မြန်မာတွေ အ ပါသေးတယ် …..

fattyMarch 24, 20111min30513

ကျနော်တခါက အဲလိုသုံးဖူးတယ် ..။
အခုလဲကြည့် … တော်ဝင်မိသားစုကုမ္ပဏီပိုင်ရှင်ကြီး ဦးကိုကိုထွေး ….
F4 ကိုရီးယားကားထဲက မင်းသားနဲ့မင်းသမီး ခေါ်ပေးမယ်ဆိုလို့ …
ဒေါ်လာ ၅၀၀၀ဝ စာချုပ်နဲ့ပေးလိုက်တာ .. ယူသွားတဲ့ကိုရီးယား က ပေါ်မလာတော့လို့
အခုတော့ အင်တာပို တောင်တိုင်ထားရတယ်တဲ့ ….။ မြန်မာပြည်မှာတော့
စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ထားတာပါ …။

13 comments

  • bigcat

    March 24, 2011 at 5:39 am

    F4 ထဲကကိုရီးယားမင်းသမီး ကိုယ့်ကိုယ်ကို သတ်သေသွားရခြင်း အကြောင်းကို မြန်မာတိုင်းမ်းစ်မှာ ဖတ်လိုက်ရတယ်။ ဂိုဏ်းတွေက အနိုင်ကျင့်ပြီး ကြေးစားလုပ်ခိုင်းတာ သူ့မိဘတွေသေတဲ့ နှစ်ပတ်လည်ရက်တောင် ချမ်းသာမပေးဘူးဆိုပဲ။ သူမသေခင်မှာ အီးမေးလ်နဲ့ သူငယ်ချင်းတယောက်ကို ဖွင့်ချသွားလို့ ရဲ့စုံစမ်းနေသတဲ့။ ဖောက်သည်တွေထဲမှာ သူဌေးတွေ အာဏာလက်ရှိတွေ နိုင်ငံရေးသမားတွေပါတယ်ဆိုပဲ။ ကိုရီးယားမင်းသမီး တဝက်လောက်က အဲသည်လို အနိုင်ကျင့်ခံကြရတယ်ဆိုတယ်။ မြန်မာပြည်မှာလည်း အခုလောက်ဆို ရှိနေလောက်ပါပြီ။

  • nozomi

    March 24, 2011 at 6:09 am

    ကိုယ်တိုင် ဝန်ခံချက်အရ ဦးကြောင်ကြီး က အဲဒီဂိုဏ်ရဲ့ ခေါင်းဆောင်ပါ
    စိတ်ဝင်စားသူတွေ တိုးတိုးတိတ်တိတ် ဆက်သွယ်လို့ ရပါတယ်

  • Gong Zhu

    March 24, 2011 at 7:22 am

    အဲ့ဒီမင်းသမီး သေသွားပြီဆိုတာ တစ်ကယ်မဟုတ်ဘူးလို့ ဂျာနယ်မှာပြန်ပြီး ရှင်းလင်းထားတယ်လို့ပြောတယ် …

    • char too lan

      March 24, 2011 at 8:54 am

      တကယ်သေတာပါ ကုန်းကျူ ့ရယ် ခေါင်းဆောင်မင်းသမီးမဟုတ်ပါဘူး အရံပါပဲ
      သူသတ်သေရတဲ့ အကြောင်းကမှ တကယ် ကြောက်စရာပါ ဦးကြောင်ကြီးလိုပဲ မြန်မာတိုင်မ်း မှာဖတ်ရတာပါ 🙁

  • kai

    March 24, 2011 at 9:33 am

    ၅သောင်းလောက်နဲ့တော့ ..အင်တာပို လှုပ်လာမယ်မထင်မိဘူး..။

    မီဒီယာတွေပေါ်တင်ပြီး လိမ်သွားတဲ့သူ အရှက်ကွဲအောင် လုပ်မှရမှာ…။
    လူလိမ်ဓါတ်ပုံတွေကို အင်တာနက်ပေါ်တင်လိုက်ဖို့ကောင်းတယ်..။

  • naywoonni

    March 24, 2011 at 11:14 am

    ဟုတ်ရဲ့လား ဟယ် ………. ချမ်းစရာကြီးး ကျော

  • cobra

    March 24, 2011 at 11:54 am

    ဥပဒေဆိုတာဘာလဲလို့မေးရမလိုပါပဲ…

  • တညင်သား

    March 24, 2011 at 1:09 pm

    …. ကျွန်တော်တို့မြန်မာတွေ သတိထားရမှာ အခုလို အဖြစ်မျိုးနှောင်မဖြစ်ပါစေနဲ့လို့လဲ ဆုတောင်းမိတယ်… ကိုရီယား ဆို လိုက်ယား..အမေရီကားဆ ိုလိုက်ကား ဘုမသိ .ဘမသိနဲ့ လူထုစိန်ဝင်း ရေထားသလို.. ကျောပိုးအိပ် သမားတွေ သူတို့နိင်ငံမှာ ဘလက်လစ် စာရင်းဝင်တဲ့သူ ၊ အမှု့ ရှောင်တဲ့သူ၊ ဒေဝါလီ ခံပြီးငွေတွေ မရှင်းနိင်တဲ့သူတွေ ဆင်းရဲတဲ့ ကျွန်တော်တို့ နိင်ငံလဲရောက်ရောသူဌေးကြီးလိုနေ မြန်မာတွေကလဲ အထင်တွေကြီး လုပ်စားလို့ ကောင်းပါ့ဗျာ..ကိုရီးယားက ပညာစုံသွားပြီ အမေရိကန်သင်ပေးထားတာ. မြန်မာပြည်ရောက်တဲ့နိင်ငံခြားသား တော်တော်များများမကောင်းဘူး..ငွေမလိမ်ရရင် မိန်းမယူ ၊ ဘာမှမရရင် ဘာသာရေးဆွယ်တော့တာပဲ.. တွေ့နေရလို့ဘာဗျာ……….

  • ဆူး

    March 26, 2011 at 3:55 pm

    ပြောပါအုန်း မင်းသမီး ဘယ်လို သတ်သေ သွားတာလဲ အဲဒီ ဇတ်လမ်း မသိသေးဘူး လင့်ပေးပါလား

  • လင်းငယ်

    March 26, 2011 at 5:06 pm

    အင်း…လိမ်တယ်ဆိုတာ ယုံလွယ်တတ်သူကို ယုံကြည်အောင်ပြောပြီး လိမ်ကြတာပါ။ တကယ်တမ်း ပြောရရင် အဲဒီလို လိမ်သွားတဲ့ ကိုရီးယားလူမျိုးတစ်ယောက်ကို ဘယ်လိုအကြောင်းကြောင့် ယုံကြည်ပြီး ဒေါ်လာ၅ သောင်းလောက်ကို ပေးလိုက်ရတာလဲ။ စဉ်းစားစရာပဲ..။

  • zaw min

    March 27, 2011 at 12:59 pm

    လောဘကြီးသူတွေဟာ တော်တော်များများအလိမ်ခံရတတ်ပါတယ်။ဘာလောဘမှ မရှိတဲ့သူကိုတော့ တော်ယုံတန်ယုံနဲ့လိမ်လို့မရနိုင်ပါဘူး။

Leave a Reply