လက်ရှိ မင်းသားလုပ်တဲ့သူကလည်း ဘာပဲပြောပြော ပတ်မကြီးကို တကြည့်ကြည့်။ တစ်ယောက်ယောက် ဖောက် သွားမှာကို စိုးရိမ်လို့။ စိုးရိမ်လောက်စရာကိုး။ သူက သာ က လို့ကောင်း နေတာ ဇာတ်ခုံက ခပ်နဲ့နဲ့ရယ်။ အရပ်စကားနဲ့ပြောရမယ်ဆိုရင် အဖြစ် ကနေရတာ။ မင်းသားက ကလို့ မဆုံးသေးဘူး ဇာတ်ထွက် မင်း သမီးက တစ်ပြင်ပြင်။ ပရိတ်သတ်က မင်းသမီးကို မျှော်လှပြီ။ လူကြီးတွေ ပြောပြောနေတာ ကြားဖူးတယ်။ ဒီဇာတ်ထုပ် ကလည်း ရှည်ပါ့ ဆိုတာ လိုမျိုး။ မပြီးနိုင်တဲ့ ဇာတ်က အရှုပ်ထုပ်။ ပရိတ်သတ်ထဲမှာ တောဇာတ်ဆိုတော့ဗျာ ရွာကျောင်းက ကိုယ်တော် တွေ လည်းပါတယ်။ ထန်းရည် သမားတွေ လည်းပါတယ်။ ဒီနှစ်တွေ ထဲ ရွာမှာ ပွဲငတ်နေတာကြာပေါ့။ ငယ်ငယ်ရွယ်ရွယ်ကြီးကြီးသေးသေး ပုပုရှည်ရှည် […]