Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

လွတ်လပ်တယ်ဆိုတိုင်းးးးးးးးးးးးးးးးးးး

KingMarch 10, 20121min72916

ဒီကနေ့ဖတ်မိတဲ့ သတင်းတစ်ပုဒ်ကို မျှဝေပေးလိုက်ပါတယ် ….
ဒီသတင်းသာအမှန်ဆိုရင် အဲဒီဌာနကို ဒီနေရာကနေရှုံ့ချပါတယ်
အမှန်ဟုတ် မဟုတ် မသိဘူးလားလို့ ပြောရင်လည်းခံရမှာပဲ ဘာလို့လဲဆိုတော့ ပေးထားတဲ့ လင့်ခ်ကိုရောက်ဖို့ အချိန်တော်တော်ကြာ သွားပါတယ် သို့သော် ……… ဆက်မပြောတော့ပါဘူးဗျာ ပြောရရင်လည်း ဓာတ်ပြားဟောင်းပြန်ဖွင့်သလိုဖြစ်နေပါလိမ့်မယ် .. မြန်မာပြည်မှာ နေတဲ့သူတွေကတော့ ဒီလိုကိစ္စတွေကို ကြုံဘူးတွေ့ဘူးနေကြဆိုတော့ အထူးပြောစရာမလိုတော့ပါဘူးထင်ပါတယ် … ဒါကြောင့် ဖတ်မိသမျှလေးကိုပဲ ပြန်လည်မျှဝေတင်ပြလိုက်ပါတယ် … အားလုံးပဲ သိသမျှဝေဖန်သုံးသပ်ပေးကြပါလို့ ………
ဗုဒ္ဓမြတ်စွာအား ရိုင်းပျစွာ နောက်ပြောင်ခဲ့သည့် NBC ရုပ်သံအစီအစဉ်

2158 NBC_SNL_Rude_Buddha

(Updated: Mar. 05, 2012 12:04 AM EST)

အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပျသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ဝ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော သဗ္ဗညုတဉာဏ်ကို ရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား လမ်းညွှန်ပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော်လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယို သည် ရိုင်းပျသော ဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။

ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂိ္ဂုလ်က “ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေး နဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။” ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာ ပင် “သင်နှစ်ခြိုက်သော ပန်းတစ်ပွင့်သည် ကြွေကျမြေခမည် ဖြစ်သကဲ့သို့၊ သင်မနှစ်မြို့သော ပေါင်းပင်မှာလည်း ပေါက်ရောက်ရှင် သန်မည်သာဖြစ်သည်။” ဟု ဖြေကြားခဲ့သည်။

2158 NBC_SNL_Rude_Buddha1

အဆိုပါပုဂိ္ဂုလ်က ဆက်လက်ပြီး “ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။” ဟု ထပ်လောင်းမေးမြန်းရာ Samberg က “မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။” ဟု ပြန်လည်ဖြေကြား ခဲ့သည်။

ပုဂိ္ဂုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ “ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။” ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး “ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။” ဟု ဆိုခဲ့ရာ Samberg က “တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။” ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ “ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက်လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။” ဟု ရိုင်းပျစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်ရောက်ကြောင်း တရားဟောပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေဘဲ အမျိုးသမီးအား “ရှိတာပေါ့ သမီးငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရား အားထုတ်တာပေါ့။” ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က “ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။” ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် “ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။” ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။

Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ “သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။” ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပြက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့် မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလှိုင်းနှင့် SNL အစီအစဉ် အား ရွှေလုံးမှ ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

(မှတ်ချက် – SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ရာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်အားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမာ္ဘတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်းအပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည်ဖြစ်ပါသည်။)

မူရင်းလင့် – http://shwelone.com/index.php?option=com_content&view=article&id=2158%3A-nbc-&catid=3%3Abreaking-news&Itemid=274

Credit to Shwelone

Movie link > http://www.nbc.com/saturday-night-live/video/buddha/1388804

Shared by thettantchoSee More
— with Wai Phyoaung.

16 comments

  • ကြောင်ကြီး

    March 10, 2012 at 7:44 pm

    အင်တာနက်မှာ ကြည့်လိုက်ရပါတယ်… ဟိုးအရင်တခါ မိန်းမအတွင်းခံ အဝတ်အစားတွေလောက်တော့ မဆိုးဘူးထင်တယ်။ သူတပါး သို့မဟုတ် မမြင်ရတဲ့အရာတွေကို ဆင်ခြင်တုံမဲ့ အားကိုးရှာလွန်းသူများကို လှောင်ပြောင်ထားတယ်လို့ ဘာသာတရား မရှိသူများဘက်ကနေ ခံစားမိတယ်..။ ဖြစ်ချင်ရင် လွတ်ချင်ရင် ကိုယ့်အားကိုယ်ကိုးမှရမယ် ဆိုတဲ့သဘောပေါ့ဗျာ..။ ဟုတ်နိုးနိုးနဲ့ အားကိုရှာရင် ခံရမယ်လို့ ပြောချင်တယ်လို့လည်း တွေးနိုင်တယ်… ဒီကောင်တွေကတော့ အကြောက်အလန့်မရှိတော့ ပြောချင်တာကို ပြောချင်သလို ပြောတာပဲ…။ ဒါလည်း အစွန်းရောက်ခြင်း တမျိုးပေါ့…။

    • siamonone

      March 11, 2012 at 2:05 pm

      ဦးဦး ကြောင်ကြီး .. ကျွန်တော်တွေးမိတာလေး ပြောပြချင်ပါတယ် .. ဦးဦးကိုတိုက်ခိုက်တာ လုံးဝလုံးဝ ဟုတ်ဝူးနော် .. ဦးဦးပြောသလို .. အကြောက်အလန့် မရှိ တာဟာ အစွန်း ရောက်ခြင်း တမျိုးဆိုရင် .. ကြောက်တာ လန့်တာဟာလည်း အစွန်းရောက်ခြင်း တမျိုး ဘဲပေါ့နော .. အဟဲ .. အစွန်းမရောက်ချင်ရင် ကြောက်လည်းမကြောက်နဲ့ .. မကြောက်မလန့် ဘဲနဲ့လည်း မနေနဲ့ ဥပက္ခာ လည်း မပြုနဲ့ ဂရုလည်း မစိုက်နဲ့ .. ဟီး .. အဲ့လို နေရင်တောင် တခြားနေရာက အစွန်း ရောက်နေဦးမှာ ..

    • siamonone

      March 11, 2012 at 2:07 pm

      ဦးဦး ကြောင်ကြီး .. ကျွန်တော်တွေးမိတာလေး ပြောပြချင်ပါတယ် .. ဦးဦးကိုတိုက်ခိုက်တာ လုံးဝလုံးဝ ဟုတ်ဝူးနော် .. ဦးဦးပြောသလို .. အကြောက်အလန့် မရှိ တာဟာ အစွန်း ရောက်ခြင်း တမျိုးဆိုရင် .. ကြောက်တာ လန့်တာဟာလည်း အစွန်းရောက်ခြင်း တမျိုး ဘဲပေါ့နော .. အဟဲ .. အစွန်းမရောက်ချင်ရင် ကြောက်လည်းမကြောက်နဲ့ .. မကြောက်မလန့် ဘဲနဲ့လည်း မနေနဲ့ ဥပက္ခာ လည်း မပြုနဲ့ ဂရုလည်း မစိုက်နဲ့ .. ဟီး .. အဲ့လို နေရင်တောင် တခြားနေရာက အစွန်း ရောက်နေဦးမှာ .. ဘယ်လို နေသင့် သလဲ တောင် မသိတော့ဘူး ..

  • TTCG

    March 10, 2012 at 7:57 pm

    ကျွန်တော့်အမြင်မှာတော့ ဘာမှမထူးဆန်းပါဘူး
    အာရှနိုင်ငံတွေမှာသာ ဘာသာတရားကို တန်ဖိုးထားကြတာ
    အနောက်နိုင်ငံတော်တော်များများမှာ ဒီတိုင်းတွေကြီးပါပဲ… ဘာသာရေးဆိုတာ သာမန်အယူအဆ တစ်ခုလို့ပဲ ခံယူထားကြတာ.. အဲ့ဒီတော့ ဘာသာရေးကို ရယ်စရာလုပ်တယ်ဆိုတာ သူတို့အတွက်တော့ ထမင်းစားရေသောက်ပဲ

    ကျွန်တော်ရောက်နေတဲ့ နိုင်ငံမှာလဲ ဘုရားစဉ်းတုတော်တွေကို Night Club ထဲမှာ အလှထားတဲ့ Club တွေ ရောက်ဖူးပါတယ်… ကျွန်တော်ကတော့ သူတို့ ဗုဒ်ဓဘာသာကို ရိုင်းစိုင်းတယ်လို့ မမြင်ဘူး… ဘာလို့လဲဆိုတော့ ယေရှုပုံကိုလည်း သူတို့ အဲ့ဒီလိုပဲ လုပ်ကြတာပဲ… Tom Hanks ရဲ့ Davinci Code Movie တုန်းကလည်း ခရစ်ယာန်တွေ ဝိုင်းကန့်ကွက်ကြတာပဲလေ… ဘုရားသခင် သိက်ခါကျတယ်ဆိုပြီးတော့… သူတို့နိုင်ငံမှာက ဒါတွေဟာ သာမန်လို့ပဲ ယူဆထားကြတာ… မတူညီတဲ့ အသိုင်းအဝိုင်းမှာ ကြီးပြင်းနေထိုင်နေကြတဲ့ လူတွေကို ကိုယ့်စံနှုန်းနဲ့ လိုက်တိုင်းလို့ မရဘူး

    http://www.facebook.com/nbc?sk=wall မှာ သွားကြည့်ပါ… မြန်မာ ဗုဒ်ဓဘာသာဝင်တစ်ချို့တွေ ဘယ်လောက်ရိုင်းလဲဆိုတာ တွေ့ပါလိမ့်မယ်… NBC က စရိုင်းလို့ ပြန်ရိုင်းတယ်လို့ ယူဆမယ်ဆိုရင်လည်း စိတ်တိုင်းကျရိုင်းနိုင်ပါတယ်… ကိုယ့်အယူအဆနဲ့ကိုယ်ပါ

    ဒီလိုရေးလို့လဲ တစ်မျိုးမထင်ပါနဲ့… ကျွန်တော်ကိုယ်တိုင်လည်း ဗုဒ်ဓဘာသာဝင်ပါပဲ… စိတ်တိုင်းကျ သဘောထား ကွဲလွဲနိုင်ပါတယ်

    • ကြောင်ကြီး

      March 10, 2012 at 8:24 pm

      အန်ဘီစီက လုပ်တာနဲ့ ဖေ့စ်ဘွတ်မှာ မြန်မာတချို့ရေးတာနဲ့ သွားနှိုင်းလို့တော ရဘူးလေ…။ ဟိုက ကမာ္ဘကျော် အမေရိကန်နိုင်ငံကို ကိုယ်စားပြုနေတဲ့ မာလ်တီမီဒီယာဌာနကြီး… အဲသလို စံနှုန်းနဲ့တွက်ရင် မဖြစ်သင့်ဘူးပေါ့..။ သတိထားရမှာ ပြန်လည်တုံ့ပြန်သူများအနေနဲ့ ဘာသာရေးစိတ်မွှန်ပြီး လိုက်မမိုက်မိကြဖို့ပါ။ မွှန်တော့ဘာဖြစ်လည်းဆိုတော့ သူမှားကိုယ်မှာ နှစ်ဖက်စလုံးမှားပါမယ်။ သူ့အမှားကို ကိုယ့်အမှားနဲ့တုံ့ပြန်တော့ အမှားခြင်းအတူတူ ကိုယ်ကမရှုံးပေဘူးလား..။ ဘာသာတရားအပေါ် တကယ်တန်ဖိုးထားသူဖြစ်ရင် ဒေါသနဲ့ တုံ့ပြန်မယ်မထင်ဘူး…။ အဲလိုတုံ့ပြန်သူသည် ဘာသာတရားထက် ကိုယ့်အတ္တအပေါ် အခြေခံပါတယ်။ ငြိမ်ခံရမယ်လို့ မဆိုလိုဘူးနော်…အသိတရား မလွတ်စေဘဲ တုံ့ပြန်နိုင်ဖို့ သို့မဟုတ် ဥပက္ခာပြုနိုင်ဖို့ပါ..။

  • TTCG

    March 10, 2012 at 8:00 pm

    NBC က ကောမန့်တွေကို ဖျက်လိုက်တာလား… Block လိုက်တာလားမသိဘူး… ဒီနေ့တော့ နည်းနည်းလေးပဲ ကျန်တော့တယ်

  • inz@ghi

    March 10, 2012 at 11:05 pm

    အန်ဘီစီကိုရောက်အောင် ပြောပေးပါ သဂျီး…….

    ဒီမို အရ ဒင်းဒို့လည်း ဒီလို ၆ခွက်ပြောင်ခွင့်ရှိတယ်ဆို…
    ဒင်းတို့ကိုလည်း ကျုပ်က စကားလက်ဆောင်ပါးချင်ရဲ့…

    ဖေတစ်ဆယ် – ိုး မသား
    ဒွေ ……
    🙁
    👿

  • kai

    March 11, 2012 at 3:39 am

    MSNBC တဲ့..
    MS က..Microsoft ပါ…။
    အခုအာဏာရပါတီ ဒီမိုကရစ်ဖက်ယိမ်းတဲ့.. စူပါမီဒီယာကြီးပါ..။

    SNL က..ခရစ်ယန်ကိုလည်း အဲလိုလုပ်ဖူးပါတယ်..။

    မကြိုက်ရင် မကြိုက်တာပြောလို့ရပါတယ်.။ ကန့်ကွက်လို့ရပါတယ်.။
    လွတ်လပ်တယ်ဆိုတိုင်းလေ…
    ဝိုင်းဆဲလို့တော့ မသင့်ဘူးဗျ..။ လူမျိုးဂုဏ်ကိုပါဆွဲချသွားမှာ…။
    ဦးသန့်နဲ့..ဒေါ်အောင်ဆန်းစုကြည်ကြောင့် တက်နေတဲ့ မြန်မာ့ဂုဏ်တွေ လျှော့ကုန်မှာပေါ့…။
    ဆဲတဲ့စာတွေ ဟိုက.. ထိုင်ဖျက်ပလိုက်တော့.. လူထုပရိသတ်လည်းမသိတော့ဘူးလေ..။
    ရေးတဲ့လူတယောက်(မြန်မာတယောက်)ဗုတ်လည်း အလဟသဖြစ်ပြီး ဆုံးရှုံးပါတယ်.။

    စံနစ်တကျ.. တည်တည်တန့်တန့် ကန့်ကွက်ရင်. ရပါတယ်.။
    သူတို့တွေ သတိထားမိကြလိမ့်မယ်..။

    တလောကလေးတင်.. ရီပါ့ဗလစ်ကန်င်ယိမ်းတဲ့.. ကွန်ဆာဗေးတစ် ရေဒီယိုဟို့စ်တယောက်.. ကျောင်းသူတယောက်ကို.. ပြည့်တန်ဆာနဲ့နှိုင်းလို့.. အလုပ်တောင်တော်တော်ထိခိုက်သွားတာ…
    အင်း..

  • siamonone

    March 11, 2012 at 2:14 pm

    လူကြော ဆိုတာ ရွှေကြောတဲ့ .. ဘာသာရေးကိုထိရင် တခြားဟာထိတာထက် နာတတ်တယ်လို့ ကြားဖူးတယ် .. ဘာသာရေးမှာ nerve bulbs တွေ များကြီးပါတယ်လို့ လည်း ကြားဖူးတယ် (လျှောက်ပြောတာနော် ) . ဒီ Post ကဥပမာပါဘဲ ..
    ဒီတော့ .. လူကြောဖေါက်ချင်ရင် ဘာသာရေးကို လုံးဝ မထိတာ အကောင်းဆုံးဘဲ …. သူကိုးကွယ်တဲ့ဘာသာရဲ့ ကောင်းကြောင်းတွေ၊ အားသာချက်တွေ ဘဲ ပြောတာ အကောင်းဆုံးဘဲ …
    လို့ ထင်ပါတယ်
    .. အဟီး .. ဘာသာရေးကို အသုံးချနေသလိုဖြစ်နေပြီ
    (လောကမှာ ရှိတဲ့ အရာရာတိုင်း ဟာ . လူသားတွေ အတွက် တနည်းမဟုတ်တနည်း . အသုံးချစရာတွေပါဘဲ လေ .. လူသား အချင်းချင်းတောင် အသုံးချနေမှတော့ ) ..

  • mg mg

    March 11, 2012 at 9:35 pm

    ဆဲရေးတာမမှန်ပေမယ့်၊ သူတို့ရဲ့ရပ်တည်ချက်ကတော့ မှန်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်အလေးထား တန်ဖိုးထားရတဲ့အရာကို ပုတ်ခတ်စော်ကားလာလျင် ဒီလိုပဲသတိလက်လွတ် တုံ့ပြန်တတ်ကြတာပါပဲ။ ဒါကိုဘယ်လိုတုံ့ပြန်သင့်တယ်၊ ဘယ်လိုတုံ့ပြန်မှုက ပိုပြီးတော့ထိရောက်မှုရှိမယ်ဆိုတာကို တတ်သိနားလည် တဲ့သူများက ဝိုင်းဝန်းလမ်းညွှန်ပေးကြလျင် ကောင်းမည်ဟုထင်ပါသည်။

  • Gipsy

    March 11, 2012 at 9:43 pm

    လွတ်လပ်တယ် ဆိုတိုင်း လက်လွတ်စပါယ် မလုပ်သင့်ကြောင်းပါ …။
    ဟုတ်တယ် မှန်တယ် ဆိုတိုင်းလဲ သဘောထားမကျဉ်းမြောင်း သင့်ကြောင်းပါ….။
    ဘာမှတော့မဟုတ်ဖူးနော် … များများဝင်မန်းပြီး သများတွေ ပြောပြောနေတဲ့
    အဆင့်တခု ရချင်လို့….။ :mrgreen:

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 12, 2012 at 12:40 am

    ပြောပြန်ရင်လည်း အောင်ပု ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးလာအုန်းမယ်
    ဒီခေတ်ကြီးထဲမပြောနဲ့ မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီး ကိုယ်တော်တိုင်တောင်မှ
    မာန်နတ်ကို 79 နဲ့ ပြန်ထုတယ်ဆိုတာ မဟုတ်ဘူးဆိုတာလေး မမေ့ကြဘို့ပါ
    ခင်ဗျားတို့ဟာက တစ်ခါလာလည်း ဒါဘဲ
    နှစ်ခါလာလည်းဒါဘဲ
    ဒီခေတ်ကြီးထဲ မယုံကြည်သူ ( သံသယဖြစ်သူ ) ကတော့ သူ့အလုပ်သူလုပ်မှာဘဲ
    ကိုယ့်ကိုယ်လာ လုပ်တာမှမဟုတ်တာ ဘုရားကိုလုပ်တာ ခင်ဗျားတို့အပူဘာရှိလည်း 😀
    ခင်ဗျားတို့ဒီလိုပြောတော့ မြတ်စွာဘုရားကို ကိုယ်ကမယုံကြည်ရာတောင်မရောက်ဘူးလား
    ကျုပ်ဖြင့် မြတ်စွာဘုရားကို တစ်ခါမှ စိတ်မပူမိပေါင် ဟိုက မြတ်စွာဘုရား
    ခင်ဗျားတို့ မြတ်စွာဘုရားကိုသွားမပူနဲ့
    ကိုယ့်ရဲ့ မျောက်ခြောက်နေတဲ့စိတ်ကိုသာပူကြ
    …………………………
    ဒီအကြောင်က ညွှန်းရတာအကြိမ်များလွန်းလို့ ပွိုင်ဖြုံးတီးမှု့နဲ့
    သဂျီးမင်းတောင် ကျုပ်ကို ဆူပူကြိမ်းမောင်းတော့မှာဘဲ 👿
    …………………………………….
    ဒီဃနိကာယ် သီလက္ခန်ပါဠိတော် – ဗြဟ္မဇာလသုတ် – ပရိဗ္ဗာဇကကထာ
    ၅။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ အပြစ်ကိုဖြစ်စေ တရား၏ အပြစ်ကိုဖြစ်စေ သံဃာ၏ အပြစ်ကို ဖြစ်စေ ပြောကြ လျှင် ထို (ပြောကြရာ) ၌ သင်တို့သည် ရန်ငြိုးထားခြင်း နှလုံးမသာခြင်း စိတ် မကျေချမ်းခြင်း မဖြစ်စေသင်။
    ပြောကြရာ၌ သင်တို့သည်အမျက်ထွက် ကြလျှင် နှလုံးမသာကြလျှင် သင်တို့အား သာလျှင် အန္တရာယ် ဖြစ်ရာ၏။
    သင်တို့သည် အမျက်ထွက်ကြလျှင် နှလုံးမသာကြလျှင် သင်တို့သည် သူတစ်ပါးတို့၏ စကားကောင်း စကားဆိုးကို သိနိုင် ကြပါမည်လော။
    အပြစ်ကို ပြောကြရာ၌ ]]ဤစကားသည် ဤအကြောင်း ကြောင့် လည်း မဟုတ်၊ ဤအကြောင်း ကြောင့် လည်း မမှန်၊ စင်စစ်အားဖြင့် ဤအပြစ်သည် ငါတို့၌ ထင်ရှားမရှိ}} ဟု မဟုတ်သည်ကို မဟုတ်သည့် အတိုင်း သင်တို့ ဖြေရှင်းရမည်။
    ၆။ ရဟန်းတို့ သူတစ်ပါးတို့သည် ငါ၏ဂုဏ်ကိုဖြစ်စေ တရား၏ဂုဏ်ကိုဖြစ်စေ သံဃာ၏ ဂုဏ်ကိုဖြစ်စေ ပြောကြလျှင် ထို (ပြောကြရာ) ၌ သင်တို့သည် နှစ်သက်ခြင်း ဝမ်းသာခြင်း စိတ် တက်ြွကခြင်း မဖြစ်စေသင်။ နှစ်သက်ကြလျှင် ဝမ်းသာကြလျှင် စိတ်တက် ြွကကြလျှင် သင်တို့အားသာလျှင် အန္တရာယ်ဖြစ်ရာ၏။
    ပြောကြရာ၌ ]]ဤစကားသည် ဤအကြောင်းကြောင့်လည်း ဟုတ်ပေ၏၊ ဤအကြောင်း ကြောင့် လည်း မှန်ပေ၏၊ စင်စစ် အားဖြင့် ဤဂုဏ်သည် ငါတို့၌ ထင်ရှားရှိပေ၏}} ဟု ဟုတ်မှန်သည်ကို ဟုတ်မှန်သည့် အတိုင်း သင်တို့ ဝန်ခံရမည်။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 12, 2012 at 12:42 am

      သီခံပါ သဂျီးမင်းခင်ဗျ
      ပွိုင့်ဖြုံးတီးတယ် မယူဆစေလိုပါ
      ကလေးတွေကို ဆုံးမနေတာပါခင်ဗျ 😀 😀 😀

    • Khin Latt

      March 12, 2012 at 5:07 am

      ဖတ်ရတာ မိုက်လွန်းလို့ ဦးတင်ခဲ့ပါသည် အဘအောင်ပုရှင့်။ 😆

Leave a Reply