Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


KingJuly 16, 20131min61816
ရွာထဲလည်း မရောက်တာတော့ ကြာပေါ့ ။ ရွာထဲသာ မဝင်ဖြစ်တာပါ ရွာအပြင်ကနေ ရွာထဲက အခြေအနေကို အမြဲ လေ့လာလျှက်ပါ။ ဘာလို့ ရွာထဲ မဝင်သလဲဆိုရင်တော့ ရွာထဲမရောက်ဖြစ်လို့ပေါ့ဗျာ 😆 ကဲကဲ ပေါက်ကရ စာစုလေးတွေ ချရေးတော့မယ် … —————————————————————————– အချစ်နဲ့ ပင်ပန်းခြင်း —————- တစ်ယောက်ယောက်ကို ချစ်ရတာ ပင်ပန်းတယ် တစ်ယောက်ယောက်က ချစ်တာကို ခံရရင်လည်း ပင်ပန်းတယ် ဒါကြောင့် အချစ်ဆိုတာ ပင်ပန်းတယ် ……………………………………………………………………. အရှုံးတကာ့အရှုံး —————- မိမိအချစ်ကို တစ်ပါးသူမသိဘဲ ကျိတ်ချစ်၍ ရှုံးရသော အရှုံးထက် မိမိအချစ်ကို တစ်ပါးသူသိပြီး မချစ်ဟန်ဆောင်ကာ တစ်ပါးသူ၏အောက်တွင် ရှုံးရသော အရှုံးက ပိုပြီး ဆိုးဝါးလှ၏ .. …………………………………………………………………….. ဘယ်သူက ခံစားလို့ပိုကောင်းမလဲ […]


KingDecember 3, 20121min46211
ရွာမှာ ဇာတ်လမ်းတွေ ရေးနေကြတာတွေ့တော့ တစ်ခါတစ်လေလည်း ကိုယ်လည်း ရေးချင်မိသား …. ရေးမယ်လို့ စိတ်ကူးမိပေမယ့် သူတို့လောက် စာရေးမကောင်းတော့ ချပြရမှာလည်းရှက် ရေးရမှာလည်း အခက်နဲ့ ကီးဘုတ်ပေါ်က လက်ကလေးတွေကိုတောင် အားနာမိပါရဲ့ …. ရေးမယ်ဆိုတော့ ငါဘာတွေရေးမှာလဲ အကျိုးပြုတွေလား …. စဉ်းစား တွေးချိန်ချင့်စရာတွေလား … ဘဝအမောတွေ ပြေပျောက်အောင် ဖြေဖျောက်ပေးနိုင့်ပါ့မလားဆိုပြီး ပြန်လည်သုံးသပ်ရင်း မိုးလင်းခဲ့ရတဲ့ ညပေါင်းတွေလည်း မနည်းတော့ပါဘူး (အမှန်က ဘောလုံးပွဲကြည့်ရင်း အာရုဏ်တက်ချိန်ရောက်သည် စာထဲမှာတော့ နည်းနည်း တင်စားတော့ပါဗျာ) ကဲကဲ စကားချည်းတွေက တယ်များပါ့လားဆိုပြီး မေတ္တာပို့နေပါဦးမယ် .. ဇာတ်လမ်းလေးကို မကြာခင် စပါတော့မယ် … ဇာတ်လမ်းလို့သာ ပြောရတယ် … သိုင်းဝိုင်းပြီးရေးထားတော့ မရှိဘူးနော် … ဒါက ကြိုတင် […]


KingMarch 28, 20121min4448
ဒါကတော့ ရင်ဖွင့်သံလေးပေါ့ …. ပညာရပ်တွေ ဗဟုသုတအကြောင်းတွေကို ဖတ်ပြီး ဆွေးနွေးကြ ငြင်းခုန်ကြ သူများအတွက်တော့ အဆင်ပြေချင်မှ ပြေမယ်ပေါ့ဗျ … ဒါကြောင့် စကားကို ကြိုကန်ထားပါတယ် … လှည့်ထွက်ရင်မီပါသေးတယ်ဗျ .. ဒါပေမယ့် နှစ်သိမ့်ပညာပေး ဆွေးနွေးပေးမယ့်သူများအတွက်တော့ ဖတ်ဖို့ အဆင်ပြေလိမ့်မယ်လို့လည်း ထင်ပါတယ် … ဒါက လူတိုင်းနီးပါး ခံစားနိုင်တဲ့ အချစ်ကိစ္စပဲဖြစ်ပါတယ် … သူမဟာ ရုပ်မချောပါဘူး … ဆွဲဆောင်မှုကောင်းသော အမျိုးသမီးလည်း မဖြစ်ခဲ့ပါဘူး …. သူမနဲ့ သိကျွမ်းခဲ့တာကတော့ ၁ နှစ်လောက်ရှိပြီပေါ့ … ဒါပေမယ့်လည်း သာမန်မိတ်ဆွေတစ်ဦးထက် မပိုတဲ့ ဆက်ဆံရေးပဲရှိခဲ့ပါတယ် … သူမနဲ့ ကျွန်တော် အဖွဲ့အစည်းဌာနတစ်ခုမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ရတာပေါ့ … ဌာနခွဲချင်းတော့ မတူခဲ့ဘူးပေါ့လေ […]


KingMarch 10, 20121min72716
ဒီကနေ့ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ် …. ဒီသတင်းသာအမှန်ဆိုရင် အဲဒီဌာနကို ဒီနေရာကနေရှုံ့ချပါတယ် အမှန်ဟုတ် မဟုတ် မသိဘူးလားလို့ ပြောရင်လည်းခံရမှာပဲ ဘာလို့လဲဆိုတော့ ပေးထားတဲ့ လင့်ခ်ကိုရောက်ဖို့ အချိန်တော်တော်ကြာ သွားပါတယ် သို့သော် ……… ဆက်မပြောတော့ပါဘူးဗျာ ပြောရရင်လည်း ဓာတ်ပြားဟောင်းပြန်ဖွင့်သလိုဖြစ်နေပါလိမ့်မယ် .. မြန်မာပြည်မှာ နေတဲ့သူတွေကတော့ ဒီလိုကိစ္စတွေကို ကြုံဘူးတွေ့ဘူးနေကြဆိုတော့ အထူးပြောစရာမလိုတော့ပါဘူးထင်ပါတယ် … ဒါကြောင့် ဖတ်မိသမျှလေးကိုပဲ ပြန်လည်မျှဝေတင်ပြလိုက်ပါတယ် … အားလုံးပဲ သိသမျှဝေဖန်သုံးသပ်ပေးကြပါလို့ ……… ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ် 2158 NBC_SNL_Rude_Buddha … (Updated: Mar. 05, 2012 12:04 AM EST) အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် […]


KingFebruary 25, 20121min5688
မိုးအတိတ်မှာ စိုးထိတ်ခဲ့တဲ့ မင်းရဲ့အကြင်နာ ဆောင်းအကူးမှာ မပြောင်းဘူးလို့ပဲ ငြင်းခဲ့ ငြင်းခဲ့ နွေအရောက်မှာ ဗွေဖောက်ခဲ့တဲ့ မင်းရဲ့သစ္စာကြောင့် နွေဦးအလယ်မှာ ခြေဦးတည်စရာမရှိ အခုတော့လည်း မောင့်ရဲ့ဘဝ ကျားရဲလည်းသေ တောလည်းကြေခဲ့ပြီပေါ့ …


KingFebruary 1, 20121min53216
  ဇာတ်သိမ်းဆိုတာ တစ်ခန်းရပ်လိုပါ ဒီနေရာမှာရပ်လိုက်ပေမယ့် ဟိုတစ်ဖက်မှာ တစ်ခြားဇာတ်ရုပ်နဲ့ ထွက်ပေါ်လာမှာပဲ ငါမရှိတဲ့ နင့်နှလုံးသားမှာ အဖော်ပြုမယ့်သူက နည်းမှမနည်း ငါတောင် ဂျူနီယာဖြစ်ပေမယ့် တစ်ခြားတစ်ဖက်မှာ အများစုရဲ့ စီနီယာပေါ့ ဒီအထာကို ရီတာပေါ့လို့ မပြောနိုင် ဝေဒနာကိုကြိတ် ဒဏ်ရာကိုပိတ်လို့ ငှက်တစ်ကောင်နဲ့အတူ ငါပျံသန်းလိုက်တယ် တိမ်ပေါ်မှာ အရုပ်ရေး အရှုပ်အထွေးကင်းတဲ့ ရွာပြင်မှာ ဖူးစာကို ဦးရာလို့မသတ်မှတ် မင်းအတွက်နဲ့ ငါဟာ မျက်ရည်စက်လက် ဒိအတွက်နဲ့ အချစ်ကို ဇာတ်သိမ်းတော့မယ် နောက်ထပ်….. ချစ်ရမည့်သူ မပေါ်သ၍ပေါ့ ………… အကျဉ်းထောင်က (နှလုံးသားမြို့) မင်းကောင်    


KingJanuary 31, 20121min40813
သူကြီးကို ထောက်ခံတာလား ဆိုလို့ တစ်မျိုး မမြင်ကြပါနဲ့ဗျာ … အမှန်တော့ ကျွန်တော်တင်ခဲ့တဲ့ ပို့စ် တစ်ခုမှာ သူကြီးက သန်း၁၀ဝ စီမံချက်ကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းနေလေတော့ ….. အခုလဲ ဖေ့စ်ဘုတ်မှာ တက်လာသမျှ ကြည့်မိရင်း ……….. အားလုံးနဲ့အတူ နည်းနည်း ပွားကြည့်ရအောင်ဗျာ သွားကြည့်စရာ အဖော်မရှိလို့ အားငယ်လိုက်တာဗျာ …. 🙁   နောက်ထပ်ဗျာ ကျပ် ၅၀၀ဝ ထောင်တန် ဖုန်းကိစ္စကလည်း နည်းနည်းခေတ်စားနေတော့ ……   အားလုံးပဲ တစ်ချက်ပြုံးရင် တစ်သက်မမုန်းဘူးဆိုတဲ့ အကျဉ်းထောင်က မင်းကောင် … 😛


KingJanuary 26, 20123min37810
အပိုင်းလိုက်တင်နေရင်းနဲ့ မတင်ဖြစ်တာ အကြောင်းကြောင်းများကြောင့်ပါ … 😛 ဒီတစ်ခါတော့ အင်းလေး ဒေသ သူတို့အခေါ် အင်းစား တို့ ဒေသပေါ့ဗျာ … အင်းစားတို့ဒေသကို အတူတကွ လည်ကြရအောင်ဗျာ  ………..   စင်ရော် ငှက်ကလေးတွေကို အစာကျွေးရင်း ရိုက်လိုက်တာ အစာတောင် လေထဲမှာ ပါနေသေးတယ်ဗျ စေတီတော်ရဲ့ ဘွဲ့တော့ မသိဘူးဗျ … သိသူများရှိရင် ပြောပေးကြပါ ( .♫♪ .. လမ်းကြုံရင် ပြောပေးကြပါ ..♫♪ . ) အချင်းချင်း ကပ်ကျော်သွားတာဗျာ နောက်တစ်စင်းကလည်း ကျွန်တော့်တို့ကို ထားခဲ့တော့မယ်ဗျ ငါးဘယ်နှစ်ကောင် ရမလဲမသိဘူးနော် (ပျမ်းမျှ သိတဲ့သူများရှိမလားဗျ) ဘေးပတ်ဝန်းကျင်ကို အမှတ်တမဲ့   ဖောင်တော်ဦး ရုပ်ပွားတော်တွေ ဖူးမြော်နိုင်ဖို့ … […]


KingJanuary 24, 20121min69625
ပန်းနှင့်တူသော မိန်းကလေးထံသို့ (ဤပုံအား ကုံလုံဆရာတော်ဘုရားကြီး၏ ပုံတူ ရုပ်ထု ရှိရာ စံကျောင်းတော် အရှေ့မှ ရိုက်ကူးခဲ့ခြင်းဖြစ်၏)   ရနံ့ထုံသင်း ပန်းခင်းကြီး၌ ပြစ်မျိုးမှဲ့မထင် ကြည်လင်ရှင်းသန့် စင်ကြယ်စွာဖြင့် မွှေးပျံ့နေလည်း ပန်ဆင်သူမဲ့ ချွေလက်မရှိက ကြွေကာနွမ်းခြောက် ကြွေကျလိမ့်မည် … ဪ အနိစ္စ အနိစ္စ အနိစ္စ မမြဲတဲ့သဘောမို့ အချိန်ရှိခိုက် လုံ့လစိုက်ကြစို့ ………………….. ————————————————————————————– ဘာကို ဆိုလိုမှန်း သိချင်သိကြလိမ့်မယ်ပေါ့ …… ဒါပေမယ့် တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေက တူမယ်လူ ရှားမယ်လို့ထင်ပါတယ် … Comment များ ဝင်ရေးတဲ့အခါ မိမိရဲ့ ထင်မြင်ချက်ကလေးများကို မြင်ချင်မိပါတယ် .. 🙂 အားလုံးကိုချစ်ခင်လျှက် KING  


KingJanuary 23, 20121min4275
ဒီကနေ့ ပြည်တွင်းထုတ် ဂျာနယ်တစ်စောင်ဖြစ်တဲ့ The Messenger ဂျာနယ်မှာ ပါလာတဲ့ သတင်းလေးတွေကို လက်ဆင့်ကမ်း ဖော်ပြပေးချင်လို့ ရေးတင်လိုက်ပါတယ်ဗျ ပထမ သတင်းတစ်ခုကတော့ ကျွန်တော်မြန်မာနိုင်ငံသားများ လိုချင်မိတဲ့ ၅၀၀ဝ ကျပ်တန် တယ်လီဖုန်းများ အကြောင်းပဲဖြစ်ပါတယ် သတင်းထောက် ဇင်မာဝင်းစံ ရေးသားထားတဲ့ ၅၀၀ဝ တန်ဖုန်းများ ရောင်းချခွင့် အမြန်ဆုံးခွင့်ပြုပေးရန် ရွှေလက်ချောင်းများအဖွဲ့က ဦးဆောင်၍ တင်ပြတောင်းဆိုသွားမည် ဖြစ်ကြောင်း ရွှေလက်ချောင်းများ သာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ကိုဗအုပ်ခိုင်က ပြောကြားထားတဲ့ အကြောင်းပါဗျ … နိုင်ငံတော်သမ္မတကြီးဆီ တင်ပြနိုင်ရန်အတွက် ပြည်သူများ၏ လက်မှတ်များကို စုဆောင်းနေပြီး၊ သမ္မတကြီးထံ တင်ပြရာတွင် ယင်းလက်မှတ်များနှင့်တကွ ပူးတွဲ၍ ရေးသား ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ….. ပါဝင်လက်မှတ် ရေးထိုးလိုသူများအနေဖြင့် လျှောက်လွှာစာရွက်ပေါ်တွင် လက်မှတ်နှင့်တကွ အမည်၊ […]


KingJanuary 21, 20121min3347
ရေးတော့အကြီး ကြီးတွေ ရေးချင်တာဗျ … ဒါပေမယ့် အကြောင်းမတိုက်ဆိုင်ပြန်သေးတော့ ရေးဖို့ အခွင့်အလမ်းက မပေးပြန်ဘူး ဒီတော့ ဖေ့စ်ဘုတ်မှာ ဟိုရောက် ဒီရောက် စကားစု အပိုင်းအစများကို ကိုယ့်ဖာသာ တစ်နေရာတည်း စုစည်းချင်သောကြောင့်လည်းကောင်း၊ မိမိ မိတ်ဆွေများ ဖတ်မိပြီး ပြုံးမိစေရန်သော် လည်းကောင်း၊ လည်းကောင်း လည်းကောင်းများဖြင့် စုစည်းဖော်ပြလိုက်ပါတယ် …. အားလုံးပဲ ဒီနေရာရောက်မှ သည်းခံကာ ဖတ်ရှုပေးကြပါတော့ဗျာ ….. ပုံတွေကိုက အရမ်းလှ ကြည့်မဝတဲ့ ကျွန်တော့်ဘဝ မျက်ရည်တွေတောင်ခ နစ်မွန်းမိတဲ့ မင်းအလှ သမုဒယ ချောက်ထဲကိုလေကျ ပြန်လမ်းမရှိတဲ့ ကမ္ဘာမှ …….. (အမည်မသိရှေးစားဆိုမဟုတ်တဲ့ ကျွန်တော်) …. ————————————————————- အဆင့်အတန်းဆိုတာ ဘာနဲ့ တိုင်းတာလဲ ဘာကို သတ်မှတ်ကြတာလဲ ငွေကြေး၊ ဂုဏ် […]


KingJanuary 19, 20121min42110
ဘွဲ့တံဆိပ်တွေ ဖြုတ်ဖို့ နီးနေပြီလားဆိုပြီး ဟိုတွေး ဒီတွေး တောင်တွေ မြောက်တွေး မတွေးကြပါနဲ့အုံး … အမှန်က ကျွန်တော့် နာမည်ရှေ့မှာ တပ်ထားတဲ့ ဘွဲ့တံဆိပ်တွေ အကြောင်း စဉ်းစားမိရင်း ရေးလိုက်တာပါဗျ … အားလုံးသိတဲ့အတိုင်း (သိရင်သိမယ် မသိရင်မသိဘူးပေါ့ဗျာ … ရှင်းတယ်ဟုတ်) ကချင်ပြည်နဲ့ တကယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်ဆိုရင် ဘွဲ့တံဆိပ်ရှင်ကြီးများကို မယှဉ်ကောင်းအပ်စွာ တုပထားတဲ့ ကျွန်တော့်ရဲ့ ဘွဲ့တံဆိပ်တွေကို ဖြုတ်ပစ်ဆိုပြီးပေါ့လေ … ဒါပေမယ့်လည်း အခုချိန်ထိတော့ သိသာ ထင်သာ မြင်သာတဲ့ အကြောင်းများမကြားရပြန်သေးတော့ … သစ်ကုလားအုတ်တောင် အဖေ ခေါ်ရလောက်တယ်ဗျာ … မျှော်လင့်မိတဲ့ သတင်းစကားများ မကြားရသေးပြန်တော့ … အခုလည်းဗျာ အစိုးရနှင့်ကေအိုင်အို ဆွေးနွေးပွဲအပစ်အခတ်ရပ်ရေး သဘောတူညီချက်မရရှိသေး ဓါတ်ပုံ(kachinnet) […]


KingJanuary 12, 20121min58418
<3 ကောင်မလေးရယ်… <3 မထင်မှတ်ဘဲ…ဝင်ရောက်တဲ့…အချစ်ဆိုတာလား… မရည်ရွယ်ဘဲကြည့်မိ… နှလုံးသားရဲ့……စည်းချက်မညီ့တညီ…ရင်ခုန်သံ… မညီမညာတဲ့….နင့်စကား..အတီအတာ..ကိုလည်း ခုံမင်နေမိပြီ……. မရေရာတဲ့ဘဝလား… မသေချာပေမဲ့ အခု..ငါ…ချစ်မိနေပြီ….. အတီအတာစကားလေးပြောတတ်သူ…..ကို ရင်မှာအမြဲတွေးပေးမိတယ် ဒီတစ်ခါ….အချစ်ရဲ့..ကွန်ယက်အလယ်……. ငါ..ဒီလိုနဲ့ပဲ့……တစ်ဝဲလည်လည်…… အော်……ချစ်မိခဲ့တဲ့… <3 ကောင်မလေးရယ်… <3 ။          ။  !!!!!!!!!!! KING !!!!!!!!!!!