတ်တုန်းက မြန်မာရုပ်ရှင်တွေမှာ အဲဒီလို ဇာတ်ဝင်ခန်းတွေ လုံးဝ မရှိသလောက်ပဲ။ ခေတ်တွေကပြောင်းတော့ နောက်ပိုင်း အနုပညာ သမားတွေဟာ ဂတ်သိုထဲက ဇာတ်လမ်းတွေကို ထည့်ထည့်ရိုက်လာတာ။

    ဒီတော့ကာ…ပြောချင်တာက အဲဒီ အတွေးအခေါ်တွေဟာ ဂတ်သို ထဲက အတွေး
    အခေါ်တွေ။
    လှတဲ့မိန်းမကို မလှတဲ့မိန်းမက ပစ္စည်းမဲ့ ဒေါသနဲ ့ စကားလုံးခန် ့အောင် မြန်မာ့ယဉ်ကျေးမှုနဲ ့အညီ…..ဘာညာ လုပ်ကြရော….။

    ကလေး အထာနဲ ့ လည်ဖြတ်ကြေးလောင်းရဲတယ်။ အရာရာပြည့်စုံ (ရုပ်ပိုင်းဆိုင်ရာ၊
    စိတ်ပိုင်းဆိုင်ရာ) နေတဲ ့ ဘယ် မိန်းမကမှ ဘယ်မိန်းမကို မှ မဝေဖန်ဘူး။
    ဝေဖန်တဲ့ အမျိုးသမီးတွေ သေချာပေါက် တနေရာမှာ ချို ့ယွင်းချက်ရှိနေတယ်။

    ဒီတော့ မိန်းမများ ဖော်တယ် ပြတယ်ဆိုတာ ယောကျာင်္းတွေ အတွက်ချဉ်း သက်သက် မဟုတ်ဘူးဆိုတာ သိလောက်ပြီထင်ပ။

    ရွှေကိုယ်တော်များလဲ ကြောင်ကြီးလို ကြောင်သူတော် လုပ်မနေပါနဲ ့။
    ယောကျာင်္းတွေပဲဗျာ….။ မဟုတ်ရင်တော့ ခင်ဗျားတို ့လဲ တနေရာရာမှာ တခုခုတော့ ချွတ်ယွင်းနေပြီ ထင်တယ်။

    မြန်မာ့ယဉ်ကျေးမှုလို ့ပြောချင်ရင် …အမျိုးကောင်းသမီးတို ့ ခင်ဗျား……

    အခုခေတ် ပေါ်တဲ့ Butter Fly လေးတွေ မသုံးပဲ မြန်မာ့ယဉ်ကျေးမှုနဲ ့ အညီ
    ခွခေါင်းအုံးလောက်ကြီးတဲ့ ဂွမ်းထုတ်ကြီးကို ပိတ်အထပ်ထပ်နဲ ့ ကျပ်စီး ပါလားလို ့
    အကြံပေးချင်ပါတယ်…။

  • santds

    March 24, 2011 at 7:37 am

    ခေတ်မှီတာကောင်းပါတယ်။ ခက်တာက တခြားနေရာတွေမှာ လိုက်မမှီပဲ ဒီလိုအပေါ်အရံအပြင်အဆင်တွေပဲ အမှီလိုက်နေကြတာကိုပါ။ အရင်က မြန်မာမိန်းကလေးဆိုရင်လုံမလေးလို ့တောင်ခေါ်ကြသေးတာပဲ။ ခေတ်အနေအထားအရဘယ်လိုပဲဝတ်ဝတ် မိဘမောင်ဖွားတွေရှေ့မှာ အမြင်တော်ဖို ့လည်းလိုအပ်ပါသေးတယ်။ ရုပ်လှလှမလှလှ ကိုယ့်နဲ ့အပ်စပ်တဲ့ အပြင်အဆင်မျိုးတော့ ဖြစ်သင့်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုဆိုတာ အလကားရှိနေတာမှမဟုတ်တာ။ တခြားနိုင်ငံတွေအနေနဲ ့ သူတို ့အနေအထား၊ သူတို ့အပြင်အဆင်တွေဟာ အဆင်ပြေနိုင်ပေမယ့် ဒီမှာတော့ ပုံတူကူးမချသင့်ပါဘူး။ အနေအထားချင်းမတူပါဘူး။ တုပချင်ရင်တောင် ကောင်းသောအချက်လေးတွေပဲ ယူသင့်တယ်ထင်တယ်။ မြန်မာဆိုပြီး ဂုဏ်ယူချင်တဲ့အချက်တွေထဲမှာ မြန်မာမိန်းကလေးတွေရဲ ့ဝတ်စားဆင်ယဉ်မှုလည်းပါပါတယ်။ အခုကသိပ်ပြီးအမြင်မတော်လွန်းလို ့ပါ။

  • လင်းဝေကျော်

    March 24, 2011 at 10:01 am

    စလုံးမှာတော့ ကိုယ့်မိန်းမကို sexy ဖြစ်စေချင်သတဲ့။
    သူ့မိန်းမ ဖော်တာကိုလည်း ကြိုက်သတဲ့ ( အခြားမိန်းမများ ဖော်တာကို ကြိုက်တာတော့ အထူးပြောစရာမလို )
    ဘာပဲဖြစ်ဖြစ် ယဉ်ကျေးမှုဆိုတာကတော့ ဖော်တာ မဖော်တာတင်မဟုတ်ပါဘူး။( ဆိုလိုတာက ကြည့်တာမကြည့်တာနဲ့တင် နှာဘူးကြီး သူတော်ကောင်းကြီး ပြောလို့မရပါဘူး ) ကြည့်တတ်သူများ ကြိုက်တတ်သူများ ငြင်းကြမယ်မထင်။( တကယ်တော့ အကုန်လုံး ယောကျာင်္းမိန်းမ မဟူ ဆန့်ကျင်ဘက်ရဲ့ မြင်ရခဲသော အရာများကို ကြည့်လိုတာ လူ့သဘာဝပါပဲ )။ သို့သော် ထိုအရာများမှနေပြီး မကောင်းမှုကို လက်ယပ်ခေါ်သလိုဖြစ်မနေဖို့ရာ ဆင်ခြင်ကြဖို့ပါပဲ။ (ကာလံဒေသံ အဂ္ဂံ ဘာညာ ဆိုတာတွေကို တွက်ကြပေါ့ )

  • unclegyi1974

    March 24, 2011 at 4:42 pm

    နဂျီရေ မင်းအသယ်ကြီးသယ်လာပြီးမှ
    နောက်ဆုံးပိတ်ဘယ်ရောက်သွားတာလဲ
    အပေါ်ယံဝတ်စားဆင်ယင်မှုကိုပြောနေရာက
    ဘယ်နေရာရောက်သွားတာလဲ
    မဆီရယ်မှအိုမဆိုင်

  • nigimi77

    March 25, 2011 at 3:20 am

    သန်ရာသန်ရာပေါ့ အန်ကယ်ဂျီးရေ။
    ခရေစေ့တွင်းကျ ပြောပြတာပါ။
    အပေါ်ယံ ဝတ်စားဆင်ယင်မှုပြီးရင် အတွင်းပိုင်း……..။

  • ကျနော်ပျင်းတာနဲ့ အဟောင်းလဲပြန်ရှာကြည့်တာ.
    ကဲ လူသစ်တွေဖတ်ပြီးအမြင်တွေပြောကြဗျာ။

Leave a Reply