Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရှမ်းပြည်နယ် တာချီလိတ်မြို့နှင့် ကျိုင်းတုံမြို့အကြား မိုင်းဖြတ်မြို့၊ လွိုင်မွေရွာအနီးကို ဗဟိုပြု၍ ၇.ဝ အင်အားရှိ ငလျင်တစ်ခု လှုပ်ခတ်မှုဖြစ်ပွား

ဦးကောက်March 25, 20111min1711

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့ ည ၈ နာ ရီ ၂၉ မိနစ် ၃ဝ စက္ကန့်၊ မန္တလေးမြို့မြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၃၀ဝ ခန့်အကွာ မြန်မာနိုင်ငံအတွင်း ရှမ်းပြည်နယ် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် ၃၅ မိုင်အကွာ၊ လွိုင်မွေရွာအနီးကိုဗဟိုပြုပြီး လှုပ်ခတ်သွားခဲ့ကာ အင်အား ရ ဒသမ ဝ ရှိကြောင်းထုတ်ပြန်ချက်များအရသိရသည်။ အဆိုပါငလျင်ကြောင့် ရှမ်းပြည်နယ်အတွင်းရှိ ဒေသများသာမက ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များတွင်ပါ ငလျင်၏သက်ရောက်မှုကို သိရှိခံစားခဲ့ရကြောင်းသိရသည်။ (နောက်ဆက်တွဲသတင်းများ) တာချီလိတ်မြို့ကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် “တာချီလိတ်မြို့မှာ ည၈နာရီကျော်ကျော်လောက်က ငလျင်လှုပ်တာ ရ ခါလောက် ရှိတယ်။ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ကတော့ တော်တော်ပြင်းတယ်။ တစ်မြို့လုံးက လူတွေလည်း အိမ်ထဲမှာမနေရဲကြပဲ အိမ်အပြင်ထွက်နေကြရတယ်။ အခုချိန်ထိ(၁၁နာရီ၄၅မိနစ်)လည်း အိမ်ထဲပြန်မဝင်ကြသေးဘူး။ ဘယ်မှလဲ မသွားရဲကြဘူး။ အိမ်တွေတော့ မပြိုပါဘူး။ အိမ်ထဲက ပစ္စည်းတွေတော့ ပြုတ်ကျကုန်တယ်” ဟု တာချီလိတ်မြို့ခံတစ်ဦးကပြောပါသည်။ မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်တွင်လည်း ငလျင်လှုပ်ခတ်မှုကိုခံစားခဲ့ရကြောင်းသိရသည်။ နေပြည်တော်ပျဉ်းမနားမြို့ခံတစ်ဦးကို Eleven Media Group ကဆက်သွယ်မေးမြန်းရာတွင် “လှုပ်သွားတာတော့သိလိုက်တယ်။ ခဏလေးပါပဲ။ ထူးထူးခြားခြားဖြစ်တယ်လို့တော့မသိရသေးပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ မန္တလေးမြို့တွင်လည်း စက္ကန့်အနည်းငယ်မျှလှုပ်သွားခဲ့ကြောင်း ဒေသခံများကပြောကြားခဲ့သည်။ တရုတ်၊ ထိုင်းနှင့် လာအိုနယ်စပ် မြန်မာနိုင်ငံအရှေ့ပိုင်းတွင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် သေဆုံးသူတစ်ဦးရှိခဲ့ကာ အရှေ့တောင်အာရှနိုင်ငံများတွင်ရိုက်ခတ်မှုရှိခဲ့ကြောင်းသိရသည်။ စတင်လှုပ်ခတ်စဉ်က အင်အား ရ ဟု သတ်မှတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အင်အား (၆.၈) ဟု အမေရိကန်ဘူမိလေ့လာရေးဌာနကထုတ်ပြန်ခဲ့သည်။ ပထမငလျင်လှုပ်ခတ်ပြီးနာရီဝက်မျှအကြာတွင် အင်အား (၄.၈) ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားခဲ့ကြောင်းလည်း အမေရိကန်ဘူမိလေ့လာရေးကထုတ်ပြန်ခဲ့သည်။ ငလျင်ဗဟိုချက်သည် ဘန်ကောက်မြို့တောင်ဘက် မိုင် ၅၀ဝ အကွာတွင်ဖြစ်ပြီး ရန်ကုန်မြို့၏အရှေ့မြောက်ဘက် ၃၆၅ မိုင်အကွာတွင်ဖြစ်သည်ဟုသိရသည်။ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တော်တွင်လည်း သက်ရောက်မှုအချို့ရှိခဲ့သည်ဟု သိရသည်။ မြန်မာပြည်နယ်စပ် ချင်းရိုင်မြို့သည် ငလျင်ဗဟိုချက်နှင့် ၅၆ မိုင်အကွာတွင်ဖြစ်ကာ ချင်းမိုင်မြို့နှင့် ၁၄၆ မိုင်အကွာတွင်ဖြစ်သည်။ ဆူနာမီသတိပေးချက် ထပ်မံထုတ်ပြန်ထားခြင်းမရှိသလို ကုန်းတွင်းပိုင်းကျသောကြောင့် ဆူနာမီဖြစ်နိုင်ချေမရှိကြောင်း အမေရိကန်ဘူမိလေ့လာရေးကထုတ်ပြန်ထားသည်။ ပစိဖိတ်ဆူနာမီသတိပေးစင်တာကလည်း ငလျင်ကြောင့်ဆူနာမီမဖြစ်နိုင်ကြောင်းထုတ်ပြန်ခဲ့သည်။ နေပြည်တော်သို့အေအက်ဖ်ပီသတင်းဌာန၏ ဆက်သွယ်မေးမြန်းချက်အရမူ ငလျင်လှုပ်ခတ်မှုကို သိရှိခဲ့ရပြီး သတင်းအချက်အလက်ရရှိရန် ကြိုးစားဆဲဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ငလျင်လှုပ်တာသိလိုက်ပါတယ်။ ကျွန်တော်တို့စားပွဲတွေနည်းနည်းလှုပ်သွားတယ်။ အသေးစိတ်တော့မသိသေးပါဘူး”ဟု မြန်မာအရာရှိတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး အေအက်ဖ်ပီကဖော်ပြသည်။ မြန်မာနယ်စပ်ရှိ မယ်ဆိုင်ခရိုင်မှ ရဲဌာနထုတ်ပြန်ချက်အရ အသက် ၅၂ နှစ်အရွယ်အမျိုးသမီးတစ်ဦးမှာ အိမ်နံရံပြိုကျပြီးသေဆုံးသွားခဲ့ကြောင်းသိရသည်။ မယ်ဆိုင်မြို့မှ ယင်းအမျိုးသမီးမှာ အိပ်ပျော်နေစဉ်သေဆုံးခဲ့ခြင်းဖြစ်ပြီး နေအိမ်ယိုယွင်းနေသောကြောင့်သာ ပြိုလဲခဲ့ခြင်းဖြစ်သည်ဟု မယ်ဆိုင်ခရိုင်ရဲမှူး သာနွမ်ဆက်ယော့စ်ပန်က ပြောကြားခဲ့သည်။ ဟနွိုင်းမြို့တွင်မူ စက္ကန့်ပိုင်းမျှ လှုပ်ခတ်သွားခဲ့ပြီး မြို့ခံများနေအိမ်မှ ထွက်ပြေးသည်အထိ ထိတ်လန့်ခဲ့ရသည်ဟုသိရသည်။ “ကျွန်မရုတ်တရက်ငြီးစီစီကြီး ဖြစ်လာတယ်။ ထိုင်ခုံပေါ်မှာထိုင်နေတာ။ ကျွန်မယောက်ျားက ငါးတွေလှုပ်လာတယ်ပြောတယ်။ ငါးကန်ထဲကရေတွေ ထွက်ကျလာတယ်လေ” ဟု ဟနွိုင်းမြို့အထပ်မြင့်တိုက်ခန်းတစ်ခု၏ ၁ဝ လွှာတွင်နေထိုင်သူ ငုယင်သီဟောင်ဟန်က ဆိုသည်။ “ကျွန်မတို့လည်းလမ်းပေါ် ပြေးထွက်လာခဲ့တယ်။တစ်ခြားလူတွေလည်း လမ်းပေါ်ထွက်လာတာတွေ့ခဲ့ရပါတယ်”ဟု သူမကဆိုသည်။ ဟနွိုင်းတွင်ခံစားခဲ့ရသည့် အနေအထားမှာ အင်အား ၅ မျှရှိခဲ့သည်ဟုသိရသည်။

[Updated 02:25am]

မတ် ၂၅ ရက်၊ မြန်မာစံတော်ချိန် နံနက် ၂ နာရီခန့်တွင် ထပ်မံသိရှိရသောသတင်းများအရ ထိုင်းနှင့်ထိစပ်နေသော နယ်စပ်အနီး မြို့တစ်မြို့တွင် ကလေးတစ်ဦးသေဆုံးခဲ့သည်ဟု အမည်မဖော်သော မြန်မာအရာရှိတစ်ဦးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းဌာနဖော်ပြချက်အရ သိရသည်။ “တာချီလိတ်မြို့မှာ ငလျင်ကြောင့် အဆောက်အဦပြိုကျလို့ ကလေးတစ်ဦးသေဆုံးခဲ့တယ်လို့ ကျွန်တော်တို့သတင်းရခဲ့တယ်” ဟု ယင်းအရာရှိက ပြောကြားသည်ဟု အေအက်ဖ်ပီသတင်းဌာနကဖော်ပြသည်။ ငလျင်ဗဟိုချက်နှင့်နီးကပ်သောမြို့များတွင်လည်း လူ ၃ ဦးခန့်ဒဏ်ရာရခဲ့သည်ဟုလည်း သတင်းဖော်ပြချက်များအရ သိရသည်။ မြန်မာနိုင်ငံနှင့်နယ်စပ်ချင်းထိစပ်နေသော ၄ဝ ကီလိုမီတာအကွာ တရုတ်အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်တွင် ငလျင်ကြောင့် အဆောက်အအုံများမှာ တစ်မိနစ်ခန့် လှုပ်ခါသွားခဲ့သည်ဟု ရွာသားများက ပြောကြားခဲ့ကြောင်း ဆင်ဟွာသတင်းဌာနကဖော်ပြသည်။ အဆောက်အအုံများအက်ကွဲလာမှုကြောင့် ယူနန်ပြည်နယ်၊ မင်ဟိုင်းကောင်တီရှိ ကျောင်းတစ်ကျောင်းမှ ကျောင်းသား ၃၅ဝ ကျော်နှင့် ဆရာများကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆင်ဟွာကဖော်ပြခဲ့ပြီး တရုတ်တွင် ယခုအချိန်အထိ သေဆုံးထိခိုက်မှုမရှိသေးကြောင်း ထုတ်ပြန်ထားသည်။ ငလျင်ဗဟိုချက်မှ ကီလိုမီတာ ၉၀ဝ (မိုင် ၅၅၀) အကွာရှိ တရုတ်နိုင်ငံတောင်ပိုင်း၊ နန်နင်းမြို့တွင်လည်း ငလျင်လှုပ်ခတ်မှုကြောင့် လူများမှာ အဆောက်အအုံအပြင်ဘက်သို့ ထွက်ပြေးခဲ့ကြောင်းဆင်ဟွာကဖော်ပြသည်။ ယခုငလျင်လှုပ်ခတ်မှုမှာ ဂျပန်နိုင်ငံတွင် မတ် ၁၁ ရက်က သမိုင်းတစ်လျှောက်အဆိုးရွားဆုံးငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ပြီး သီတင်းပတ်နှစ်ပတ်ခန့်အကြာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ဂျပန်ငလျင်လှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲဆူနာမီလှိုင်းလုံးကြီးများကိုလည်း ကြုံတွေ့ခဲ့ရသည်။

(ထပ်မံရရှိသော သတင်းအချက်အလက်များကို ဆက်လက်ဖော်ပြသွားပါမည်)

Eleven Media Group မှ ကူးယူဖော်ပြသည်။

One comment

  • juezinko

    March 25, 2011 at 6:01 am

    လူသားတွေအားလုံး ဒုက္ခ ကပ်ဘေးနဲ့ရင်ဆိုင်ကြရတော့မှာပဲလေ……..သစ္စာ သမာဓိတွေပျက်ပြားလာကြတာကို
    သဘဝ ဘေးအန္တရယ်တွေ ဘယ်လောက်ပဲကျကျ လူသားတွေ အားလုံး ဘေးဖြစ်ပါစေနဲ့လို့ပဲဆုတောင်းပေးရတော့မှာပဲ………..

Leave a Reply